Property Expo
×

ေငြစကၠဴအတုျပဳလုပ္သံုးစဲြျခင္းသည္ ႏိုင္ငံတႏိုင္ငံ၏ စီးပြားေရးကို မ်ားစြာထိခိုက္မႈျဖစ္ေပၚႏိုင္ေၾကာင္း စီးပြားေရးကြ်မ္းက်င္သူ ပညာရွင္မ်ားက ေျပာဆိုထားၾကျပီး ျဖစ္သည္။ ကမၻာ့မိသားစု၀င္ ျမန္မာႏိုင္ငံအေနျဖင့္လည္း ေငြစကၠဴအတုျပဳလုပ္သူမ်ား၏ အႏၱရာယ္ႏွင့္ ရင္ဆိုင္ၾကံဳေတြ႕ေနရသည္။

''မေန႔က မိတၳီလာမွာ အေ၀းသင္သြားတက္ေနတဲ့ ကြ်န္ေတာ့္ညီမေလးဆီ ပိုက္ဆံတသိန္းသြားလဲႊတယ္။ တေသာင္းတန္ ၁၀ ရြက္မွာ ၅ ရြက္က အတုျဖစ္ေနတယ္ဆိုျပီး ကြ်န္ေတာ့္ေရွ႕မွာတင္ ကြ်န္ေတာ့္ပိုက္ဆံေတြကိုအေပါက္ေဖာက္လိုက္တယ္။ကြ်န္ေတာ့္ကိုအတုကိုင္မႈနဲ႕မဖမ္းတာ ေက်းဇူးတင္ရမလို
 ျဖစ္ေနတယ္။ တာ၀န္ယူမယ့္သူ ေပ်ာက္ေနသလို ခံစားရတယ္''ဟု ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ေနထိုင္သူ ကိုေက်ာ္ဆန္း (အမည္လဲႊ)က News Watch သို႔ ေျပာသည္။

ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပားတြင္ ေငြစကၠဴအတု ဖမ္းဆီးရမိမႈမ်ား လစဥ္ၾကားသိေနရၿပီး ျပည္သူအမ်ားစု၏ ေန႔စဥ္လူေနမႈဘ၀ကို ျခိမ္းေျခာက္သည့္ အသြင္ေဆာင္လာလ်က္ရိွေၾကာင္း ေလ့လာေတြ႕ရိွေနရသည္။ ''လစာထုတ္လို႔ တေသာင္းတန္ေတြ၊ ငါးေထာင္ေတြရရင္ ၾကာၾကာ မထားရဘူး။ အေၾကြျမန္ျမန္ ဖ်က္ပစ္လိုက္ တယ္။ တခ်ဳိ႕အရြက္ေတြကလည္း အရမ္းထူတယ္။ အတုေတြျဖစ္ေနမလားဆိုတဲ့ စိုးရိမ္စိတ္ကေတာ့ လစာထုတ္ၿပီးတိုင္း ေပၚေပၚလာတယ္''ဟု ကုမၸဏီ၀န္ထမ္းတဦးျဖစ္သူ မစႏၵာက ေျပာသည္။ ေအာက္တိုဘာ ၂၉ ရက္က တာခီ်လိတ္ၿမိဳ႕တြင္ ေလယာဥ္လက္မွတ္၀ယ္ယူရန္ ေငြေပးေခ်ရာမွ တေသာင္းတန္အတုမ်ား ေတြ႕ရိွခဲ့ၿပီး ဆက္လက္စစ္ေဆးရာ ေငြစကၠဴအတုကိုင္ေဆာင္သူမ်ား တည္းခိုခဲ့သည့္ တာခီ်လိတ္ၿမိဳ႕ ေရႊနဂါး(၈၈)ဟိုတယ္ရိွ ၎တို႔တည္းခိုရာအခန္းတြင္ တေသာင္းတန္ေငြစကၠဴ ၅၀၂ ရြက္အား သိမ္းဆည္းရမိခဲ့ ေၾကာင္း တာခီ်လိတ္ျမိဳ႕မရဲစခန္းမွ သိရိွရသည္။

ထို႔ျပင္ ရခိုင္ျပည္နယ္ ပုဏၰားကြ်န္းျမိဳ႕နယ္၌ စက္တင္ဘာလအတြင္းက တေသာင္းတန္ ေငြစကၠဴအတု ၂၆၈ ရြက္ ေတြ႕ရိွရမိသည့္ ျဖစ္စဥ္ႏွင့္ ဧရာ၀တီတိုင္းေဒသၾကီး အဂၤပူျမိဳ႕နယ္တြင္ ေအာက္တိုဘာလအတြင္းက တေသာင္းတန္ ေငြစကၠဴအတု၆၀ရြက္ ေတြ႕ရိွရမိသည့္ ျဖစ္စဥ္မ်ား ျဖစ္ေပၚခဲ့သည္ဟု ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕၏ ထုတ္ျပန္ခ်က္မ်ားအရသိရိွရသည္။ထို႔ျပင္ ျမန္မာႏိုင္ငံအႏံွ႔အျပားရိွ ျမိဳ႕ရြာအခ်ဳိ႕တြင္ ေငြစကၠဴအတုမ်ား
 ေတြ႕ရိွေနရေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရိွရသည္။
''ကြ်န္ေတာ္တို႔ဘက္မွာေတာ့ ဟိုတေလာက တေသာင္းတန္အတုေတြ ေတြ႕တယ္ဆိုတဲ့ သတင္းေတြေတာ့ၾကားတယ္။ တခ်ဳိ႕ကုန္သည္ေတြ အခ်င္းခ်င္း ေငြေပးေငြယူလုပ္ရာကေန အတုေတြပါလာတာမ်ဳိးေတာ့ မ်ားတယ္။ အခု အတုေတြကလည္း အစစ္နဲ႔ ေတာ္ေတာ္တူေအာင္လုပ္ၾကတာ ဆိုေတာ့ သာမန္လူေတြအေနနဲ႔ ခဲြျခားဖို႔ ခက္တယ္လို႔ ထင္တယ္''ဟု ထား၀ယ္ၿမိဳ႕မွ News Watch သို႔ ေျပာၾကားသည္။

ေငြစကၠဴအတုမ်ား ျပည္သူလူထုအတြင္း ပ်ံ႕ႏွံ႔ေရာက္ရိွေနမႈႏွင့္ပတ္သက္၍ နို၀င္ဘာ ၁၆ ရက္တြင္ ျပန္လည္က်င္းပမည့္ လႊတ္ေတာ္အစည္းအေ၀းမ်ားတြင္ ေမးခြန္းတရပ္ေမးျမန္းသြားရန္ အစီအစဥ္ရိွေၾကာင္း ျပည္သူ႕လႊတ္ေတာ္ဘဏ္မ်ားႏွင့္ ေငြေရးေၾကးေရးဆိုင္ရာေကာ္မတီဥကၠ႒ ပုလဲၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္က ေျပာၾကားသည္။

''ဗဟိုဘဏ္အေနနဲ႔ကေတာ့ တေသာင္းတန္ေတြကို ပိုမိုေကာင္းမြန္တဲ့ အရည္အေသြးနဲ႔ ထုတ္ေပးထားပါတယ္။ ဒါေပမဲ့လည္း အတုေတြေပၚ ေနတာကိုေတာ့ ကြ်န္မတို႔လည္း ၾကားပါတယ္။ ကိုယ့္မ်က္စိေရွ႕မွာ ကိုယ္ရွာထား တဲ့ ပိုက္ဆံကို ဖ်က္ဆီးခံလိုက္ရတဲ့ျဖစ္စဥ္ေတြကိုလည္း ကိုယ္ခ်င္းစာမိပါတယ္။ ဒီလိုျဖစ္ရပ္ေတြအေပၚ ဗဟိုဘဏ္အေနနဲ႔ ဘယ္လိုကုစားေပးမလဲ။ ကိုယ့္ဆီကို ေရာက္လာတဲ့ ပိုက္ဆံဟာ အတုၾကီးျဖစ္ေနလို႔ ဘာလုပ္ ရမွန္းမသိတဲ့သူေတြအတြက္ ေကာင္းမြန္တဲ့အေျဖတခုရေအာင္ ဗဟိုဘဏ္ တာ၀န္ရိွသူေတြကို ကြ်န္မ ေမးခြန္းေမးေပးပါ့မယ္''ဟု ၎က ေျပာၾကားသည္။

ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ကိုယ္လက္ထဲေရာက္ရိွလာသည့္ ၅၀၀၀ က်ပ္တန္ႏွင့္ ၁၀၀၀၀ က်ပ္တန္မ်ားကို အတု၊ အစစ္ခဲြျခားႏိုင္ရန္ဗဟိုဘဏ္ကအတုအစစ္ခဲြျခားႏိုင္စြမ္းနည္းပါးလ်က္ရိွေၾကာင္း
 ေတြ႕ရိွေနရသည္။ ထို႔ေၾကာင့္ လက္ရိွအခိ်န္တြင္ ကိုယ့္လက္ထဲေရာက္လာသည့္ ပိုက္ဆံကို လမ္းေဘးေဈးဆိုင္မ်ားတြင္ လြယ္လြယ္ကူကူ ျပန္လည္သံုးစဲြျခင္းကသာ ေငြစကၠဴအတု ျပႆနာကို ေျဖရွင္းသည့္ နည္းလမ္းတခု ျဖစ္ေနျပီး ဗဟိုဘဏ္အေနျဖင့္ အဆိုပါကိစၥကို ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းရန္ လိုအပ္ေနသည္။

''ေငြစကၠဴအတုေတြ ထြက္ရိွေနတာဟာ တရားဥပေဒစိုးမိုးမႈအား နည္းလို႔လား။ ဥပေဒပါ ျပစ္ဒဏ္ေတြကပဲ ေလ်ာ့နည္းေနလို႔လား။ စဥ္းစား ရမွာျဖစ္သလို အားလံုးပူးေပါင္းပါ၀င္ေဆာင္ရြက္မွသာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္''ဟု ေဒၚခင္စန္းလိႈင္က ေျပာသည္။

တေသာင္းက်ပ္တန္ အတုအစစ္ကို သာမန္ၾကည့္ရံုမွ်ျဖင့္ ခဲြျခားရန္ခက္ခဲျပီး အစစ္တြင္ CENTRAL BANK OF MYANMAR စာတန္းပါသည့္ ေနရာတြင္ အနည္းငယ္သာၾကမ္းျခင္း၊ အတုတြင္ပါရိွသည့္ လံုျခံဳေရးၾကိဳးတြင္ ခရမ္းေရာင္တမ်ဳိးတည္းရိွေသာ္လည္း အစစ္ရိွ လံုျခံဳေရးၾကိဳးတြင္ အ၀ါႏွင့္ ခရမ္းေရာင္ပါ၀င္ေၾကာင္းႏွင့္ အစစ္တြင္ ေဆးသားေကာင္းမြန္ၿပီး အတုတြင္ ေဆးသားျပတ္သားမႈမရိွဘဲ ေဆးသားမ်ား ျပန္႔ေနေၾကာင္း ျပည္တြင္းရိွ ပုဂၢလိကဘဏ္တခုမွ လက္ေထာက္မန္ေနဂ်င္းတဦးက အတုအစစ္ခဲြျခားပံုကို ရွင္းျပသည္။

''တစ္ေသာင္းလည္း မရိွတဲ့သူအတြက္ေတာ့ နည္းတယ္လို႔ ေျပာလို႔ရတဲ့ ပမာဏမဟုတ္ဘူးဗ်။ ကိုယ္ရ စရာရိွရင္လည္း ေသေသခ်ာခ်ာ စစ္ယူ၊ အတုလို႔ထင္ရင္ တခါတည္းလဲခိုင္းေပါ့။ ဘယ္ေရာက္မွ အတုမွန္းသိလို႔ ကေတာ့ အေပါက္ေတြနဲ႔ ပိုက္ဆံပဲျပန္ရလိမ့္မယ္''ဟု ၎က ေျပာသည္။

ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ (၂၀၁၃)အရ ဗဟိုဘဏ္က ထုတ္ေ၀ေသာ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လဲႊေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္း တမ်ဳိးမ်ဳိးကို အတုမွန္းသိလ်က္ႏွင့္ သံုးစဲြသည္ဟု ျပစ္ဒဏ္ထင္ရွားစီရင္ျခင္း ခံရပါက ထိုသူကို ေငြဒဏ္ျဖစ္ေစ၊ သံုးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ဒဏ္နွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္ဟူ၍လည္းေကာင္း၊ ဗဟိုဘဏ္က ထုတ္ေ၀ေသာ ေငြစကၠဴ၊ ဒဂၤါးႏွင့္ လဲႊေျပာင္းႏိုင္ေသာ စာခ်ဳပ္စာတမ္းတမ်ဳိးမ်ဳိးကို အတုျပဳလုပ္ျခင္း၊ အတုကို ျပည္ပမွ တင္သြင္းျခင္းသို႔ ျပည္ပသို႔ တင္ပို႔သည္ဟု ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆံုး ေထာင္ဒဏ္ ၁၀ ႏွစ္မွ အမ်ားဆံုး ေထာင္ဒဏ္ႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္ၿပီး ျပစ္မႈႏွင့္ သက္ဆိုင္သည့္ သက္ေသခံပစၥည္းမ်ားကိုလည္း ျပည္ေထာင္စု ဘ႑ာအျဖစ္ သိမ္းဆည္းရမည္ဟု ျပ႒ာန္းထားသည္။

''ေငြေၾကးေဖာင္းပြမႈကို ျဖစ္ေစတဲ့အေၾကာင္းတရားေတြထဲမွာ ေငြစကၠဴအတုေတြ ေပါမ်ားလာတာကလည္း
 ျပႆနာတရပ္အျဖစ္ရိွေနပါတယ္။ ေငြစကၠဴအတုျပႆနာကို သက္ဆိုင္ရာ အာဏာပိုင္အဖဲြ႔ေတြ အေနနဲ႔ ထိထိေရာက္ေရာက္ ကိုင္တြယ္ေျဖရွင္းဖို႔ လိုပါတယ္''ဟု စီးပြားေရး ပညာရွင္ ဦးေဇာ္ေဖ၀င္းက ေျပာသည္။

တရားဥပေဒစိုးမိုးမႈ မခိုင္ေသးသေရြ႕ႏွင့္ တာ၀န္ရိွသူအဆင့္ဆင့္က တာ၀န္ယူမႈ တာ၀န္ခံမႈ စိတ္ဓာတ္ေကာင္းမ်ားျဖင့္ ေဆာင္ရြက္လုပ္ကိုင္ရန္ အားနည္းေနသေရြ႕ေတာ့ ျမန္မာႏိုင္ငံသားအေနျဖင့္ မိမိတို႔ ၾကိဳးစားရွာေဖြထားသည့္ ေခြ်းႏဲွစာမ်ားသည္ ေငြစကၠဴအတုဟူေသာ ေခါင္းစဥ္ေအာက္တြင္ ဖ်က္ဆီးခံလိုက္ရမည္သာ ျဖစ္ပါသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)

#Unicode Version
ငွေစက္ကူအတုပြုလုပ်သုံးစွဲခြင်းသည် နိုင်ငံတနိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်မှုဖြစ်ပေါ်နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူ ပညာရှင်များက ပြောဆိုထားကြပြီး ဖြစ်သည်။ ကမ္ဘာ့မိသားစုဝင် မြန်မာနိုင်ငံအနေဖြင့်လည်း ငွေစက္ကူအတုပြုလုပ်သူများ၏ အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

''မနေ့က မိတ္ထီလာမှာ အဝေးသင်သွားတက်နေတဲ့ ကျွန်တော့်ညီမလေးဆီ ပိုက်ဆံတသိန်းသွားလွဲှတယ်။ တသောင်းတန် ၁၀ ရွက်မှာ ၅ ရွက်က အတုဖြစ်နေတယ်ဆိုပြီး ကျွန်တော့်ရှေ့မှာတင် ကျွန်တော့်ပိုက်ဆံတွေကို အပေါက်ဖောက်လိုက်တယ်။ ကျွန်တော့်ကို အတုကိုင်မှုနဲ့မဖမ်းတာ ကျေးဇူးတင်ရမလို ဖြစ်နေတယ်။ တာဝန်ယူမယ့်သူ ပျောက်နေသလို ခံစားရတယ်''ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ ကိုကျော်ဆန်း (အမည်လွဲှ)က News Watch သို့ ပြောသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများ လစဉ်ကြားသိနေရပြီး ပြည်သူအများစု၏ နေ့စဉ်လူနေမှုဘဝကို ခြိမ်းခြောက်သည့် အသွင်ဆောင်လာလျက်ရှိကြောင်း လေ့လာတွေ့ရှိနေရသည်။ ''လစာထုတ်လို့ တသောင်းတန်တွေ၊ ငါးထောင်တွေရရင် ကြာကြာ မထားရဘူး။ အကြွေမြန်မြန် ဖျက်ပစ်လိုက် တယ်။ တချို့အရွက်တွေကလည်း အရမ်းထူတယ်။ အတုတွေဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကတော့ လစာထုတ်ပြီးတိုင်း ပေါ်ပေါ်လာတယ်''ဟု ကုမ္ပဏီဝန်ထမ်းတဦးဖြစ်သူ မစန္ဒာက ပြောသည်။ အောက်တိုဘာ ၂၉ ရက်က တာချီလိတ်မြို့တွင် လေယာဉ်လက်မှတ်ဝယ်ယူရန် ငွေပေးချေရာမှ တသောင်းတန်အတုများ တွေ့ရှိခဲ့ပြီး ဆက်လက်စစ်ဆေးရာ ငွေစက္ကူအတုကိုင်ဆောင်သူများ တည်းခိုခဲ့သည့် တာချီလိတ်မြို့ ရွှေနဂါး(၈၈)ဟိုတယ်ရှိ ၎င်းတို့တည်းခိုရာအခန်းတွင် တသောင်းတန်ငွေစက္ကူ ၅၀၂ ရွက်အား သိမ်းဆည်းရမိခဲ့ ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ စက်တင်ဘာလအတွင်းက တသောင်းတန် ငွေစက္ကူအတု ၂၆၈ ရွက် တွေ့ရှိရမိသည့် ဖြစ်စဉ်နှင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင် အောက်တိုဘာလအတွင်းက တသောင်းတန် ငွေစက္ကူအတု ၆၀ ရွက် တွေ့ရှိရမိသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ အနံှ့အပြားရှိ မြို့ရွာအချို့တွင် ငွေစက္ကူအတုများ တွေ့ရှိနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။
''ကျွန်တော်တို့ဘက်မှာတော့ ဟိုတလောက တသောင်းတန်အတုတွေ တွေ့တယ်ဆိုတဲ့ သတင်းတွေတော့ကြားတယ်။ တချို့ကုန်သည်တွေ အချင်းချင်း ငွေပေးငွေယူလုပ်ရာကနေ အတုတွေပါလာတာမျိုးတော့ များတယ်။ အခု အတုတွေကလည်း အစစ်နဲ့ တော်တော်တူအောင်လုပ်ကြတာ ဆိုတော့ သာမန်လူတွေအနေနဲ့ ခွဲခြားဖို့ ခက်တယ်လို့ ထင်တယ်''ဟု ထားဝယ်မြို့မှ News Watch သို့ ပြောကြားသည်။

ငွေစက္ကူအတုများ ပြည်သူလူထုအတွင်း ပျံ့နှံ့ရောက်ရှိနေမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် မေးခွန်းတရပ်မေးမြန်းသွားရန် အစီအစဉ်ရှိကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

''ဗဟိုဘဏ်အနေနဲ့ကတော့ တသောင်းတန်တွေကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ထုတ်ပေးထားပါတယ်။ ဒါပေမဲ့လည်း အတုတွေပေါ် နေတာကိုတော့ ကျွန်မတို့လည်း ကြားပါတယ်။ ကိုယ့်မျက်စိရှေ့မှာ ကိုယ်ရှာထား တဲ့ ပိုက်ဆံကို ဖျက်ဆီးခံလိုက်ရတဲ့ဖြစ်စဉ်တွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။ ဒီလိုဖြစ်ရပ်တွေအပေါ် ဗဟိုဘဏ်အနေနဲ့ ဘယ်လိုကုစားပေးမလဲ။ ကိုယ့်ဆီကို ရောက်လာတဲ့ ပိုက်ဆံဟာ အတုကြီးဖြစ်နေလို့ ဘာလုပ် ရမှန်းမသိတဲ့သူတွေအတွက် ကောင်းမွန်တဲ့အဖြေတခုရအောင် ဗဟိုဘဏ် တာဝန်ရှိသူတွေကို ကျွန်မ မေးခွန်းမေးပေးပါ့မယ်''ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်လက်ထဲရောက်ရှိလာသည့် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန်များကို အတု၊ အစစ်ခွဲခြားနိုင်ရန် ဗဟိုဘဏ်က အတုအစစ်ခွဲခြားနိုင်စွမ်းနည်းပါးလျက်ရှိကြောင်း တွေ့ရှိနေရသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ကိုယ့်လက်ထဲရောက်လာသည့် ပိုက်ဆံကို လမ်းဘေးဈေးဆိုင်များတွင် လွယ်လွယ်ကူကူ ပြန်လည်သုံးစွဲခြင်းကသာ ငွေစက္ကူအတု ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းတခု ဖြစ်နေပြီး ဗဟိုဘဏ်အနေဖြင့် အဆိုပါကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသည်။

''ငွေစက္ကူအတုတွေ ထွက်ရှိနေတာဟာ တရားဥပဒေစိုးမိုးမှုအား နည်းလို့လား။ ဥပဒေပါ ပြစ်ဒဏ်တွေကပဲ လျော့နည်းနေလို့လား။ စဉ်းစား ရမှာဖြစ်သလို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

တသောင်းကျပ်တန် အတုအစစ်ကို သာမန်ကြည့်ရုံမျှဖြင့် ခွဲခြားရန်ခက်ခဲပြီး အစစ်တွင် CENTRAL BANK OF MYANMAR စာတန်းပါသည့် နေရာတွင် အနည်းငယ်သာကြမ်းခြင်း၊ အတုတွင်ပါရှိသည့် လုံခြုံရေးကြိုးတွင် ခရမ်းရောင်တမျိုးတည်းရှိသော်လည်း အစစ်ရှိ လုံခြုံရေးကြိုးတွင် အဝါနှင့် ခရမ်းရောင်ပါဝင်ကြောင်းနှင့် အစစ်တွင် ဆေးသားကောင်းမွန်ပြီး အတုတွင် ဆေးသားပြတ်သားမှုမရှိဘဲ ဆေးသားများ ပြန့်နေကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တခုမှ လက်ထောက်မန်နေဂျင်းတဦးက အတုအစစ်ခွဲခြားပုံကို ရှင်းပြသည်။

''တသောင်းလည်း မရှိတဲ့သူအတွက်တော့ နည်းတယ်လို့ ပြောလို့ရတဲ့ ပမာဏမဟုတ်ဘူးဗျ။ ကိုယ်ရ စရာရှိရင်လည်း သေသေချာချာ စစ်ယူ၊ အတုလို့ထင်ရင် တခါတည်းလဲခိုင်းပေါ့။ ဘယ်ရောက်မှ အတုမှန်းသိလို့ ကတော့ အပေါက်တွေနဲ့ ပိုက်ဆံပဲပြန်ရလိမ့်မယ်''ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ (၂၀၁၃)အရ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွဲှပြောင်းနိုင်သော စာချုပ်စာတမ်း တမျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲသည်ဟု ပြစ်ဒဏ်ထင်ရှားစီရင်ခြင်း ခံရပါက ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍လည်းကောင်း၊ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွဲှပြောင်းနိုင်သော စာချုပ်စာတမ်းတမျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်းသို့ ပြည်ပသို့ တင်ပို့သည်ဟု ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်ထောင်စု ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

''ငွေကြေးဖောင်းပွမှုကို ဖြစ်စေတဲ့ အကြောင်းတရားတွေထဲမှာ ငွေစက္ကူအတုတွေ ပေါများလာတာကလည်း ပြဿနာတရပ်အဖြစ်ရှိနေပါတယ်။ ငွေစက္ကူအတုပြဿနာကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်''ဟု စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

တရားဥပဒေစိုးမိုးမှု မခိုင်သေးသရွေ့နှင့် တာဝန်ရှိသူအဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှု စိတ်ဓာတ်ကောင်းများဖြင့် ဆောင်ရွက်လုပ်ကိုင်ရန် အားနည်းနေသရွေ့တော့ မြန်မာနိုင်ငံသားအနေဖြင့် မိမိတို့ ကြိုးစားရှာဖွေထားသည့် ချွေးနဲှစာများသည် ငွေစက္ကူအတုဟူသော ခေါင်းစဉ်အောက်တွင် ဖျက်ဆီးခံလိုက်ရမည်သာ ဖြစ်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top