Property Expo
×

ဂ်ပန္ႏုိင္ငံသို႔ သြား ေရာက္ခဲ့သည့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္၏ ခရီးစဥ္တြင္ ႏွစ္ႏုိင္ငံ အလုပ္သမားေစလႊတ္မႈဆုိင္ရာ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိမည့္ အ စီအစဥ္ကုိ အေသးစိတ္ေဆြးေႏြး ႏုိင္ခဲ့ျခင္းမရွိေၾကာင္း သတင္းရရွိ သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ဂ်ပန္ႏုိင္ငံသုိ႔ ႏုိ၀င္ဘာ ၂ ရက္မွ ၅ ရက္အထိ ခ်စ္ၾကည္ေရး ခရီးသြားေရာက္ခဲ့ၿပီး ႏွစ္ႏုိင္ငံ စီး ပြားေရး၊ ကာကြယ္ေရးက႑မ်ား တြင္ ပူးေပါင္းေဆာင္ရြက္မည့္ အ စီအစဥ္မ်ားကို အဓိကေဆြးေႏြးခဲ့ ေၾကာင္း ခရီးစဥ္ႏွင့္ပတ္သက္ သည့္ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ ထားသည္။

အဆုိပါခရီးစဥ္မတိုင္မီ အ လုပ္သမား၊ လူ၀န္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာန က ျမန္မာႏွင့္ ဂ်ပန္ႏုိင္ငံတို႔ အ လုပ္သမားေစလႊတ္မႈဆုိင္ရာ သ ေဘာတူစာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ေရး ထည့္သြင္းေဆြးေႏြးႏုိင္ရန္ ေဒၚ ေအာင္ဆန္းစုၾကည္ထံ တင္ျပခဲ့ သည္။

‘‘တျခားစီးပြားေရးက႑ ေတြကုိပဲ အဓိကထားေဆြးေႏြးခဲ့ ရတဲ့အတြက္ အလုပ္သမားေရးရာ စာခ်ဳပ္ကိစၥကုိ အေသးစိတ္ေဆြး ေႏြးမႈမျပဳလုပ္ႏုိင္ခဲ့ဘူးလို႔ေတာ့ သိထားတယ္။ ဒါနဲ႔ပတ္သက္လုိ႔ အေကာင္အထည္ေဖာ္ႏုိင္ေအာင္ ၀န္ႀကီးဌာနက ဆက္ႀကိဳးစားသြား ဖို႔လည္းရွိတယ္’’ဟု အလုပ္သမား၊ လူ၀န္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား၀န္ႀကီးဌာနမွ တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ဂ်ပန္ႏုိင္ငံသို႔ လစဥ္ျမန္မာ အလုပ္သမားဦးေရ ၂၀၀ ခန္႔ သြားေရာက္အလုပ္လုပ္ကိုင္ေန ၿပီး ေရွ႕ဆက္၍ ေဆာက္လုပ္ေရး လုပ္ငန္းခြင္အတြက္ လုပ္သားဦး ေရတိုးျမႇင့္ေခၚယူလာႏုိင္သည္ ဟု ဂ်ပန္ႏုိင္ငံသို႔ အလုပ္သမား ေစလႊတ္ျခင္း၀န္ေဆာင္္မႈေပးေန ေသာ ေအဂ်င္စီမ်ားက ခန္႔မွန္း ခဲ့သည္။

လက္ရွိတြင္ ဂ်ပန္ႏုိင္ငံသို႔ ေဆာက္လုပ္ေရး၊ စက္႐ံုႏွင့္ စိုက္ ပ်ိဳးေရးက႑မ်ားအတြက္ ျမန္မာ အလုပ္သမားမ်ား အမ်ားဆံုးသြား ေရာက္လုပ္ကိုင္ေနၾကသည္။

ထိုသို႔ သြားေရာက္လုပ္ကိုင္ ရာတြင္ အလုပ္ဗီဇာ၊ သင္တန္း သားအလုပ္သမားဗီဇာတို႔ျဖင့္ သြားေနၾကၿပီး ျမန္မာအလုပ္သ မားအခ်ိဳ႕သည္ ယင္းႏုိင္ငံသို႔ ေရာက္ရွိပါက အျခားလုပ္ငန္းခြင္ သို႔ ထြက္ေျပးလုပ္ကိုင္မႈမ်ားရွိေန သျဖင့္ ေအဂ်င္စီမ်ားက အလုပ္ သမားေစလႊတ္ရန္ ၾကပ္မတ္မႈမ်ားစြာ လုပ္ကိုင္ေနၾကရေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့သည့် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ အလုပ်သမားစေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည့် အ စီအစဉ်ကို အသေးစိတ်ဆွေးနွေး နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စီး ပွားရေး၊ ကာကွယ်ရေးကဏ္ဍများ တွင် ပူးပေါင်းဆောင်ရွက်မည့် အ စီအစဉ်များကို အဓိကဆွေးနွေးခဲ့ ကြောင်း ခရီးစဉ်နှင့်ပတ်သက် သည့်ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါခရီးစဉ်မတိုင်မီ အ လုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က မြန်မာနှင့် ဂျပန်နိုင်ငံတို့ အ လုပ်သမားစေလွှတ်မှုဆိုင်ရာ သ ဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး ထည့်သွင်းဆွေးနွေးနိုင်ရန် ဒေါ် အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ သည်။

‘‘တခြားစီးပွားရေးကဏ္ဍ တွေကိုပဲ အဓိကထားဆွေးနွေးခဲ့ ရတဲ့အတွက် အလုပ်သမားရေးရာ စာချုပ်ကိစ္စကို အသေးစိတ်ဆွေး နွေးမှုမပြုလုပ်နိုင်ခဲ့ဘူးလို့တော့ သိထားတယ်။ ဒါနဲ့ပတ်သက်လို့ အကောင်အထည်ဖော်နိုင်အောင် ဝန်ကြီးဌာနက ဆက်ကြိုးစားသွား ဖို့လည်းရှိတယ်’’ဟု အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံသို့ လစဉ်မြန်မာ အလုပ်သမားဦးရေ ၂၀၀ ခန့် သွားရောက်အလုပ်လုပ်ကိုင်နေ ပြီး ရှေ့ဆက်၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွက် လုပ်သားဦး ရေတိုးမြှင့်ခေါ်ယူလာနိုင်သည် ဟု ဂျပန်နိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းဝန်ဆောင်မှုပေးနေ သော အေဂျင်စီများက ခန့်မှန်း ခဲ့သည်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ ဆောက်လုပ်ရေး၊ စက်ရုံနှင့် စိုက် ပျိုးရေးကဏ္ဍများအတွက် မြန်မာ အလုပ်သမားများ အများဆုံးသွား ရောက်လုပ်ကိုင်နေကြသည်။

ထိုသို့ သွားရောက်လုပ်ကိုင် ရာတွင် အလုပ်ဗီဇာ၊ သင်တန်း သားအလုပ်သမားဗီဇာတို့ဖြင့် သွားနေကြပြီး မြန်မာအလုပ်သ မားအချို့သည် ယင်းနိုင်ငံသို့ ရောက်ရှိပါက အခြားလုပ်ငန်းခွင် သို့ ထွက်ပြေးလုပ်ကိုင်မှုများရှိနေ သဖြင့် အေဂျင်စီများက အလုပ် သမားစေလွှတ်ရန် ကြပ်မတ်မှုများစွာ လုပ်ကိုင်နေကြရကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top