Property Expo
×

ျဖဳတ္ခ်ခံခဲ့ရေသာ ထိုင္း၀န္ႀကီးခ်ဳပ္ေဟာင္း ယင္လက္ရွင္နာ၀ပ္သည္ ႏို၀င္ဘာ ၅ ရက္က ၎အား ေထာက္ခံသည့္ ရာေပါင္းမ်ားစြာေသာ ၀ယ္သူမ်ားထံသို႔ ဆန္အိတ္မ်ားကို ေ၀ငွခဲ့သည္။ ယင္းမွာ ထိုင္းတြင္ ဆန္ေစ်း က်ဆင္းမႈေၾကာင့္ အထိနာေနေသာ ထိုင္းလယ္သမားမ်ားကို ေထာက္ပံ့ရာ၌ စစ္အစိုးရထက္ သာလြန္ေစရန္ ယင္လက္၏ ႀကိဳးပမ္းမႈတစ္ခု ျဖစ္လာခဲ့သည္။
ဆန္ေစ်းမ်ား မတန္တဆ ထိုးက်ေနမႈေၾကာင့္ ထိုင္းႏိုင္ငံ ေက်းလက္ေဒသမ်ား၌ မ႐ွဴႏိုင္မကယ္ႏိုင္ ျဖစ္ေနၾကသျဖင့္ စစ္အစိုးရမွာ ကူညီေရး အစီအစဥ္မ်ားေပးရန္၊
မတည္ၿငိမ္မႈမ်ား မျဖစ္လာေစေရးအတြက္ တားဆီးရန္ ႀကိဳးပမ္းေနရသည္။ ထိုအခ်ိန္တြင္၂၀၁၄ ခုႏွစ္က ျဖဳတ္ခ်ခံခဲ့ရသည့္ ယင္လက္သည္ ၎တို႔မိသားစု၏ ႏိုင္ငံေရး အေျခစိုက္ရာ ေက်းလက္ေဒသေန ေတာင္သူလယ္သမားမ်ားအား ကူညီ႐ိုင္းပင္းရန္ အခြင့္အေရးကို မလြတ္တမ္း ဖမ္းဆုပ္လိုက္ျခင္းျဖစ္သည္။

ယင္လက္သည္ ၎ေနာက္ဆံုး ကစားကြက္၌ စစ္အစိုးရ၏ စည္းမ်ဥ္းမ်ားကို ခ်ဳိးေဖာက္ရာလည္း မေရာက္ေစရန္ ယခုသီတင္းပတ္အတြင္းက ႏိုင္ငံအေရွ႕ေျမာက္ပိုင္းရွိ ေက်းလက္ေဒသမ်ားသို႔ လွည့္လည္ သြားေရာက္ၿပီး ဒုကၡေတြ႕ေနေသာ လယ္သမားမ်ားထံမွ ထရပ္ကားလိုက္ ဆန္မ်ားကို ၀ယ္ယူလာခဲ့သည္။ ႏို၀င္ဘာ ၅ ရက္ တြင္ ၀န္ႀကီးခ်ဳပ္ေဟာင္း ယင္လက္သည္ ဘန္ေကာက္ၿမိဳ႕ေတာ္ရွိ ကားရပ္နားရန္ ေနရာတစ္ခုတြင္ ဆိုင္တစ္ဆိုင္ဖြင့္ၿပီး ၎အား ေထာက္ခံသူမ်ားထံ ၀ယ္ယူလာသည့္ ထိုဆန္အိတ္မ်ားကို ျပန္လည္ ေရာင္းခ်ခဲ့သည္။

အသက္ ၄၉ ႏွစ္အရြယ္ ယင္လက္သည္ ပစ္ကပ္ထရပ္ကား တစ္ခု၏ေနာက္မွေန၍ ဆန္အိတ္မ်ားကို စတင္ေရာင္းခ်ေနစဥ္ ၀ယ္ယူရန္ တန္းစီေနေသာ ေထာက္ခံသူ ရာေပါင္းမ်ားစြာမွာ စိတ္လႈပ္ရွား ျမဴးထူးေနၾကသည္။ ယင္လက္က ဆန္တစ္ကီလိုကို ဘတ္ ၂၀ ျဖင့္ ေရာင္းခ်ေနျခင္းျဖစ္သည္။

“ယင္လက္ဆီကေန ဆန္၀ယ္ဖို႔ ဒီကိုေရာက္ေနတာပါ။ သူဟာ ကြၽန္ေတာ္တို႔ကို ကူညီတဲ့အတြက္ သူ႔ကို ျပန္ၿပီးကူညီႏိုင္ေစဖို႔ အခုလို လာ၀ယ္တာပါ။ ယင္လက္ဟာ စိတ္ေကာင္းလည္း ရွိတယ္။ ေခ်ာလည္း ေခ်ာတယ္။ ဆင္းရဲသားေတြ အေပၚမွာလည္း သူတတ္ႏိုင္ရင္ ကူညီတာပါပဲ” ဟု အသက္ ၆၀ အရြယ္ ဆိုင္ကယ္တကၠစီေမာင္းသူ အူမာပြန္ကြာေသာင္ခါက ေျပာၾကားခဲ့သည္။

၂၀၀၆ ခုႏွစ္ အာဏာသိမ္းပြဲအတြင္းက ျဖဳတ္ခ်ခံခဲ့ရသည့္ အစ္ကိုျဖစ္သူ ဘီလ်ံနာသက္ဆင္ႏွင့္ ယင္လက္တို႔ကို ေက်းလက္ေဒသေန ျပည္သူအမ်ားအျပားႏွင့္ ၿမိဳ႕ျပမွ ဆင္းရဲသားမ်ားက နင္းျပားမ်ား၏ ေရွ႕ေဆာင္မ်ားအျဖစ္ အထူးခ်စ္ခင္ၾကသည္။ သို႔ေသာ္ ၎တို႔အေပၚ ေ၀ဖန္သူမ်ားကမူ တစ္မ်ဳိးတစ္ဖံု ႐ႈျမင္ၾကျပန္သည္။

ဘန္ေကာက္မွ အထက္လႊာတို႔ႏွင့္ စစ္တပ္မွ ၎တို႔၏ မဟာမိတ္မ်ားကမူ ရွင္နာ၀ပ္တို႔သည္ လူႀကိဳက္မ်ားေရး၀ါဒကို လက္ကိုင္စြဲကာ သူဆင္းရဲမ်ားကို ျခယ္လွယ္ေနသည့္ အက်င့္ပ်က္ ႏိုင္ငံေရးသမားမ်ားအျဖစ္ ပံုေဖာ္ေနၾကသည္။

ေလ့လာသူမ်ားက အာဏာရ စစ္အစိုးရသည္ ထိုင္းႏိုင္ငံေရး ေလာကထဲသို႔ ရွင္နာ၀ပ္မိသားစု ျပန္လည္၀င္လာမည္ကို တားဆီးပိတ္ပင္ေနကာ ၎တို႔၏ လႈပ္ရွားမႈမ်ားကို သိသိသာသာ လိုက္လံ ပိတ္ပင္ျခင္း၊ ေ၀ဖန္သူမ်ားကို ဖမ္းဆီးျခင္း၊ သေဘာထား ကြဲလြဲသူမ်ားအား ပိတ္ပင္ျခင္းတို႔ကို လုပ္ေဆာင္ေနသည္ဟု သံုးသပ္ေနၾကသည္။

ယင္လက္သည္ လက္ရွိတြင္မူ ၎အစိုးရ၏ ဆန္စပါးမူ၀ါဒမွာ ႏိုင္ငံဘ႑ာကို ဘီလ်ံႏွင့္ခ်ီ၍ ဆံုး႐ႈံး နစ္နာေစခဲ့မႈ၊ အက်င့္ပ်က္ျခစားမႈတို႔ျဖင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ႏွင့္ အထက္၊ ေငြဒဏ္ေဒၚလာ တစ္ဘီ လ်ံေပးေဆာင္ရမည့္ အေရးႏွင့္ ၾကံဳေနရသည္။

စစ္အစိုးရသည္ ယင္လက္ကို ၎၏ ဆန္စပါးမူ၀ါဒျဖင့္ နင္းသတ္ရန္ ႀကိဳးပမ္းေနေသာ္လည္း တစ္ဖက္တြင္မူ ဆန္ေစ်းက်မႈေၾကာင့္ အထိနာေနသည့္ လယ္သမားမ်ားကို ေထာက္ပံ့ေၾကးႏွင့္ ေခ်းေငြမ်ားေပးရန္ ေဒၚလာ ၁ ဒသမ ၃ ဘီလ်ံ ထက္မနည္း အသံုးျပဳေရးအတြက္ ယခုသီတင္းပတ္ အတြင္းကပင္ အတည္ျပဳခဲ့ရသည္။

စစ္အစိုးရေခါင္းေဆာင္ ပရာယြတ္ခ်န္အိုခ်ာကမူ ယခုကယ္ဆယ္ေရး အစီအစဥ္မ်ားသည္ ေရတို ေျဖရွင္းမႈမ်ားသာျဖစ္ၿပီး ယခုအစီအစဥ္မ်ားကို ႏိုင္ငံေရးအရ အသံုးမခ်ၾကရန္ သတိေပးခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven news

#Unicode Version
ဖြုတ်ချခံခဲ့ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်သည် နိုဝင်ဘာ ၅ ရက်က ၎င်းအား ထောက်ခံသည့် ရာပေါင်းများစွာသော ဝယ်သူများထံသို့ ဆန်အိတ်များကို ဝေငှခဲ့သည်။ ယင်းမှာ ထိုင်းတွင် ဆန်ဈေး ကျဆင်းမှုကြောင့် အထိနာနေသော ထိုင်းလယ်သမားများကို ထောက်ပံ့ရာ၌ စစ်အစိုးရထက် သာလွန်စေရန် ယင်လက်၏ ကြိုးပမ်းမှုတစ်ခု ဖြစ်လာခဲ့သည်။
ဆန်ဈေးများ မတန်တဆ ထိုးကျနေမှုကြောင့် ထိုင်းနိုင်ငံ ကျေးလက်ဒေသများ၌ မရှူနိုင်မကယ်နိုင် ဖြစ်နေကြသဖြင့် စစ်အစိုးရမှာ ကူညီရေး အစီအစဉ်များပေးရန်၊
မတည်ငြိမ်မှုများ မဖြစ်လာစေရေးအတွက် တားဆီးရန် ကြိုးပမ်းနေရသည်။ ထိုအချိန်တွင်၂၀၁၄ ခုနှစ်က ဖြုတ်ချခံခဲ့ရသည့် ယင်လက်သည် ၎င်းတို့မိသားစု၏ နိုင်ငံရေး အခြေစိုက်ရာ ကျေးလက်ဒေသနေ တောင်သူလယ်သမားများအား ကူညီရိုင်းပင်းရန် အခွင့်အရေးကို မလွတ်တမ်း ဖမ်းဆုပ်လိုက်ခြင်းဖြစ်သည်။

ယင်လက်သည် ၎င်းနောက်ဆုံး ကစားကွက်၌ စစ်အစိုးရ၏ စည်းမျဉ်းများကို ချိုးဖောက်ရာလည်း မရောက်စေရန် ယခုသီတင်းပတ်အတွင်းက နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျေးလက်ဒေသများသို့ လှည့်လည် သွားရောက်ပြီး ဒုက္ခတွေ့နေသော လယ်သမားများထံမှ ထရပ်ကားလိုက် ဆန်များကို ဝယ်ယူလာခဲ့သည်။ နိုဝင်ဘာ ၅ ရက် တွင် ဝန်ကြီးချုပ်ဟောင်း ယင်လက်သည် ဘန်ကောက်မြို့တော်ရှိ ကားရပ်နားရန် နေရာတစ်ခုတွင် ဆိုင်တစ်ဆိုင်ဖွင့်ပြီး ၎င်းအား ထောက်ခံသူများထံ ဝယ်ယူလာသည့် ထိုဆန်အိတ်များကို ပြန်လည် ရောင်းချခဲ့သည်။

အသက် ၄၉ နှစ်အရွယ် ယင်လက်သည် ပစ်ကပ်ထရပ်ကား တစ်ခု၏နောက်မှနေ၍ ဆန်အိတ်များကို စတင်ရောင်းချနေစဉ် ဝယ်ယူရန် တန်းစီနေသော ထောက်ခံသူ ရာပေါင်းများစွာမှာ စိတ်လှုပ်ရှား မြူးထူးနေကြသည်။ ယင်လက်က ဆန်တစ်ကီလိုကို ဘတ် ၂၀ ဖြင့် ရောင်းချနေခြင်းဖြစ်သည်။

“ယင်လက်ဆီကနေ ဆန်ဝယ်ဖို့ ဒီကိုရောက်နေတာပါ။ သူဟာ ကျွန်တော်တို့ကို ကူညီတဲ့အတွက် သူ့ကို ပြန်ပြီးကူညီနိုင်စေဖို့ အခုလို လာဝယ်တာပါ။ ယင်လက်ဟာ စိတ်ကောင်းလည်း ရှိတယ်။ ချောလည်း ချောတယ်။ ဆင်းရဲသားတွေ အပေါ်မှာလည်း သူတတ်နိုင်ရင် ကူညီတာပါပဲ” ဟု အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကစီမောင်းသူ အူမာပွန်ကွာသောင်ခါက ပြောကြားခဲ့သည်။

၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲအတွင်းက ဖြုတ်ချခံခဲ့ရသည့် အစ်ကိုဖြစ်သူ ဘီလျံနာသက်ဆင်နှင့် ယင်လက်တို့ကို ကျေးလက်ဒေသနေ ပြည်သူအများအပြားနှင့် မြို့ပြမှ ဆင်းရဲသားများက နင်းပြားများ၏ ရှေ့ဆောင်များအဖြစ် အထူးချစ်ခင်ကြသည်။ သို့သော် ၎င်းတို့အပေါ် ဝေဖန်သူများကမူ တစ်မျိုးတစ်ဖုံ ရှုမြင်ကြပြန်သည်။

ဘန်ကောက်မှ အထက်လွှာတို့နှင့် စစ်တပ်မှ ၎င်းတို့၏ မဟာမိတ်များကမူ ရှင်နာဝပ်တို့သည် လူကြိုက်များရေးဝါဒကို လက်ကိုင်စွဲကာ သူဆင်းရဲများကို ခြယ်လှယ်နေသည့် အကျင့်ပျက် နိုင်ငံရေးသမားများအဖြစ် ပုံဖော်နေကြသည်။

လေ့လာသူများက အာဏာရ စစ်အစိုးရသည် ထိုင်းနိုင်ငံရေး လောကထဲသို့ ရှင်နာဝပ်မိသားစု ပြန်လည်ဝင်လာမည်ကို တားဆီးပိတ်ပင်နေကာ ၎င်းတို့၏ လှုပ်ရှားမှုများကို သိသိသာသာ လိုက်လံ ပိတ်ပင်ခြင်း၊ ဝေဖန်သူများကို ဖမ်းဆီးခြင်း၊ သဘောထား ကွဲလွဲသူများအား ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု သုံးသပ်နေကြသည်။

ယင်လက်သည် လက်ရှိတွင်မူ ၎င်းအစိုးရ၏ ဆန်စပါးမူဝါဒမှာ နိုင်ငံဘဏ္ဍာကို ဘီလျံနှင့်ချီ၍ ဆုံးရှုံး နစ်နာစေခဲ့မှု၊ အကျင့်ပျက်ခြစားမှုတို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် အထက်၊ ငွေဒဏ်ဒေါ်လာ တစ်ဘီ လျံပေးဆောင်ရမည့် အရေးနှင့် ကြုံနေရသည်။

စစ်အစိုးရသည် ယင်လက်ကို ၎င်း၏ ဆန်စပါးမူဝါဒဖြင့် နင်းသတ်ရန် ကြိုးပမ်းနေသော်လည်း တစ်ဖက်တွင်မူ ဆန်ဈေးကျမှုကြောင့် အထိနာနေသည့် လယ်သမားများကို ထောက်ပံ့ကြေးနှင့် ချေးငွေများပေးရန် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ထက်မနည်း အသုံးပြုရေးအတွက် ယခုသီတင်းပတ် အတွင်းကပင် အတည်ပြုခဲ့ရသည်။

စစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာကမူ ယခုကယ်ဆယ်ရေး အစီအစဉ်များသည် ရေတို ဖြေရှင်းမှုများသာဖြစ်ပြီး ယခုအစီအစဉ်များကို နိုင်ငံရေးအရ အသုံးမချကြရန် သတိပေးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven news
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top