Property Expo
×

 ျမန္မာအိမ္အကူ အမ်ိဳးသမီး တစ္ဦးကို ႏွစ္ႀကိမ္တိုင္ အဓမၼ ျပဳက်င့္မႈျဖင့္ မေလးရွားႏုိင္ငံသား တစ္ဦးအား စင္ကာပူ တရား႐ံုးက ေထာင္ဒဏ္ (၁၃)ႏွစ္ႏွင့္ ႀကိမ္ဒဏ္ အခ်က္ ၂၀ ျပစ္ဒဏ္ခ်မွတ္လုိက္ ေၾကာင္း သိရသည္။

အသက္ (၄၆) ႏွစ္ရွိ ခ်င္ဆြီ ေခ်ာင္သည္ အသက္ (၃၅) ႏွစ္အရြယ္ ျမန္မာအမ်ိဳးသမီးကို ၂၀၁၃ ဒီဇင္ဘာတြင္ ငါးနာရီအတြင္းႏွစ္ႀကိမ္တိုင္ အဓမၼျပဳက်င့္ခဲ့ ေၾကာင္း တရား႐ံုးက စစ္ေဆး ေတြ႕ရွိခဲ့သည္။ ထိုအခ်ိန္တြင္ ခ်င္၏ ဇနီးႏွင့္ ကေလးမ်ားသည္ အားလပ္ရက္လည္ပတ္ေနခဲ့ၾက သည္။ ခ်င္က အိမ္အကူ အမ်ိဳးသ မီးသည္ အလိုတူအလိုပါ လိုက္ ေလ်ာခဲ့ေၾကာင္း ထြက္ဆိုေသာ္ လည္း ျပဳက်င့္ခံရသူက ႏွစ္ႀကိမ္စလံုးတြင္ အလုပ္ရွင္က အင္အားသံုး အၾကမ္းဖက္ခဲ့ေၾကာင္း ဖြင့္ဟခဲ့သည္။

ႏိုဝင္ဘာ ၁၄ ရက္ စီရင္ ခ်က္အရ ခ်င္သည္ ျပစ္မႈထင္ ရွားေသာေၾကာင့္ ေထာင္ဒဏ္ႏွင့္ ႀကိမ္ဒဏ္မ်ား ခ်မွတ္ခံရျခင္း ျဖစ္ သည္။စက္တင္ဘာအတြင္းက စင္ကာပူ တရား႐ံုးႏွစ္ခုတြင္ ခ်င္သည္ျပစ္မႈထင္ရွားသည္ဟု ဆံုးျဖတ္ခဲ့ ၿပီးေနာက္ စီရင္ခ်က္ခ်မွတ္ခဲ့ ျခင္းျဖစ္သည္။

‘‘ျဖစ္ရပ္ေၾကာင့္ အမ်ိဳးသမီး ဟာ ျပင္းျပင္းထန္ထန္ တုန္လႈပ္ခံ စားခဲ့ရပါတယ္။ ဒုတိယအႀကိမ္ အၾကမ္းဖက္မႈဟာ ပိုၿပီးေတာင္ ဆိုးရြား ရက္စက္ခဲ့ပါတယ္’’ ဟု အစိုးရ ေရွ႕ေနအဖြဲ႕မွ ကူမာရီဆန္ ဂိုဟူဘာလန္က တရား႐ံုးသို႔ ေလွ်ာက္ထားခဲ့သည္။

အစိုးရ ေရွ႕ေနမ်ားကခ်င္အား ေထာင္ဒဏ္ (၁၅) ႏွစ္ႏွင့္ ႀကိမ္ ဒဏ္ ၂၄ ခ်က္ ခ်မွတ္ႏုိင္ရန္ ေတာင္း ဆိုခဲ့ေသာ္လည္း တရား႐ံုးက ေထာင္ဒဏ္ (၁၃) ႏွစ္ႏွင့္ ႀကိမ္ဒဏ္အခ်က္ ၂၀ ျပစ္ဒဏ္သာ  ခ်မွတ္ခဲ့သည္။ ခ်င္၏ ေရွ႕ေနက တရား႐ံုးဆံုးျဖတ္ခ်က္ကို အယူခံဝင္ရန္ စီစဥ္ေနေၾကာင္း ေျပာၾကားသည္။

စင္ကာပူ ဥပေဒအရ မုဒိမ္း မႈ စြဲခ်က္တစ္ခုအတြက္ အျမင့္ ဆံုး ေထာင္ဒဏ္ ႏွစ္ (၂၀) ႏွင့္ ႀကိမ္ဒဏ္မ်ား ခ်မွတ္ႏုိင္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မြန်မာအိမ်အကူ အမျိုးသမီး တစ်ဦးကို နှစ်ကြိမ်တိုင် အဓမ္မ ပြုကျင့်မှုဖြင့် မလေးရှားနိုင်ငံသား တစ်ဦးအား စင်ကာပူ တရားရုံးက ထောင်ဒဏ် (၁၃)နှစ်နှင့် ကြိမ်ဒဏ် အချက် ၂၀ ပြစ်ဒဏ်ချမှတ်လိုက် ကြောင်း သိရသည်။

အသက် (၄၆) နှစ်ရှိ ချင်ဆွီ ချောင်သည် အသက် (၃၅) နှစ်အ

ရွယ် မြန်မာအမျိုးသမီးကို ၂၀၁၃ ဒီဇင်ဘာတွင် ငါးနာရီအတွင်းနှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့ ကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် ချင်၏ ဇနီးနှင့် ကလေးများသည် အားလပ်ရက်လည်ပတ်နေခဲ့ကြ သည်။ ချင်က အိမ်အကူ အမျိုးသ မီးသည် အလိုတူအလိုပါ လိုက် လျောခဲ့ကြောင်း ထွက်ဆိုသော် လည်း ပြုကျင့်ခံရသူက နှစ်ကြိမ်စလုံးတွင် အလုပ်ရှင်က အင်အားသုံး အကြမ်းဖက်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

နိုဝင်ဘာ ၁၄ ရက် စီရင် ချက်အရ ချင်သည် ပြစ်မှုထင် ရှားသောကြောင့် ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များ ချမှတ်ခံရခြင်း ဖြစ် သည်။စက်တင်ဘာအတွင်းက စင်ကာပူ တရားရုံးနှစ်ခုတွင် ချင်သည်ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ ပြီးနောက် စီရင်ချက်ချမှတ်ခဲ့ ခြင်းဖြစ်သည်။

‘‘ဖြစ်ရပ်ကြောင့် အမျိုးသမီး ဟာ ပြင်းပြင်းထန်ထန် တုန်လှုပ်ခံ စားခဲ့ရပါတယ်။ ဒုတိယအကြိမ် အကြမ်းဖက်မှုဟာ ပိုပြီးတောင် ဆိုးရွား ရက်စက်ခဲ့ပါတယ်’’ ဟု အစိုးရ ရှေ့နေအဖွဲ့မှ ကူမာရီဆန် ဂိုဟူဘာလန်က တရားရုံးသို့ လျှောက်ထားခဲ့သည်။

အစိုးရ ရှေ့နေများကချင်အား ထောင်ဒဏ် (၁၅) နှစ်နှင့် ကြိမ် ဒဏ် ၂၄ ချက် ချမှတ်နိုင်ရန် တောင်း ဆိုခဲ့သော်လည်း တရားရုံးက ထောင်ဒဏ် (၁၃) နှစ်နှင့် ကြိမ်ဒဏ်အချက် ၂၀ ပြစ်ဒဏ်သာ  ချမှတ်ခဲ့သည်။ ချင်၏ ရှေ့နေက တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ရန် စီစဉ်နေကြောင်း ပြောကြားသည်။

စင်ကာပူ ဥပဒေအရ မုဒိမ်း မှု စွဲချက်တစ်ခုအတွက် အမြင့် ဆုံး ထောင်ဒဏ် နှစ် (၂၀) နှင့် ကြိမ်ဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top