Property Expo
×

မဟာဗႏၶဳလလမ္းေပၚရွိ ဗုိလ္တေထာင္ဘုရားလမ္းအနီး တြင္ ပ႐ိုေဘာက္စ္ကားတစ္စီး မီး ေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သ တင္းရရွိသည္။

 မီးေလာင္ခဲ့သည့္ ပ႐ို ေဘာက္စ္ယာဥ္ (ခဲေရာင္)သည္ ေဒါပံုဘက္မွ ရန္ကုန္ၿမိဳ႕တြင္းသို႔ ႏုိ၀င္ဘာ ၄ ရက္ နံနက္ ၇ နာရီ ေက်ာ္က ျဖတ္သန္းေမာင္းႏွင္လာ စဥ္ ဆီပိုက္ေပါက္ကာ အင္ဂ်င္ ေပၚ ဆီစက္က်ရာမွ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ပုဇြန္ေတာင္ရဲ စခန္းမွ ရဲအရာရွိတစ္ဦးကေျပာ သည္။

‘‘မီးေလာင္ေတာ့ ကားသ မားက ထြက္ေျပးသြားတယ္။ အ မွန္ဆုိ ဒီကိစၥမ်ိဳးက ထြက္ေျပးရ မယ့္ကိစၥ မဟုတ္ပါဘူး။ ကိုယ့္ ကားကိုယ္ မီး႐ိႈ႕တဲ့အမႈလည္း မ ဟုတ္ပါဘူး။ ကားေရွ႕ခန္း မီး ေလာင္သြားေတာ့ ဘာမွလည္း ရွာမေတြ႕ဘူး၊ ကရိန္းဆဲြခေတာင္ စိုက္ၿပီး ကားကုိ သယ္ေပးထားရ တယ္’’ဟု အဆိုပါရဲအရာရွိက ေျပာသည္။

ပ႐ိုေဘာက္စ္ကားမ်ားတြင္ ဆီအ၀င္ပိုက္သည္ အင္ဂ်င္ေပၚ၌ ရွိၿပီး ပိုက္ေပ်ာ့ျဖစ္၍ ယခုလို ပူ သည့္အခ်ိန္တြင္ အဲကြန္းဖြင့္သည့္ အခါ အင္ဂ်င္အပူက ဆီပိုက္ကို ေပါက္ေစၿပီး မီးေလာင္တတ္ ေၾကာင္း ကား၀ပ္ေရွာ့လုပ္ကိုင္သူတစ္ဦးကေျပာသည္။

‘‘ပ႐ိုေဘာက္စ္ကား ေမာင္း တဲ့သူေတြ ဒါကို သိထားသင့္တယ္။ တခ်ိဳ႕ကလည္းသိၿပီး အမႈမဲ့အမွတ္မဲ့ေနေတာ့ ခုလို မဆံုး႐ႈံးသင့္တာေတြ ျဖစ္ကုန္တယ္။ ကားေမာင္းတဲ့သူတုိင္း ကားေပၚမွာ မီးသတ္ေဆးဘူးေလး ေဆာင္ထားသင့္ပါတယ္။ မီးသတ္ေဆးဘူးကလည္း ေစ်းဒီေလာက္မရွိပါဘူး’’ဟု အဆိုပါအမ်ိဳးသားက ေျပာသည္။

အငွားယာဥ္ေမာင္းအား ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ ပုဇြန္ ေတာင္ရဲစခန္းက အမႈဖြင့္ထား ေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မဟာဗန္ဓုလလမ်းပေါ်ရှိ ဗိုလ်တထောင်ဘုရားလမ်းအနီး တွင် ပရိုဘောက်စ်ကားတစ်စီး မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

 မီးလောင်ခဲ့သည့် ပရို ဘောက်စ်ယာဉ် (ခဲရောင်)သည် ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့ နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီ ကျော်က ဖြတ်သန်းမောင်းနှင်လာ စဉ် ဆီပိုက်ပေါက်ကာ အင်ဂျင် ပေါ် ဆီစက်ကျရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပုဇွန်တောင်ရဲ စခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။


‘‘မီးလောင်တော့ ကားသ မားက ထွက်ပြေးသွားတယ်။ အ မှန်ဆို ဒီကိစ္စမျိုးက ထွက်ပြေးရ မယ့်ကိစ္စ မဟုတ်ပါဘူး။ ကိုယ့် ကားကိုယ် မီးရှို့တဲ့အမှုလည်း မ ဟုတ်ပါဘူး။ ကားရှေ့ခန်း မီး လောင်သွားတော့ ဘာမှလည်း ရှာမတွေ့ဘူး၊ ကရိန်းဆွဲခတောင် စိုက်ပြီး ကားကို သယ်ပေးထားရ တယ်’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

ပရိုဘောက်စ်ကားများတွင် ဆီအဝင်ပိုက်သည် အင်ဂျင်ပေါ်၌ ရှိပြီး ပိုက်ပျော့ဖြစ်၍ ယခုလို ပူ သည့်အချိန်တွင် အဲကွန်းဖွင့်သည့် အခါ အင်ဂျင်အပူက ဆီပိုက်ကို ပေါက်စေပြီး မီးလောင်တတ် ကြောင်း ကားဝပ်ရှော့လုပ်ကိုင်သူတစ်ဦးကပြောသည်။

‘‘ပရိုဘောက်စ်ကား မောင်း တဲ့သူတွေ ဒါကို သိထားသင့်တယ်။ တချို့ကလည်းသိပြီး အမှုမဲ့အမှတ်မဲ့နေတော့ ခုလို မဆုံးရှုံးသင့်တာတွေ ဖြစ်ကုန်တယ်။ ကားမောင်းတဲ့သူတိုင်း ကားပေါ်မှာ မီးသတ်ဆေးဘူးလေး ဆောင်ထားသင့်ပါတယ်။ မီးသတ်ဆေးဘူးကလည်း ဈေးဒီလောက်မရှိပါဘူး’’ဟု အဆိုပါအမျိုးသားက ပြောသည်။

အငှားယာဉ်မောင်းအား ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ပုဇွန် တောင်ရဲစခန်းက အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top