Property Expo
×

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္ ရတနာဘုမၼိအေနာက္ ရပ္​ကြက္​အတြင္​း နိုဝင္ဘာလ ၁၅ ရက္ေန႔ နံနက္ ၁၀ နာရီခန္႔က ၁၂ႏွစ္အရြယ္ ပလပ္စတစ္ေကာက္သည့္ မိန္းကေလးတစ္​ဦးမွ ၂ႏွစ္အရြယ္ ​ေယာက္​်ားေလးအား ပီနံအိတ္အတြင္း ထည့္ခိုးယူမႈတစ္ခုျဖစ္ပြားခဲ့သည္ ။

ယင္းသို႔ပီနံအိတ္အတြင္း ကေလးငယ္အား ထည့္ေနသည္ကို ေဒသခံမ်ားက ျမင္ေတြ႔ၿပီး ရတနာဘုမၼိအေနာက္ရပ္​ကြက္​ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေခၚေဆာင္ခဲ့သည္။

"ကေလးမေလးကကေလးေလးကိုလမ္းေပၚမွာ ေဆာ့ေနတုန္း ေခ်ာ့ေခၚလာတာ ေတာ္ေတာ္ ေဝးေဝး
 ေရာက္ေတာ့ ပီနံအိတ္ထဲထည့္ဖို႔လုပ္ေနတုန္း ေဘးပတ္ဝန္းက်င္ကလူေတြက မလုပ္ဖို႔သြားေျပာေတာ့မွ ကေလးကို ေခ်ာ့ေခၚလာတာျဖစ္မွန္းသိလို႔ကြ်န္ေတာ့ကိုအေၾကာင္းၾကားလာတာပါ။ ေခၚလာတဲ့
ကေလးကိုလည္း သူ႔မိဘဆီကို အပ္ၿပီးသြားပါၿပီ"ဟု ရတနာဘုမၼိအေနာက္ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သက္ထြန္းက ေျပာသည္။

ယင္းသို႔ ကေလးငယ္အားေခၚေဆာင္ခဲ့သည့္ အသက္ (၁၂) နွစ္အရြယ္ မိန္းကေလးငယ္သည္ ဖမ္းခံရသည္ထက္ အိမ္ျပန္ရမွာ ေၾကာက္ေနသည့္အေနအထားတြင္ရွိၿပီး ၎အား ေနာက္ကြယ္မွ လူႀကီးတစ္ေယာက္ေယာက္က ခိုင္းေစျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသခံတစ္ခ်ိဳ႕က သံုးသပ္ေျပာဆိုမႈမ်ား ရွိသည္။

၄င္းကေလးငယ္အားေခၚေဆာင္ခဲ့သည့္ မိန္းကေလးအား သက္ဆိုင္ရာနယ္ေျမရဲစခန္းသို႔ အပ္ခဲ့ၿပီး အသက္မျပည့္ေသးေသာ ကေလးငယ္တစ္ဦးျဖစ္သည့္ အတြက္ ရဲတပ္ဖြဲ႔က ခ်ဳပ္ထားျခင္းမရွိပဲ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနတြင္ ကေလးငယ္အား ေစာင့္ေ႐ွာက္ထားေၾကာင္း လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရး တပ္ဖြဲ႔ခြဲ(မႏၲေလး)မွ တပ္ဖြဲ႔မွဴး ရဲမွဴးေဖသိန္းေက်ာ္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Central News Myanmar

#Unicode Version
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအနောက် ရပ်ကွက်အတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ၁၂နှစ်အရွယ် ပလပ်စတစ်ကောက်သည့် မိန်းကလေးတစ်ဦးမှ ၂နှစ်အရွယ် ယောက်ျားလေးအား ပီနံအိတ်အတွင်း ထည့်ခိုးယူမှုတစ်ခုဖြစ်ပွားခဲ့သည် ။

ယင်းသို့ပီနံအိတ်အတွင်း ကလေးငယ်အား ထည့်နေသည်ကို ဒေသခံများက မြင်တွေ့ပြီး ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ခဲ့သည်။

"ကလေးမလေးက ကလေးလေးကို လမ်းပေါ်မှာ ဆော့နေတုန်း ချော့ခေါ်လာတာ တော်တော် ဝေးဝေး ရောက်တော့ ပီနံအိတ်ထဲထည့်ဖို့လုပ်နေတုန်း ဘေးပတ်ဝန်းကျင်ကလူတွေက မလုပ်ဖို့သွားပြောတော့မှ ကလေးကို ချော့ခေါ်လာတာဖြစ်မှန်းသိလို့ ကျွန်တော့ကို အကြောင်းကြားလာတာပါ။ ခေါ်လာတဲ့ကလေးကိုလည်း သူ့မိဘဆီကို အပ်ပြီးသွားပါပြီ"ဟု ရတနာဘုမ္မိအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သက်ထွန်းက ပြောသည်။

ယင်းသို့ ကလေးငယ်အားခေါ်ဆောင်ခဲ့သည့် အသက် (၁၂) နှစ်အရွယ် မိန်းကလေးငယ်သည် ဖမ်းခံရသည်ထက် အိမ်ပြန်ရမှာ ကြောက်နေသည့်အနေအထားတွင်ရှိပြီး ၎င်းအား နောက်ကွယ်မှ လူကြီးတစ်ယောက်ယောက်က ခိုင်းစေခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ချို့က သုံးသပ်ပြောဆိုမှုများ ရှိသည်။

၎င်းကလေးငယ်အားခေါ်ဆောင်ခဲ့သည့် မိန်းကလေးအား သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ အပ်ခဲ့ပြီး အသက်မပြည့်သေးသော ကလေးငယ်တစ်ဦးဖြစ်သည့် အတွက် ရဲတပ်ဖွဲ့က ချုပ်ထားခြင်းမရှိပဲ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတွင် ကလေးငယ်အား စောင့်ရှောက်ထားကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ခွဲ(မန္တလေး)မှ တပ်ဖွဲ့မှူး ရဲမှူးဖေသိန်းကျော်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Central News Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top