Property Expo
×

လိင္ဆက္ဆံေဖာ္မ်ားေသာ အမ်ိဳးသားမ်ားသုက္လႊတ္ဂလင္း ကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ႏွစ္ဆပုိမ်ားႏုိင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

တစ္သက္တာလံုးတြင္ လိင္ဆက္ဆံေဖာ္ သံုးဦးေအာက္ရိွသူ မ်ားထက္ ခုနစ္ဦးႏွင့္ အထက္ရိွေသာ အမ်ိဳးသားမ်ား သုက္လႊတ္ ဂလင္းကင္ဆာ ျဖစ္ပြားႏုိင္ေျခ ႏွစ္ဆပိုမ်ားေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရိွခဲ့သည္။

ငယ္ငယ္ရြယ္ရြယ္ႏွင့္ လိင္မႈကိစၥမကင္းေသာ အမ်ိဳးသားမ်ား လည္း ယင္းေရာဂါျဖစ္ပြားႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။

လိင္ဆက္ဆံေဖာ္ပုိမ်ားၿပီး လိင္မႈအထေျမာက္မႈအႀကိမ္ေရ ပုိ မ်ားေသာ အမ်ိဳးသားမ်ား၊ အသက္ငယ္ငယ္ရြယ္ရြယ္ျဖင့္ ပထမဆံုး လိင္ဆက္ဆံဖူးသူမ်ားအားလံုး သုက္လႊတ္ဂလင္းကင္ဆာျဖစ္ပြား ႏုိင္ေျခပုိမ်ားသည္ဟု ၾသစေၾတးလ်ႏုိင္ငံရွိ သုေတသီမ်ားကေျပာ သည္။

လိင္ဆက္ဆံျခင္းႏွင့္ သုက္လႊတ္ဂလင္းကင္ဆာျဖစ္ပြားျခင္း ၾကား ဆက္စပ္မႈသည္ ေဟာ္မုန္းေျပာင္းလဲမႈမ်ားေၾကာင့္ ျဖစ္ႏုိင္သည္ဟု သုေတသီမ်ားက ယံုၾကည္ထားသည္။

လိင္ဆက္ဆံျခင္းႏွင့္ ဇီ၀ျဖစ္ပ်က္မႈတုိ႔သည္ က်ားေဟာ္မုန္းတစ္မ်ိဳးျဖစ္ေသာ antigen ႏွင့္ ဆက္စပ္မႈရိွၿပီး သုက္လႊတ္ဂလင္းကင္ ဆာအစပ်ိဳးမႈႏွင့္ အခုိင္အမာဆက္စပ္ေနေၾကာင္း သုေတသီမ်ားက ေျပာသည္။

သုက္လႊတ္ဂလင္းကင္ဆာျဖစ္ပြားေစႏိုင္သည့္ အျခားေသာ အႏၲရာယ္မ်ားတြင္ ဖခင္၌ သုက္လႊတ္ဂလင္းကင္ဆာျဖစ္ဖူးသည့္ ရာဇ၀င္ရိွျခင္း ယခင္က သုက္လႊတ္ဂလင္းကင္ဆာစစ္ေဆးေတြ႕ရိွ ထားျခင္းတုိ႔ျဖစ္သည္။

ထုိ႔အျပင္ အေလးခ်ိန္ပုိမ်ားျခင္း (သုိ႔မဟုတ္) အ၀လြန္ျခင္းႏွင့္ ယင္းေရာဂါျဖစ္ပြားမႈၾကား ဆက္စပ္ေၾကာင္းလည္း ယခုေလ့လာမႈ အရ သိရသည္။

လိင္အဂၤါပုိင္းအေရျပားျဖတ္ေတာက္ျခင္း၊ သားေၾကာျဖတ္ ျခင္း (သုိ႔မဟုတ္) လိင္အဂၤါေထာင္မတ္မႈျပႆနာရိွျခင္းတို႔ႏွင့္ သုက္လႊတ္ဂလင္းကင္ဆာေရာဂါျဖစ္ပြားမႈၾကား ဆက္စပ္မႈမရိွဟု သု ေတသီမ်ားက ေျပာသည္။

ယင္းေရာဂါျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ရိွေသာ အသက္ (၅၀) ေက်ာ္အမ်ိဳးသားမ်ား၊ မိသားစုတြင္ ေရာဂါျဖစ္ပြားဖူးသည့္ ရာဇ၀င္ ရိွသူမ်ားအေနျဖင့္ ဆရာ၀န္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးကာ ႀကိဳတင္ကာကြယ္သင့္သည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7 day daily

#Unicode Version

 လိင်ဆက်ဆံဖော်များသော အမျိုးသားများသုက်လွှတ်ဂလင်း ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်နှစ်ဆပိုများနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

တစ်သက်တာလုံးတွင် လိင်ဆက်ဆံဖော် သုံးဦးအောက်ရှိသူ များထက် ခုနစ်ဦးနှင့် အထက်ရှိသော အမျိုးသားများ သုက်လွှတ် ဂလင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ နှစ်ဆပိုများကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။


ငယ်ငယ်ရွယ်ရွယ်နှင့် လိင်မှုကိစ္စမကင်းသော အမျိုးသားများ လည်း ယင်းရောဂါဖြစ်ပွားနိုင်သည်ဟု သုတေသီများက ပြောသည်။

လိင်ဆက်ဆံဖော်ပိုများပြီး လိင်မှုအထမြောက်မှုအကြိမ်ရေ ပို များသော အမျိုးသားများ၊ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပထမဆုံး လိင်ဆက်ဆံဖူးသူများအားလုံး သုက်လွှတ်ဂလင်းကင်ဆာဖြစ်ပွား နိုင်ခြေပိုများသည်ဟု သြစတြေးလျနိုင်ငံရှိ သုတေသီများကပြော သည်။

လိင်ဆက်ဆံခြင်းနှင့် သုက်လွှတ်ဂလင်းကင်ဆာဖြစ်ပွားခြင်း ကြား ဆက်စပ်မှုသည် ဟော်မုန်းပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သည်ဟု သုတေသီများက ယုံကြည်ထားသည်။

လိင်ဆက်ဆံခြင်းနှင့် ဇီဝဖြစ်ပျက်မှုတို့သည် ကျားဟော်မုန်းတစ်မျိုးဖြစ်သော antigen နှင့် ဆက်စပ်မှုရှိပြီး သုက်လွှတ်ဂလင်းကင် ဆာအစပျိုးမှုနှင့် အခိုင်အမာဆက်စပ်နေကြောင်း သုတေသီများက ပြောသည်။

သုက်လွှတ်ဂလင်းကင်ဆာဖြစ်ပွားစေနိုင်သည့် အခြားသော အန္တရာယ်များတွင် ဖခင်၌ သုက်လွှတ်ဂလင်းကင်ဆာဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း ယခင်က သုက်လွှတ်ဂလင်းကင်ဆာစစ်ဆေးတွေ့ရှိ ထားခြင်းတို့ဖြစ်သည်။

ထို့အပြင် အလေးချိန်ပိုများခြင်း (သို့မဟုတ်) အဝလွန်ခြင်းနှင့် ယင်းရောဂါဖြစ်ပွားမှုကြား ဆက်စပ်ကြောင်းလည်း ယခုလေ့လာမှု အရ သိရသည်။

လိင်အင်္ဂါပိုင်းအရေပြားဖြတ်တောက်ခြင်း၊ သားကြောဖြတ် ခြင်း (သို့မဟုတ်) လိင်အင်္ဂါထောင်မတ်မှုပြဿနာရှိခြင်းတို့နှင့် သုက်လွှတ်ဂလင်းကင်ဆာရောဂါဖြစ်ပွားမှုကြား ဆက်စပ်မှုမရှိဟု သု တေသီများက ပြောသည်။

ယင်းရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိသော အသက် (၅၀) ကျော်အမျိုးသားများ၊ မိသားစုတွင် ရောဂါဖြစ်ပွားဖူးသည့် ရာဇဝင် ရှိသူများအနေဖြင့် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကာ ကြိုတင်ကာကွယ်သင့်သည်ဟု သုတေသီများကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top