Property Expo
×

ဂ်ပန္ႏုိင္ငံမွ အသြားအလာ မ်ားျပားတဲ့ လမ္းမတစ္ခုမွ ဧရာမအေပါက္ႀကီးကုိ တစ္ပတ္အတြင္းအၿပီး ျပင္ဆင္ခဲ့ႏုိင္ခဲ့ကာ ယေန႕ (ႏုိဝင္ဘာ ၁၅ ရက္) လမ္းမကုိ ပုံမွန္အတုိင္း ျပန္ဖြင့္ႏုိင္ခဲ့တယ္လုိ႕ ဆုိပါတယ္။ ဂ်ပန္ႏုိင္ငံ အေနာက္ေတာင္ပုိင္း႐ွိ ဖူကူအုိကာၿမဳိ႕ရဲ႕ ငါးလမ္းသြားလမ္းမက်ယ္မွာ ၉၈ ေပက်ယ္ၿပီး ၄၉ ေပနက္တဲ့ ဧရာမအေပါက္ႀကီး ျဖစ္သြားခဲ့တာပါ။
လမ္းျပဳျပင္ေရး လုပ္သားေတြက အဆုိပါ ဧရာမအေပါက္ႀကီးကုိ တစ္ပတ္အတြင္း လ်င္ျမန္စြာ ျပန္လည္ျပင္ဆင္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ႏုိဝင္ဘာ ၈ ရက္က ငါးလမ္းသြား လမ္းမေပၚမွ အေပါက္ႀကီး စတင္ျဖစ္သြားခဲ့ၿပီး ဒဏ္ရာရသူ မ႐ွိခဲ့ပါဘူး။ ေဒသခံ သတင္းဌာနေတြရဲ႕ အဆုိအရ အဆုိပါအေပါက္ႀကီး ျဖစ္သြားမႈေၾကာင့္ ဖူကူကုိအာၿမဳိ႕မွာ လွ်ပ္စစ္ဓာတ္အား၊ ဓာတ္ေငြ႕နဲ႕ ေရျပတ္လပ္မႈ ျဖစ္ခဲ့တယ္လုိ႕ ဆုိပါတယ္။

ဖူကူအုိကာၿမဳိ႕ေတာ္ဝန္က လမ္းပိတ္ခဲ့ရျခင္းအေပၚ ေတာင္းပန္ခဲ့ၿပီး အလ်င္ျမန္ဆုံး ျပဳျပင္ေပးခဲ့တဲ့ လုပ္သားေတြကုိ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္။ အဆုိပါ လမ္းမေပၚမွာ အေပါက္ႀကီးျဖစ္သြားခဲ့မႈအေပၚ ဆက္လက္ စုံစမ္းစစ္ေဆးေနတယ္လုိ႕လည္း ၎က ဆုိပါတယ္။ ဖူကူအုိကာၿမဳိ႕မွာ တာဝန္႐ွိသူေတြကေတာ့ အနီးပတ္ဝန္းက်င္႐ွီ ေျမေအာက္ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေၾကာင့္
 လမ္းမေပၚမွာ ဧရာမအေပါက္ႀကီး ျဖစ္လာခဲ့ဖြယ္႐ွိေၾကာင္း သုံးသပ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ဂျပန်နိုင်ငံမှ အသွားအလာ များပြားတဲ့ လမ်းမတစ်ခုမှ ဧရာမအပေါက်ကြီးကို တစ်ပတ်အတွင်းအပြီး ပြင်ဆင်ခဲ့နိုင်ခဲ့ကာ ယနေ့ (နိုဝင်ဘာ ၁၅ ရက်) လမ်းမကို ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဖူကူအိုကာမြို့ရဲ့ ငါးလမ်းသွားလမ်းမကျယ်မှာ ၉၈ ပေကျယ်ပြီး ၄၉ ပေနက်တဲ့ ဧရာမအပေါက်ကြီး ဖြစ်သွားခဲ့တာပါ။
လမ်းပြုပြင်ရေး လုပ်သားတွေက အဆိုပါ ဧရာမအပေါက်ကြီးကို တစ်ပတ်အတွင်း လျင်မြန်စွာ ပြန်လည်ပြင်ဆင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်က ငါးလမ်းသွား လမ်းမပေါ်မှ အပေါက်ကြီး စတင်ဖြစ်သွားခဲ့ပြီး ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဒေသခံ သတင်းဌာနတွေရဲ့ အဆိုအရ အဆိုပါအပေါက်ကြီး ဖြစ်သွားမှုကြောင့် ဖူကူကိုအာမြို့မှာ လျှပ်စစ်ဓာတ်အား၊ ဓာတ်ငွေ့နဲ့ ရေပြတ်လပ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖူကူအိုကာမြို့တော်ဝန်က လမ်းပိတ်ခဲ့ရခြင်းအပေါ် တောင်းပန်ခဲ့ပြီး အလျင်မြန်ဆုံး ပြုပြင်ပေးခဲ့တဲ့ လုပ်သားတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ အဆိုပါ လမ်းမပေါ်မှာ အပေါက်ကြီးဖြစ်သွားခဲ့မှုအပေါ် ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။ ဖူကူအိုကာမြို့မှာ တာဝန်ရှိသူတွေကတော့ အနီးပတ်ဝန်းကျင်ရှီ မြေအောက်ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့်

 လမ်းမပေါ်မှာ ဧရာမအပေါက်ကြီး ဖြစ်လာခဲ့ဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top