Kantharyar Centre
×

က်န္းမာျခင္းက လာဘ္ႀကီးတစ္ပါးဆုိေပမယ့္ အသက္ရွည္က်န္း မာဖုိ႔အတြက္ သင့္ရဲ႕ အျပဳအမူအေနအထုိင္နဲ႔ အစားအေသာက္ ေတြကလည္း မ်ားစြာအေရးႀကီးပါတယ္။ စားသံုးတဲ့အစားအစာေတြ က သင့္ခႏၶာကုိယ္နဲ႔ က်န္းမာေရးအတြက္ မ်ားစြာအေထာက္အပံ့ ေပးႏုိင္မႈေတြ ရွိေနဖုိ႔နဲ႔ အာဟာရနဲ႔ သက္ေစာင့္ဓာတ္သတၱဳေတြ ပါဝင္ပါမွ သင့္ရဲ႕ က်န္းမာေရးနဲ႔ အသက္ရွည္ရွည္ေနထုိင္ႏုိင္ဖုိ႔ အတြက္ကူညီေပးမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အသက္ရွည္ က်န္းမာဖုိ႔အတြက္ မွီဝဲစားသံုးသင့္တဲ့ အေရးႀကီး အစားအစာ ေတြအေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

၁။ အစိမ္းေရာင္ရွိတဲ့ အစားအစာ အသီးအႏွံအရြက္ေတြကုိ မ်ားမ်ား စားသံုးေပးပါ။ အစိမ္းေရာင္ရွိတဲ့ အစားအေသာက္ေတြက က်န္းမာ ေရးအတြက္ အဖိုးႀကီးေဆးတစ္လက္လုိ႔လည္း ဆုိႏုိင္ပါတယ္။ သစ္ သီးေတြ၊ ဟင္းသီးဟင္းရြက္ေတြက ခႏၶာကုိယ္အတြက္ ေရာဂါနဲ႔ ပိုး မႊားေတြကုိ ေသေစႏုိင္ပါတယ္။ အဆီမတတ္တာေၾကာင့္လည္း ခႏၶာကုိယ္အေလးခ်ိန္တိုးပြားမႈ၊ အဆီတက္ဖံုးလႊမ္းျခင္းကုိ ေလ်ာ့ က်ေပးႏုိင္ပါတယ္။ ေသြးေၾကာမွ်င္ေတြအတြက္ ကာကြယ္မႈေတြ ျပဳလုပ္ေပးႏုိင္ၿပီး မ်က္စိအျမင္အာရံုကုိလည္း အေထာက္အပံ့ ေကာင္းမ်ားေပးႏုိင္ပါတယ္။

၂။ ပဲနဲ႔ အေစ့အဆံေတြကုိ စားသံုးေပးပါ။ ပဲနဲ႔အျခား ပဲႏြယ္မ်ိဳးဝင္ အစားအစာေတြက ခႏၶာကုိယ္ရဲ႕ ၾကံ႕ခုိင္သန္စြမ္းျခင္း၊ အသားဓာတ္ ျဖစ္ျခင္းနဲ႔ ေသြးတြင္းသၾကားဓာတ္ကုိ ျဖစ္ေစျခင္းတုိ႔ကုိ ေထာက္ပံ့ ကူညီေပးေစႏုိင္ပါတယ္။ ကုိယ္လက္စထေရာကုိ က်ဆင္းေစႏုိင္ၿပီး ေတာ့ ႏွစ္ပတ္ကုိ တႀကိမ္ႏႈန္း ပဲစားသံုးေပးျခင္းျဖင့္ ကင္ဆာေရာဂါ ကုိ ၅၀ ရာခုိင္ႏႈန္း ကာကြယ္ေပးႏုိင္ပါတယ္။

၃။ ၾကက္သြန္စားသံုးေပးျခင္းျဖင့္ ေသြးလည္ပတ္မႈ စနစ္ကုိေကာင္း မြန္ေစပါတယ္။ ၾကက္သြန္ျဖဴ၊ အနီမွာပါဝင္တဲ့ သဘာဝဓာတ္ပစၥည္း ေတြက ခႏၶာကုိယ္အတြင္း ကင္ဆာကုိ တုိက္ဖ်က္ေပးႏုိင္တဲ့စနစ္ ေတြ၊ ေရာဂါကာကြယ္ေပးႏုိင္တဲ့ စနစ္ေတြကုိ ေထာက္ပ့ံေပးႏုိင္ ပါတယ္။

၄။ မႈိေတြကုိ စားသံုးေပးပါ။ စားလုိ႔ရႏုိင္ၿပီး အဆိပ္အေတာက္မရွိတဲ့ မႈိက က်န္းမာေရးအတြက္ အေကာင္းဆံုး သက္ေစာင့္ေဆးျဖစ္ပါ တယ္။ မႈိမွာပါဝင္ေတြတဲ့ ကြန္ေပါင္းဓာတ္သတၱဳေတြက အီစတုိဂ်င္ ထုတ္လႊတ္မႈကုိ တားဆီးကာကြယ္ေပးႏုိင္ၿပီးေတာ့ အမ်ိဳးသမီးေတြ အတြက္ ရင္သားကင္ဆာျဖစ္မႈေတြကုိ တားဆီးကာကြယ္ေပးႏုိင္ပါ တယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးဆိုပေမယ့် အသက်ရှည်ကျန်း မာဖို့အတွက် သင့်ရဲ့ အပြုအမူအနေအထိုင်နဲ့ အစားအသောက် တွေကလည်း များစွာအရေးကြီးပါတယ်။ စားသုံးတဲ့အစားအစာတွေ က သင့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် များစွာအထောက်အပံ့ ပေးနိုင်မှုတွေ ရှိနေဖို့နဲ့ အာဟာရနဲ့ သက်စောင့်ဓာတ်သတ္တုတွေ ပါဝင်ပါမှ သင့်ရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ အတွက်ကူညီပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အသက်ရှည် ကျန်းမာဖို့အတွက် မှီဝဲစားသုံးသင့်တဲ့ အရေးကြီး အစားအစာ တွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

၁။ အစိမ်းရောင်ရှိတဲ့ အစားအစာ အသီးအနှံအရွက်တွေကို များများ စားသုံးပေးပါ။ အစိမ်းရောင်ရှိတဲ့ အစားအသောက်တွေက ကျန်းမာ ရေးအတွက် အဖိုးကြီးဆေးတစ်လက်လို့လည်း ဆိုနိုင်ပါတယ်။ သစ် သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်အတွက် ရောဂါနဲ့ ပိုး မွှားတွေကို သေစေနိုင်ပါတယ်။ အဆီမတတ်တာကြောင့်လည်း ခန္ဓာကိုယ်အလေးချိန်တိုးပွားမှု၊ အဆီတက်ဖုံးလွှမ်းခြင်းကို လျော့ ကျပေးနိုင်ပါတယ်။ သွေးကြောမျှင်တွေအတွက် ကာကွယ်မှုတွေ ပြုလုပ်ပေးနိုင်ပြီး မျက်စိအမြင်အာရုံကိုလည်း အထောက်အပံ့ ကောင်းများပေးနိုင်ပါတယ်။

၂။ ပဲနဲ့ အစေ့အဆံတွေကို စားသုံးပေးပါ။ ပဲနဲ့အခြား ပဲနွယ်မျိုးဝင် အစားအစာတွေက ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်သန်စွမ်းခြင်း၊ အသားဓာတ် ဖြစ်ခြင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ဖြစ်စေခြင်းတို့ကို ထောက်ပံ့ ကူညီပေးစေနိုင်ပါတယ်။ ကိုယ်လက်စထရောကို ကျဆင်းစေနိုင်ပြီး တော့ နှစ်ပတ်ကို တကြိမ်နှုန်း ပဲစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါ ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကြက်သွန်စားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှု စနစ်ကိုကောင်း မွန်စေပါတယ်။ ကြက်သွန်ဖြူ၊ အနီမှာပါဝင်တဲ့ သဘာဝဓာတ်ပစ္စည်း တွေက ခန္ဓာကိုယ်အတွင်း ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့စနစ် တွေ၊ ရောဂါကာကွယ်ပေးနိုင်တဲ့ စနစ်တွေကို ထောက်ပံ့ပေးနိုင် ပါတယ်။

၄။ မှိုတွေကို စားသုံးပေးပါ။ စားလို့ရနိုင်ပြီး အဆိပ်အတောက်မရှိတဲ့ မှိုက ကျန်းမာရေးအတွက် အကောင်းဆုံး သက်စောင့်ဆေးဖြစ်ပါ တယ်။ မှိုမှာပါဝင်တွေတဲ့ ကွန်ပေါင်းဓာတ်သတ္တုတွေက အီစတိုဂျင် ထုတ်လွှတ်မှုကို တားဆီးကာကွယ်ပေးနိုင်ပြီးတော့ အမျိုးသမီးတွေ အတွက် ရင်သားကင်ဆာဖြစ်မှုတွေကို တားဆီးကာကွယ်ပေးနိုင်ပါ တယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top