Property Expo
×

ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕၊ အေရွ႕ဘက္ရပ္ကြက္၊ အိုးအိမ္အေဆာက္အဦ ေဆာက္လုပ္ေနတဲ့ ေနရာမွာ အသက္ ၅ ႏွစ္အရြယ္ ကေလးငယ္တဦးအား မုဒိမ္းက်င့္သူကို ဒီေန႔ မနက္ပိုင္းက ဖမ္းဆီးရမိခဲ့ပါတယ္။
မုဒိမ္းက်င့္သူဟာ ေပါက္ေတာၿမိဳ႕ အေရွ႕ပိုင္းရပ္ကြက္ (ပန္းသီးအေရွ႕ပိုင္းရပ္ကြက္) လွထြန္းဦး (အသက္ ၃၁ ႏွစ္) ျဖစ္ၿပီး မသကၤာသူ ၁၀ ေယာက္ေက်ာ္ထဲမွ စစ္ေဆးတဲ့အခါ အမႈေပၚေပါက္တာလုိ႔ ေပါက္ေတာ ၿမဳိ႕မရဲစခန္းမွ ရဲအုပ္ဦးသန္းေဌးက ဒီဗီြဘီကို ေျပာပါတယ္။

“ဒီကေန႔ ၁၁ နာရီခန္႔ေလာက္မွာ တရားခံကို ဖမ္းမိပါတယ္။ မေန႔ ညေနကတည္းက သူရဲ႕ေယာကၡမ ေနအိမ္မွာ မသကၤာလို႔ စစ္ေဆးၿပီး ေခၚလာပါတယ္။ အခင္းျဖစ္ပြားခဲ့တဲ့ ေနရာက လူေတြ ၁၀ ေယာက္ေက်ာ္ကို က်ေနာ္တို႔ ေခၚယူေမးျမန္းမႈတာေတြ လုပ္ခဲ့တယ္။ အဲဒီမွာ မေန႔ညကတည္းသူပါတယ္။ ဒီေန႔မနက္ပိုင္းမွာ သံသယရွိတဲ့သူေတြ ထပ္မံစစ္တယ္။ အဲဒီမွာ သူက ဝန္ခံလိုက္တယ္။ သူတေယာက္တည္း က်င့္တာလို႔ ေျပာတယ္။”

“က်ေနာ္တို႔ ထပ္မံျပီးစစ္ေဆးတဲ့အခါမွာ တရားခံက မေန႔ ညေနကတည္းက အရက္ေသာက္ထားတယ္လို႔ ေျပာတယ္။ အခုလုပ္ေနတဲ့ အိုးအိမ္အခန္းမွာကေလးမကိုဆြဲသြင္းလိုက္ျပီးေတာ့ ပါးစပ္ကိုပိတ္တယ္။ ညာဘက္နဲ႔လည္ပင္းကိုညစ္တယ္။ ျပီးေတာ့မွ ျပဳက်င့္တယ္လို႔ေျပာပါတယ္။ အဲ့ဒီမွာ ကေလးမေလးကအသံလုံးမထြက္ႏိုင္ေတာ့ အနီးအနားကေစာင္တထည္ကို ယူၿပီး ကေလးမကို ေစာင္ပတ္ၿပီးေတာ့ လႊင့္ပစ္ထားခဲ့တယ္။ ၿပီးေတာ့သူထြက္ေျပးသြားတယ္။” လုိ႔ လွထြန္းဦးရဲ႕ ထြက္ဆုိခ်က္ကုိ ရဲအုပ္က ျပန္လည္ရွင္းျပပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၅ ရက္ေန႔ ညေန ၄ နာရီအခ်ိန္က ကေလးငယ္ကို မုဒိမ္းျပဳက်င္းသူက ခႏၶာကိုယ္ကို ေစာင္ပတ္ၿပီး အနီးအနားကပတ္ဝန္းက်င္တစ္ခုလႊင့္ပစ္ထားခဲ့တာပါ။ အဲ့ဒါကို ျပဳက်င့္ခံရသူ႔ရဲ့ မိခင္ကေတြရွိလို႔ ေဆး႐ုံကုိ အျမန္ဆုံးပို႔ေဆာင္းခဲ့တာျဖစ္ပါတယ္။

မုဒိမ္းျပဳက်င္ခံရတဲ့ကေလးရဲ႕အေျခအေနမွာ စိုးရိမ္ရၿပီး စစ္ေတြၿမိဳ႕ကို ဒီေန႔မနက္ပိုင္းကေဆးကုသဖို႔ ထြက္သြားၿပီလို႔ ရဲအုပ္ကဆက္ေျပာပါတယ္။

တရားခံျဖစ္သူ လွထြန္းဦး အသက္ ၃၁ႏွစ္ကို ေပါက္ေတာၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၂၅/ ၃၇၆၊ ပ ၁၆၁/၂၀၁၆ နဲ႔ ေပါက္ေတာၿမိဳ႕ရဲစခန္းက ဖမ္းဆီးအေရးထားတယ္လို႔ ေျပာပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အရှေ့ဘက်ရပ်ကွက်၊ အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေတဲ့ နေရာမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးအား မုဒိမ်းကျင့်သူကို ဒီနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။
မုဒိမ်းကျင့်သူဟာ ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက် (ပန်းသီးအရှေ့ပိုင်းရပ်ကွက်) လှထွန်းဦး (အသက် ၃၁ နှစ်) ဖြစ်ပြီး မသင်္ကာသူ ၁၀ ယောက်ကျော်ထဲမှ စစ်ဆေးတဲ့အခါ အမှုပေါ်ပေါက်တာလို့ ပေါက်တော မြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ ၁၁ နာရီခန့်လောက်မှာ တရားခံကို ဖမ်းမိပါတယ်။ မနေ့ ညနေကတည်းက သူရဲ့ယောက္ခမ နေအိမ်မှာ မသင်္ကာလို့ စစ်ဆေးပြီး ခေါ်လာပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာက လူတွေ ၁၀ ယောက်ကျော်ကို ကျနော်တို့ ခေါ်ယူမေးမြန်းမှုတာတွေ လုပ်ခဲ့တယ်။ အဲဒီမှာ မနေ့ညကတည်းသူပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံသယရှိတဲ့သူတွေ ထပ်မံစစ်တယ်။ အဲဒီမှာ သူက ဝန်ခံလိုက်တယ်။ သူတယောက်တည်း ကျင့်တာလို့ ပြောတယ်။”

“ကျနော်တို့ ထပ်မံပြီးစစ်ဆေးတဲ့အခါမှာ တရားခံက မနေ့ ညနေကတည်းက အရက်သောက်ထားတယ်လို့ ပြောတယ်။ အခုလုပ်နေတဲ့ အိုးအိမ်အခန်းမှာကလေးမကိုဆွဲသွင်းလိုက်ပြီးတော့ ပါးစပ်ကိုပိတ်တယ်။ ညာဘက်နဲ့လည်ပင်းကိုညစ်တယ်။ ပြီးတော့မှ ပြုကျင့်တယ်လို့ပြောပါတယ်။ အဲ့ဒီမှာ ကလေးမလေးကအသံလုံးမထွက်နိုင်တော့ အနီးအနားကစောင်တထည်ကို ယူပြီး ကလေးမကို စောင်ပတ်ပြီးတော့ လွှင့်ပစ်ထားခဲ့တယ်။ ပြီးတော့သူထွက်ပြေးသွားတယ်။” လို့ လှထွန်းဦးရဲ့ ထွက်ဆိုချက်ကို ရဲအုပ်က ပြန်လည်ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ကလေးငယ်ကို မုဒိမ်းပြုကျင်းသူက ခန္ဓာကိုယ်ကို စောင်ပတ်ပြီး အနီးအနားကပတ်ဝန်းကျင်တစ်ခုလွှင့်ပစ်ထားခဲ့တာပါ။ အဲ့ဒါကို ပြုကျင့်ခံရသူ့ရဲ့ မိခင်ကတွေရှိလို့ ဆေးရုံကို အမြန်ဆုံးပို့ဆောင်းခဲ့တာဖြစ်ပါတယ်။

မုဒိမ်းပြုကျင်ခံရတဲ့ကလေးရဲ့အခြေအနေမှာ စိုးရိမ်ရပြီး စစ်တွေမြို့ကို ဒီနေ့မနက်ပိုင်းကဆေးကုသဖို့ ထွက်သွားပြီလို့ ရဲအုပ်ကဆက်ပြောပါတယ်။

တရားခံဖြစ်သူ လှထွန်းဦး အသက် ၃၁နှစ်ကို ပေါက်တောမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၃၇၆၊ ပ ၁၆၁/၂၀၁၆ နဲ့ ပေါက်တောမြို့ရဲစခန်းက ဖမ်းဆီးအရေးထားတယ်လို့ ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top