Property Expo
×

ေရခဲေသတၱာ ဆိုတာ အစား အစာ ေတြကို လတ္ဆတ္ ေစဖို႔၊ မပုပ္မသိုး ေစဘဲ တာရွည္ ခံဖို႔၊ က်န္းမာေရးနဲ႔ ညီၫြတ္ ေစဖို႔ဆိုၿပီး အပူခ်ိန္ ေလွ်ာ့ခ်၍ အေအးခံ သိမ္းဆည္း ထားတဲ့ ေနရာေလး ျဖစ္တာမို႔ ဇိမ္ခံ ပစၥည္း မဟုတ္ဘဲ အိမ္တစ္အိမ္ အတြက္ မရွိမျဖစ္ ပစၥည္း တစ္ခုေလး ပါပဲ။ အိမ္ရွင္မမ်ား အတြက္ သက္မဲ့ အတြင္းေရးမွဴး (လက္ေထာက္) ဆိုလည္း မမွားပါဘူး။

ဒါေပမယ့္ သဘာဝနဲ ့ဆန္႔က်င္ၿပီး အပူခ်ိန္ေလွ်ာ့ခ်ကာ အေအးခံေပးထားတာျဖစ္လို႔ အစားအစာ (အားလံုး)ကိုေတာ့ ေရခဲေသတၱာထဲ ထည့္သိမ္းလို႔ မရႏိုင္ပါဘူး။ အခ်ဳိ႕ အစားအစာ
ေတြကို ေအးခဲထားလိုက္တဲ့အခါ မူလအနံ႔၊ အရသာကို ပ်က္ျပယ္သြားေစတဲ့အျပင္ အခ်ိန္မတိုင္ခင္ ပုပ္သိုးႏြမ္းအိသြားေစလို႔ပါ။

အာလူး

အာလူးေတြက အလင္းသိပ္မႀကိဳက္ၾကပါဘူး။ ေျခာက္ေသြ႕တဲ့ေနရာနဲ႔ သဘာဝအခန္းအပူခ်ိန္ကိုသာ ႀကိဳက္ၾကပါတယ္။ အကယ္၍ အာလူးကို ေရခဲေသတၱာထဲ ထည့္လိုက္တဲ့အခါ သူ႔ရဲ႕မူလအရသာမ်ား ပ်က္စီးသြားပါေတာ့တယ္။ ဒါ့ျပင္ ခ်က္ျပဳတ္တဲ့အခါ ေတာ္ေတာ္နဲ႔ မႏူးအိလာေတာ့ဘဲ စားတဲ့ အခါမွာ မာဆတ္ဆတ္ ျဖစ္သြားပါတယ္။ အာလူး အခြံေပၚမွာ အစိမ္းေရာင္ သန္းေနရင္ (လံုးဝ) မဝယ္ပါနဲ႔။ အဆိပ္ျဖစ္ေစ တတ္လို႔ပါ။ (ထိုနည္း တူစြာပင္ ပိန္းဥ၊ ကန္စြန္းဥေတြ ကိုလည္း ေရခဲေသတၱာထဲ သိမ္းမထား သင့္ပါဘူး။)

ၾကက္သြန္နီ

ၾကက္သြန္နီေတြကို ပံုမွန္ အခန္းအပူခ်ိန္ထဲမွာသာထားေပးရပါမယ္။ ၾကက္သြန္နီေတြ ၾကာၾကာခံေစဖို႔အတြက္ ဇာကြက္၊ ပိုက္ကြန္အိတ္ေတြက အေကာင္းဆံုးပါပဲ။ ေနာက္ထပ္ အေရးႀကီးဆံုးအခ်က္က ၾကက္သြန္နီေတြနဲ႔ အာလူးေတြကို အတူတူေရာ မထားသင့္ပါဘူး။ ၾကက္သြန္ထဲမွာပါတဲ့ သဘာဝ ဟင္းခတ္အေမႊး အႀကိဳင္ရနံ႔ေတြကို အာလူးက စုပ္ယူ ပစ္လို႔ပါ။

ဒါ့ျပင္ ၾကက္သြန္နဲ ့အာလူးမ်ားအားလံုး တစ္ခဏတြင္းမွာပင္ ပုပ္သြားေစပါတယ္။ (ၾကက္သြန္နီေတြကို တစ္ေန႔တာ ခ်က္ျပဳတ္ဖို႔အတြက္ လိုအပ္သေလာက္သာ အခြံႏႊာပါ။ အကယ္၍ အခြံႏႊာ ထက္ျခမ္းျခမ္းၿပီးေတာ့မွ ပိုလွ်ံ၍ ေနာက္ေန႔မွ သံုးတဲ့အခါ အစာအိမ္ကို အဆိပ္ျပဳေစၿပီး ေအာ့အန္ေစႏိုင္ပါတယ္။

အဲဒီလို ျပႆနာမျဖစ္ရေလေအာင္ အခြံႏႊာၿပီးသား ပိုလွ်ံေနတဲ့ၾကက္သြန္နီေတြကို အပူေပး၊ ဆီသတ္၍ အေအးခံၿပီးေနာက္ ဘူးထဲမွာေရလံုေအာင္ဖံုးၿပီးမွသာ ေရခဲေသတၲာထဲ ထည့္သိမ္းေပးပါ။ ဘူးေလလံုဖို႔အေရးႀကီးပါတယ္။ ေလမလံုပါက ေရခဲေသတၱာတစ္ခုလံုး အနံ႔ဆိုးထြက္ၿပီး အထဲမွာရွိတဲ့ တျခားပစၥည္း အားလံုးကို အနံ႔ကူးကာ လတ္ဆတ္မႈ မရွိေစေတာ့ပါဘူး။)

ၾကက္သြန္ျဖဴ

ၾကက္သြန္အျဖဴ ေတြ ကိုလည္း ၾကက္သြန္နီေတြလိုပဲ ဇာကြက္၊ ပိုက္ကြန္ အိတ္ေတြထဲ ထည့္ၿပီး အခန္း အပူခ်ိန္မွာသာ သိမ္းထား သင့္ပါတယ္။

ခရမ္းခ်ဥ္သီး

အိမ္ရွင္မတိုင္း လိုလိုက ခရမ္းခ်ဥ္သီးေတြကို ေရခဲေသတၱာထဲ သိမ္းထားမွ ၾကာၾကာ ခံတယ္လို႔ ထင္မွတ္မွားေန ၾကပါတယ္။ အဲဒီလို သိမ္းထားျခင္းက ခရမ္းခ်ဥ္သီးရဲ႕ အနံ႔အရသာေတြ (အားလံုး) ပ်က္ယြင္းသြားေစလို ့အင္မတန္ မွားယြင္းတဲ့ အျပဳအမူ ျဖစ္ပါတယ္။

အေကာင္းဆံုးကေတာ့ ခရမ္းခ်ဥ္သီးေတြကို ပလတ္စတစ္ အိတ္ထဲေလလံုေအာင္ ထည့္၍ ပံုမွန္ အခန္း အပူခ်ိန္မွာသာ သိမ္းထား ရပါမယ္။ (အကယ္၍ ခရမ္းခ်ဥ္သီးေတြကို ျမန္ျမန္ မွည့္ေစခ်င္ရင္ စကၠဴအိတ္မွာ သိမ္းေပးပါ။)

ငွက္ေပ်ာသီး

ရခိုင္၊ ဖီၾကမ္း၊ သီးေမႊး၊ ေရႊငွက္ေပ်ာစတဲ့ ငွက္ေပ်ာသီး ဘယ္အမ်ဳိးအစားေတြကိုမဆို ေရခဲေသတၱာထဲ (လံုးဝ)သိမ္းမထားသင့္ပါဘူး။ အဲဒီလို သိမ္းထားလိုက္တဲ့အခါ မၾကာမီွ အတြင္းမွာပင္ ငွက္ေပ်ာသီးကို အေအး႐ိုက္၍ ငွက္ေပ်ာခြံေတြ မည္းလာၿပီး အနံ႔အရသာ၊ က်န္းမာေရးဂုဏ္သတၱိေတြအားလံုးဓာတ္ျပယ္သြားေစပါတယ္။

ငွက္ေပ်ာသီးရဲ႕ သေဘာတရားက မၾကာခဏထိကိုင္မိတဲ့အခါ အပူေလာင္ၿပီး ေပ်ာ့လာတတ္တာမို႔ငွက္ေပ်ာသီးအခိုင္တြဲကို အလယ္ကေန ႀကိဳးခြခ်ည္ၿပီး တိုင္မွာခ်ိတ္ထားေပးပါ။

ငွက္ေပ်ာသီးရဲ႕ အညႇာကို ပလတ္စတစ္အစနဲ႔ တုပ္ခ်ည္ေပးျခင္းက ေနာက္ထပ္ေလးရက္ သို႔မဟုတ္ ငါးရက္ေလာက္ အထားခံပါတယ္။ (ငွက္ေပ်ာခြံေပၚမွာ အမည္းအစက္ အေျပာက္ ပါတဲ့ အသီးေတြက အပင္ေပၚမွာ ၾကာၾကာ ရင့္မွည့္ လာတာမို႔အရသာ ပိုေကာင္းျပီး ေဆးစြမ္း ပိုထက္ ပါတယ္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
ရေခဲသေတ္တာ ဆိုတာ အစား အစာ တွေကို လတ်ဆတ် စေဖို့၊ မပုပ်မသိုး စေဘဲ တာရှည် ခံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ် စေဖို့ဆိုပြီး အပူချိန် လျှော့ချ၍ အအေးခံ သိမ်းဆည်း ထားတဲ့ နေရာလေး ဖြစ်တာမို့ ဇိမ်ခံ ပစ္စည်း မဟုတ်ဘဲ အိမ်တစ်အိမ် အတွက် မရှိမဖြစ် ပစ္စည်း တစ်ခုလေး ပါပဲ။ အိမ်ရှင်မများ အတွက် သက်မဲ့ အတွင်းရေးမှူး (လက်ထောက်) ဆိုလည်း မမှားပါဘူး။

ဒါပေမယ့် သဘာဝနဲ့ဆန့်ကျင်ပြီး အပူချိန်လျှော့ချကာ အအေးခံပေးထားတာဖြစ်လို့ အစားအစာ (အားလုံး)ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရနိုင်ပါဘူး။ အချို့ အစားအစာ
တွေကို အေးခဲထားလိုက်တဲ့အခါ မူလအနံ့၊ အရသာကို ပျက်ပြယ်သွားစေတဲ့အပြင် အချိန်မတိုင်ခင် ပုပ်သိုးနွမ်းအိသွားစေလို့ပါ။

အာလူး

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့ သဘာဝအခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ စားတဲ့ အခါမှာ မာဆတ်ဆတ် ဖြစ်သွားပါတယ်။ အာလူး အခွံပေါ်မှာ အစိမ်းရောင် သန်းနေရင် (လုံးဝ) မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေ တတ်လို့ပါ။ (ထိုနည်း တူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေ ကိုလည်း ရေခဲသေတ္တာထဲ သိမ်းမထား သင့်ပါဘူး။)

ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန် အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်၊ ပိုက်ကွန်အိတ်တွေက အကောင်းဆုံးပါပဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့ အာလူးတွေကို အတူတူရော မထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာဝ ဟင်းခတ်အမွှေး အကြိုင်ရနံ့တွေကို အာလူးက စုပ်ယူ ပစ်လို့ပါ။

ဒါ့ပြင် ကြက်သွန်နဲ့အာလူးများအားလုံး တစ်ခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။ (ကြက်သွန်နီတွေကို တစ်နေ့တာ ချက်ပြုတ်ဖို့အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။

အဲဒီလို ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို အပူပေး၊ ဆီသတ်၍ အအေးခံပြီးနောက် ဘူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဘူးလေလုံဖို့အရေးကြီးပါတယ်။ လေမလုံပါက ရေခဲသေတ္တာတစ်ခုလုံး အနံ့ဆိုးထွက်ပြီး အထဲမှာရှိတဲ့ တခြားပစ္စည်း အားလုံးကို အနံ့ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး။)

ကြက်သွန်ဖြူ

ကြက်သွန်အဖြူ တွေ ကိုလည်း ကြက်သွန်နီတွေလိုပဲ ဇာကွက်၊ ပိုက်ကွန် အိတ်တွေထဲ ထည့်ပြီး အခန်း အပူချိန်မှာသာ သိမ်းထား သင့်ပါတယ်။

ခရမ်းချဉ်သီး

အိမ်ရှင်မတိုင်း လိုလိုက ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ သိမ်းထားမှ ကြာကြာ ခံတယ်လို့ ထင်မှတ်မှားနေ ကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာတွေ (အားလုံး) ပျက်ယွင်းသွားစေလို့အင်မတန် မှားယွင်းတဲ့ အပြုအမူ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလတ်စတစ် အိတ်ထဲလေလုံအောင် ထည့်၍ ပုံမှန် အခန်း အပူချိန်မှာသာ သိမ်းထား ရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို မြန်မြန် မှည့်စေချင်ရင် စက္ကူအိတ်မှာ သိမ်းပေးပါ။)

ငှက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောစတဲ့ ငှက်ပျောသီး ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ မကြာမှီ အတွင်းမှာပင် ငှက်ပျောသီးကို အအေးရိုက်၍ ငှက်ပျောခွံတွေ မည်းလာပြီး အနံ့အရသာ၊ ကျန်းမာရေးဂုဏ်သတ္တိတွေအားလုံးဓာတ်ပြယ်သွားစေပါတယ်။

ငှက်ပျောသီးရဲ့ သဘောတရားက မကြာခဏထိကိုင်မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ငှက်ပျောသီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။

ငှက်ပျောသီးရဲ့ အညှာကို ပလတ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ်လေးရက် သို့မဟုတ် ငါးရက်လောက် အထားခံပါတယ်။ (ငှက်ပျောခွံပေါ်မှာ အမည်းအစက် အပြောက် ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာ ရင့်မှည့် လာတာမို့အရသာ ပိုကောင်းပြီး ဆေးစွမ်း ပိုထက် ပါတယ်။)

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top