Property Expo
×








#Unicode Version
နိုင်ငံတကာာ ကျောက်ကုန်သည်တွေ အများဆုံး လာရောက် ကြည့်ရှု ကြသည့် ထိုင်းနိုင်ငံ မွန်ထောင်ဌာနီက ရတနာပြပွဲ မှာ လုံခြုံရေးများ ထူထပ်စွာ စောင့် ကြပ်နေသည့်ကြားမှာ ဒေါ်လာသုံးသိန်း တန် စိန်ကို စက္ကန့်ပိုင်းအတွင် ခိုးယူသွားခဲ့သူ တရုတ်နိုင်ငံသူ ကျန်စူလင် Jiangsu Liang တို့စုံတွဲက စိန်များကို ကြည့်ရှုနေရင်း အတုနဲ့အစစ်လဲသွားခဲ့တာပါ။

ရတနာ ပြပွဲက CCTV ကင်မယာ မှတ်တမ်းနဲ့ ချက်ချင်း လိုက်ပြီး မင်္သကာသူ စုံတွဲကို ဖမ်းဆီးနိုင်ခဲ့ ပေမယ့်သူတို့ဘာမှမသိရကြောင်း ငြင်းဆိုခဲ့ပါတယ်၊

သူတို့နေတဲ့ ဟော်တည်ခန်းမှာ အသေးစိတ်ရှာကြတာ စိန်ကို မတွေ့ရ ပါဘူး၊ သက်သေခံ စိန် ကိုမတွေ့ရင် ကျန်စူလင် ကို လွှတ်ပေးရပါလိမ့်မယ်။

အမှုလိုက်ရာမှာ ဇွဲမလျှော့တဲ့ ထိုင်းရဲအရာရှိတွေက အဆိုပါစုံတွဲကို နောက်ဆုံး ဆေးရုံခေါ်ပြီး တကိုယ်လုံး စကင်ဖတ် ဓါတ်မှန်ရိုက်စစ်ဆေးတော့မှ အမျိုးသမီး ကိုယ်ထဲမှာ စိန်လုံးကို မြိုထားတာ ရှာတွေ့ခဲ့ပါတယ်။

ဆရာဝန်တွေ မခွဲစိတ်ရဘဲ ၁၂နာရီကျော် ဝမ်းနုတ်ဆေးနဲ့အစာအိမ်ကို ဆေးပြီး ထွက်လာတဲ့ အစာဟောင်းတွေကို စကာနဲ့ အထပ်ထပ် စစ်ပြီး စိန်ကို ပြန်ရအောင်ယူခဲ့ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Social Action for Women – SAW
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top