Property Expo
×

၂၀၁၆ ခုႏွစ္မွာ လူေတြဟာ အင္တာနက္ခ်ိတ္ဆက္ၿပီး တကူးတက အြန္လုိင္း ေပၚေရာက္ေနတာမ်ဳိး မဟုတ္ေတာ့ဘဲ အခ်ိန္ျပည့္နီးပါး အြန္လုိင္း ေပၚမွာ႐ွိေနတဲ့ေခတ္ ျဖစ္လာပါတယ္။
၂၀၁၆ ခုႏွစ္ ႏွစ္ကုန္ပုိင္းမွာ ကမာၻ႕လူဦးေရရဲ႕ထက္ဝက္ဟာ အင္တာနက္အသုံးျပဳေနလိမ့္မယ္လုိ႕ ကုလသမဂၢက ေျပာၾကားလုိက္ပါတယ္။
မုိဘုိင္းကြန္ရက္မ်ား တုိးခ်ဲ႕လာႏုိင္မႈနဲ႕ အင္တာနက္ေစ်းႏႈန္းမ်ား က်ဆင္းလာမႈေၾကာင့္ အင္တာနက္အသုံးျပဳမႈ တုိးတက္မ်ားျပားလာေၾကာင္း ကုလသမဂၢလက္ေအာက္ခံ အဖြဲကအစည္းတစ္ခုက ယေန႕ (ႏုိဝင္ဘာ ၂၂ ရက္) မွာ ေျပာပါတယ္။
ကုလသမဂၢရဲ႕ International Telecommunicationos Union (ITU) က ေျပာၾကားမႈဟာ ဖြံ႕ၿဖဳိးၿပီးႏုိင္ငံေတြကုိ အဓိကထား တြက္ခ်က္ခဲ့မႈအရျဖစ္ၿပီး ဖြံ႕ၿဖဳိးဆဲ ႏုိင္ငံေတြနဲ႕ ဖြံၿဖဳိးမႈနည္းပါးတဲ့ ႏုိင္ငံေတြကေတာ့ အင္တာနက္အသုံးျပဳမႈမွာ ေနာက္က်က်န္ေနခဲ့မယ္လုိ႕ သိရပါတယ္။

အြန္လုိင္းဖြံၿဖဳိးၿပီးႏုိင္ငံေတြမွာ လူဦးေရ ၈၀ ရာခုိင္ႏႈန္းက အင္တာနက္ အသုံးျပဳေနၾကေပမဲ့ ဖြံ႕ၿဖဳိးဆဲ ႏုိင္ငံေတြမွာ ၄၀ ရာခုိင္ႏႈန္းနဲ႕ ဖြံ႕ၿဖဳိးမႈနည္းပါးၿပီး ဆင္းရဲတဲ့ႏုိင္ငံေတြမွာေတာ့ လူဦးေရ ၁၅ ရာခုိင္ႏႈန္းကသာ အင္တာနက္သုံးေနၾကတယ္လို႕ ဆုိပါတယ္။
အာဖရိကမွ ပုိမုိဆင္းရဲၿပီး မတည္ၿငိမ္မႈေတြ ျဖစ္ေနတဲ့ ႏုိင္ငံေတြမွာ လူ ၁၀ ဦးလွ်င္ တစ္ဦးကသာ အင္တာနက္သုံးၾကေၾကာင္းလည္း သိရပါတယ္။ အင္တာနက္နဲ႕ အလွမ္းေဝးေနတဲ့ လူဦးေရမွာ အမ်ဳိးသမီးမ်ား၊သက္ႀကီး႐ြယ္အုိမ်ား၊ပညာမတတ္သူမ်ား၊ဆင္းရဲသူမ်ားနဲ႕ ေက်းလက္ေဒသမွာ ေနထုိင္
သူမ်ားျဖစ္ေၾကာင္း ITU က ေျပာပါတယ္။
တစ္ကမာၻလုံးအတုိင္းအတာအရ လက္႐ွိမွာ အင္တာနက္အသုံးျပဳေနသူ ၄၇ ရာခုိင္ႏႈန္း႐ွိၿပီး လာမယ့္ ၂၀၂၀ ခုႏွစ္မွာ ကမာၻ႕လူဦးေရ ၆၀ ရာခိုင္ႏႈန္းက အင္တာနက္သုံးေနမယ္လုိ႕ ဆုိပါတယ္။ ITU ရဲ႕ ခန္႕မွန္းခ်က္အရ ယခုႏွစ္ကုန္ပုိင္းမွာ ကမာၻ႕လူဦးေရ ၃.၅ ဘီလီယံက အင္တာနက္သုံးေနၿပီး က်န္ ၃.၉ ဘီလီယံက အင္တာနက္မသုံးသူေတြ ျဖစ္ေနမယ္လုိ႕ သိရပါတယ္။
၂၀၁၆ ခုႏွစ္မွာ လူေတြဟာ အင္တာနက္ခ်ိတ္ဆက္ၿပီး တကူးတက အြန္လုိင္းေပၚေရာက္ေနတာမ်ဳိး မဟုတ္ေတာ့ဘဲ အခ်ိန္ျပည့္ အြန္လုိင္းေပၚမွာ႐ွိေနတဲ့ေခတ္ ျဖစ္လာေၾကာင္းလည္း ITU က ဆုိပါတယ္။ ကမာၻတစ္ဝန္းမွာ 3G နဲ႕ 4G မုိဘုိင္းကြန္ရက္ခ်ိတ္ဆက္မႈမ်ား က်ယ္ျပန္႕လာျခင္းက အင္တာနက္သုံးစြဲသူဦးေရ ပုိမိုတုိးပြားလာေစေၾကာင္း ITU က သုံးသပ္ထားပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
၂၀၁၆ ခုနှစ်မှာ လူတွေဟာ အင်တာနက်ချိတ်ဆက်ပြီး တကူးတက အွန်လိုင်း ပေါ်ရောက်နေတာမျိုး မဟုတ်တော့ဘဲ အချိန်ပြည့်နီးပါး အွန်လိုင်း ပေါ်မှာရှိနေတဲ့ခေတ် ဖြစ်လာပါတယ်။
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်ဟာ အင်တာနက်အသုံးပြုနေလိမ့်မယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
မိုဘိုင်းကွန်ရက်များ တိုးချဲ့လာနိုင်မှုနဲ့ အင်တာနက်ဈေးနှုန်းများ ကျဆင်းလာမှုကြောင့် အင်တာနက်အသုံးပြုမှု တိုးတက်များပြားလာကြောင်း ကုလသမဂ္ဂလက်အောက်ခံ အဖွဲကအစည်းတစ်ခုက ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မှာ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ International Telecommunicationos Union (ITU) က ပြောကြားမှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို အဓိကထား တွက်ချက်ခဲ့မှုအရဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ဖွံဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေကတော့ အင်တာနက်အသုံးပြုမှုမှာ နောက်ကျကျန်နေခဲ့မယ်လို့ သိရပါတယ်။

အွန်လိုင်းဖွံဖြိုးပြီးနိုင်ငံတွေမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းက အင်တာနက် အသုံးပြုနေကြပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ၄၀ ရာခိုင်နှုန်းနဲ့ ဖွံ့ဖြိုးမှုနည်းပါးပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ လူဦးရေ ၁၅ ရာခိုင်နှုန်းကသာ အင်တာနက်သုံးနေကြတယ်လို့ ဆိုပါတယ်။
အာဖရိကမှ ပိုမိုဆင်းရဲပြီး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေမှာ လူ ၁၀ ဦးလျှင် တစ်ဦးကသာ အင်တာနက်သုံးကြကြောင်းလည်း သိရပါတယ်။ အင်တာနက်နဲ့ အလှမ်းဝေးနေတဲ့ လူဦးရေမှာ အမျိုးသမီးများ၊သက်ကြီးရွယ်အိုများ၊ပညာမတတ်သူများ၊ဆင်းရဲသူများနဲ့ ကျေးလက်ဒေသမှာ နေထိုင်

သူများဖြစ်ကြောင်း ITU က ပြောပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ လက်ရှိမှာ အင်တာနက်အသုံးပြုနေသူ ၄၇ ရာခိုင်နှုန်းရှိပြီး လာမယ့် ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေ ၆၀ ရာခိုင်နှုန်းက အင်တာနက်သုံးနေမယ်လို့ ဆိုပါတယ်။ ITU ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့လူဦးရေ ၃.၅ ဘီလီယံက အင်တာနက်သုံးနေပြီး ကျန် ၃.၉ ဘီလီယံက အင်တာနက်မသုံးသူတွေ ဖြစ်နေမယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်မှာ လူတွေဟာ အင်တာနက်ချိတ်ဆက်ပြီး တကူးတက အွန်လိုင်းပေါ်ရောက်နေတာမျိုး မဟုတ်တော့ဘဲ အချိန်ပြည့် အွန်လိုင်းပေါ်မှာရှိနေတဲ့ခေတ် ဖြစ်လာကြောင်းလည်း ITU က ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ 3G နဲ့ 4G မိုဘိုင်းကွန်ရက်ချိတ်ဆက်မှုများ ကျယ်ပြန့်လာခြင်းက အင်တာနက်သုံးစွဲသူဦးရေ ပိုမိုတိုးပွားလာစေကြောင်း ITU က သုံးသပ်ထားပါတယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top