Property Expo
×

ကေလးစာေပပြဲေတာ္တြင္ ဖခင္ျဖစ္သူ ဆရာႀကီးမင္းသုဝဏ္အေၾကာင္း ျပန္လည္ေျပာျပရင္း မ်က္ရည္က်ခဲ့သည့္ ႏိုင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ (ဓာတ္ပံု − ပိုင္စိုးသူ) 
ကေလးစာေပပဲြ ေတာ္ အခမ္းအနားတြင္ ႏိုင္ငံ ေတာ္သမၼတ ဦးထင္ေက်ာ္သည္ ဖခင္ျဖစ္သူ ျမန္မာကေလးစာေပ ၏ဖခင္ႀကီး ဆရာႀကီးမင္းသုဝဏ္ အေၾကာင္းျပန္ေျပာစဥ္ စကၠန္႔ ၃၀ ခန္႔ၾကာ ငုိေႂကြးမ်က္ရည္က်ခဲ့ သည္။

ယင္းမွာ လူျမင္ကြင္းတြင္ ျဖစ္ေခါင့္ျဖစ္ခဲျမင္ရသည့္ သမၼတ တစ္ဦး၏ စိတ္လႈပ္ရွား၀မ္းနည္းမႈ လည္းျဖစ္သည္။

‘‘သားတို႔ သမီးတို႔ကို သိေစ ခ်င္တာက ကေလးစာေပကို တစ္ ခ်ိန္တုန္းက အခုမရွိေတာ့တဲ့ ဒီ ဘုိးဘိုးဟာ’’ ဟု ေနာက္ခံပုိစတာ ၌ ကပ္ထားေသာ ဖခင္ျဖစ္သူ ဆရာႀကီးမင္းသု၀ဏ္၏ပံုကို ၫႊန္ ျပၿပီးသည့္ အခိုက္အတန္႔တြင္ သမၼတသည္ စကားဆက္၍မေျပာ ႏုိင္ေတာ့ေပ။

ဖခင္ကို သတိရစိတ္ ျဖင့္ စိတ္လႈပ္ရွားေနေသာ သမၼတ သည္ မ်က္ရည္မက်ေအာင္ အား တင္းခဲ့ေသာ္လည္း မထိန္းခ်ဳပ္ ႏုိင္ခဲ့ေပ။

မ်က္ရည္ စက္လက္ ေၾကကဲြဆုိ႔နင့္အသံျဖင့္  ‘‘အဲဒီ ဘုိးဘုိးဟာ သားတို႔ သမီးတုိ႔ကို ဘယ္ေလာက္ခ်စ္တယ္။ သားတုိ႔ သမီးတို႔ကို ဘယ္ေလာက္ တန္ ဖိုးထားတယ္ဆုိတာကို သိေစခ်င္ လို႔ပါပဲ။ ဒါပဲ သားတို႔ သမီးတို႔ေရ ေနာ္။ ေက်းဇူးတင္ပါတယ္’’ ဟု နိဂံုးခ်ဳပ္ကာ မ်က္မွန္ေအာက္မွ မ်က္ရည္စမ်ားကို အလ်င္အျမန္ သုတ္ခဲ့သည္။

သုိ႔ေသာ္ မီဒီယာမ်ားသည္ သမၼတ စကၠန္႔အတန္ၾကာမွ် ငို ေႂကြးပံုကို အမိအရမွတ္တမ္းတင္ ႏုိင္ခဲ့သည္။

သမၼတသည္ဖခင္အေၾကာင္း ကို ‘‘အဘ ဘ၀ အဘအေၾကာင္း တေစ့တေစာင္း’’ဟူ၍ စာအုပ္ေရး သားခဲ့သည္အထိ ခ်စ္ျခင္းေမတၱာ ႀကီးမားခဲ့သည္။

သမၼတ ဦးထင္ေက်ာ္သည္ ဆရာႀကီး မင္းသု၀ဏ္၏ ဒုတိယေျမာက္သားျဖစ္ၿပီး သမၼတအျဖစ္ တာ၀န္ မယူမီ ကာလမ်ားကပင္ ‘‘ဒလဘန္း’’ အမည္ျဖင့္ စာေပမ်ား ေရးသားခဲ့သူျဖစ္သည္။

၁၉၉၀ ေရြးေကာက္ပြဲေရြးခ်ယ္ခံကုိယ္စားလွယ္တစ္ဦးလည္းျဖစ္သူ ဆရာ ႀကီးမင္းသု၀ဏ္သည္ အသက္ (၉၆)ႏွစ္အရြယ္၌ ကြယ္လြန္ခဲ့ၿပီး ကေလးကဗ်ာႏွင့္ ပံုျပင္ ၄၀၀ ေက်ာ္ ေရးသားခဲ့သည္။

 ဆရာႀကီး၏ သေျပသီး ေကာက္၊ ဥပုသ္ေစာင့္ကဲ့သို႔ေသာ ကဗ်ာအခ်ိဳ႕သည္ ေက်ာင္းသံုး သင္႐ိုးဖတ္စာအျဖစ္ ပံုႏွိပ္ေဖာ္ျပ ခဲ့ရေသာ ကဗ်ာမ်ားျဖစ္သည္။

‘‘အရင္တုန္းက ေက်ာင္း ဖတ္စာေတြမွာလည္းပါခဲ့တယ္။ တစ္ခ်ိန္မွာ ေက်ာင္းဖတ္စာထဲက အဘိုးရဲ႕ ကဗ်ာေတြဟာ ထုတ္ ပယ္တာေတြ ခံခဲ့ရပါတယ္’’ ဟု သမၼတႀကီးက ၎၏ဖခင္ႏွင့္ပတ္ သက္ေသာ အေၾကာင္းအရာအ ခ်ိဳ႕ကို ၀မ္းနည္းစိတ္ျဖင့္ ရွင္းလင္းေျပာၾကားသြားခဲ့သည္။

ဆရာႀကီးမင္းသု၀ဏ္သည္ ကေလးမ်ားကဗ်ာစပ္တတ္ေစရန္ ရည္ရြယ္၍ အခန္းဆက္ေရးခဲ့ဖူး ေၾကာင္း သမၼတႀကီးကဆုိသည္။

 ‘‘ကေလးေတြကို ကဗ်ာ လည္း စပ္တတ္ေစခ်င္တယ္။ ငွက္ေတြအေၾကာင္းလည္း သိေစ ခ်င္တယ္။ သဘာ၀အေၾကာင္း လည္းသိေစခ်င္တယ္’’ဟု သမၼတ ႀကီးက ေျပာသည္။

ဆရာမင္းသု၀ဏ္ ေရးသား ခဲ့ေသာ ကဗ်ာမ်ားအနက္ သေျပ သီးေကာက္ဆုိေသာ ကဗ်ာႏွင့္ ဥပုသ္ေစာင့္ ကဗ်ာ ႏွစ္ပုဒ္သည္ တစ္ရက္တည္းတြင္ ေရးခဲ့ေသာ ကဗ်ာမ်ားျဖစ္ၿပီး ယင္းအခ်ိန္ကာ လမ်ားက သင္႐ုိးတြင္ ကေလးက ဗ်ာမရွိ၍ ေတြးေတာ ႀကံဆကာ ေရးသားခဲ့ျခင္းျဖစ္ေၾကာင္း သမၼတ ႀကီးက ၎၏ အမွာစကား၌ ထည့္သြင္းေျပာၾကားသြားသည္။

ဖြင့္ပဲြအခမ္းအနားသို႔ တက္ ေရာက္လာေသာ ကေလးငယ္ တစ္ဦးကလည္း ယင္းကဗ်ာႏွစ္ ပုဒ္ကို ရြတ္ဆိုျပခဲ့သည္။

သမၼတေဘးရွိ ၀န္ႀကီးမ်ား ႏွင့္ ကေလးမ်ားလည္း မေမွ်ာ္လင့္ ေသာ အေျခအေနေၾကာင့္ ၀မ္းနည္းခဲ့ၾကသည္။ေဒၚေအာင္ဆန္းစုၾကည္က စိတ္ခ်ယံုၾကည္စြာ သမၼတအျဖစ္ ေရြးခ်ယ္တာ၀န္ေပးခဲ့ေသာ ဦးထင္ေက်ာ္သည္ စိတ္ထားႏူးညံ့ သိမ္ေမြ႕သူတစ္ဦးအျဖစ္ သတင္း ေမႊးသူျဖစ္သည္။

သမၼတသည္ ရွမ္းျပည္နယ္သုိ႔ ခရီးထြက္စဥ္က ေၾကာင္ကေလးတစ္ေကာင္ကို ၾကင္နာယုယစြာ ေထြးေပြ႕ပြတ္သပ္ေပးေနသည့္ ပံုအခ်ိဳ႕လည္း ထြက္ေပၚခဲ့ဖူးသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ကလေးစာပေပွဲ တော် အခမ်းအနားတွင် နိုင်ငံ တော်သမ္မတ ဦးထင်ကျော်သည် ဖခင်ဖြစ်သူ မြန်မာကလေးစာပေ ၏ဖခင်ကြီး ဆရာကြီးမင်းသုဝဏ် အကြောင်းပြန်ပြောစဉ် စက္ကန့် ၃၀ ခန့်ကြာ ငိုကြွေးမျက်ရည်ကျခဲ့ သည်။

ယင်းမှာ လူမြင်ကွင်းတွင် ဖြစ်ခေါင့်ဖြစ်ခဲမြင်ရသည့် သမ္မတ တစ်ဦး၏ စိတ်လှုပ်ရှားဝမ်းနည်းမှု လည်းဖြစ်သည်။

‘‘သားတို့ သမီးတို့ကို သိစေ ချင်တာက ကလေးစာပေကို တစ် ချိန်တုန်းက အခုမရှိတော့တဲ့ ဒီ ဘိုးဘိုးဟာ’’ ဟု နောက်ခံပိုစတာ ၌ ကပ်ထားသော ဖခင်ဖြစ်သူ ဆရာကြီးမင်းသုဝဏ်၏ပုံကို ညွှန် ပြပြီးသည့် အခိုက်အတန့်တွင် သမ္မတသည် စကားဆက်၍မပြော နိုင်တော့ပေ။

ဖခင်ကို သတိရစိတ် ဖြင့် စိတ်လှုပ်ရှားနေသော သမ္မတ သည် မျက်ရည်မကျအောင် အား တင်းခဲ့သော်လည်း မထိန်းချုပ် နိုင်ခဲ့ပေ။

မျက်ရည် စက်လက် ကြေကွဲဆို့နင့်အသံဖြင့်  ‘‘အဲဒီ ဘိုးဘိုးဟာ သားတို့ သမီးတို့ကို ဘယ်လောက်ချစ်တယ်။ သားတို့ သမီးတို့ကို ဘယ်လောက် တန် ဖိုးထားတယ်ဆိုတာကို သိစေချင် လို့ပါပဲ။ ဒါပဲ သားတို့ သမီးတို့ရေ နော်။ ကျေးဇူးတင်ပါတယ်’’ ဟု နိဂုံးချုပ်ကာ မျက်မှန်အောက်မှ မျက်ရည်စများကို အလျင်အမြန် သုတ်ခဲ့သည်။

သို့သော် မီဒီယာများသည် သမ္မတ စက္ကန့်အတန်ကြာမျှ ငို ကြွေးပုံကို အမိအရမှတ်တမ်းတင် နိုင်ခဲ့သည်။

သမ္မတသည်ဖခင်အကြောင်း ကို ‘‘အဘ ဘ၀ အဘအကြောင်း တစေ့တစောင်း’’ဟူ၍ စာအုပ်ရေး သားခဲ့သည်အထိ ချစ်ခြင်းမေတ္တာ ကြီးမားခဲ့သည်။

သမ္မတ ဦးထင်ကျော်သည် ဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်ပြီး သမ္မတအဖြစ် တာဝန် မယူမီ ကာလများကပင် ‘‘ဒလဘန်း’’ အမည်ဖြင့် စာပေများ ရေးသားခဲ့သူဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲရွေးချယ်ခံကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဆရာ ကြီးမင်းသုဝဏ်သည် အသက် (၉၆)နှစ်အရွယ်၌ ကွယ်လွန်ခဲ့ပြီး ကလေးကဗျာနှင့် ပုံပြင် ၄၀၀ ကျော် ရေးသားခဲ့သည်။

 ဆရာကြီး၏ သပြေသီး ကောက်၊ ဥပုသ်စောင့်ကဲ့သို့သော ကဗျာအချို့သည် ကျောင်းသုံး သင်ရိုးဖတ်စာအဖြစ် ပုံနှိပ်ဖော်ပြ ခဲ့ရသော ကဗျာများဖြစ်သည်။

‘‘အရင်တုန်းက ကျောင်း ဖတ်စာတွေမှာလည်းပါခဲ့တယ်။ တစ်ချိန်မှာ ကျောင်းဖတ်စာထဲက အဘိုးရဲ့ ကဗျာတွေဟာ ထုတ် ပယ်တာတွေ ခံခဲ့ရပါတယ်’’ ဟု သမ္မတကြီးက ၎င်း၏ဖခင်နှင့်ပတ် သက်သော အကြောင်းအရာအ ချို့ကို ဝမ်းနည်းစိတ်ဖြင့် ရှင်းလင်းပြောကြားသွားခဲ့သည်။

ဆရာကြီးမင်းသုဝဏ်သည် ကလေးများကဗျာစပ်တတ်စေရန် ရည်ရွယ်၍ အခန်းဆက်ရေးခဲ့ဖူး ကြောင်း သမ္မတကြီးကဆိုသည်။

 ‘‘ကလေးတွေကို ကဗျာ လည်း စပ်တတ်စေချင်တယ်။ ငှက်တွေအကြောင်းလည်း သိစေ ချင်တယ်။ သဘာဝအကြောင်း လည်းသိစေချင်တယ်’’ဟု သမ္မတ ကြီးက ပြောသည်။

ဆရာမင်းသုဝဏ် ရေးသား ခဲ့သော ကဗျာများအနက် သပြေ သီးကောက်ဆိုသော ကဗျာနှင့် ဥပုသ်စောင့် ကဗျာ နှစ်ပုဒ်သည် တစ်ရက်တည်းတွင် ရေးခဲ့သော ကဗျာများဖြစ်ပြီး ယင်းအချိန်ကာ လများက သင်ရိုးတွင် ကလေးက ဗျာမရှိ၍ တွေးတော ကြံဆကာ ရေးသားခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ကြီးက ၎င်း၏ အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လာသော ကလေးငယ် တစ်ဦးကလည်း ယင်းကဗျာနှစ် ပုဒ်ကို ရွတ်ဆိုပြခဲ့သည်။

သမ္မတဘေးရှိ ဝန်ကြီးများ နှင့် ကလေးများလည်း မမျှော်လင့် သော အခြေအနေကြောင့် ဝမ်းနည်းခဲ့ကြသည်။ဒေါ်အောင်ဆန်းစုကြည်က စိတ်ချယုံကြည်စွာ သမ္မတအဖြစ် ရွေးချယ်တာဝန်ပေးခဲ့သော ဦးထင်ကျော်သည် စိတ်ထားနူးညံ့ သိမ်မွေ့သူတစ်ဦးအဖြစ် သတင်း မွှေးသူဖြစ်သည်။

သမ္မတသည် ရှမ်းပြည်နယ်သို့ ခရီးထွက်စဉ်က ကြောင်ကလေးတစ်ကောင်ကို ကြင်နာယုယစွာ ထွေးပွေ့ပွတ်သပ်ပေးနေသည့် ပုံအချို့လည်း ထွက်ပေါ်ခဲ့ဖူးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top