Property Expo
×

1. ဆိုးေဆးမ်ားကို ဆံပင္ေပၚတြင္လိုအပ္သည္ထက္ ၾကာေအာင္မထားပါႏွင့္။

2. ဆိုးေဆးအသံုးျပဳၿပီးေနာက္ ဦးေရျပားကိုစင္ၾကယ္ေအာင္ေရေသခ်ာေဆးခ်ပါ။

3. ဆံပင္ဆုိးေဆးကို ကိုင္တြယ္ရန္လက္အိတ္၀တ္ပါ။

4. ၫႊန္ၾကားခ်က္အတိုင္းေသခ်ာစြာလိုက္နာပါ။

5. အမ်ိဳးအစားမတူတဲ့ ဆုိးေဆးမ်ားကိုမေရာပါႏွင့္။

6. ဆံပင္မဆုိးမီ ဘူးေပၚတြင္ပါဝင္ေသာပစၥည္းအတုိင္း ဓာတ္တည့္/မတည့္ စမ္းသပ္ပါ။ အေရာင္မဆိုးမီ အႀကိမ္တိုင္းစမ္းသပ္ရန္မွာ အေရးႀကီးလွပါသည္။ ဆုိးေဆးအနည္းငယ္ကိုယူ၍ နားရြက္ေနာက္တြင္တို႔ၿပီး ႏွစ္ရက္ခန္႔ေရမေဆးဘဲ ထားၾကည့္ပါ။ ယားယံျခင္း၊ နီျမန္းျခင္း၊ ပူစပ္ပူေလာင္ျဖစ္ျခင္း စေသာဓာတ္မတည့္ျခင္းတို႔မရွိပါက ဆံပင္ေပၚတြင္ စိတ္ခ်လက္ခ်ဆိုးႏိုင္ပါတယ္။ အကယ္၍ ၎ဆိုးေဆးႏွင့္မတည့္ပါက အျခားဆိုးေဆးမ်ားကိုလည္း အထက္ပါအတိုင္းစမ္းသပ္၍ မိမိနဲ႔အဆင္ေျပႏုိင္မယ့္ ဆိုးေဆးကိုေရြးခ်ယ္ႏုိင္ပါတယ္။

7. အေမရိကန္ အစားအစာႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (US FDA)မွ ဆိုးေဆးမ်ားကိုမ်က္ေတာင္ေမႊးႏွင့္ မ်က္ခံုးေမႊးတုိ႔တြင္ သံုးစြဲျခင္းကို တားျမစ္ထားပါသည္။ ဓာတ္မတည့္မႈမ်ားေၾကာင့္ ေရာင္ရမ္းျခင္းအျပင္ ပိုး၀င္ျခင္းႏွင့္ မေတာ္တဆမ်က္လံုးထဲေရာက္သြားပါက မ်က္စိကြယ္ျခင္းမ်ားထိျဖစ္ႏုိင္ပါတယ္။

8. ခႏၶာကိုယ္ျပင္ပတြင္သာ အသံုးျပဳရန္ႏွင့္ ကေလးမ်ားအနီးတြင္ မထားရွိရန္ အေရးႀကီးပါတယ္။

9. ဦးေရျပားစုတ္ၿပဲေနပါက အသံုးမျပဳပါႏွင့္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

1. ဆိုးဆေးများကို ဆံပင်ပေါ်တွင်လိုအပ်သည်ထက် ကြာအောင်မထားပါနှင့်။

2. ဆိုးဆေးအသုံးပြုပြီးနောက် ဦးရေပြားကိုစင်ကြယ်အောင်ရေသေချာဆေးချပါ။

3. ဆံပင်ဆိုးဆေးကို ကိုင်တွယ်ရန်လက်အိတ်ဝတ်ပါ။

4. ညွှန်ကြားချက်အတိုင်းသေချာစွာလိုက်နာပါ။

5. အမျိုးအစားမတူတဲ့ ဆိုးဆေးများကိုမရောပါနှင့်။

6. ဆံပင်မဆိုးမီ ဘူးပေါ်တွင်ပါဝင်သောပစ္စည်းအတိုင်း ဓာတ်တည့်/မတည့် စမ်းသပ်ပါ။ အရောင်မဆိုးမီ အကြိမ်တိုင်းစမ်းသပ်ရန်မှာ အရေးကြီးလှပါသည်။ ဆိုးဆေးအနည်းငယ်ကိုယူ၍ နားရွက်နောက်တွင်တို့ပြီး နှစ်ရက်ခန့်ရေမဆေးဘဲ ထားကြည့်ပါ။ ယားယံခြင်း၊ နီမြန်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း စသောဓာတ်မတည့်ခြင်းတို့မရှိပါက ဆံပင်ပေါ်တွင် စိတ်ချလက်ချဆိုးနိုင်ပါတယ်။ အကယ်၍ ၎င်းဆိုးဆေးနှင့်မတည့်ပါက အခြားဆိုးဆေးများကိုလည်း အထက်ပါအတိုင်းစမ်းသပ်၍ မိမိနဲ့အဆင်ပြေနိုင်မယ့် ဆိုးဆေးကိုရွေးချယ်နိုင်ပါတယ်။

7. အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (US FDA)မှ ဆိုးဆေးများကိုမျက်တောင်မွှေးနှင့် မျက်ခုံးမွှေးတို့တွင် သုံးစွဲခြင်းကို တားမြစ်ထားပါသည်။ ဓာတ်မတည့်မှုများကြောင့် ရောင်ရမ်းခြင်းအပြင် ပိုးဝင်ခြင်းနှင့် မတော်တဆမျက်လုံးထဲရောက်သွားပါက မျက်စိကွယ်ခြင်းများထိဖြစ်နိုင်ပါတယ်။

8. ခန္ဓာကိုယ်ပြင်ပတွင်သာ အသုံးပြုရန်နှင့် ကလေးများအနီးတွင် မထားရှိရန် အရေးကြီးပါတယ်။

9. ဦးရေပြားစုတ်ပြဲနေပါက အသုံးမပြုပါနှင့်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top