Property Expo
×



Credit:Duwun

#Unicode Version
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲက ဂါယာဆိုတဲ့ရွာလေးမှာ နေထိုင်တဲ့ မိသားစုတစ်စုကတော့ အတော်လေး ထူးခြားပါတယ်။ မိသားစုဝင်အများစုက လက်ချောင်း ၁၂ ချောင်းနဲ့ ခြေချောင်း ၁၂ ချောင်းစီ ရှိကြပါတယ်။
” ကျွန်မကတော့ အားလုံး ကောင်းချီးပေးခံရတယ်လို့ ခံစားရတာပါပဲ။ မိသားစုဝင်တွေအားလုံးက အတူတူဖြစ်နေကြတာဆိုတော့လေ။ ဘုရားဆီက သတင်းစကားတစ်ခုခု ဖြစ်ပါလိမ့်မယ် ” လို့ ဆစ်ဘီယာချောင်ဟာရီက ပြောပါတယ်။ သူမတို့မိသားစုမှာ စုစုပေါင်း လူ ၂၅ ဦး ရှိပါတယ်။

သူတို့မိသားစုဝင်တွေအတွက် လက်ချောင်းခြေချောင်းတွေ အပိုပါနေတာက ဘယ်လိုမှမထူးပေမဲ့ မိသားစုဝင်မိန်းကလေးတွေရဲ့ အိမ်ထောင်ပြုဖို့ကတော့ ခက်ခဲနေပါတယ်။ ယောက်ျားလေးတွေက လက်ချောင်းခြေချောင်းများနေလို့ မကြိုက်ကြပါဘူး။ ဒီလိုဖြစ်စဉ်မျိုးကို Polydactyly လို့ ခေါ်ပြီး မျိုးရိုးလိုက်တတ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top