Property Expo
×

သိပ္မၾကာေသးခင္က အေမရိကအလယ္ပိုင္း မစ္ဇူရီေဒသရဲ႕ အႀကီးဆံုးကုမၸဏီတစ္ခုမွာ ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္တစ္ခုရွိတယ္။ ဝန္ထမ္းေတြ ေန႔လည္စာစားၿပီးခ်ိန္ ရံုးခန္းကို ျပန္လာတဲ့အခါ ေၾကျငာစာတစ္ခု အခန္းတံခါးမွာကပ္ထားတာကို ေတြ႕ခဲ့ၾကတယ္။

ေၾကာ္ျငာစာမွာ ” သင္တို႔ကို ေနာက္ကြယ္ကေန ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့ တစ္စံုတစ္ေယာက္ေသာသူဟာ မေန႔ညက ကြယ္လြန္သြားခဲ့ၿပီျဖစ္တယ္။ ဈာပနအခမ္းအနားကို ကုမၸဏီရဲ႕ ခန္းမက်ယ္ထဲမွာ ျပင္ဆင္ထားၿပီးျဖစ္တဲ့အတြက္ အားလံုးတက္ေရာက္ႏိုင္ဖို႔ ဖိတ္ၾကားအပ္ပါတယ္”လို႔ ေရးသားထားတာကို ေတြ႕ရတယ္။

ဒီသတင္းကို ၾကားၾကားခ်င္းမွာ ဝန္ထမ္းေတြအားလံုးဟာ သူတို႔ထဲက တစ္ေယာက္ဆံုးပါးသြားတဲ့အတြက္ စိတ္မေကာင္းျဖစ္ၾကရသလို အဲဒီလူ ဘယ္သူလဲဆိုတာကို သိခ်င္မိၾကတယ္။

ဝန္ထမ္းေတြအားလံုးဟာ သူတို႔ရဲ႕ မိတ္ေဆြကို ေနာက္ဆံုးနႈတ္ဆက္ဖို႔ ဈာပနအခမ္းအနားကို စုရံုးေရာက္ရွိလာၾကတယ္။ လူတိုင္းစိတ္ထဲမွာျဖစ္ေပၚေနတဲ့ တူညီတဲ့အေတြးတစ္ခုက ငါတို႔ကို ေျမေတာင္ေျမႇာက္ေပးခဲ့တဲ့လူဆိုတာ ဘယ္သူမ်ားလဲဆိုတဲ့ အေတြးပဲ။ ဒီလိုလူမ်ိဳးကို အေလးထားၿပီး နႈတ္ဆက္သင့္တယ္ မဟုတ္လား?

ခန္းမအလယ္မွာ ခ်ထားတဲ့ အေခါင္းထဲက သူတို႔မိတ္ေဆြကို တစ္ေယာက္ခ်င္းစီ နႈတ္ဆက္ဖို႔ ရည္ရြယ္ၿပီး ဝန္ထမ္းေတြဟာ တန္းစီလိုက္ၾကတယ္။

အေခါင္းထဲကို ၾကည့္လိုက္တဲ့ လူတစ္ေယာက္ခ်င္းစီရဲ႕အမူအယာေတြဟာ ႐ုတ္တရက္ ေျပာင္းလဲသြားတာကို ေတြ႕ရတယ္။

သူတို႔ဟာ အေခါင္းေရွ႕ကိုရပ္လိုက္တာနဲ႔ ထူးဆန္းတဲ့အသြင္အျပင္နဲ႔ တိတ္ဆိတ္သြားၾကတယ္။ မ်က္ႏွာေတြဟာ တစ္ခုခုကို ရွာေဖြေတြ႕လိုက္မိတဲ့သေဘာကို ေဖာ္ျပေနတယ္။ တစ္စံုတစ္ခုက သူတို႔ရဲ႕ အနက္ရိႈင္းဆံုးေနရာထိကို ထိုးေဖာက္ဝင္ေရာက္လိုက္သလိုမ်ိဳးပဲ။

လွန္ထားတဲ့အေခါင္းရဲ႕ အတြင္းမွာ မွန္တစ္ခ်ပ္ကို ကပ္ထားပါတယ္။ အေခါင္းေရွ႕က လူတိုင္းဟာ သူတို႔မ်က္ႏွာကို သူတို႔ မွန္ထဲမွာေတြ႕ေနရတယ္။ မွန္ေဘးမွာ စာသားတစ္ခ်ိဳ႕ ေရးသားထားပါေသးတယ္။

“သင့္ကို ေျမေတာင္ေျမႇာက္ေပးတဲ့လူဆိုတာ တစ္ေယာက္ပဲရွိတယ္”

“အဲဒီလူက သင္ပဲ”

“သင့္ရဲ႕ တိုးတက္မႈကို ရပ္တန္႔ေစႏိုင္တာ တစ္ေယာက္ပဲ ရွိတယ္”

“အဲဒီလူကလဲ သင္ပဲ”

“သင္ဟာ သင့္ဘဝကို ေျပာင္းလဲေစႏိုင္တဲ့ တစ္ေယာက္ထဲေသာသူပဲ။ သင့္ရဲ႕ အျမင္၊ ေပ်ာ္ရႊင္မႈ နဲ႔ သင့္ေအာင္ျမင္မႈေတြရဲ႕ အေျဖဟာ သင္ကိုယ္တိုင္ပါပဲ”

“သင့္ကိုကူညီႏိုင္တဲ့ တစ္ေယာက္ေသာသူဟာလည္း သင္ပဲျဖစ္တယ္”

“သင့္သူေဌးေသသြားလို႔ သင့္ဘဝမေျပာင္းလဲသြားဘူး”

သင့္သူငယ္ခ်င္းက ေျပာင္းလဲသြားလို႔…
သင့္အေဖာ္က ပစ္သြားလို႔……
သင့္မိဘေတြ မရွိေတာ့လို႔…….
သင့္ကုမၸဏီႀကီး ပိတ္လိုက္လို႔…..

သင့္ဘဝပ်က္စီးသြားတာ မဟုတ္ဘူး။
သင့္ဘဝဆိုတာက ရွိေနဦးမွာပဲ။

တကယ္ေတာ့ သင္ကေျပာင္းလဲမွသာ
သင့္ဘဝက လိုက္ေျပာင္းလဲမွာ။

သင့္ကိုယ္သင္ ယံုၾကည္စြာကန္႔သတ္ထားတဲ့အရာေတြရဲ႕ ေနာက္ကိုေရာက္ေအာင္သြားၾကည့္မိတဲ့အခါ သင္သာလွ်င္ သင့္ဘဝရဲ႕ အရွင္ဆိုတာ ေတြ႕လာရလိမ့္မယ္။

ကမာၻေပၚမွာ အေရးအႀကီးဆံုး ဆက္ဆံေရးဆိုတာ
မိမိနဲ႔ မိမိစိတ္ရဲ႕ ဆက္ဆံေရးပါပဲ။

(ဘာသာျပန္ေဖာ္ျပပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မွတ္စုၾကမ္း

#Unicode Version
သိပ်မကြာသေးခင်က အမေရိကအလယ်ပိုင်း မစ်ဇူရီဒေသရဲ့ အကြီးဆုံးကုမ္ပဏီတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုရှိတယ်။ ဝန်ထမ်းတွေ နေ့လည်စာစားပြီးချိန် ရုံးခန်းကို ပြန်လာတဲ့အခါ ကြေငြာစာတစ်ခု အခန်းတံခါးမှာကပ်ထားတာကို တွေ့ခဲ့ကြတယ်။

ကြော်ငြာစာမှာ ” သင်တို့ကို နောက်ကွယ်ကနေ မြေတောင်မြှောက်ပေးခဲ့တဲ့ တစ်စုံတစ်ယောက်သောသူဟာ မနေ့ညက ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်။ ဈာပနအခမ်းအနားကို ကုမ္ပဏီရဲ့ ခန်းမကျယ်ထဲမှာ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် အားလုံးတက်ရောက်နိုင်ဖို့ ဖိတ်ကြားအပ်ပါတယ်”လို့ ရေးသားထားတာကို တွေ့ရတယ်။

ဒီသတင်းကို ကြားကြားချင်းမှာ ဝန်ထမ်းတွေအားလုံးဟာ သူတို့ထဲက တစ်ယောက်ဆုံးပါးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ကြရသလို အဲဒီလူ ဘယ်သူလဲဆိုတာကို သိချင်မိကြတယ်။

ဝန်ထမ်းတွေအားလုံးဟာ သူတို့ရဲ့ မိတ်ဆွေကို နောက်ဆုံးနှုတ်ဆက်ဖို့ ဈာပနအခမ်းအနားကို စုရုံးရောက်ရှိလာကြတယ်။ လူတိုင်းစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ တူညီတဲ့အတွေးတစ်ခုက ငါတို့ကို မြေတောင်မြှောက်ပေးခဲ့တဲ့လူဆိုတာ ဘယ်သူများလဲဆိုတဲ့ အတွေးပဲ။ ဒီလိုလူမျိုးကို အလေးထားပြီး နှုတ်ဆက်သင့်တယ် မဟုတ်လား?

ခန်းမအလယ်မှာ ချထားတဲ့ အခေါင်းထဲက သူတို့မိတ်ဆွေကို တစ်ယောက်ချင်းစီ နှုတ်ဆက်ဖို့ ရည်ရွယ်ပြီး ဝန်ထမ်းတွေဟာ တန်းစီလိုက်ကြတယ်။

အခေါင်းထဲကို ကြည့်လိုက်တဲ့ လူတစ်ယောက်ချင်းစီရဲ့အမူအယာတွေဟာ ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့ရတယ်။

သူတို့ဟာ အခေါင်းရှေ့ကိုရပ်လိုက်တာနဲ့ ထူးဆန်းတဲ့အသွင်အပြင်နဲ့ တိတ်ဆိတ်သွားကြတယ်။ မျက်နှာတွေဟာ တစ်ခုခုကို ရှာဖွေတွေ့လိုက်မိတဲ့သဘောကို ဖော်ပြနေတယ်။ တစ်စုံတစ်ခုက သူတို့ရဲ့ အနက်ရှိုင်းဆုံးနေရာထိကို ထိုးဖောက်ဝင်ရောက်လိုက်သလိုမျိုးပဲ။

လှန်ထားတဲ့အခေါင်းရဲ့ အတွင်းမှာ မှန်တစ်ချပ်ကို ကပ်ထားပါတယ်။ အခေါင်းရှေ့က လူတိုင်းဟာ သူတို့မျက်နှာကို သူတို့ မှန်ထဲမှာတွေ့နေရတယ်။ မှန်ဘေးမှာ စာသားတစ်ချို့ ရေးသားထားပါသေးတယ်။

“သင့်ကို မြေတောင်မြှောက်ပေးတဲ့လူဆိုတာ တစ်ယောက်ပဲရှိတယ်”

“အဲဒီလူက သင်ပဲ”

“သင့်ရဲ့ တိုးတက်မှုကို ရပ်တန့်စေနိုင်တာ တစ်ယောက်ပဲ ရှိတယ်”

“အဲဒီလူကလဲ သင်ပဲ”

“သင်ဟာ သင့်ဘဝကို ပြောင်းလဲစေနိုင်တဲ့ တစ်ယောက်ထဲသောသူပဲ။ သင့်ရဲ့ အမြင်၊ ပျော်ရွှင်မှု နဲ့ သင့်အောင်မြင်မှုတွေရဲ့ အဖြေဟာ သင်ကိုယ်တိုင်ပါပဲ”

“သင့်ကိုကူညီနိုင်တဲ့ တစ်ယောက်သောသူဟာလည်း သင်ပဲဖြစ်တယ်”

“သင့်သူဌေးသေသွားလို့ သင့်ဘဝမပြောင်းလဲသွားဘူး”

သင့်သူငယ်ချင်းက ပြောင်းလဲသွားလို့…
သင့်အဖော်က ပစ်သွားလို့……
သင့်မိဘတွေ မရှိတော့လို့…….
သင့်ကုမ္ပဏီကြီး ပိတ်လိုက်လို့…..

သင့်ဘဝပျက်စီးသွားတာ မဟုတ်ဘူး။
သင့်ဘဝဆိုတာက ရှိနေဦးမှာပဲ။

တကယ်တော့ သင်ကပြောင်းလဲမှသာ
သင့်ဘဝက လိုက်ပြောင်းလဲမှာ။

သင့်ကိုယ်သင် ယုံကြည်စွာကန့်သတ်ထားတဲ့အရာတွေရဲ့ နောက်ကိုရောက်အောင်သွားကြည့်မိတဲ့အခါ သင်သာလျှင် သင့်ဘဝရဲ့ အရှင်ဆိုတာ တွေ့လာရလိမ့်မယ်။

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး ဆက်ဆံရေးဆိုတာ
မိမိနဲ့ မိမိစိတ်ရဲ့ ဆက်ဆံရေးပါပဲ။

(ဘာသာပြန်ဖော်ပြပါသည်)


ဖိုးသူတော် (www.phothutaw.com)
Credit:မှတ်စုကြမ်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top