Property Expo
×

လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးပါ။ တခ်ိဳ႕က ခ်စ္ဖို႔ေကာင္းတဲ့ေကာင္ေလးေတြ၊ ေကာင္မေလးေတြကို သေဘာက်ခ်စ္ႀကိဳက္တတ္ၾကသလို တခ်ိဳ႕က်ေတာ့လည္း ေခ်ာၿပီး မိုက္ေနလန္းေနတဲ့သူေတြကိုမွ ခ်စ္သူျဖစ္ခ်င္ၾကတာရွိပါတယ္။ ဒါေပမဲ့ ႏွစ္မ်ိဳးလံုးမွာေတာ့ ေကာင္းတဲ့အခ်က္ေလးေတြ႐ွိသလို ဆိုးတဲ့အခ်က္ေလးေတြ ရွိမွာေပါ့ေနာ္။

၁။ ကိုယ့္ေပ်ာ္ရႊင္မႈ

ခ်စ္ဖို႔ေကာင္းတဲ့သူ - သူကခ်စ္စရာေကာင္းၿပီး သူ႔ကိုၾကည့္ေနရင္းနဲ႔ကို ကိုယ္ပါေပ်ာ္ရတာမ်ိဳးျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ေပါ့ေပါ့ပါးပါးရႊင္ရႊင္လန္းလန္းနဲ႕ ကိုယ္ေပ်ာ္ရတဲ့အခ်ိန္မ်ားႏုိင္ပါတယ္။

ေခ်ာျပီးလန္းတဲ့သူ - သူ႔ကိုယ္သူ အၿမဲလန္းေနမိုက္ေနေအာင္ဂရုစိုက္ေနရေတာ့ ကိုယ္ေပ်ာ္ရႊင္ဖို႔ကို သတိထားခ်င္မွထားေပးလိမ့္မယ္။

၂။ သဝန္တိုရတာ

ခ်စ္ဖို႔ေကာင္းတဲ့သူ - သူခ်စ္ဖို႕ေကာင္းတဲ့အခ်ိန္ေလးေတြ၊ ခ်စ္ဖို႔ေကာင္းတဲ့အခ်က္ေလးေတြကို ကိုယ္ပဲသိတာပါ။ အဲဒီေတာ့ တျခားလူအျမင္မွာ သူက သာမန္လူပဲျဖစ္ေကာင္းျဖစ္ေနႏုိင္ပါတယ္။ ဒါဆိုရင္ အရမ္းၾကီးေတာ့ သ၀န္တိုစရာမရွိဘူးေပါ့။

ေခ်ာျပီးလန္းတဲ့သူ - ရိုးရိုးေလးပါပဲ။ ေခ်ာေန မိုက္ေနတယ္ဆိုမွေတာ့ ၾကိဳက္တဲ့သူေတြ၊ ငမ္းတဲ့သူေတြ ၀ိုင္း၀ိုင္းလည္ေနမွာပါ။ ဘယ္ေလာက္စိတ္ေလွ်ာ့ထားထား သ၀န္တိုရတာ၊ စိတ္ပူရတာေတြ ၾကံဳလာမွာ ေသခ်ာသေလာက္ပါပဲ။

၃။ နားလည္မႈ

ခ်စ္ဖို႔ေကာင္းတဲ့သူ - ခ်စ္ဖို႔ေကာင္းတဲ့သူေတြက မ်ားေသာအားျဖင့္ ကေလးဆန္တတ္ၾကတယ္လို႔ ဆုိပါတယ္။ အဲဒီေတာ့ ကိုယ့္ကိုနားလည္ေပးဖို႕ထက္ သူ႕ကိုနားလည္ခြင့္လႊတ္ရတာေတြက ပိုမ်ားႏိုင္ပါတယ္။

ေခ်ာၿပီးလန္းတဲ့သူ - သူက သူလွဖို႔၊ သူေခ်ာဖို႕ပဲစိတ္၀င္စားေနတာမ်ိဳးျဖစ္တတ္ေပမဲ့ တကယ္တမ္းထက္ထက္ျမက္ျမက္နဲ႕ စိတ္ေနစိတ္ထားေတြ ေလ့လာအကဲခတ္ နားလည္တတ္တဲ့သူေတာ္ေတာ္မ်ားမ်ားဟာလည္း ရုပ္ရည္ေခ်ာေမာသူေတြထဲက ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ သူနားမလည္ရင္ေတာင္ ကိုယ္ကနားလည္မႈရေအာင္ ညႇိယူဖို႕လြယ္ကူႏုိင္ပါတယ္။

၄။ တစ္ပန္းသာျခင္း

ခ်စ္ဖို႕ေကာင္းတဲ့သူ - အစကေျပာသလိုပဲ သူခ်စ္ဖုိ႕ေကာင္းတယ္ဆိုတာ၊ သူအျပစ္ကင္းစင္တယ္ဆိုတာ လူတိုင္းသိခ်င္မွသိတာပါ။ ဒါေၾကာင့္ သူ႕ကို ဘယ္သူကမွ သတိမထားမိတာမ်ိဳးျဖစ္ဖို႕ကမ်ားပါတယ္။ အဲဒီေတာ့ တစ္ခုခုဆို သူဆိုတာ ေနရာရဖုိ႔ေတာင္ ရာခိုင္ႏႈန္းနည္းေကာင္းနည္းေနမွာပါ။

ေခ်ာျပီးလန္းတဲ့သူ - လူတိုင္းမ်က္စိထဲမွာေခ်ာျပီးလန္းေနလို႕ ေပၚေပၚလြင္လြင္ရွိေနျပီဆိုမွေတာ့ ဘယ္လိုေၾကာင့္ပဲျဖစ္ျဖစ္ တစ္ပန္းသာေနျပီးသားပါ။ ေကာင္းတာပဲေျပာေျပာ၊ ဆိုးတာပဲေျပာေျပာ အဲဒီတစ္ေယာက္က ေခ်ာျပီးလန္းေနလို႔သာ ျမင္သာထင္သာရွိေနတာပါ။

၅။ လမ္းခြဲဖို႔လိုလာရင္

ခ်စ္ဖို႕ေကာင္းတဲ့သူ - ေတာ္ရံုလမ္းခြဲဖို႕မလြယ္ပါဘူး။ ကိုယ့္ခ်စ္သူဆိုမွေတာ့ ခ်စ္တဲ့စိတ္အရင္းခံက ရွိေနျပီးသားျဖစ္တဲ့အျပင္ သူ႕ရဲ႕ခ်စ္ဖို႕ေကာင္းတဲ့အခ်က္ေလးေတြက ကိုယ့္ကိုတစ္ရစ္ျပီးတစ္ရစ္ ပိုခ်ည္ေႏွာင္ေနတာမ်ိဳးေၾကာင့္ သံေယာဇဥ္ပိုတိုးလာတာမ်ိဳးပဲျဖစ္လာႏုိင္ပါတယ္။

ေခ်ာျပီးလန္းတဲ့သူ - သူ႕ကိုခ်စ္ရတာ ပူေလာင္တယ္ဆိုတာ ျငင္းလို႕ကိုမရပါဘူး။ စိတ္ပူရမယ္၊ သ၀န္တိုရမယ္၊ အခန္႕မသင့္ရင္ ကိုယ္ကသူနဲ႕တြဲေနတဲ့အခ်ိန္ သူ႕ေလာက္မေခ်ာေတာ့ စိတ္အားငယ္ရမယ္။ ဒါေၾကာင့္ တကယ္တမ္းလမ္းခြဲဖို႕ ေတ့ေတ့ဆိုင္ဆိုင္ၾကံဳၾကိဳက္လာရင္ ဒါေကာင္းဖို႕ပဲျဖစ္လာတာပဲေနမွာပါဆိုျပီး စိတ္ျပတ္သားသြားတာမ်ိဳးျဖစ္တတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

လူတစ်ကိုယ် အကြိုက်တစ်မျိုးပါ။ တချို့က ချစ်ဖို့ကောင်းတဲ့ကောင်လေးတွေ၊ ကောင်မလေးတွေကို သဘောကျချစ်ကြိုက်တတ်ကြသလို တချို့ကျတော့လည်း ချောပြီး မိုက်နေလန်းနေတဲ့သူတွေကိုမှ ချစ်သူဖြစ်ချင်ကြတာရှိပါတယ်။ ဒါပေမဲ့ နှစ်မျိုးလုံးမှာတော့ ကောင်းတဲ့အချက်လေးတွေရှိသလို ဆိုးတဲ့အချက်လေးတွေ ရှိမှာပေါ့နော်။

၁။ ကိုယ့်ပျော်ရွှင်မှု

ချစ်ဖို့ကောင်းတဲ့သူ - သူကချစ်စရာကောင်းပြီး သူ့ကိုကြည့်နေရင်းနဲ့ကို ကိုယ်ပါပျော်ရတာမျိုးဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပေါ့ပေါ့ပါးပါးရွှင်ရွှင်လန်းလန်းနဲ့ ကိုယ်ပျော်ရတဲ့အချိန်များနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူ့ကိုယ်သူ အမြဲလန်းနေမိုက်နေအောင်ဂရုစိုက်နေရတော့ ကိုယ်ပျော်ရွှင်ဖို့ကို သတိထားချင်မှထားပေးလိမ့်မယ်။

၂။ သဝန်တိုရတာ

ချစ်ဖို့ကောင်းတဲ့သူ - သူချစ်ဖို့ကောင်းတဲ့အချိန်လေးတွေ၊ ချစ်ဖို့ကောင်းတဲ့အချက်လေးတွေကို ကိုယ်ပဲသိတာပါ။ အဲဒီတော့ တခြားလူအမြင်မှာ သူက သာမန်လူပဲဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါဆိုရင် အရမ်းကြီးတော့ သဝန်တိုစရာမရှိဘူးပေါ့။

ချောပြီးလန်းတဲ့သူ - ရိုးရိုးလေးပါပဲ။ ချောနေ မိုက်နေတယ်ဆိုမှတော့ ကြိုက်တဲ့သူတွေ၊ ငမ်းတဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပါ။ ဘယ်လောက်စိတ်လျှော့ထားထား သဝန်တိုရတာ၊ စိတ်ပူရတာတွေ ကြုံလာမှာ သေချာသလောက်ပါပဲ။

၃။ နားလည်မှု

ချစ်ဖို့ကောင်းတဲ့သူ - ချစ်ဖို့ကောင်းတဲ့သူတွေက များသောအားဖြင့် ကလေးဆန်တတ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ကိုယ့်ကိုနားလည်ပေးဖို့ထက် သူ့ကိုနားလည်ခွင့်လွှတ်ရတာတွေက ပိုများနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူက သူလှဖို့၊ သူချောဖို့ပဲစိတ်ဝင်စားနေတာမျိုးဖြစ်တတ်ပေမဲ့ တကယ်တမ်းထက်ထက်မြက်မြက်နဲ့ စိတ်နေစိတ်ထားတွေ လေ့လာအကဲခတ် နားလည်တတ်တဲ့သူတော်တော်များများဟာလည်း ရုပ်ရည်ချောမောသူတွေထဲက ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် သူနားမလည်ရင်တောင် ကိုယ်ကနားလည်မှုရအောင် ညှိယူဖို့လွယ်ကူနိုင်ပါတယ်။

၄။ တစ်ပန်းသာခြင်း

ချစ်ဖို့ကောင်းတဲ့သူ - အစကပြောသလိုပဲ သူချစ်ဖို့ကောင်းတယ်ဆိုတာ၊ သူအပြစ်ကင်းစင်တယ်ဆိုတာ လူတိုင်းသိချင်မှသိတာပါ။ ဒါကြောင့် သူ့ကို ဘယ်သူကမှ သတိမထားမိတာမျိုးဖြစ်ဖို့ကများပါတယ်။ အဲဒီတော့ တစ်ခုခုဆို သူဆိုတာ နေရာရဖို့တောင် ရာခိုင်နှုန်းနည်းကောင်းနည်းနေမှာပါ။

ချောပြီးလန်းတဲ့သူ - လူတိုင်းမျက်စိထဲမှာချောပြီးလန်းနေလို့ ပေါ်ပေါ်လွင်လွင်ရှိနေပြီဆိုမှတော့ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် တစ်ပန်းသာနေပြီးသားပါ။ ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော အဲဒီတစ်ယောက်က ချောပြီးလန်းနေလို့သာ မြင်သာထင်သာရှိနေတာပါ။

၅။ လမ်းခွဲဖို့လိုလာရင်

ချစ်ဖို့ကောင်းတဲ့သူ - တော်ရုံလမ်းခွဲဖို့မလွယ်ပါဘူး။ ကိုယ့်ချစ်သူဆိုမှတော့ ချစ်တဲ့စိတ်အရင်းခံက ရှိနေပြီးသားဖြစ်တဲ့အပြင် သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အချက်လေးတွေက ကိုယ့်ကိုတစ်ရစ်ပြီးတစ်ရစ် ပိုချည်နှောင်နေတာမျိုးကြောင့် သံယောဇဉ်ပိုတိုးလာတာမျိုးပဲဖြစ်လာနိုင်ပါတယ်။

ချောပြီးလန်းတဲ့သူ - သူ့ကိုချစ်ရတာ ပူလောင်တယ်ဆိုတာ ငြင်းလို့ကိုမရပါဘူး။ စိတ်ပူရမယ်၊ သဝန်တိုရမယ်၊ အခန့်မသင့်ရင် ကိုယ်ကသူနဲ့တွဲနေတဲ့အချိန် သူ့လောက်မချောတော့ စိတ်အားငယ်ရမယ်။ ဒါကြောင့် တကယ်တမ်းလမ်းခွဲဖို့ တေ့တေ့ဆိုင်ဆိုင်ကြုံကြိုက်လာရင် ဒါကောင်းဖို့ပဲဖြစ်လာတာပဲနေမှာပါဆိုပြီး စိတ်ပြတ်သားသွားတာမျိုးဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top