Property Expo
×

ၾကက္ဖကို Rapper ေတြေတာ္ေတာ္မ်ားႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒါေပ့မယ့္ သူကို အႏုပညာ ေလာကမွာ မေတြ႕ခဲ့တာ ေတာ္ေတာ္ကိုၾကာပါၿပီ။ အႏုပညာ ေလာက က လူေတာ္ေတာ္မ်ားမ်ား နစ္ဘူးခဲ့တဲ့ မူးယစ္ႏြံထဲက လြတ္ေျမာက္ခဲ့တဲ့ အဆိုေတာ္ၾကက္ဖဟာ သူ႕မိခင္ကို ယခုလိုေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ကြၽန္​​ေတာ္​ လြန္​ခဲ့တဲ့၅ႏွစ္​လုံးလုံး အ​ေမ့ကိုရက္​စက္​ခဲ့မိတယ္​ဗ်ာ။ ဘယ္​လိုလဲဆိုတာ​ေတာ့ ႐ုန္​းထြက္​ရခက္​ခဲတဲ့ ႏြံအိုင္​​ေသး​ေသး​ေလးတစ္​ခုတည္​းနဲ႕တဲ့ဗ်ာ။ ​ေန႕တိုင္​း ညတိုင္​းအ​ေမ အမုန္​းခံၿပီး ကြၽန္​​ေတာ္​့ကို လာဆူတယ္​ နစ္​မသြား​ေအာင္​​ေပါ့။ အ​ေမ့ရဲ႕ဆု​ေတာင္​း​ေကာင္​းမႈ​ေၾကာင္​့​ေရာ ကြၽန္​​ေတာ္​အသ္ိ​ေစာတာ​ေရာ​ေၾကာင္​့ မူးယစ္​သား​ေကာင္​ဘဝက ႐ုန္​းထြက္​လာနိုင္​ခဲ့တာ ၃လ​ေက်ာ္​လာပါၿပီ။

က်န္​းမာ​ေရးက​ေတာ့ ထူ​ေထာင္​ဆဲပါပဲ။ ဆိုးခဲ့မိုက္​ခဲ့သမွ်​ေတြအတြက္​အတိုးခ်ၿပီး ​ေန႕တိုင္​း​ေန႕တိုင္​း အ​ေမ​ေပ်ာ္​​ေအာင္​ စကား​ေျပာတာကအစ လိုအပ္​ရင္​ ​ေျပာင္​ပါ​ေျပာင္​ျပတာမ်ားတယ္​။ သူ႕ခမ်ာလဲစိတ္​ညစ္​ခဲ့တဲ့အရွိန္​မ​ေသလို႔ တခါတ​ေလ အသံမာလာတာနဲ႕တၿပိဳင္​နက္​ ကြၽန္​​ေတာ္​​ေမ်ာက္​ဂြၽမ္​းထိုးသင္​့ရင္​ထိုးျပမွာပဲ။ သူသတိဝင္​လာၿပီး အမ​ေလး ငါ့သား​ေလး ​ေတာ္​​ေသးတယ္​ ႐ူးသြား​ေတာ့မလို႔ ဆိုၿပီး​ေျပာရင္​ ကြၽန္​​ေတာ္​ ​ေက်နပ္​တယ္​။ထပ္​​ေျပာင္​ျပတယ္​။

သားအမိ၂​ေယာက္​လုံး အရွင္​လတ္​လတ္​ငရဲက​ေနလြတ္​လာခဲ့ၿပီ​ေလ။ ကြၽန္​​ေတာ္​တို႔ သားအမိ ဘာ​ေတြျဖစ္​ခဲ့ၾကတယ္​ဆိုတာ ကြၽန္​​ေတာ္​တို႔ပဲသိတယ္​။ ဆိုလိုခ်င္​တာက မိဘစကားကို​ေျမဝယ္​မက်နား​ေထာင္​ၾကပါဗ်ာ။ ကြၽန္​​ေတာ္​ကိုယ္​တိုင္​ ငရဲကလြတ္​လာလို႔ ​ေျပာျပခ်င္​တာပါ။ ေျပာမနိုင္​​ေအာင္​ဆိုးခဲ့ၾကလို႔ သူတို႔ဘက္​ကလက္​​ေလွ်ာ့သြားရင္​လဲ ျပန္​ႀကိဳးစားၾကရ​ေအာင္​။ ခုပုံ​ေတြက ရိုက္​ထားတာနည္​းနည္​းၾကာပါၿပီ။ ကြၽန္​​ေတာ္​ယတိျပတ္​ မလိမၼာ​ေသးခင္​ကပါ။ အ​ေမ​ေျပာ​ေနက်စကားတစ္​ခုရွိတယ္​။

မိုက္​တာနဲ႕ လိမၼာတာက ​ေျပာင္​းပစ္​ဖို႔ လြယ္​လြယ္​​ေလးပါတဲ့။ လက္​၀ါး​ေလး​ေထာင္​ျပၿပီး ဆက္​​ေျပာတယ္​ လက္​ဖဝါးက​ေန လက္​ဖမိုး​ေလး​ေျပာင္​းလိုက္​႐ုံပဲတဲ့(ဆတ္​ခနဲလွည္​့ျပရင္​း​ေျပာတယ္​)

ဒီမွာ​ေလတဲ့ ဒီလို​ေလးလုပ္​လိုက္​႐ုံပဲတဲ့။

ကြၽန္​​ေတာ္​တို႔ သက္​ရွိ​ေတြပဲဗ်ာ ...

ဘာလို႔ ကိုယ္​နဲ႕ကိုယ္​့မိသားစုကို ႏွိပ္​စက္​​ေနတဲ့ ဒီသက္​မဲ့​ေတြကို အရႈံး​ေပးၾကရမွာလဲ။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
ကြက်ဖကို Rapper တွေတော်တော်များကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါပေ့မယ့် သူကို အနုပညာ လောကမှာ မတွေ့ခဲ့တာ တော်တော်ကိုကြာပါပြီ။ အနုပညာ လောက က လူတော်တော်များများ နစ်ဘူးခဲ့တဲ့ မူးယစ်နွံထဲက လွတ်မြောက်ခဲ့တဲ့ အဆိုတော်ကြက်ဖဟာ သူ့မိခင်ကို ယခုလိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့၅နှစ်လုံးလုံး အမေ့ကိုရက်စက်ခဲ့မိတယ်ဗျာ။ ဘယ်လိုလဲဆိုတာတော့ ရုန်းထွက်ရခက်ခဲတဲ့ နွံအိုင်သေးသေးလေးတစ်ခုတည်းနဲ့တဲ့ဗျာ။ နေ့တိုင်း ညတိုင်းအမေ အမုန်းခံပြီး ကျွန်တော့်ကို လာဆူတယ် နစ်မသွားအောင်ပေါ့။ အမေ့ရဲ့ဆုတောင်းကောင်းမှုကြောင့်ရော ကျွန်တော်အသိစောတာရောကြောင့် မူးယစ်သားကောင်ဘဝက ရုန်းထွက်လာနိုင်ခဲ့တာ ၃လကျော်လာပါပြီ။

ကျန်းမာရေးကတော့ ထူထောင်ဆဲပါပဲ။ ဆိုးခဲ့မိုက်ခဲ့သမျှတွေအတွက်အတိုးချပြီး နေ့တိုင်းနေ့တိုင်း အမေပျော်အောင် စကားပြောတာကအစ လိုအပ်ရင် ပြောင်ပါပြောင်ပြတာများတယ်။ သူ့ခမျာလဲစိတ်ညစ်ခဲ့တဲ့အရှိန်မသေလို့ တခါတလေ အသံမာလာတာနဲ့တပြိုင်နက် ကျွန်တော်မျောက်ဂျွမ်းထိုးသင့်ရင်ထိုးပြမှာပဲ။ သူသတိဝင်လာပြီး အမလေး ငါ့သားလေး တော်သေးတယ် ရူးသွားတော့မလို့ ဆိုပြီးပြောရင် ကျွန်တော် ကျေနပ်တယ်။ထပ်ပြောင်ပြတယ်။

သားအမိ၂ယောက်လုံး အရှင်လတ်လတ်ငရဲကနေလွတ်လာခဲ့ပြီလေ။ ကျွန်တော်တို့ သားအမိ ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာ ကျွန်တော်တို့ပဲသိတယ်။ ဆိုလိုချင်တာက မိဘစကားကိုမြေဝယ်မကျနားထောင်ကြပါဗျာ။ ကျွန်တော်ကိုယ်တိုင် ငရဲကလွတ်လာလို့ ပြောပြချင်တာပါ။ ပြောမနိုင်အောင်ဆိုးခဲ့ကြလို့ သူတို့ဘက်ကလက်လျှော့သွားရင်လဲ ပြန်ကြိုးစားကြရအောင်။ ခုပုံတွေက ရိုက်ထားတာနည်းနည်းကြာပါပြီ။ ကျွန်တော်ယတိပြတ် မလိမ္မာသေးခင်ကပါ။ အမေပြောနေကျစကားတစ်ခုရှိတယ်။

မိုက်တာနဲ့ လိမ္မာတာက ပြောင်းပစ်ဖို့ လွယ်လွယ်လေးပါတဲ့။ လက်ဝါးလေးထောင်ပြပြီး ဆက်ပြောတယ် လက်ဖဝါးကနေ လက်ဖမိုးလေးပြောင်းလိုက်ရုံပဲတဲ့(ဆတ်ခနဲလှည့်ပြရင်းပြောတယ်)

ဒီမှာလေတဲ့ ဒီလိုလေးလုပ်လိုက်ရုံပဲတဲ့။

ကျွန်တော်တို့ သက်ရှိတွေပဲဗျာ ...

ဘာလို့ ကိုယ်နဲ့ကိုယ့်မိသားစုကို နှိပ်စက်နေတဲ့ ဒီသက်မဲ့တွေကို အရှုံးပေးကြရမှာလဲ။ ။



ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top