Kantharyar Centre
×

မ်က္ေတာင္တုေတြဟာ ေန႔စဥ္မိတ္ကပ္ျပင္ဆင္တဲ႔အခါ အၿမဲသံုးေလ့ မရွိၾကေပမယ့္ ပြဲလမ္းသဘင္ေတြရွိတဲ့အခါ၊ ဓာတ္ပံုရိုက္ကူးစရာေတြ ရွိတဲ့အခါမွာ သံုးၾကပါတယ္။ တစ္ခါတစ္ေလ ကိုယ္က လွခ်င္စိတ္နဲ႔ မ်က္ေတာင္တု သံုးလိုက္ေပမယ့္ သံုးနည္းမွားရင္လည္း အဆင္မေျပႏိုင္ပါဘူး။ မ်က္ေတာင္တုတပ္နည္း မမွန္ကန္တဲ့အခါ မ်က္ေတာင္ကေစာင္းေနတာ၊ ေကာ္ေတြၾကာရွည္မခံတတ္တာ၊ ေကာ္ထူတာ၊ မ်က္လံုးပိုပိတ္သြားတာေတြ ျဖစ္တတ္ပါတယ္။
အဲဒါေၾကာင့္ Pro ဆန္ဆန္ မ်က္ေတာင္တုတပ္ၾကဖို႔ အဆင့္ဆင့္ေလးေတြနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

၁-ကိုယ္တပ္မယ့္ဆိုဒ္ နဲ႔Typeကို ခ်ိန္ပါ။
မ်က္ေတာင္တုေတြက သူ႔ဆိုဒ္ သူ႕ပံုစံနဲ႔လာတယ္ဆိုေပမယ့္ ကိုယ္ေရြးထားတဲ႔ မ်က္ေတာင္ဟာ ကိုယ္နဲ႕လိုက္လားဆိုတာ အစမ္းတပ္ၾကည့္ပါ။ မ်က္လံုးမွာ အစြန္းထြက္ေနတာေတြ၊ ေဘးကိုရွည္ေနတာေတြမျဖစ္ေအာင္ ကပ္ေၾကးနဲ႔ ညွိေပးပါ။

၂-ရံဖန္ရံခါ တစ္၀က္ေလာက္ပဲတပ္ပါ။
မ်က္ေတာင္ေတြကို အျပည့္ထိတပ္ရမယ္လို႔ ဘယ္သူမွ တားျမစ္မထားပါဘူး။ မ်က္လံုးအလယ္တစ္၀က္ေလာက္ကေနလည္း စၿပီးတပ္လို႕ရပါတယ္။

၃-မ်က္ေတာင္ေမႊးေတြ စိုက္ထားတဲ႔ လိုင္းအရစ္ကို အဓိကထား၀ယ္ပါ။
တစ္ခါတေလမွာ ကြ်န္မတို႕ေတြဟာ မ်က္ေတာင္ထူတာ ရွည္တာေတြကိုပဲ ေရြး၀ယ္တတ္ၾကၿပီး မ်က္ေတာင္ေလးေတြ စိုက္ထားတဲ႔ ေအာက္ကအရစ္လိုင္းကို သတိမျပဳတတ္ၾကပါဘူး။ အဲဒီအရစ္လိုင္းေလးေတြက တကယ္အေရးႀကီးပါတယ္။ မ်က္ခြံေပၚမွာ သက္ေတာင္႔သက္ေတာင္႔ရွိႏိုင္ဖို႔အတြက္ ပါးတဲ႔အရစ္ေလးေတြေရြးသင့္သလို ပိုၿပီးၾကာရွည္ခံဖို႔ နည္းနည္းထူတာေလးေတြေရြးသင့္ပါတယ္။

၄-မတပ္ခင္ မ်က္ေတာင္တုကို ေကြးေပးပါ။
တပ္မယ္ဆိုရင္ ဘူးထဲက ခ်က္ခ်င္းတန္းထုတ္ျပီး တပ္တာမ်ိဳးမလုပ္ဘဲ မ်က္ေတာင္ေလးေတြကို အသာအယာေလးေကြးၿပီးမွ တပ္ပါ။

၅-ေကာ္ကပ္တဲ႔အခါ သတိထားပါ။
မ်က္ေတာင္တုတပ္တဲ႔အခါ ေကာ္ကို အရည္အေသြးေကာင္းတာပဲ သံုးသင့္သလို ၾကာရွည္ခံလုိေဇာနဲ႕ ေကာ္အမ်ားႀကီး သံုးစရာမလိုပါဘူး။ေကာ္ကိုအရမ္းပ်စ္ပ်စ္ႀကီး သံုးတာလည္းေရွာင္ရပါမယ္။ ေကာ္နဲ႕မ်က္ရစ္နဲ႔ထိၿပီးကပ္မသြားေအာင္လည္းဂရုစိုက္သင့္ပါတယ္။

၆-မ်က္ေတာင္ေကာ့ေဆးသံုးပါ။
မ်က္ေတာင္တုမတပ္ခင္ မ်က္ေတာင္ေကာ့ေဆးအရင္သံုးပါ။ ကိုယ့္ရဲ႕ နဂိုမ်က္ေတာင္ကုိလည္း ေကာ့ေဆးသံုးပါ။ မ်က္ေတာင္တုတပ္တဲ့အခါ အေပၚကတစ္ထပ္ထပ္ေပးပါ။

၇-အိုင္းလိုင္နာကို ဂိုက္လိုင္းအျဖစ္သံုးပါ။
မ်က္ေတာင္တုကို မ်က္ရစ္ရဲ႕ ဘယ္နားမွာတပ္ရမွန္းမသိ ျဖစ္ေနရင္ အရင္ဆံုး အိုင္းလိုင္နာ ပါးပါးတစ္ေၾကာင္းဆြဲပါ။ ျပီးမွ အိုင္းလိုင္နာဆိုးထားတဲ႔လိုင္းအေပၚကေန မ်က္ေတာင္တုကပ္ပါ။

၈-မ်က္ေတာင္တုကို မိတ္ကပ္ေတြ အကုန္ျပင္ၿပီးေနာက္ဆံုးမွတပ္ပါ။
တခ်ိဳ႕ေတြက အိုင္းလိုင္နာမဆိုးခင္ အိုင္းရွဲဒိုးမဆိုးခင္ မ်က္ေတာင္တုတပ္ၾကပါတယ္။အဲဒီနည္းဟာ တကယ္ေတာ့မွားပါတယ္။ မ်က္လံုးကို အကုန္ျပင္ဆင္ၿပီးမွ ေနာက္ဆံုး မ်က္ေတာင္တုကို တပ္သင့္ပါတယ္။ မ်က္ေတာင္တုတပ္တဲ့အခါ ဇာဂနာေလးနဲ႔ယူၿပီးတပ္တာက ပိုၿပီးေကာင္းပါတယ္။ လက္နဲ႕ဆုိရင္ ေခ်ာ္တာ၊ ရွဲဒိုးေတြကို ထိၿပီးပ်က္တာေတြျဖစ္တတ္ပါတယ္။

အခုဆို ေဆာင္ရမွာ ေရွာင္ရမွာေလးေတြလည္း သိၿပီဆုိေတာ့ အေပၚမွာေျပာျပထားတဲ႔ နည္းေလးေတြကို ၾကည့္ၿပီး ကိုယ္ရဲ႕နည္းလမ္းေလးေတြ မွန္ကန္ရဲ႕လားဆိုတာ ဆန္းစစ္ၾကည့္လိုက္ပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

မျက်တောင်တုတွေဟာ နေ့စဉ်မိတ်ကပ်ပြင်ဆင်တဲ့အခါ အမြဲသုံးလေ့ မရှိကြပေမယ့် ပွဲလမ်းသဘင်တွေရှိတဲ့အခါ၊ ဓာတ်ပုံရိုက်ကူးစရာတွေ ရှိတဲ့အခါမှာ သုံးကြပါတယ်။ တစ်ခါတစ်လေ ကိုယ်က လှချင်စိတ်နဲ့ မျက်တောင်တု သုံးလိုက်ပေမယ့် သုံးနည်းမှားရင်လည်း အဆင်မပြေနိုင်ပါဘူး။ မျက်တောင်တုတပ်နည်း မမှန်ကန်တဲ့အခါ မျက်တောင်ကစောင်းနေတာ၊ ကော်တွေကြာရှည်မခံတတ်တာ၊ ကော်ထူတာ၊ မျက်လုံးပိုပိတ်သွားတာတွေ ဖြစ်တတ်ပါတယ်။
အဲဒါကြောင့် Pro ဆန်ဆန် မျက်တောင်တုတပ်ကြဖို့ အဆင့်ဆင့်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁-ကိုယ်တပ်မယ့်ဆိုဒ် နဲ့Typeကို ချိန်ပါ။
မျက်တောင်တုတွေက သူ့ဆိုဒ် သူ့ပုံစံနဲ့လာတယ်ဆိုပေမယ့် ကိုယ်ရွေးထားတဲ့ မျက်တောင်ဟာ ကိုယ်နဲ့လိုက်လားဆိုတာ အစမ်းတပ်ကြည့်ပါ။ မျက်လုံးမှာ အစွန်းထွက်နေတာတွေ၊ ဘေးကိုရှည်နေတာတွေမဖြစ်အောင် ကပ်ကြေးနဲ့ ညှိပေးပါ။

၂-ရံဖန်ရံခါ တစ်ဝက်လောက်ပဲတပ်ပါ။
မျက်တောင်တွေကို အပြည့်ထိတပ်ရမယ်လို့ ဘယ်သူမှ တားမြစ်မထားပါဘူး။ မျက်လုံးအလယ်တစ်ဝက်လောက်ကနေလည်း စပြီးတပ်လို့ရပါတယ်။

၃-မျက်တောင်မွှေးတွေ စိုက်ထားတဲ့ လိုင်းအရစ်ကို အဓိကထားဝယ်ပါ။
တစ်ခါတလေမှာ ကျွန်မတို့တွေဟာ မျက်တောင်ထူတာ ရှည်တာတွေကိုပဲ ရွေးဝယ်တတ်ကြပြီး မျက်တောင်လေးတွေ စိုက်ထားတဲ့ အောက်ကအရစ်လိုင်းကို သတိမပြုတတ်ကြပါဘူး။ အဲဒီအရစ်လိုင်းလေးတွေက တကယ်အရေးကြီးပါတယ်။ မျက်ခွံပေါ်မှာ သက်တောင့်သက်တောင့်ရှိနိုင်ဖို့အတွက် ပါးတဲ့အရစ်လေးတွေရွေးသင့်သလို ပိုပြီးကြာရှည်ခံဖို့ နည်းနည်းထူတာလေးတွေရွေးသင့်ပါတယ်။

၄-မတပ်ခင် မျက်တောင်တုကို ကွေးပေးပါ။
တပ်မယ်ဆိုရင် ဘူးထဲက ချက်ချင်းတန်းထုတ်ပြီး တပ်တာမျိုးမလုပ်ဘဲ မျက်တောင်လေးတွေကို အသာအယာလေးကွေးပြီးမှ တပ်ပါ။

၅-ကော်ကပ်တဲ့အခါ သတိထားပါ။
မျက်တောင်တုတပ်တဲ့အခါ ကော်ကို အရည်အသွေးကောင်းတာပဲ သုံးသင့်သလို ကြာရှည်ခံလိုဇောနဲ့ ကော်အများကြီး သုံးစရာမလိုပါဘူး။ကော်ကိုအရမ်းပျစ်ပျစ်ကြီး သုံးတာလည်းရှောင်ရပါမယ်။ ကော်နဲ့မျက်ရစ်နဲ့ထိပြီးကပ်မသွားအောင်လည်းဂရုစိုက်သင့်ပါတယ်။

၆-မျက်တောင်ကော့ဆေးသုံးပါ။
မျက်တောင်တုမတပ်ခင် မျက်တောင်ကော့ဆေးအရင်သုံးပါ။ ကိုယ့်ရဲ့ နဂိုမျက်တောင်ကိုလည်း ကော့ဆေးသုံးပါ။ မျက်တောင်တုတပ်တဲ့အခါ အပေါ်ကတစ်ထပ်ထပ်ပေးပါ။

၇-အိုင်းလိုင်နာကို ဂိုက်လိုင်းအဖြစ်သုံးပါ။
မျက်တောင်တုကို မျက်ရစ်ရဲ့ ဘယ်နားမှာတပ်ရမှန်းမသိ ဖြစ်နေရင် အရင်ဆုံး အိုင်းလိုင်နာ ပါးပါးတစ်ကြောင်းဆွဲပါ။ ပြီးမှ အိုင်းလိုင်နာဆိုးထားတဲ့လိုင်းအပေါ်ကနေ မျက်တောင်တုကပ်ပါ။

၈-မျက်တောင်တုကို မိတ်ကပ်တွေ အကုန်ပြင်ပြီးနောက်ဆုံးမှတပ်ပါ။
တချို့တွေက အိုင်းလိုင်နာမဆိုးခင် အိုင်းရှဲဒိုးမဆိုးခင် မျက်တောင်တုတပ်ကြပါတယ်။အဲဒီနည်းဟာ တကယ်တော့မှားပါတယ်။ မျက်လုံးကို အကုန်ပြင်ဆင်ပြီးမှ နောက်ဆုံး မျက်တောင်တုကို တပ်သင့်ပါတယ်။ မျက်တောင်တုတပ်တဲ့အခါ ဇာဂနာလေးနဲ့ယူပြီးတပ်တာက ပိုပြီးကောင်းပါတယ်။ လက်နဲ့ဆိုရင် ချော်တာ၊ ရှဲဒိုးတွေကို ထိပြီးပျက်တာတွေဖြစ်တတ်ပါတယ်။

အခုဆို ဆောင်ရမှာ ရှောင်ရမှာလေးတွေလည်း သိပြီဆိုတော့ အပေါ်မှာပြောပြထားတဲ့ နည်းလေးတွေကို ကြည့်ပြီး ကိုယ်ရဲ့နည်းလမ်းလေးတွေ မှန်ကန်ရဲ့လားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top