Property Expo
×

ခရီးသည္တင္ယာဥ္မ်ား လုိင္စင္အသစ္ ဝင္မည္ဆုိပါက ဘယ္ေမာင္းတစ္မ်ိဳးတည္းကိုသာ ခြင့္ျပဳမည္ဟု ကုန္းလမ္းပို႔ေဆာင္ ေရးၫႊန္ၾကားမႈဦးစီးဌာနက ႏိုဝင္ဘာ ၂ ရက္စြဲျဖင့္ ထုတ္ျပန္ေၾက ညာသည္။

‘‘ခရီးသည္တင္ကားေတြကို ဘယ္ေမာင္းတစ္မ်ိဳးတည္းပဲ ခြင့္ ျပဳေတာ့မယ္။ သြင္းလာၿပီးေတာ့ အခုမွ လုိင္စင္ဝင္မယ့္ကားေတြ လည္း ဘယ္ေမာင္းျဖစ္မွ လိုင္စင္ ေပးေတာ့မယ္။ ဒါက ၂၀၁၅ ေမာ္ ေတာ္ယာဥ္ဥပေဒအရ သတ္မွတ္ ခ်က္အတုိင္း လုပ္တာပါ’’ဟု ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန (ေနျပည္ေတာ္မွ) ၫႊန္ ၾကားေရးမွဴးတစ္ဦးက ေျပာၾကားသည္။

ခရီးသည္တင္ယာဥ္မ်ားကိုယခင္က်င့္သံုးေနသည့္ ေမာ္ေတာ္ယာဥ္ ဥပေဒတြင္လည္း ဘယ္ ေမာင္းတစ္မ်ိဳးတည္းကိုသာ ခြင့္ ျပဳမည္ဟု သတ္မွတ္ထားေသာ္ လည္း သယ္ယူပို႔ေဆာင္ေရးလို အပ္ခ်က္ေၾကာင့္ ဂ်ပန္ႏုိင္ငံထုတ္ ညာေမာင္းယာဥ္မ်ားကိုပါ ခြင့္ျပဳ ေပးခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။

ယခု ၂၀၁၅ ေမာ္ေတာ္ယာဥ္ဥပေဒ၊ နည္းဥပေဒအရ ျမန္မာႏုိင္ငံ၏  လက္ယာကပ္ေမာင္းလမ္းစနစ္ႏွင့္ ကိုက္ညီသည့္ ဘယ္ေမာင္းယာဥ္မ်ားကို သာ ေမာင္းႏွင္ခြင့္ျပဳမည္ဆုိသည့္ သတ္မွတ္ခ်က္ပါဝင္သျဖင့္ စတင္ အေကာင္အထည္ေဖာ္သည့္အေနျဖင့္ အမ်ားျပည္သူႏွင့္သက္ဆုိင္သည့္ ခရီးသည္တင္ ယာဥ္မ်ားကို ဘယ္ေမာင္းတစ္မ်ိဳးတည္း ခြင့္ျပဳရန္ သတ္မွတ္ျခင္းျဖစ္သည္။

ခရီးသည္တင္  ယာဥ္မ်ား ကနဦးလိုင္စင္ ေလွ်ာက္ခ်ိန္တြင္ ဘယ္ေမာင္းယာဥ္ အမ်ိဳးအစားျဖစ္ မွသာ ယာဥ္မွတ္ပံုတင္ခြင့္ျပဳမည္ ျဖစ္ၿပီး ညာေမာင္းခရီးသည္တင္ ယာဥ္မ်ားကို ယာဥ္မွတ္ပံုတင္ခြင့္ ျပဳမည္မဟုတ္ေၾကာင္း ထုတ္ျပန္ ခ်က္တြင္ ပါရွိသည္။

ရန္ကုန္ၿမိဳ႕တြင္း ခရီးသည္ တင္ယာဥ္လုိင္းမ်ားတြင္ ညာေမာင္းယာဥ္ အမ်ားဆံုးျဖစ္ၿပီး  ဘယ္ေမာင္းအျဖစ္ ေျပာင္းလဲခြင့္ကို တရားဝင္ ခြင့္ျပဳထားျခင္း မရွိေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕တြင္ လက္ရွိ၌ ခရီးသည္တင္ယာဥ္အစီးေရ ၇၇,၀၀၀ ေက်ာ္ ေျပးဆြဲလ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ခရီးသည်တင်ယာဉ်များ လိုင်စင်အသစ် ဝင်မည်ဆိုပါက ဘယ်မောင်းတစ်မျိုးတည်းကိုသာ ခွင့်ပြုမည်ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေ ညာသည်။

‘‘ခရီးသည်တင်ကားတွေကို ဘယ်မောင်းတစ်မျိုးတည်းပဲ ခွင့် ပြုတော့မယ်။ သွင်းလာပြီးတော့ အခုမှ လိုင်စင်ဝင်မယ့်ကားတွေ လည်း ဘယ်မောင်းဖြစ်မှ လိုင်စင် ပေးတော့မယ်။ ဒါက ၂၀၁၅ မော် တော်ယာဉ်ဥပဒေအရ သတ်မှတ် ချက်အတိုင်း လုပ်တာပါ’’ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်မှ) ညွှန် ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ခရီးသည်တင်ယာဉ်များကိုယခင်ကျင့်သုံးနေသည့် မော်တော်ယာဉ် ဥပဒေတွင်လည်း ဘယ် မောင်းတစ်မျိုးတည်းကိုသာ ခွင့် ပြုမည်ဟု သတ်မှတ်ထားသော် လည်း သယ်ယူပို့ဆောင်ရေးလို အပ်ချက်ကြောင့် ဂျပန်နိုင်ငံထုတ် ညာမောင်းယာဉ်များကိုပါ ခွင့်ပြု ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခု ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၊ နည်းဥပဒေအရ မြန်မာနိုင်ငံ၏  လက်ယာကပ်မောင်းလမ်းစနစ်နှင့် ကိုက်ညီသည့် ဘယ်မောင်းယာဉ်များကို သာ မောင်းနှင်ခွင့်ပြုမည်ဆိုသည့် သတ်မှတ်ချက်ပါဝင်သဖြင့် စတင် အကောင်အထည်ဖော်သည့်အနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် ခရီးသည်တင် ယာဉ်များကို ဘယ်မောင်းတစ်မျိုးတည်း ခွင့်ပြုရန် သတ်မှတ်ခြင်းဖြစ်သည်။

ခရီးသည်တင်  ယာဉ်များ ကနဦးလိုင်စင် လျှောက်ချိန်တွင် ဘယ်မောင်းယာဉ် အမျိုးအစားဖြစ် မှသာ ယာဉ်မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ပြီး ညာမောင်းခရီးသည်တင် ယာဉ်များကို ယာဉ်မှတ်ပုံတင်ခွင့် ပြုမည်မဟုတ်ကြောင်း ထုတ်ပြန် ချက်တွင် ပါရှိသည်။

ရန်ကုန်မြို့တွင်း ခရီးသည် တင်ယာဉ်လိုင်းများတွင် ညာမောင်းယာဉ် အများဆုံးဖြစ်ပြီး  ဘယ်မောင်းအဖြစ် ပြောင်းလဲခွင့်ကို တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိ၌ ခရီးသည်တင်ယာဉ်အစီးရေ ၇၇,၀၀၀ ကျော် ပြေးဆွဲလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top