Property Expo
×

က်ဴးဘား ကြန္ျမဴနစ္ေခါင္းေဆာင္ေဟာင္း ဖီဒယ္လ္ ကက္စ္ထ႐ိုသည္ အသက္ ၉၀ အရြယ္တြင္ ကြယ္လြန္သြားေၾကာင္း သိရွိရသည္။

က်ဴးဘားအစိုးရ ႐ုပ္ျမင္သံၾကား ဌာနက ကက္စ္ထ႐ို ကြယ္လြန္သည့္ သတင္းကို ႏိုဝင္ဘာ ၂၅ ရက္တြင္ ထုတ္ျပန္သြားေသာ္လည္း အေသးစိတ္ အခ်က္အလက္မ်ားကို မေၾကညာခဲ့ေခ်။ ကက္စ္ထ႐ိုသည္ ကၽြန္းႏုိင္ငံေလး၏ ကြန္ျမဴနစ္စနစ္ကို စတင္ထူေထာင္ခဲ့သည့္ သမၼတေဟာင္း တစ္ဦးလည္း ျဖစ္သည္။

၎သည္ က်ဴးဘားကို ရာစုႏွစ္ တစ္ဝက္နီးပါးမွ် တစ္ပါတီ စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၀၈ ခုႏွစ္တြင္ ညီျဖစ္သူ ရာအူးလ္ ကက္စ္ထ႐ိုထံ အာဏာလႊဲေပးခဲ့သည္။ ကက္စ္ထ႐ိုကို လိုလားၾကည္ညိဳသူမ်ားက ၎သည္ က်ဴးဘားျပည္သူမ်ားထံ စစ္မွန္သည့္ အာဏာကို ျပန္လည္ ရယူေပးခဲ့သူဟု ခ်ီးက်ဴးၾကသည္။ ၎ကို အတိုက္အခံ ျပဳသူမ်ားကမူ ကက္စ္ထ႐ိုသည္ ရက္စက္ၾကမ္းၾကဳတ္သူ၊ ဖိႏွိပ္လိုသူ တစ္ဦးအျဖစ္ ပံုေဖာ္ၾကသည္။

က်န္းမာေရးေၾကာင့္ လူျမင္ကြင္းေ႐ွ႕ သိပ္မထြက္ေတာ့သည့္ ကက္စ္ထ႐ိုသည္ ဧၿပီလအတြင္းက က်င္းပသည့္ ကြန္ျမဴနစ္ပါတီ ညီလာခံ၌ ေနာက္ဆံုးမိန္႔ခြန္းကို ေျပာၾကားခဲ့သည္။ ၎က ေခတ္ကာလ ၾကာေညာင္းလာၿပီ ျဖစ္ေသာ္လည္း က်ဴးဘား၏ ကြန္ျမဴနစ္ဝါဒ သေဘာတရားမ်ားသည္ က်ဴးဘား ျပည္သူမ်ားအတြက္ သင့္ေတာ္ မွန္ကန္ေနဆဲဟု ယံုၾကည္ေၾကာင္း ဆိုသည္။

“က်ဳပ္အသက္ ၉၀ ျပည့္ေတာ့မယ္။ ဒီေလာက္ထိ ေနရလိမ့္မယ္လုိ႔ ထင္မထားဘူးဆိုၿပီး တစ္ခါတေလေတာ့လည္း ေတြးမိသား။ သိပ္မၾကာခင္ တျခားသူေတြ သြားတဲ့လမ္းကို က်ဳပ္လည္း သြားရမွာပဲေလ။ အလွည့္ကေတာ့ ႀကံဳလာမွာပဲ မဟုတ္လား”ဟုလည္း အဆိုပါ မိန္႔ခြန္းတြင္ ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။

ကက္စ္ထ႐ိုသည္ ကမာၻေက်ာ္ ေတာ္လွန္ေရးေခါင္းေဆာင္ ခ်ီေဂြဗားရားႏွင့္ ရင္းႏွီးသူျဖစ္ၿပီး က်ဴးဘားအစိုးရကို ပုန္ကန္ ျဖဳတ္ခ်ခဲ့သူ ျဖစ္သည္။ ၎သည္ ၁၉၆၂ ခုႏွစ္၊ က်ဴးဘားဒံုးက်ည္ ပဋိပကၡကဲ့သို႔ ကိစၥမ်ားတြင္ ဗဟိုခ်က္က်က် ပါဝင္ခဲ့သည့္ေနာက္ ႏုိင္ငံတကာက အာ႐ံုစိုက္ရသည့္ က်ဴးဘားႏုိင္ငံေရး သေကၤတ တစ္ဦးအျဖစ္လည္း ရပ္တည္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ကျူးဘား ကွန်မြူနစ်ခေါင်းဆောင်ဟောင်း ဖီဒယ်လ် ကက်စ်ထရိုသည် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားကြောင်း သိရှိရသည်။

ကျူးဘားအစိုးရ ရုပ်မြင်သံကြား ဌာနက ကက်စ်ထရို ကွယ်လွန်သည့် သတင်းကို နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သွားသော်လည်း အသေးစိတ် အချက်အလက်များကို မကြေညာခဲ့ချေ။ ကက်စ်ထရိုသည် ကျွန်းနိုင်ငံလေး၏ ကွန်မြူနစ်စနစ်ကို စတင်ထူထောင်ခဲ့သည့် သမ္မတဟောင်း တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ကျူးဘားကို ရာစုနှစ် တစ်ဝက်နီးပါးမျှ တစ်ပါတီ စနစ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ညီဖြစ်သူ ရာအူးလ် ကက်စ်ထရိုထံ အာဏာလွှဲပေးခဲ့သည်။ ကက်စ်ထရိုကို လိုလားကြည်ညိုသူများက ၎င်းသည် ကျူးဘားပြည်သူများထံ စစ်မှန်သည့် အာဏာကို ပြန်လည် ရယူပေးခဲ့သူဟု ချီးကျူးကြသည်။ ၎င်းကို အတိုက်အခံ ပြုသူများကမူ ကက်စ်ထရိုသည် ရက်စက်ကြမ်းကြုတ်သူ၊ ဖိနှိပ်လိုသူ တစ်ဦးအဖြစ် ပုံဖော်ကြသည်။

ကျန်းမာရေးကြောင့် လူမြင်ကွင်းရှေ့ သိပ်မထွက်တော့သည့် ကက်စ်ထရိုသည် ဧပြီလအတွင်းက ကျင်းပသည့် ကွန်မြူနစ်ပါတီ ညီလာခံ၌ နောက်ဆုံးမိန့်ခွန်းကို ပြောကြားခဲ့သည်။ ၎င်းက ခေတ်ကာလ ကြာညောင်းလာပြီ ဖြစ်သော်လည်း ကျူးဘား၏ ကွန်မြူနစ်ဝါဒ သဘောတရားများသည် ကျူးဘား ပြည်သူများအတွက် သင့်တော် မှန်ကန်နေဆဲဟု ယုံကြည်ကြောင်း ဆိုသည်။

“ကျုပ်အသက် ၉၀ ပြည့်တော့မယ်။ ဒီလောက်ထိ နေရလိမ့်မယ်လို့ ထင်မထားဘူးဆိုပြီး တစ်ခါတလေတော့လည်း တွေးမိသား။ သိပ်မကြာခင် တခြားသူတွေ သွားတဲ့လမ်းကို ကျုပ်လည်း သွားရမှာပဲလေ။ အလှည့်ကတော့ ကြုံလာမှာပဲ မဟုတ်လား”ဟုလည်း အဆိုပါ မိန့်ခွန်းတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ကက်စ်ထရိုသည် ကမ္ဘာကျော် တော်လှန်ရေးခေါင်းဆောင် ချီဂွေဗားရားနှင့် ရင်းနှီးသူဖြစ်ပြီး ကျူးဘားအစိုးရကို ပုန်ကန် ဖြုတ်ချခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည် ပဋိပက္ခကဲ့သို့ ကိစ္စများတွင် ဗဟိုချက်ကျကျ ပါဝင်ခဲ့သည့်နောက် နိုင်ငံတကာက အာရုံစိုက်ရသည့် ကျူးဘားနိုင်ငံရေး သင်္ကေတ တစ်ဦးအဖြစ်လည်း ရပ်တည်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top