Kantharyar Centre
×

ေက်ာက္တံတားၿမိဳ႕နယ္ရွိ လမ္းေဘးပလက္ေဖာင္းတြင္ လိင္စိတ္ၾကြေဆးမ်ားတရားမ၀င္ေရာင္းခ်သူ ကုိသက္ဆုိင္ရာက ေအာက္တုိဘာလ ၃၁ ရက္ေန႔ တြင္ အမ်ိဳးသား ေဆး၀ါးဥပေဒျဖင့္အမႈဖြင့္ စစ္ေဆးခဲ့သည္။
အဆုိပါေန႔ မြန္းလြဲ ၃ နာရီ အခ်ိန္ခန္႔တြင္ ေက်ာက္တံတားၿမိဳ႕နယ္ အေနာ္ရထာလမ္းႏွင့္
ဆူးေလဘုရားလမ္းေထာင့္ပလက္ေဖာင္းတြင္ လိင္စိတ္ၾကြေဆးမ်ားေရာင္းခ်ေနေၾကာင္း
သတင္းအရ ရဲအုပ္ေအာင္ေဇာ္၀င္းႏွင့္အဖြဲ႔က သြားေရာက္စစ္ေဆးခဲ့သည္။

အဆုိပါေနရာတြင္ ကမာရြတ္ၿမိဳ႕နယ္ေန ဟာဒြန္း(၄၉ ႏွစ္)ကုိ က်ားအဂၤါလူးေဆး ၂ ဗူး၊
က်ားလိင္စိတ္ၾကြေဆး ၁၀ လုံးပါ ၃ ကတ္၊ လိင္စိတ္ၾကြေဆး ၄ လုံးပါ ၁၈ ကတ္၊
က်ားလိင္စိတ္ၾကြေဆးအမႈန္႔ ၁ထုပ္၊စိတ္ၾကြေဆး ၁၅ လုံးပါ ၂ ကတ္၊ ေဆးရည္
ပုလင္းငယ္ ၆ ပုလင္း၊ လိင္စိတ္ၾကြေဆးပစၥည္းမ်ားေရာင္းရေငြ က်ပ္ ၄၂၀၀၀၊
ပစၥည္းေရာင္းခ်ရာတြင္ အသုံးျပဳသည့္ သစ္သားေသတၱာငယ္ ႏွင့္ ေထာက္တစ္ခု၊
အနီေရာင္ပလပ္စတစ္ ထုိင္ခုံ ၁ လုံးတုိ႔ကုိ သိမ္းဆည္းရမိခဲ့ေသာေၾကာင့္ အေရးယူေပးရန္
တုိင္ၾကားခဲ့သည္။

ေက်ာက္တံတားၿမိဳ႕မရဲစခန္းက(ပ)၂၃၇/၁၆ အမ်ိဳးသားေဆး၀ါး ဥပေဒပုဒ္မ ၁၈ အရ
အမႈဖြင့္စစ္ေဆးလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar times

#Unicode Version
ကျောက်တံတားမြို့နယ်ရှိ လမ်းဘေးပလက်ဖောင်းတွင် လိင်စိတ်ကြွဆေးများတရားမဝင်ရောင်းချသူ ကိုသက်ဆိုင်ရာက အောက်တိုဘာလ ၃၁ ရက်နေ့ တွင် အမျိုးသား ဆေးဝါးဥပဒေဖြင့်အမှုဖွင့် စစ်ဆေးခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့်
ဆူးလေဘုရားလမ်းထောင့်ပလက်ဖောင်းတွင် လိင်စိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ ရဲအုပ်အောင်ဇော်ဝင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေရာတွင် ကမာရွတ်မြို့နယ်နေ ဟာဒွန်း(၄၉ နှစ်)ကို ကျားအင်္ဂါလူးဆေး ၂ ဗူး၊
ကျားလိင်စိတ်ကြွဆေး ၁၀ လုံးပါ ၃ ကတ်၊ လိင်စိတ်ကြွဆေး ၄ လုံးပါ ၁၈ ကတ်၊
ကျားလိင်စိတ်ကြွဆေးအမှုန့် ၁ထုပ်၊စိတ်ကြွဆေး ၁၅ လုံးပါ ၂ ကတ်၊ ဆေးရည်
ပုလင်းငယ် ၆ ပုလင်း၊ လိင်စိတ်ကြွဆေးပစ္စည်းများရောင်းရငွေ ကျပ် ၄၂၀၀၀၊
ပစ္စည်းရောင်းချရာတွင် အသုံးပြုသည့် သစ်သားသေတ္တာငယ် နှင့် ထောက်တစ်ခု၊
အနီရောင်ပလပ်စတစ် ထိုင်ခုံ ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်
တိုင်ကြားခဲ့သည်။

ကျောက်တံတားမြို့မရဲစခန်းက(ပ)၂၃၇/၁၆ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ
အမှုဖွင့်စစ်ဆေးလျက်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top