Property Expo
×

KNU ကရင္အမ်ဳိးသားအစည္းအရံုး ေခါင္းေဆာင္ေတြနဲ႔ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီးေ ဟာင္း ဦးသန္းေရႊတို႔ မေန႔ တနဂၤေႏြေန႔က ေတြ႔ဆံုခဲ့မႈကို ၾကည့္ရင္ လက္ရွိ ျမန္မာ့ စစ္ေရးနဲ႔ ႏိုင္ငံေရးေနာက္ကြယ္မွာ အာဏာရွင္ေဟာင္းတဦး အခုခ်ိန္ထိ ရွိေနေသး တယ္လို႔ ျမန္မာ့ႏိုင္ငံေရး ေလ့လာ ေနသူေတြက သံုးသပ္ၾကပါတယ္။ ျမန္မာႏုိင္ငံ အေရွ႕ေျမာက္ျခမ္းမွာ ေဒသခံ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ျမန္မာ့တပ္ မေတာ္ၾကား စစ္ေရးတင္းမာမႈေတြ ရွိေနခ်ိန္မွာ ၿငိမ္းခ်မ္းေရးကိစၥ ေဆြးေႏြးဖို႔ KNU ေခါင္းေဆာင္ေတြ ေနျပည္ေတာ္ကို ေရာက္ရွိေန တာျဖစ္ပါတယ္။ အျပည့္အစံုကို မအင္ၾကင္းႏိုင္က ဆက္ၿပီးေျပာျပမွာပါ။

ႏို၀င္ဘာလ (၂၇)ရက္ေန႔က ေနျပည္ေတာ္မွာရွိတဲ့ သူ႔ရဲ႕ေနအိမ္မွာ ဗိုလ္ခ်ဳပ္မွဴးႀကီးေ ဟာင္း ဦးသန္းေရႊက KNU ေခါင္းေဆာင္ေတြကို ဖိတ္ေခၚ ေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ ဘာအေၾကာင္းအရာေတြ ေဆြးေႏြးခဲ့ၾကသလဲဆိုတာ အေသးစိတ္ မသိရေပမယ့္ ၿငိမ္းခ်မ္းေရးကိစၥ သေဘာထား အျမင္ေတြ ဖလွယ္ဖုိ႔ ျဖစ္နုိင္တယ္လို႔ အမ်ားက သံုးသပ္ေနၾကပါတယ္။

အခုလို စစ္အာဏာရွင္ေဟာင္း တဦးအျဖစ္ နာမည္ႀကီးခဲ့တဲ့ ဦးသန္းေရႊအေနနဲ႔ လက္နက္ကိုင္ တိုင္းရင္းသားအဖဲြ႔ျဖစ္တဲ့ KNU ကရင္ ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံု မႈကို အမ်ားျပည္သူသိေအာင္ ထုတ္ျပန္တာဟာ လက္ရွိ ျမန္မာ့တပ္မေတာ္ရဲ႕ေနာက္ ကြယ္မွာ သူရွိေနေသးတယ္ ဆိုတာ ထင္ထင္ရွားရွား ျပသလိုက္တာ ျဖစ္တယ္ လို႔ ျမန္မာစစ္ေရးေလ့လာ သံုးသပ္ေနတဲ့ စစ္ေထာက္လွမ္းေရး အရာရွိေဟာင္း ဦးေအာင္လင္းထြဋ္က ေျပာပါတယ္။

“ က်ေနာ့္အျမင္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊက အခု ခ်ိန္ထိလည္း ဒီတပ္မေတာ္ရဲ႕ ေနာက္ကြယ္မွာ ႐ွိေနေသးတယ္။ အရင္တုန္းကေတာ့ တပ္မေတာ္ရဲ႕ ေနာက္ကြယ္ရယ္ ..ေနာက္ ပါတီေပါ့ေလ ျပည္ခုိင္ၿဖဳိးရဲ႕ေနာက္ကြယ္ မွာ ႐ွိတယ္ဆိုတဲ့ဟာ ကေတာ့ ထင္ထင္႐ွား႐ွားေတြ႔ ရပါလိမ့္မယ္။ ဒီၾကားထဲမွာ အခုေပါ့ေလ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔တာတခါေပၚ လာတယ္။ အခုတခါ မူတူးေဆးေဖါနဲ႔ ေတြ႔တာေပၚလာတယ္။ ဒါကိုၾကည့္ျခင္း အားျဖင့္ေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊ လုံး၀ အနားယူသြားတယ္ ဆိုတာက လုံး၀ မျဖစ္ႏိုင္ပါဘူး ”

ေမး။ ။ လက္ရွိ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းနယ္စပ္မွာ စစ္ေရးအရ တင္းမာတဲ့ အေျခ အေနျဖစ္ေပၚေနခ်ိန္မွာ အခုလို တိုင္းရင္းသားလက္နက္ကိုင္ အဖဲြ႔တဖဲြ႔ရဲ႕ ေခါင္းေ ဆာင္ေတြနဲ႔ဦးသန္းေရႊက ေတြ႕ဆံုတာဟာ သူ႔အေနနဲ႔ ၿငိမ္းခ်မ္းေရးကို လိုလားတယ္ ဆိုတာ ျပသခ်င္တယ္လို႔ေရာ ျမင္လို႔ မရဘူးလားရွင့္။

“ အဲဒီေတာ့ ဗမာျပည္ႏုိင္ငံေရးမွာ စစ္တပ္က တကယ့္ကို ႐ုိး႐ုိးသားသားနဲ႔ တုိင္းျပည္ အတြက္ကို ႐ိုး႐ုိးသားသား ျဖစ္မယ္ ႐ွိမယ္ဆိုရင္၊ အခုလက္႐ွိ အေျခအေနမွာ တကယ့္တကယ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္မႈ ေအာက္မွာ ႐ွိသင့္ပါတယ္။ ဘာျဖစ္လုိ႔လည္းဆိုေတာ့ အခု ျဖစ္ေနတဲ့ အေျခအေန အားလုံးဟာ- က်ေနာ္က စစ္သားတေယာက္ျဖစ္ေနေတာ့ မေဝဖန္လိုေပမယ့္ တကယ့္ တကယ္ ျဖစ္သင့္ ျဖစ္ထုိက္ တာက ၿငိမ္းခ်မ္းေရး ပင္လံုညီလာခံ မလုပ္ခင္မွာ ကတည္းကိုက စစ္တပ္ကလည္း အပစ္ရပ္တာကို အရင္ဆုံး ေၾကညာသင့္ပါတယ္။ ၿပီးရင္ တုိင္းရင္းသားေတြ ဘက္ကလည္း အပစ္ရပ္ၾက၊ မရပ္တဲ့လူကေတာ့ လူဆိုးေပါ့ဗ်ာ။ အဲလိုျဖစ္သင့္တယ္ဗ်။ ေနာက္တခါ စစ္တပ္က အင္အား ႀကီးတဲ့ အဖြဲ႔ အစည္း ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ သူဟာ အကိုႀကီးတေယာက္အေနနဲ႔ ကိုယ္ခ်င္း စာနာ တတ္ဖို႔လိုတယ္။ အခုဟာက တုိ႔ထိတို႔ထိနဲ႔ .. က်ေနာ္တို႔ အရင္သတ္မွတ္ ထားတဲ့နယ္ေျမေတြ ႐ွိတယ္။ ဒါေတြကို ေက်ာ္ၿပီးေတာ့ သူတို႔အနားထိကို သြား ၿပီးေတာ့မွ ေသြးတိုးစမ္းၿပီး ႐ွမ္းနဲ႔လည္း သြားလုပ္လိုက္ ကခ်င္ကိုလည္း သြားလုပ္ လိုက္ ပေလာင္ကိုလည္း သြားလုပ္လုိက္နဲ႔ အဲလိုသြားၿပီးေတာ့ ဗုိလ္က်သလို ၿဖစ္ေနတယ္ .. ဒါက်ေနာ့္အျမင္ေပါ့ေလ။တုိင္းရင္းသားေတြဖက္ကလည္း အခု လိုေပါ့ေလ မူဆယ္တို႔ ကားလမ္းတို႔ လူေတြဒုကၡေရာက္ေအာင္ မလုပ္သင့္ဘူးဗ်။ ပစ္ခ်င္းပစ္ တပ္စခန္းေတြ တုိက္တာကိုေတာ့ က်ေနာ္မေျပာလိုဘူး။ နယ္ေျမ သပ္သပ္မွတ္မွတ္ မ႐ွိတဲ့အခါက်ေတာ့ ဒီစစ္ပြဲ ေတြက ျဖစ္ေနက်ပါပဲ။ စစ္ပြဲေတြ ပစ္ေနခတ္ေနသမွ်ေတာ့ ႏိုင္ငံေရးစကားေျပာတယ္ဆိုတာက ဘယ္လိုမွ အဓိပၸါယ္ မ႐ွိပါဘူးဗ်။

KNU ဥကၠဌ မူတူးေစးေဖါကို ႀကဳိဆုိႏႈတ္ဆက္ေနတဲ့ (သမၼတေဟာင္း) ဦးသိန္းစိန္
ေနျပည္ေတာ္ကိုေရာက္ေနတဲ့ KNU ဥကၠဌ ေစာမူတူးေဆးဖိုး ေခါင္းေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႔နဲ႔ စေနေန႔က ေတြ႕ဆံုခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ဥပေဒ ဆိုင္ရာ သံုးသပ္ေရးေကာ္မရွင္ ဥကၠဌ သူရဦးေရႊမန္းကေတာ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး သေဘာထားအျမင္ေတြကို ေဆြးေႏြးခဲ့ေၾကာင္း သတင္းေထာက္ေ တြကို ေတြ႕ဆံုပဲြအၿပီးမွာ အခုလို ေျပာၾကားခဲ့ပါတယ္။

“ ဘာပဲျဖစ္ျဖစ္ ေကာင္းေသာေတြ႔ဆုံမႈ၊ ၿငိမ္းခ်မ္းေရးရ႐ွိေရးအတြက္ သူတို႔အျမင္ သူတုိ႔သေဘာထားေတြ ေျပာျပတယ္။ ငါတို႔ကလည္း ၿငိမ္းခ်မ္းေရး လိုခ်င္တဲ့ ပုဂၢဳိလ္မ်ား ျဖစ္တဲ့အတြက္ ကိုယ့္အျမင္ကိုယ့္သေဘာထားေတြ ေျပာတယ္။ အဲဒီ ထဲမွာ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးစားအားထုတ္ သူမွန္သမွ်ကို ကုိယ္တို႔က အင္မတန္ မွ ေလးစားတယ္ေ၊ တန္ဖိုးလည္း ထားတယ္ဆိုတာလည္း ေျပာလိုက္ပါတယ္”

အလားတူ KNU ေခါင္းေဆာင္ေတြဟာ သမၼတေဟာင္း ဦးသိန္းစိန္နဲ႔လည္း မေန႔က ေနျပည္ေတာ္မွာ ေတြ႕ဆံုခဲ့တာပါ။ႏို၀င္ဘာလ (၂၅)ရက္ေန႔က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္နဲ႔ KNU ေခါင္းေဆာင္ေတြ ေတြ႔ ဆံုေဆြးေႏြးရာမွာေတာ့ ၂၁ ရာစုပင္လံု ညီလာခံ က်င္းပႏုိင္ေရး၊ ႏုိင္ငံေရးေတြ႔ဆံုေ ဆြးေႏြးပဲြေတြနဲ႔ ႏွစ္ဖက္တပ္ ေနရာခ်ထားေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကေၾကာင္း ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။ KNU ကရင္ အမ်ဳိးသားအစည္းအရံုးဟာ သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရလက္ထက္ NCA အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ အဓိက တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ႀကီး တခုျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗီြအုိေအ (ျမန္မာပုိင္း)

Unicode Version
KNU ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးေ ဟာင်း ဦးသန်းရွှေတို့ မနေ့ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့မှုကို ကြည့်ရင် လက်ရှိ မြန်မာ့ စစ်ရေးနဲ့ နိုင်ငံရေးနောက်ကွယ်မှာ အာဏာရှင်ဟောင်းတဦး အခုချိန်ထိ ရှိနေသေး တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာ နေသူတွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်းမှာ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ် မတော်ကြား စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ KNU ခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်ရှိနေ တာဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

နိုဝင်ဘာလ (၂၇)ရက်နေ့က နေပြည်တော်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဗိုလ်ချုပ်မှူးကြီးေ ဟာင်း ဦးသန်းရွှေက KNU ခေါင်းဆောင်တွေကို ဖိတ်ခေါ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာ အသေးစိတ် မသိရပေမယ့် ငြိမ်းချမ်းရေးကိစ္စ သဘောထား အမြင်တွေ ဖလှယ်ဖို့ ဖြစ်နိုင်တယ်လို့ အများက သုံးသပ်နေကြပါတယ်။

အခုလို စစ်အာဏာရှင်ဟောင်း တဦးအဖြစ် နာမည်ကြီးခဲ့တဲ့ ဦးသန်းရွှေအနေနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ဖြစ်တဲ့ KNU ကရင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ မှုကို အများပြည်သူသိအောင် ထုတ်ပြန်တာဟာ လက်ရှိ မြန်မာ့တပ်မတော်ရဲ့နောက် ကွယ်မှာ သူရှိနေသေးတယ် ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်တယ် လို့ မြန်မာစစ်ရေးလေ့လာ သုံးသပ်နေတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ပြောပါတယ်။

“ ကျနော့်အမြင် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခု ချိန်ထိလည်း ဒီတပ်မတော်ရဲ့ နောက်ကွယ်မှာ ရှိနေသေးတယ်။ အရင်တုန်းကတော့ တပ်မတော်ရဲ့ နောက်ကွယ်ရယ် ..နောက် ပါတီပေါ့လေ ပြည်ခိုင်ဖြိုးရဲ့နောက်ကွယ် မှာ ရှိတယ်ဆိုတဲ့ဟာ ကတော့ ထင်ထင်ရှားရှားတွေ့ ရပါလိမ့်မယ်။ ဒီကြားထဲမှာ အခုပေါ့လေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာတခါပေါ် လာတယ်။ အခုတခါ မူတူးဆေးဖေါနဲ့ တွေ့တာပေါ်လာတယ်။ ဒါကိုကြည့်ခြင်း အားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံး၀ အနားယူသွားတယ် ဆိုတာက လုံး၀ မဖြစ်နိုင်ပါဘူး ”

မေး။ ။ လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းနယ်စပ်မှာ စစ်ရေးအရ တင်းမာတဲ့ အခြေ အနေဖြစ်ပေါ်နေချိန်မှာ အခုလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ ခေါင်းေ ဆာင်တွေနဲ့ဦးသန်းရွှေက တွေ့ဆုံတာဟာ သူ့အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုတာ ပြသချင်တယ်လို့ရော မြင်လို့ မရဘူးလားရှင့်။

“ အဲဒီတော့ ဗမာပြည်နိုင်ငံရေးမှာ စစ်တပ်က တကယ့်ကို ရိုးရိုးသားသားနဲ့ တိုင်းပြည် အတွက်ကို ရိုးရိုးသားသား ဖြစ်မယ် ရှိမယ်ဆိုရင်၊ အခုလက်ရှိ အခြေအနေမှာ တကယ့်တကယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု အောက်မှာ ရှိသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခု ဖြစ်နေတဲ့ အခြေအနေ အားလုံးဟာ- ကျနော်က စစ်သားတယောက်ဖြစ်နေတော့ မဝေဖန်လိုပေမယ့် တကယ့် တကယ် ဖြစ်သင့် ဖြစ်ထိုက် တာက ငြိမ်းချမ်းရေး ပင်လုံညီလာခံ မလုပ်ခင်မှာ ကတည်းကိုက စစ်တပ်ကလည်း အပစ်ရပ်တာကို အရင်ဆုံး ကြေညာသင့်ပါတယ်။ ပြီးရင် တိုင်းရင်းသားတွေ ဘက်ကလည်း အပစ်ရပ်ကြ၊ မရပ်တဲ့လူကတော့ လူဆိုးပေါ့ဗျာ။ အဲလိုဖြစ်သင့်တယ်ဗျ။ နောက်တခါ စစ်တပ်က အင်အား ကြီးတဲ့ အဖွဲ့ အစည်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူဟာ အကိုကြီးတယောက်အနေနဲ့ ကိုယ်ချင်း စာနာ တတ်ဖို့လိုတယ်။ အခုဟာက တို့ထိတို့ထိနဲ့ .. ကျနော်တို့ အရင်သတ်မှတ် ထားတဲ့နယ်မြေတွေ ရှိတယ်။ ဒါတွေကို ကျော်ပြီးတော့ သူတို့အနားထိကို သွား ပြီးတော့မှ သွေးတိုးစမ်းပြီး ရှမ်းနဲ့လည်း သွားလုပ်လိုက် ကချင်ကိုလည်း သွားလုပ် လိုက် ပလောင်ကိုလည်း သွားလုပ်လိုက်နဲ့ အဲလိုသွားပြီးတော့ ဗိုလ်ကျသလို ဖြစ်နေတယ် .. ဒါကျနော့်အမြင်ပေါ့လေ။တိုင်းရင်းသားတွေဖက်ကလည်း အခု လိုပေါ့လေ မူဆယ်တို့ ကားလမ်းတို့ လူတွေဒုက္ခရောက်အောင် မလုပ်သင့်ဘူးဗျ။ ပစ်ချင်းပစ် တပ်စခန်းတွေ တိုက်တာကိုတော့ ကျနော်မပြောလိုဘူး။ နယ်မြေ သပ်သပ်မှတ်မှတ် မရှိတဲ့အခါကျတော့ ဒီစစ်ပွဲ တွေက ဖြစ်နေကျပါပဲ။ စစ်ပွဲတွေ ပစ်နေခတ်နေသမျှတော့ နိုင်ငံရေးစကားပြောတယ်ဆိုတာက ဘယ်လိုမှ အဓိပ္ပါယ် မရှိပါဘူးဗျ။

KNU ဥက္ကဌ မူတူးစေးဖေါကို ကြိုဆိုနှုတ်ဆက်နေတဲ့ (သမ္မတဟောင်း) ဦးသိန်းစိန်
နေပြည်တော်ကိုရောက်နေတဲ့ KNU ဥက္ကဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စနေနေ့က တွေ့ဆုံခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေ ဆိုင်ရာ သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထောက်ေ တွကို တွေ့ဆုံပွဲအပြီးမှာ အခုလို ပြောကြားခဲ့ပါတယ်။

“ ဘာပဲဖြစ်ဖြစ် ကောင်းသောတွေ့ဆုံမှု၊ ငြိမ်းချမ်းရေးရရှိရေးအတွက် သူတို့အမြင် သူတို့သဘောထားတွေ ပြောပြတယ်။ ငါတို့ကလည်း ငြိမ်းချမ်းရေး လိုချင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် ကိုယ့်အမြင်ကိုယ့်သဘောထားတွေ ပြောတယ်။ အဲဒီ ထဲမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ် သူမှန်သမျှကို ကိုယ်တို့က အင်မတန် မှ လေးစားတယ်ေ၊ တန်ဖိုးလည်း ထားတယ်ဆိုတာလည်း ပြောလိုက်ပါတယ်”

အလားတူ KNU ခေါင်းဆောင်တွေဟာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့လည်း မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။နိုဝင်ဘာလ (၂၅)ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးရာမှာတော့ ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေး၊ နိုင်ငံရေးတွေ့ဆုံေ ဆွးနွေးပွဲတွေနဲ့ နှစ်ဖက်တပ် နေရာချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ KNU ကရင် အမျိုးသားအစည်းအရုံးဟာ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး တခုဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗွီအိုအေ (မြန်မာပိုင်း)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top