Property Expo
×

အေမရိကန္ေရြးေကာက္ ပဲြအၿပီးတြင္ ျပည္တြင္းေငြလဲႏႈန္း ၌ ကန္ေဒၚလာေစ်းအနည္းငယ္ ျပန္လည္က်ဆင္းလာေၾကာင္း သတင္းရရွိသည္။

ျပည္တြင္းေငြလဲႏႈန္းတြင္ ႏုိ ၀င္ဘာ ၉ ရက္ နံနက္က တစ္ေဒၚလာလွ်င္ ျပည္ပေပါက္ ေစ်း ၁,၂၉၅က်ပ္ရွိေသာ္လည္း ညေနပုိင္း၌က်ပ္ ၁,၂၈၀ ေအာက္သို႔ ျပန္လည္က် ဆင္းလာျခင္းျဖစ္ေၾကာင္း ေငြလဲေစ်းကြက္မွ သိရသည္။

ယခုရက္ပိုင္းတြင္ ေဒၚလာ ေစ်း ျမင့္တက္လာၿပီး ႏုိ၀င္ဘာ ၁ ရက္က စတင္ကာ ဗဟိုဘဏ္သည္ အေမရိကန္ တစ္ေဒၚလာကို ၁,၂၈၅ က်ပ္ျဖင့္ အဖြင့္ေစ်းသတ္ မွတ္ခဲ့သည္။ ႏုိ၀င္ဘာ ၈ ရက္တြင္ ျပင္ပေပါက္ေစ်းတစ္ေဒၚလာလွ်င္ ၁,၃၀၀ က်ပ္အထိ ေပါက္ေစ်းျဖစ္ခဲ့သည္။‘‘မေန႔ကထက္စာရင္ တစ္ ေဒၚလာကို ၁၀ က်ပ္ေက်ာ္ေလာက္ အက်ဘက္ေရာက္သြားတယ္’’ဟု ေဒၚလာအေရာင္းအ၀ယ္လုပ္သူ တစ္ဦးက ေျပာသည္။

The Telegrap သတင္းဌာန  ေဖာ္ျပခ်က္အရ အေမရိကန္ေရြး ေကာက္ပဲြတြင္ ေဒၚနယ္ထရန္႔ အ ႏုိင္ရၿပီးေနာက္ အေမရိကန္ေဒၚ လာသည္ ဂ်ပန္ယန္းႏွင့္ေငြလဲႏႈန္း ၌ ၂ ဒသမ ၆ ရာခိုင္ႏႈန္းက်ဆင္းခဲ့ၿပီး ဆြစ္ဇာလန္သုံးေငြ ဖရန္႔စ္ႏွင့္ ေငြလဲႏႈန္းတြင္ ၁ ဒသမ ၆ ရာခုိင္ ႏႈန္းက်ဆင္းခဲ့သည္။ ယူ႐ုိသည္ အေမရိကန္ေဒၚလာထက္ ၁ ဒသ မ ၈ ရာခိုင္ႏႈန္း ပိုမိုျမင့္လာခဲ့သည္။ ထို႔အျပင္ အေမရိကန္ စေတာ့ရွယ္ယာေစ်းကြက္အတြင္း ေဒါင္ဂ်ဳံးအပါအ၀င္ ကုမၸဏီအမ်ားစု၏ အစုရွယ္ယာေစ်းႏႈန္းမ်ား က်ဆင္းခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အမေရိကန်ရွေးကောက် ပွဲအပြီးတွင် ပြည်တွင်းငွေလဲနှုန်း ၌ ကန်ဒေါ်လာဈေးအနည်းငယ် ပြန်လည်ကျဆင်းလာကြောင်း သတင်းရရှိသည်။

ပြည်တွင်းငွေလဲနှုန်းတွင် နို ဝင်ဘာ ၉ ရက် နံနက်က တစ်ဒေါ်လာလျှင် ပြည်ပပေါက် ဈေး ၁,၂၉၅ကျပ်ရှိသော်လည်း ညနေပိုင်း၌ကျပ် ၁,၂၈၀ အောက်သို့ ပြန်လည်ကျ ဆင်းလာခြင်းဖြစ်ကြောင်း ငွေလဲဈေးကွက်မှ သိရသည်။

ယခုရက်ပိုင်းတွင် ဒေါ်လာ ဈေး မြင့်တက်လာပြီး နိုဝင်ဘာ ၁ ရက်က စတင်ကာ ဗဟိုဘဏ်သည် အမေရိကန် တစ်ဒေါ်လာကို ၁,၂၈၅ ကျပ်ဖြင့် အဖွင့်ဈေးသတ် မှတ်ခဲ့သည်။ နိုဝင်ဘာ ၈ ရက်တွင် ပြင်ပပေါက်ဈေးတစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်အထိ ပေါက်ဈေးဖြစ်ခဲ့သည်။‘‘မနေ့ကထက်စာရင် တစ် ဒေါ်လာကို ၁၀ ကျပ်ကျော်လောက် အကျဘက်ရောက်သွားတယ်’’ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူ တစ်ဦးက ပြောသည်။

The Telegrap သတင်းဌာန  ဖော်ပြချက်အရ အမေရိကန်ရွေး ကောက်ပွဲတွင် ဒေါ်နယ်ထရန့် အ နိုင်ရပြီးနောက် အမေရိကန်ဒေါ် လာသည် ဂျပန်ယန်းနှင့်ငွေလဲနှုန်း ၌ ၂ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဆွစ်ဇာလန်သုံးငွေ ဖရန့်စ်နှင့် ငွေလဲနှုန်းတွင် ၁ ဒသမ ၆ ရာခိုင် နှုန်းကျဆင်းခဲ့သည်။ ယူရိုသည် အမေရိကန်ဒေါ်လာထက် ၁ ဒသ မ ၈ ရာခိုင်နှုန်း ပိုမိုမြင့်လာခဲ့သည်။ ထို့အပြင် အမေရိကန် စတော့ရှယ်ယာဈေးကွက်အတွင်း ဒေါင်ဂျုံးအပါအဝင် ကုမ္ပဏီအများစု၏ အစုရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top