Kantharyar Centre
×

ၾသဂုတ္လေရာက္ၿပီ။ ပူေလာင္သည့္ ရာသီအတြင္း ကိုယ္ဝန္ေဆာင္ ရမည္ ဆိုလွ်င္ သိပ္မလြယ္။ ယခု အခ်ိန္ေလာက္တြင္ ကိုယ္ဝန္ ရွိထားလွ်င္ မဆိုး။ သို႔ေသာ္ ယေန႔အထိ သူမကို ကိုယ္ဝန္ေဆာင္ ေပးရန္ လာအပ္သူ မရွိေသး။ ကယ္လီက ဖုန္းကို ေကာက္ကိုင္လိုက္သည္။ သူမႏွင့္ ရင္းႏွီးၿပီးသား ဖုန္း တစ္လုံးကို ေခၚလိုက္သည္။ သူ႔ကို ယခင္က ကမ္းလွမ္း ထားဖူးသူ ထံသို႔ ျဖစ္သည္။ သူတို႔ စိတ္ဝင္စားေသးရဲ႕လားမသိ။ တစ္ပတ္ခန္႔ ေစာင့္ေနေသာ္လည္း အေၾကာင္းျပန္ၾကားျခင္း မရွိသျဖင့္ စိတ္ေတာ့ နည္းနည္း ပူမိသည္။
အမွန္ေတာ့ ကယ္လီကိုယ္တိုင္ ႏွစ္ႀကိမ္တိတိ ကေလး ေမြးေပးခဲ့ဖူးသည္။ ကေလးမေမြးႏိုင္ေသာ သူမ်ား၊ မ်ဳိးဥ မေအာင္ႏိုင္သူမ်ား အတြက္ သူမ အကူအညီ ေပးခဲ့သည္။ သူမ ယူသည့္ေၾကးမွာ တစ္လ ေဒၚလာ ၂၂၀၀ သာ ျဖစ္သည္။ တစ္ဖက္မွ ေတြ႕ၾကရေအာင္ဟု ျပန္ၾကားခ်က္ ရလိုက္သည္။ သူတို႔ အီးေမးလ္ လိပ္စာကိုလည္း သူမ ေရးမွတ္ထား လိုက္သည္။
ေတြ႕ဆုံေဆြးေႏြးျခင္း
ကေလး အငွားဗိုက္ျဖင့္ ေမြးျခင္း လုပ္ငန္းသည္ ေပ်ာ္ရႊင္စြာျဖင့္ နိဂုံးခ်ဳပ္ခဲ့ရသည္က မ်ားသည္။ သူ ကိုယ္ဝန္ေဆာင္ ေပးလိုက္သည့္ ကေလးတိုင္းကို ေမြးေပးၿပီးသည္ႏွင့္ ကာယကံရွင္ လင္မယားထံ အပ္လိုက္ၿပီးလွ်င္ ကိစၥ ၿပီးသြားသည္။ ထိုအခ်ိန္တြင္ က်န္ေငြမ်ားကိုလည္းရ၊ သူမ်ား လင္မယားေတြ ဝမ္းသာအားရ ေက်နပ္ပီတိ ျဖစ္ေနသည္ကို သူမကၾကည့္ၿပီး ေပ်ာ္ရႊင္ခဲ့ရသည္။
ယခု တစ္ေခါက္ကေတာ့ သိပ္မလြယ္။ အျခား ျပည္နယ္ တစ္ခုသို႔ တိတ္တဆိတ္ သြားရမည္။ သူတို႔ သတ္မွတ္ေပးထားသည့္ ေနရာ တစ္ေနရာတြင္ မ်ဳိးဥေတြ သူမ သားအိမ္ထဲသို႔ ထည့္သြင္းရမည္။ ကိုယ္ဝန္ေဆာင္ေပးျခင္း၊ ကေလး ေမြးေပးျခင္းတို႔ကို ခိုးေၾကာင္ခိုးဝွက္ လုပ္ေပးရမည္။ ဤအလုပ္ကို သူမက ေအဂ်င္စီ တစ္ခုမွ တစ္ဆင့္ ဆက္သြယ္ခဲ့ျခင္း ျဖစ္သည္။
အသက္ ၂၉ ႏွစ္ ရွိၿပီျဖစ္ေသာ ကယ္လီသည္ သူ႔ကို မ်ဳိးဥေတြ ေပးမည့္ ဇနီးေမာင္ႏွံႏွင့္ ကြန္နက္ တီးကပ္ျပည္နယ္ ဗာႏြန္ၿမဳိ႕တြင္ ေတြ႕ဆုံၾကရန္ ခ်ိန္းထားသည္။ ဗာႏြန္သို႔ ေရာက္ေသာ္ ကေလး သုံးေယာက္ႏွင့္အတူ ထိုမိသားစုကို ေတြ႕လိုက္ရသည္။ ကေလးေတြကို ယုယ ခ်စ္ခင္ေနေသာ သူတို႔ကို ေတြ႕ၿပီး ေလးစားသြားမိသည္။ ထိုကေလးမ်ားကလည္း အျခားသူမ်ား ဗိုက္အငွားျဖင့္ေမြး ထားခဲ့ျခင္း ျဖစ္သည္။ သူတို႔က စတုတၳေျမာက္ ကေလး တစ္ေယာက္ လိုခ်င္ေနသည္။ သူတို႔ကို ၾကည့္ၿပီး ကယ္လီက အလုပ္ကို လက္ခံရန္ ဆုံးျဖတ္လိုက္သည္။
၂၀၁၁ ခုႏွစ္ ေအာက္တိုဘာ ၈ ရက္ေန႔တြင္ ကယ္လီ့ သားအိမ္ အတြင္းသို႔ ဖန္ၿပြန္ သေႏၶသား ထည့္သြင္းေပးရန္ ရက္ခ်ိန္း ယူလိုက္ၾကသည္။ အမ်ဳိးသားက ယခင္ ကေလးမ်ားကို ယူစဥ္ကတည္းက ခ်န္ထားသည့္ ဖန္ျပြန္ သေႏၶသား က်န္ေသးသည္ဟု ေျပာသည္။ ထိုလက္က်န္ ဖန္ျပြန္ သေႏၶေလာင္း ျဖင့္ ကေလး ဆက္ယူရန္ သူတို႔ ဆုံးျဖတ္ခဲ့ၾကသည္။
ေနာက္ ၁၀ ရက္အၾကာတြင္ သူတို႔ ထည့္သြင္းလိုက္သည့္ သေႏၶေလာင္းမွာ ေအာင္ျမင္ေနၿပီး သူမတြင္ ကိုယ္ဝန္ရွိသြားၿပီျဖစ္ေၾကာင္း ဆရာဝန္က ေျပာသည္။
တစ္ခုခု မွားသြားသလား
ကယ္လီသည္ သူ႔အိမ္သို႔ ျပန္အေရာက္ ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ အီးေမးလ္ တစ္ေစာင္ လက္ခံ ရရွိလိုက္သည္။ ကိုယ္ဝန္အငွား လင္မယားထံမွ ျဖစ္သည္။ ထိုအီးေမးလ္တြင္ သူတို႔က “ဘာလိုလိုနဲ႔ ေမြးဖို႔ ထက္ဝက္ က်ဳိးလာၿပီေနာ္၊ ဂုဏ္ယူပါတယ္” ဟူ၍ ေရးထားသည္။
ယခု ကယ္လီ ကိုယ္ဝန္ ငါးလ ရွိေနၿပီ။ သူက အေျခအေနကို သိရွိႏိုင္ရန္ ေဆး႐ုံသို႔ အာထရာေဆာင္း သြား႐ိုက္ၿပီး အစစ္ေဆးခံလိုက္သည္။ အာထရာေဆာင္း႐ိုက္သည့္ ပညာရွင္က သူမဗိုက္ထဲရွိ ကေလး သည္ ပုံမွန္ ႀကီးထြားေနေသာ္လည္း ႏွလုံးက ေသးလြန္းေနသျဖင့္ အားမရေၾကာင္း၊ ထို႔ေၾကာင့္ ေနာက္တစ္ပတ္ ျပန္လာၾကည့္ရန္ ခ်ိန္းလိုက္သည္။ ကယ္လီသည္ ကားေမာင္းလာစဥ္ ဖုန္းဝင္လာသည္။ ကေလး မိခင္ထံမွ ျဖစ္သည္။ “ကေလး တစ္ခုခုမ်ား ျဖစ္ေနသလား။ စိုးရိမ္လိုက္တာရွင္” ဟု ေျပာသည္။ ေနာက္တစ္ပတ္တြင္ အာထရာေဆာင္း တစ္ႀကိမ္ ထပ္လုပ္ေသာအခါ ဖြံ႕ၿဖဳိးလာသည့္ ကေလး႐ုပ္က ပိုၿပီး ပီျပင္လာသျဖင့္ ဆရာဝန္က ေသခ်ာစြာ ေျပာႏိုင္သြားသည္။
ကေလးတြင္ ႏႈတ္ခမ္းႏွင့္ အာေခါင္က ကြဲေနသည္။ ဦးေႏွာက္တြင္လည္း အရည္အိတ္ တည္ေနၿပီး ႏွလုံးကလည္း အေျခအေန မေကာင္းေပ။ သူတို႔ ဝမ္းဗိုက္ အျခား ေနရာမ်ားႏွင့္ သရက္႐ြက္ကို မျမင္ရ ေသးေပ။ ကေလးမွာ မိန္းကေလး ျဖစ္သည္။ ေနာက္တစ္ႀကိမ္ အာထရာေဆာင္း ႐ိုက္ၿပီး သုံးရက္ခန္႔ အၾကာတြင္ ကယ္လီ စိတ္ထဲ၌ စိုးရိမ္စိတ္ေတြ ဝင္လာသည္။ ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔တြင္ သူမသည္ ဟတ္ဖို႔ဒ္ ေဆး႐ုံသို႔ လမ္းေလွ်ာက္ ၿပီး လာခဲ့သည္။ သူမ ကိုယ္၀န္က ၂၁ ပတ္ ရွိသြားၿပီ။ မိခင္မ်ားကို ကေလးအေၾကာင္း ေျပာျပလိုက္ လွ်င္ ထိတ္လန္႔ တုန္လႈပ္သြားစရာ အေၾကာင္း ရွိသည္။
မတင္မက် အခက္အခဲကာလ
ေဆး႐ုံတြင္ ကေလး၏ မိဘႏွစ္ပါး ေရာက္ေနသည္။ အာထရာေဆာင္း ပညာရွင္က ကယ္လီ၏ ဗိုက္ေပၚသို႔ ပစၥည္း တစ္ခုကို ျဖတ္သန္း ျပလိုက္သည္။ ကေလး၏ ကြဲေနေသာ ႏႈတ္ခမ္းကို ပီျပင္စြာ ေတြ႕လိုက္ၾကရသည္။ ႏွလုံး အေနအထား မေကာင္းေၾကာင္း၊ ဦးေႏွာက္ကလည္း ပုံမွန္ အေနအထား မဟုတ္ေၾကာင္း ထပ္မံ အတည္ျပဳ ေျပာၾကားခဲ့သည္။
ဆရာဝန္က ကေလးက ေမြးၿပီးသည္ႏွင့္ ႏွလုံးကို ခြဲစိတ္ ကုသရန္ လိုအပ္မည္ ျဖစ္ေၾကာင္း၊ ကေလး အေနႏွင့္ ပုံမွန္ အေနအထားသို႔ ေရာက္ရန္ ဆိုသည္မွာ ၂၅ ရာခိုင္ႏႈန္းသာရွိေၾကာင္း ေျပာၾကားခဲ့ သည္။ “အာထရာေဆာင္းရဲ႕ အေျဖကို ေတြ႕လိုက္ေတာ့ ကေလးဟာ အ႐ြယ္နဲ႔ မမွ်ေအာင္ ခံစားေနရတာပဲ ဆိုၿပီး စိတ္မေကာင္း ျဖစ္မိတယ္။ ညီမအေနနဲ႔ ဝမ္းနဲ႔ လြယ္ထားရသူ တစ္ေယာက္ ျဖစ္တဲ့အတြက္ ပိုၿပီးေတာ့ ခံစားရမယ္ေတာ့ ထင္တယ္။ ဒါေပမဲ့ ညီမရယ္ စိတ္ေလွ်ာ့လိုက္ပါေတာ့” ဟု စာျပန္ ေရးခဲ့သည္။
ထို႔ျပင္ သူတို႔က ကေလး သုံးေယာက္စလုံးကို က်န္းမာစြာ ေမြးဖြားႏိုင္ခဲ့ၿပီးမွ ယခုကဲ့သို႔ ေမြးရာပါ ခြၽတ္ယြင္းသည့္ ကေလး တစ္ေယာက္ကို ျပဳစုရန္ ဝန္ေလးေနပုံရသည္။ သူတို႔က ကေလး ႀကီးထြား လာသည္ႏွင့္အမွ် ပိုၿပီး ေဝဒနာ ခံစားရမည္ကို စိုးရိမ္ေနၾကသည္။ ထို႔ေၾကာင့္ ကိုယ္ဝန္ကို ဖ်က္ခ်လိုက္ ရန္ တိုက္တြန္းၾကသည္။ သို႔ေသာ္ ကယ္လီက သေဘာမတူခဲ့ေပ။ သူတို႔ သုံးေယာက္ အခန္း တစ္ခန္းအတြင္း က်ိတ္ေဆြးေႏြးခဲ့ရာတြင္လည္း ကေလး မိဘမ်ားက ထိုကေလးကို မလိုခ်င္ေတာ့ေၾကာင္း၊ သူတို႔ အေနႏွင့္ အျခား ကေလးမ်ားအတြက္ပါ ဝန္ထုပ္ဝန္ပိုး ျဖစ္သည္ကို မလိုခ်င္ေၾကာင္း ေျပာကာ ကယ္လီကို ကိုယ္ဝန္ ဖ်က္ခ်ရန္ တိုက္တြန္းၾကသည္။
“ကြၽန္မကေတာ့ ရွင္တို႔ တာဝန္ယူခ်င္ယူ၊ မယူခ်င္ေန ေမြးခြင့္ေပးဖို႔ လိုတယ္” ဟု ကယ္လီက အခိုင္အမာ ေတာင္းဆိုလိုက္သည္။ မည္သို႔မွ် ေျပာမရသည့္အဆုံးတြင္ ကယ္လီသည္ အခန္းအျပင္သို႔ တစ္ေယာက္တည္း ထြက္ခဲ့သည္။ “ကြၽန္မ သူတို႔ကို လွည့္ေတာင္ မၾကည့္ေတာ့ဘူး” ဟု ကယ္လီက ဆိုသည္။
ကိုယ္ဝန္ဖ်က္ခ်ခ ေဒၚလာ ၁၀,၀၀၀ ေပးမည္
ေနာက္တစ္ေန႔တြင္ ကေလး၏ မိခင္ျဖစ္သူက ဟတ္ဖို႔ဒ္ ေဆး႐ုံသို႔ ကေလး ဖ်က္ခ်ခြင့္ကို ေတာင္းဆို တင္ျပသည္။ သူတို႔က ကေလးသည္ အသက္ရွင္ရန္ အခြင့္အလမ္း နည္းသျဖင့္ဟု အေၾကာင္းျပၾက သည္။ ကေလးသည္ ေမြးၿပီးလွ်င္လည္း အသက္ရွင္ရန္ မလြယ္သျဖင့္ ကေလးကိုေရာ မိခင္ကိုပါ ေထာက္ထားေသာအားျဖင့္ ကိုယ္ဝန္ဖ်က္ခ်ခြင့္ ျပဳရန္ ေလွ်ာက္ထားၾကသည္။ အကယ္၍ သူတို႔ ေျပာသည့္အတိုင္း မလုပ္လွ်င္ ကယ္လီ့ တာဝန္သာ ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ ၾကသည္။
ကယ္လီက ေခါင္းမာေနသျဖင့္ ကေလး မိဘမ်ားသည္ ကိုယ္ဝန္အငွား ေအဂ်င္စီကို တိုင္ျပန္သည္။ ရက္အနည္းငယ္ခန္႔ အၾကာတြင္ ကယ္လီ့ထံ အီးေမးလ္ တစ္ေစာင္ ေရာက္လာသည္။ ေအဂ်င္စီထံမွ ျဖစ္သည္။ အကယ္၍ ကေလးကို ေမြးမည္ဆိုလွ်င္ ကေလး မိဘမ်ားက သူတို႔အေနႏွင့္ တရားဝင္ မိဘ အျဖစ္ ခံယူမည္ မဟုတ္ေၾကာင္း၊ တာဝန္လည္း ယူေတာ့မည္ မဟုတ္ေၾကာင္း ေျပာလာျခင္း ျဖစ္သည္။
“ကေလးကို ေမြးသင့္ မေမြးသင့္ဆိုတာ ရွင့္အေပၚမွာပဲ တည္တယ္။ ဒါေၾကာင့္ ရွင္ပဲ ဆုံးျဖတ္ရမယ္” ဟု ေနာက္ဆုံး ရာဇသံ ေပးလိုက္သည္။ ကယ္လီသည္ ကေလး၏ အေမဘဝလည္း မခံယူခ်င္ေပ။ သူက အျခား မိသားစု တစ္စုကို ကိုယ္ဝန္ အငွား ေဆာင္ေပးမည္ဟု ကတိေပးထားသည္။ ၿပီးေတာ့ သူ႔ဘဝတြင္ ကိုယ္ဝန္ အငွားေဆာင္ၿပီး ရွာစားေနရသျဖင့္ ကေလးတစ္ေယာက္ တိုးလိုးတြဲေလာင္းလည္း မျဖစ္ခ်င္။
ေနာက္ဆုံး ေအဂ်င္စီက အကယ္၍ သူမအေနႏွင့္ ကေလးကို ဖ်က္ခ်လိုက္လွ်င္ ေဒၚလာ ၁၀,၀၀၀ ေပးမည္ဟု ထပ္ၿပီး ညႇိႏိႈင္းျပန္သည္။ ကယ္လီသည္ ဤအလုပ္ လုပ္စားေနေသာ္လည္း ဘာသာေရးႏွင့္ ကိုယ္က်င့္တရားအရ လက္မခံေပ။ ေငြရွာေနျခင္း ျဖစ္ေသာ္လည္း ကိုယ္ဝန္ဖ်က္ခ်ျခင္းကိုေတာ့ မလုပ္ႏိုင္။ သူမ ကိုယ္ဝန္မေဆာင္မီ ကတည္းက ယခင္လုပ္ေနသည့္ ကေလးထိန္း နာနီ အလုပ္ကို စြန္႔လႊတ္ခဲ့ၿပီး ျဖစ္သည္။ ထို႔ေၾကာင့္ သူမ ဘဝ ရပ္တည္ေရးအတြက္ ယခု ကိုယ္ဝန္ကလြဲၿပီး ေငြရကိန္းလည္း မရွိ။ ကေလး မိဘမ်ားက သူမကို တစ္လ ၂၂၂၂ ေဒၚလာ ေထာက္ပံ့ေငြျဖင့္ သူမ ရပ္တည္ေနရသည္။
ကယ္လီက ကေလး မိဘမ်ားထံမွ ေဒၚလာ ၁၅၀၀၀ ေပးမလားဟု ေစ်း ကမ္းလွမ္းရန္ စိတ္ကူးလိုက္ ေသးသည္။ သို႔ေသာ္ ကေလးကို ဘယ္လိုမွ မဖ်က္ခ်ရက္ေပ။ ေအဂ်င္စီက သူမကို ကေလး ဖ်က္ခ်ရန္ ဘယ္ေန႔ အားသလဲ၊ ေဆး႐ုံတြင္ ရက္ခ်ိန္းယူလိုက္မည္ဟု အီးေမးလ္ လွမ္းပို႔သည္။ ကယ္လီ့ အေျဖက ရွင္းသည္။ ဘယ္ေတာ့မွ ကေလးကို မဖ်က္ခ်ဘူးဟူ၍ ျဖစ္သည္။
အခ်ိန္၏ အဆုံးအျဖတ္
၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔တြင္ ျဖစ္သည္။ ေနာက္ဆုံး အာထရာေဆာင္း ႐ိုက္ၿပီး ေျခာက္ရက္ေျမာက္ ေန႔တြင္ ျဖစ္သည္။ ကယ္လီ စာတစ္ေစာင္ လက္ခံ ရရွိလိုက္သည္။ ကေလး မိဘေတြက ေရွ႕ေန ငွားလိုက္ၿပီ ျဖစ္ေၾကာင္း ေရးသားထားသည္။ “သင္သည္ ဤကိုယ္ဝန္ကို ဆုံးခန္းတိုင္ တာဝန္ယူမည္။ တန္ဖိုးရွိေသာ အခ်ိန္မ်ားကို မျဖဳန္းပါႏွင့္” ဟု ကြန္နက္တိကတ္ ျပည္နယ္ ဝက္စ္ဟတ္ဖို႔ဒ္က ေရွ႕ေနတစ္ဦး ျဖစ္သူ ေဒါက္ဂလပ္စ္ ဖစ္ရွ္မင္းကလည္း သူ႔ထံ စာေရးခဲ့သည္။
မတ္လ ၅ ရက္ေန႔တြင္ ကယ္လီ၏ ကိုယ္၀န္ ၂၄ ပတ္ ရွိမည္။ ထိုကာလေနာက္ပိုင္းတြင္ သူမအေနျဖင့္ တရားဝင္ ကိုယ္ဝန္ ဖ်က္ခ်ခြင့္ ရွိေတာ့မည္ မဟုတ္ေပ။ ထို႔ေၾကာင့္ ေရွ႕ေနက သတိေပးျခင္းျဖစ္သည္။ ထို႔ေၾကာင့္လည္း အခ်ိန္မျဖဳန္းရန္ သူက သတိေပးလိုက္ျခင္း ျဖစ္သည္။ ထို႔ျပင္ ေရွ႕ေန ဖစ္ရွ္မင္းက ဝမ္းဗိုက္အတြင္း လြယ္ထားရသည့္ ကေလးမွာ ပုံမွန္ မဟုတ္သည့္အျပင္ အသက္ရွင္ရန္ ခက္ခဲေသာေၾကာင့္ ဖ်က္ခ်ခြင့္ ျပဳရန္ ေလွ်ာက္ထားခ်က္ကို လက္မွတ္ ထိုးေပးလိုက္ဖို႔ တိုက္တြန္းလိုက္သည္။ သို႔ေသာ္ သူတို႔ စတင္ စာခ်ဳပ္စဥ္က အကယ္၍ ကေလးသည္ ပုံမွန္ အေနအထား မဟုတ္လွ်င္ ဖ်က္ခ်ခြင့္ ေပးရမည္ဆိုသည့္အခ်က္ မပါေပ။
ကယ္လီက သူမအေနျဖင့္ ကိုယ္ဝန္ကို ဖ်က္မခ်ႏိုင္ေၾကာင္း၊ ထို႔ျပင္ သူမကို ေပးရန္ က်န္ေသးသည့္ ေဒၚလာ ၈၀၀၀ အပါအဝင္ ေဆးကုသခ စရိတ္၊ ေမြးစရိတ္မ်ားကိုလည္း သူတို႔ စာခ်ဳပ္ထဲတြင္ပါသည့္ အတိုင္း အတိအက်ေပးရန္ ေတာင္းဆိုလိုက္သည္။ ေရွ႕ေနက ကယ္လီ၏ ေတာင္းဆိုခ်က္ကို ျငင္းပယ္လိုက္သည္။ “အေျခအေနက အရမ္းကို ႐ႈပ္ေထြးေန တယ္။ အမႈကလည္း အရမ္းကို ႐ႈပ္ေထြးေနတယ္” ဟု သူက ေျပာသည္။ အမွန္ေတာ့ စာခ်ဳပ္ စတင္ ခ်ဳပ္ဆိုကတည္းက မပါသည့္ အခ်က္မ်ားအတြက္ လုပ္ေဆာင္ရန္ သူ႔အေနျဖင့္လည္း အခက္ ေတြ႕ေနရသည္။
တစ္ဖက္ ေရွ႕ေနထံမွ စာရၿပီးသည့္ေနာက္တြင္ ကယ္လီကလည္း ေရွ႕ေန ငွားရန္ ဆုံးျဖတ္လိုက္သည္။ သူမ ငွားလိုက္သည့္ ေရွ႕ေနမွာ မိုက္ကယ္ ဒီပရီမိုျဖစ္ၿပီး ကြန္နက္တိကက္ၿမဳိ႕ ဟမ္ဒမ္တြင္ ေနထိုင္သူ ျဖစ္သည္။ မိုက္ကယ္ကလည္း စာခ်ဳပ္ထဲတြင္ မည္သို႔ ခ်ဳပ္ဆိုထားသည္ျဖစ္ေစ ကိုယ္ဝန္ကို ဖ်က္ခ်ရန္ မလိုဟု ေျပာခဲ့သည္။ မိုက္ကယ္က တစ္ဖက္ ေရွ႕ေန ဖစ္ရွ္မင္းထံ အီးေမးလ္ျဖင့္ စာပို႔လိုက္သည္။ ကယ္လီကို မည္သည့္ နည္းႏွင့္မွ် ကိုယ္ဝန္ဖ်က္ခ်ခြင့္ မျပဳႏိုင္ဟူ၍ ျဖစ္သည္။ ဖစ္ရွ္မင္းက “ခင္ဗ်ား အမႈသည္က ကိုယဝန္ ဖ်က္ခ်ဖို႔ ပိုက္ဆံမ်ားမ်ား လိုခ်င္ေနပုံ ရပါတယ္” ဟုလည္း မိုက္ကယ့္ထံ စာျပန္ေရးခဲ့သည္။
လွ်ဳိ႕ဝွက္ ေလေၾကာင္းခရီး
မိုက္ကယ္သည္ တစ္ဖက္ ေရွ႕ေနထံမွ ဖုန္းကို လက္ခံ ရရွိခဲ့သည္။ သူ႔အမႈသည္ မိဘမ်ားက စိတ္ေျပာင္းသြားၿပီ ျဖစ္ေၾကာင္း၊ သူတို႔ကေလးကို ေမြးေပးရန္ လက္ခံလိုက္ေၾကာင္း၊ သို႔ေသာ္ ေမြးၿပီးၿပီးခ်င္း သူတို႔ လက္ထဲသို႔ ကေလးကို အပ္ရမည္ ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ သူတို႔ ၿမဳိ႕သို႔လာၿပီး ကေလးေမြးေပးရမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ကယ္လီကို သူ႔ေရွ႕ေနက ယင္းေတာင္းဆိုခ်က္မွာ ၿခိမ္းေျခာက္သည့္ သေဘာ မဟုတ္ေၾကာင္း၊ ဥပေဒအရ သူတို႔သည္ မိဘမ်ား ျဖစ္ေနၿပီး ဤကေလးမွာ ကယ္လီ မပိုင္ေၾကာင္း ကြန္နက္တီကတ္ ေမြးဖြားမႈ လုံၿခံဳေရး အက္ဥပေဒအရလည္း ကေလးကို တစ္လခန္႔ ထိန္းသိမ္းထားၿပီးမွ စြန္႔ပစ္လိုက္ လွ်င္လည္း ဥပေဒအရ အျပစ္ေပးပိုင္ခြင့္ မရွိေတာ့ေၾကာင္း ရွင္းျပသည္။
ကေလးသည္ ေမြးဖြားၿပီးခ်င္း ေစာင့္ေရွာက္ ထိန္းသိမ္းႏိုင္မႈ မရွိလွ်င္ အသက္ရွင္ရန္ မလြယ္ေၾကာင္း ကယ္လီ သိသည္။ ဥပေဒအရလည္း ေမြးၿပီးလွ်င္ ေပးလိုက္ရမည္။ သူတို႔ကေလးကို ဘာဆက္လုပ္ မည္မသိ။ အမႈ ရင္ဆိုင္လွ်င္လည္း ႐ႈံးမည္က ေသခ်ာေနသည္။ တစ္ခုေတာ့ လုပ္ႏိုင္တာရွိေၾကာင္း မိုက္ကယ္က ကယ္လီ့ကိုေျပာသည္။ ေမြးဖြားသည့္ မိခင္ကိုသာ မိခင္အျဖစ္ အသိအမွတ္ျပဳသည့္ ျပည္နယ္ ရွိသည္။ ထိုျပည္နယ္တြင္ ကေလး သြားေမြးလွ်င္ေတာ့ ကေလးမိခင္အျဖစ္ အသိအမွတ္ျပဳျခင္း ခံရလိမ့္မည္ ျဖစ္သည္။ ထိုေနရာမွာ မိုင္ ၇၀၀ ေဝးကြာသည့္ ေနရာတြင္ ရွိသည္။ ကြန္နက္တီကပ္ ဥပေဒအရ ကေလးအတြက္ မ်ဳိးဥကို ထုတ္ေပးသည့္ မိခင္ႏွင့္ ဖခင္မ်ားကသာ ကေလးကို တရားဝင္ ပိုင္ဆိုင္ခြင့္ ေပးထားသည္။ အျခား ျပည္နယ္မ်ားတြင္ ထိုဥပေဒကို လက္မခံေပ။ ထို႔ျပင္ အငွားဗိုက္ျဖင့္ ေမြးေပးျခင္းကိုလည္း တရားဝင္သည္ဟု လက္မခံေပ။ ထိုျပည္နယ္မ်ားတြင္ ကေလးကို ဝမ္းႏွင့္ လြယ္ထားၿပီး ေမြးထုတ္သူသာ မိခင္ဟု သတ္မွတ္ လက္ခံထားသည္။
ဧၿပီလ ၁၁ ရက္ေန႔ ကိုယ္ဝန္ ခုနစ္လ ရွိေနခ်ိန္တြင္ ကယ္လီသည္ သမီးေလးကို ေမြးဖြား ေစာင့္ေရွာက္ ခြင့္ ရမည့္ မစ္ခ်ီဂန္ ျပည္နယ္သို႔ တိတ္တဆိတ္ ထြက္ခြာလာခဲ့သည္။ သူမက ကားယူသြားရန္ စီစဥ္ေသာ္လည္း ေရွ႕ေနက ေျခရာခံ လိုက္ႏိုင္သည္ဟု ေျပာသျဖင့္ ကားကို ထားသြားရသည္။ “ကြၽန္မကို သူေလးက ဗိုက္ထဲကေန ကန္ၿပီး သတိေပးေနသလိုပဲ။ ဒါေၾကာင့္ သူတို႔နဲ႔ တိုက္ခိုက္ မေနေတာ့ဘဲ ေရွာင္ထြက္သြားၿပီး ေမြးဖြားဖို႔ ဆုံးျဖတ္လိုက္တာပါ” ဟု ကယ္လီက ဆိုသည္။ ကယ္လီသည္ မစ္ခ်ီဂန္ကို ေ႐ြးခ်ယ္လိုက္ရျခင္းမွာ ဥပေဒေၾကာင္းအရအျပင္ ေဆးဝါးကုသရန္ အတြက္လည္း ျဖစ္သည္။ မစ္ခ်ီဂန္ရွိ စီအက္စ္ေမာ့တ္ ကေလး ေဆး႐ုံႀကီးသည္ ႏွလုံးေရာဂါကုသမႈ ႏွင့္ပတ္သက္ၿပီး နာမည္ ေက်ာ္သည္။ ထိုၿမဳိသို႔ ေရာက္ေသာအခါ မစ္ခ်ီဂန္ ကေလး ေဆး႐ုံတြင္ ေမြးဖြားခြင့္ ရရန္ စီစဥ္ၿပီး သူ႔ဗိုက္ကိုလည္း ကေလး အထူးကု ဆရာဝန္ႀကီး တစ္ဦးထံ အပ္လိုက္သည္။ တစ္ခုပဲ က်န္ေတာ့သည္။ ဤကေလးကို ေမြးၿပီးလွ်င္ ဆက္ၿပီး ေစာင့္ေရွာက္မွာလားကို ဆုံးျဖတ္ရန္ ျဖစ္သည္။
သူမအေနျဖင့္ ယခု အလုပ္မရွိ။ ေနထိုင္စရာလည္း အတည္တက် မရွိ။ စိတ္မေကာင္းေသာေၾကာင့္ ကေလးကို ေမြးရန္ ဆုံးျဖတ္လိုက္ေသာ္လည္း မည္သို႔ ထိန္းသိမ္း ေစာင့္ေရွာက္ရမည္မွန္းလည္း မသိေသးေပ။ “ကေလးက ဘဝတစ္ေလွ်ာက္လုံး အခက္အခဲေတြနဲ႔ ရင္ဆိုင္ရေတာ့မယ္ဆိုတာ ကြၽန္မတို႔ သိပါတယ္။ ကြၽန္မတို႔အေနနဲ႔ ကေလးရဲ႕ မိခင္ ဖခင္ေတြ ျဖစ္ခဲ့ရတာကိုလည္း ရွက္မိပါတယ္။ ကိုယ္ေမြးလိုက္တဲ့ ကေလးကို စြန္႔ပစ္လိုက္သလိုလည္း ခံစားရပါတယ္။ မဆိုင္တဲ့ မိခင္တစ္ေယာက္က တာဝန္ယူၿပီး ေမြးေပးေတာ့မယ္လို႔လည္းမေမွ်ာ္လင့္မိပါဘူး။ ေကာင္းေကာင္း ေမြးဖြား ေစာင့္ေရွာက္ႏိုင္
ပါေစရွင္” ဟု ကေလး၏မိခင္ ျဖစ္သူက သူမထံ အီးေမးလ္ ပို႔ကာ ဆက္သြယ္ခဲ့သည္။ ကယ္လီက ကေလးကို သူမ ေမြးစားမည္ ျဖစ္ေၾကာင္း စာျပန္လိုက္သည္။ ဆုံးျဖတ္ခ်က္ကို ခိုင္မာစြာ ခ်လိုက္သျဖင့္ ေပါ့ပါးသြားသည္။ ခုေတာ့ သမီးေလး ေနစရာ ေနရာ ရွိသြားၿပီ ျဖစ္သည္။
မေမွ်ာ္လင့္ေသာ စိန္ေခၚမႈ
ေမလအထိ ကယ္လီသည္ ကေလး မိဘမ်ားထံမွ ဘာစာမွ်လည္း မရ။ ေမလ သူမ ေမြးဖြားရန္ တစ္လခန္႔ အလိုတြင္ ကေလးမိဘမ်ားသည္ ကြန္နက္တိကတ္ တရား႐ုံး၌ သူတို႔သည္ ကေလး၏ မိဘအရင္းမ်ား ျဖစ္သျဖင့္ ကေလး ရပိုင္ခြင့္ ေလွ်ာက္ထားေနေၾကာင္း၊ သူတို႔သည္ ကေလးေမြးစာရင္း တြင္ သူတို႔ အမည္ကို ေရးသြင္းေပးေစလိုေၾကာင္း ေတာင္းဆိုသည္ဆိုေသာ သတင္းကို ၾကားရျပန္ သည္။ ဇြန္လ ၂၅ ရက္ေန႔တြင္ ေမြးဖြားလာမည့္ ကေလးအတြက္ ႏွစ္ဖက္ ေရွ႕ေနမ်ား တိုက္ပြဲ ဆင္ၾကျပန္သည္။ ေမြးဖြားခ်ိန္ အေရာက္တြင္ ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့သည္။ ေျခာက္ေပါင္ႏွင့္ ကိုးေအာင္စ ရွိသည္။ သို႔ေသာ္ ေမြးဖြားၿပီးၿပီးခ်င္း အသက္မ႐ွဴေပ။ တစ္ကိုယ္လုံးေပ်ာ့ၿပီး ျပာႏွမ္းေနသည္။ ႏွလုံးခုန္ႏႈန္းကလည္း ေၾကာက္စရာ ေကာင္းေလာက္ေအာင္
 ေႏွးေကြးေနသည္။ ကေလး၏ အဆုတ္ ေသးေသးေလး အတြင္းသို႔ ေအာက္ဆီဂ်င္ကို စက္ျဖင့္ သြင္းေပးေနရသည္။ စကၠန္႔ ၂၀ ေလာက္ၾကာမွ ႏွလုံးခုန္ႏႈန္းက ပုံမွန္ ျဖစ္လာသည္။ ကေလး အသားအေရာင္ကလည္း ေျပာင္းလာသည္။ စိုးရိမ္စရာ မရွိေတာ့သျဖင့္ စက္မ်ားကို ဖယ္လိုက္မွ ကေလးလည္း ငိုလာႏိုင္ေတာ့ သည္။
ကယ္လီက ကေလးအတြက္ ေမြးစာရင္း သြားလုပ္သည္။ ဖခင္အမည္ ေနရာတြင္ေတာ့ ကြက္လပ္ ထားလိုက္သည္။ ေနာက္ သုံးပတ္ခန္႔ အၾကာတြင္ ကေလး မိဘမ်ားက သူမႏွင့္ ထပ္မံ ဆက္သြယ္ လာျပန္သည္။ သူတို႔က ကေလးကို က်န္းမာေရးအတြက္ ေစာင့္ေရွာက္ခြင့္ ရေစလိုေၾကာင္း ေတာင္းဆိုၾကသည္။ ကယ္လီက ကေလးကို သူ႔မိဘမ်ားႏွင့္ ေတြ႕ခြင့္ ေပးလိုက္သည္။ သူတို႔က သနားစရာ ကေလးကို ၾကည့္ၿပီး လက္ကေလးကို ဆုပ္ကိုင္ထားၾကသည္။ ကေလးသည္ ေရာဂါ အေျခအေနအရ စကားလည္း မေျပာႏိုင္၊ လမ္းလည္း မေလွ်ာက္ႏိုင္၊ လက္ေတြလည္း သဘာဝအတိုင္း ဆုပ္ကိုင္ႏိုင္စြမ္း ရွိမည္ မဟုတ္ေပ။ ကေလးကို ေမြးဖြားလိုက္ျခင္းႏွင့္ ပတ္သက္ၿပီး အေကာင္းေျပာသူေတြ ရွိသလို အျပစ္ ေျပာသူေတြႏွင့္ လည္း ကယ္လီ ရင္ဆိုင္ရသည္။ တခ်ဳိ႕က မိဘေတြ မလိုခ်င္သည့္ ကေလးကို ရေအာင္ ေမြးခဲ့သျဖင့္ ခ်ီးက်ဴးၾကသည္။ တခ်ဳိ႕ကလည္း ဒုကၡေတြ ခံစားရေစရန္ ေမြးဖြားခဲ့သည္ဟု အျပစ္တင္ၾကသည္။
ကယ္လီက သူမ အျမင္ေတြကို surrogateinsanity.blogspot တြင္ ေရးသား ေဖာ္ျပခဲ့သည္။ သူမကို အျခား အငွား ကိုယ္ဝန္ေဆာင္သူေတြက ဝိုင္းဝန္း တိုက္ခိုက္ၾကသည္။ ကယ္လီက
“ကြၽန္မကို ဆိုးတယ္ ေျပာေျပာ၊ မွားတယ္ ေျပာေျပာ ကြၽန္မ ဂ႐ုမစိုက္ပါဘူး။ ကိုယ္ဝန္ဖ်က္ခ်ခိုင္းတာ ကိုေတာ့ ဘယ္နည္းနဲ႔မွ လက္မခံႏိုင္လို႔ပါ” ဟု ျပန္လည္ ေခ်ပသည္။ မည္သို႔ဆိုေစ အေကာင္းဆုံး တစ္ခုခုကို လုပ္ေဆာင္ခဲ့ျခင္းဟုသာ ကယ္လီကေတာ့ ယူဆထားသည္။
“လူေတြက ကြၽန္မ ဘယ္လို ကိုယ္ဝန္ေဆာင္ထားရသလဲ ဆိုတာ သိမွ မသိၾကတာ။ ဗိုက္ထဲက ကေလး လႈပ္ရွားၿပီး ကန္ေၾကာက္ေနတာကိုလည္း ခံစားမိမွာ မဟုတ္ဘူး။ သူဟာ ရွင္သန္ခ်င္တဲ့စိတ္ ရွိလို႔ ဒီေလာက္ ႐ုန္းကန္ေနတာေပါ့။ ဒါေၾကာင့္ ကြၽန္မကလည္း သူ႔ေ႐ြးခ်ယ္ခြင့္အတိုင္း လိုက္လုပ္ လိုက္တာ” “လူေတြ ဘာေျပာေျပာပါ၊ ကြၽန္မကေတာ့ သူ႔မိခင္တစ္ေယာက္ ျဖစ္လာပါၿပီ” ဟု ကယ္လီက ဂုဏ္ယူစြာ ေျပာလိုက္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Voice Journal

#Unicode Version
သြဂုတ်လရောက်ပြီ။ ပူလောင်သည့် ရာသီအတွင်း ကိုယ်ဝန်ဆောင် ရမည် ဆိုလျှင် သိပ်မလွယ်။ ယခု အချိန်လောက်တွင် ကိုယ်ဝန် ရှိထားလျှင် မဆိုး။ သို့သော် ယနေ့အထိ သူမကို ကိုယ်ဝန်ဆောင် ပေးရန် လာအပ်သူ မရှိသေး။ ကယ်လီက ဖုန်းကို ကောက်ကိုင်လိုက်သည်။ သူမနှင့် ရင်းနှီးပြီးသား ဖုန်း တစ်လုံးကို ခေါ်လိုက်သည်။ သူ့ကို ယခင်က ကမ်းလှမ်း ထားဖူးသူ ထံသို့ ဖြစ်သည်။ သူတို့ စိတ်ဝင်စားသေးရဲ့လားမသိ။ တစ်ပတ်ခန့် စောင့်နေသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသဖြင့် စိတ်တော့ နည်းနည်း ပူမိသည်။
အမှန်တော့ ကယ်လီကိုယ်တိုင် နှစ်ကြိမ်တိတိ ကလေး မွေးပေးခဲ့ဖူးသည်။ ကလေးမမွေးနိုင်သော သူများ၊ မျိုးဥ မအောင်နိုင်သူများ အတွက် သူမ အကူအညီ ပေးခဲ့သည်။ သူမ ယူသည့်ကြေးမှာ တစ်လ ဒေါ်လာ ၂၂၀၀ သာ ဖြစ်သည်။ တစ်ဖက်မှ တွေ့ကြရအောင်ဟု ပြန်ကြားချက် ရလိုက်သည်။ သူတို့ အီးမေးလ် လိပ်စာကိုလည်း သူမ ရေးမှတ်ထား လိုက်သည်။
တွေ့ဆုံဆွေးနွေးခြင်း
ကလေး အငှားဗိုက်ဖြင့် မွေးခြင်း လုပ်ငန်းသည် ပျော်ရွှင်စွာဖြင့် နိဂုံးချုပ်ခဲ့ရသည်က များသည်။ သူ ကိုယ်ဝန်ဆောင် ပေးလိုက်သည့် ကလေးတိုင်းကို မွေးပေးပြီးသည်နှင့် ကာယကံရှင် လင်မယားထံ အပ်လိုက်ပြီးလျှင် ကိစ္စ ပြီးသွားသည်။ ထိုအချိန်တွင် ကျန်ငွေများကိုလည်းရ၊ သူများ လင်မယားတွေ ဝမ်းသာအားရ ကျေနပ်ပီတိ ဖြစ်နေသည်ကို သူမကကြည့်ပြီး ပျော်ရွှင်ခဲ့ရသည်။
ယခု တစ်ခေါက်ကတော့ သိပ်မလွယ်။ အခြား ပြည်နယ် တစ်ခုသို့ တိတ်တဆိတ် သွားရမည်။ သူတို့ သတ်မှတ်ပေးထားသည့် နေရာ တစ်နေရာတွင် မျိုးဥတွေ သူမ သားအိမ်ထဲသို့ ထည့်သွင်းရမည်။ ကိုယ်ဝန်ဆောင်ပေးခြင်း၊ ကလေး မွေးပေးခြင်းတို့ကို ခိုးကြောင်ခိုးဝှက် လုပ်ပေးရမည်။ ဤအလုပ်ကို သူမက အေဂျင်စီ တစ်ခုမှ တစ်ဆင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၂၉ နှစ် ရှိပြီဖြစ်သော ကယ်လီသည် သူ့ကို မျိုးဥတွေ ပေးမည့် ဇနီးမောင်နှံနှင့် ကွန်နက် တီးကပ်ပြည်နယ် ဗာနွန်မြို့တွင် တွေ့ဆုံကြရန် ချိန်းထားသည်။ ဗာနွန်သို့ ရောက်သော် ကလေး သုံးယောက်နှင့်အတူ ထိုမိသားစုကို တွေ့လိုက်ရသည်။ ကလေးတွေကို ယုယ ချစ်ခင်နေသော သူတို့ကို တွေ့ပြီး လေးစားသွားမိသည်။ ထိုကလေးများကလည်း အခြားသူများ ဗိုက်အငှားဖြင့်မွေး ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က စတုတ္ထမြောက် ကလေး တစ်ယောက် လိုချင်နေသည်။ သူတို့ကို ကြည့်ပြီး ကယ်လီက အလုပ်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့တွင် ကယ်လီ့ သားအိမ် အတွင်းသို့ ဖန်ပြွန် သန္ဓေသား ထည့်သွင်းပေးရန် ရက်ချိန်း ယူလိုက်ကြသည်။ အမျိုးသားက ယခင် ကလေးများကို ယူစဉ်ကတည်းက ချန်ထားသည့် ဖန်ပြွန် သန္ဓေသား ကျန်သေးသည်ဟု ပြောသည်။ ထိုလက်ကျန် ဖန်ပြွန် သန္ဓေလောင်း ဖြင့် ကလေး ဆက်ယူရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။
နောက် ၁၀ ရက်အကြာတွင် သူတို့ ထည့်သွင်းလိုက်သည့် သန္ဓေလောင်းမှာ အောင်မြင်နေပြီး သူမတွင် ကိုယ်ဝန်ရှိသွားပြီဖြစ်ကြောင်း ဆရာဝန်က ပြောသည်။
တစ်ခုခု မှားသွားသလား
ကယ်လီသည် သူ့အိမ်သို့ ပြန်အရောက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် အီးမေးလ် တစ်စောင် လက်ခံ ရရှိလိုက်သည်။ ကိုယ်ဝန်အငှား လင်မယားထံမှ ဖြစ်သည်။ ထိုအီးမေးလ်တွင် သူတို့က “ဘာလိုလိုနဲ့ မွေးဖို့ ထက်ဝက် ကျိုးလာပြီနော်၊ ဂုဏ်ယူပါတယ်” ဟူ၍ ရေးထားသည်။
ယခု ကယ်လီ ကိုယ်ဝန် ငါးလ ရှိနေပြီ။ သူက အခြေအနေကို သိရှိနိုင်ရန် ဆေးရုံသို့ အာထရာဆောင်း သွားရိုက်ပြီး အစစ်ဆေးခံလိုက်သည်။ အာထရာဆောင်းရိုက်သည့် ပညာရှင်က သူမဗိုက်ထဲရှိ ကလေး သည် ပုံမှန် ကြီးထွားနေသော်လည်း နှလုံးက သေးလွန်းနေသဖြင့် အားမရကြောင်း၊ ထို့ကြောင့် နောက်တစ်ပတ် ပြန်လာကြည့်ရန် ချိန်းလိုက်သည်။ ကယ်လီသည် ကားမောင်းလာစဉ် ဖုန်းဝင်လာသည်။ ကလေး မိခင်ထံမှ ဖြစ်သည်။ “ကလေး တစ်ခုခုများ ဖြစ်နေသလား။ စိုးရိမ်လိုက်တာရှင်” ဟု ပြောသည်။ နောက်တစ်ပတ်တွင် အာထရာဆောင်း တစ်ကြိမ် ထပ်လုပ်သောအခါ ဖွံ့ဖြိုးလာသည့် ကလေးရုပ်က ပိုပြီး ပီပြင်လာသဖြင့် ဆရာဝန်က သေချာစွာ ပြောနိုင်သွားသည်။
ကလေးတွင် နှုတ်ခမ်းနှင့် အာခေါင်က ကွဲနေသည်။ ဦးနှောက်တွင်လည်း အရည်အိတ် တည်နေပြီး နှလုံးကလည်း အခြေအနေ မကောင်းပေ။ သူတို့ ဝမ်းဗိုက် အခြား နေရာများနှင့် သရက်ရွက်ကို မမြင်ရ သေးပေ။ ကလေးမှာ မိန်းကလေး ဖြစ်သည်။ နောက်တစ်ကြိမ် အာထရာဆောင်း ရိုက်ပြီး သုံးရက်ခန့် အကြာတွင် ကယ်လီ စိတ်ထဲ၌ စိုးရိမ်စိတ်တွေ ဝင်လာသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သူမသည် ဟတ်ဖို့ဒ် ဆေးရုံသို့ လမ်းလျှောက် ပြီး လာခဲ့သည်။ သူမ ကိုယ်ဝန်က ၂၁ ပတ် ရှိသွားပြီ။ မိခင်များကို ကလေးအကြောင်း ပြောပြလိုက် လျှင် ထိတ်လန့် တုန်လှုပ်သွားစရာ အကြောင်း ရှိသည်။
မတင်မကျ အခက်အခဲကာလ
ဆေးရုံတွင် ကလေး၏ မိဘနှစ်ပါး ရောက်နေသည်။ အာထရာဆောင်း ပညာရှင်က ကယ်လီ၏ ဗိုက်ပေါ်သို့ ပစ္စည်း တစ်ခုကို ဖြတ်သန်း ပြလိုက်သည်။ ကလေး၏ ကွဲနေသော နှုတ်ခမ်းကို ပီပြင်စွာ တွေ့လိုက်ကြရသည်။ နှလုံး အနေအထား မကောင်းကြောင်း၊ ဦးနှောက်ကလည်း ပုံမှန် အနေအထား မဟုတ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။
ဆရာဝန်က ကလေးက မွေးပြီးသည်နှင့် နှလုံးကို ခွဲစိတ် ကုသရန် လိုအပ်မည် ဖြစ်ကြောင်း၊ ကလေး အနေနှင့် ပုံမှန် အနေအထားသို့ ရောက်ရန် ဆိုသည်မှာ ၂၅ ရာခိုင်နှုန်းသာရှိကြောင်း ပြောကြားခဲ့ သည်။ “အာထရာဆောင်းရဲ့ အဖြေကို တွေ့လိုက်တော့ ကလေးဟာ အရွယ်နဲ့ မမျှအောင် ခံစားနေရတာပဲ ဆိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ ညီမအနေနဲ့ ဝမ်းနဲ့ လွယ်ထားရသူ တစ်ယောက် ဖြစ်တဲ့အတွက် ပိုပြီးတော့ ခံစားရမယ်တော့ ထင်တယ်။ ဒါပေမဲ့ ညီမရယ် စိတ်လျှော့လိုက်ပါတော့” ဟု စာပြန် ရေးခဲ့သည်။
ထို့ပြင် သူတို့က ကလေး သုံးယောက်စလုံးကို ကျန်းမာစွာ မွေးဖွားနိုင်ခဲ့ပြီးမှ ယခုကဲ့သို့ မွေးရာပါ ချွတ်ယွင်းသည့် ကလေး တစ်ယောက်ကို ပြုစုရန် ဝန်လေးနေပုံရသည်။ သူတို့က ကလေး ကြီးထွား လာသည်နှင့်အမျှ ပိုပြီး ဝေဒနာ ခံစားရမည်ကို စိုးရိမ်နေကြသည်။ ထို့ကြောင့် ကိုယ်ဝန်ကို ဖျက်ချလိုက် ရန် တိုက်တွန်းကြသည်။ သို့သော် ကယ်လီက သဘောမတူခဲ့ပေ။ သူတို့ သုံးယောက် အခန်း တစ်ခန်းအတွင်း ကျိတ်ဆွေးနွေးခဲ့ရာတွင်လည်း ကလေး မိဘများက ထိုကလေးကို မလိုချင်တော့ကြောင်း၊ သူတို့ အနေနှင့် အခြား ကလေးများအတွက်ပါ ဝန်ထုပ်ဝန်ပိုး ဖြစ်သည်ကို မလိုချင်ကြောင်း ပြောကာ ကယ်လီကို ကိုယ်ဝန် ဖျက်ချရန် တိုက်တွန်းကြသည်။
“ကျွန်မကတော့ ရှင်တို့ တာဝန်ယူချင်ယူ၊ မယူချင်နေ မွေးခွင့်ပေးဖို့ လိုတယ်” ဟု ကယ်လီက အခိုင်အမာ တောင်းဆိုလိုက်သည်။ မည်သို့မျှ ပြောမရသည့်အဆုံးတွင် ကယ်လီသည် အခန်းအပြင်သို့ တစ်ယောက်တည်း ထွက်ခဲ့သည်။ “ကျွန်မ သူတို့ကို လှည့်တောင် မကြည့်တော့ဘူး” ဟု ကယ်လီက ဆိုသည်။
ကိုယ်ဝန်ဖျက်ချခ ဒေါ်လာ ၁၀,၀၀၀ ပေးမည်
နောက်တစ်နေ့တွင် ကလေး၏ မိခင်ဖြစ်သူက ဟတ်ဖို့ဒ် ဆေးရုံသို့ ကလေး ဖျက်ချခွင့်ကို တောင်းဆို တင်ပြသည်။ သူတို့က ကလေးသည် အသက်ရှင်ရန် အခွင့်အလမ်း နည်းသဖြင့်ဟု အကြောင်းပြကြ သည်။ ကလေးသည် မွေးပြီးလျှင်လည်း အသက်ရှင်ရန် မလွယ်သဖြင့် ကလေးကိုရော မိခင်ကိုပါ ထောက်ထားသောအားဖြင့် ကိုယ်ဝန်ဖျက်ချခွင့် ပြုရန် လျှောက်ထားကြသည်။ အကယ်၍ သူတို့ ပြောသည့်အတိုင်း မလုပ်လျှင် ကယ်လီ့ တာဝန်သာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ ကြသည်။
ကယ်လီက ခေါင်းမာနေသဖြင့် ကလေး မိဘများသည် ကိုယ်ဝန်အငှား အေဂျင်စီကို တိုင်ပြန်သည်။ ရက်အနည်းငယ်ခန့် အကြာတွင် ကယ်လီ့ထံ အီးမေးလ် တစ်စောင် ရောက်လာသည်။ အေဂျင်စီထံမှ ဖြစ်သည်။ အကယ်၍ ကလေးကို မွေးမည်ဆိုလျှင် ကလေး မိဘများက သူတို့အနေနှင့် တရားဝင် မိဘ အဖြစ် ခံယူမည် မဟုတ်ကြောင်း၊ တာဝန်လည်း ယူတော့မည် မဟုတ်ကြောင်း ပြောလာခြင်း ဖြစ်သည်။
“ကလေးကို မွေးသင့် မမွေးသင့်ဆိုတာ ရှင့်အပေါ်မှာပဲ တည်တယ်။ ဒါကြောင့် ရှင်ပဲ ဆုံးဖြတ်ရမယ်” ဟု နောက်ဆုံး ရာဇသံ ပေးလိုက်သည်။ ကယ်လီသည် ကလေး၏ အမေဘဝလည်း မခံယူချင်ပေ။ သူက အခြား မိသားစု တစ်စုကို ကိုယ်ဝန် အငှား ဆောင်ပေးမည်ဟု ကတိပေးထားသည်။ ပြီးတော့ သူ့ဘဝတွင် ကိုယ်ဝန် အငှားဆောင်ပြီး ရှာစားနေရသဖြင့် ကလေးတစ်ယောက် တိုးလိုးတွဲလောင်းလည်း မဖြစ်ချင်။
နောက်ဆုံး အေဂျင်စီက အကယ်၍ သူမအနေနှင့် ကလေးကို ဖျက်ချလိုက်လျှင် ဒေါ်လာ ၁၀,၀၀၀ ပေးမည်ဟု ထပ်ပြီး ညှိနှိုင်းပြန်သည်။ ကယ်လီသည် ဤအလုပ် လုပ်စားနေသော်လည်း ဘာသာရေးနှင့် ကိုယ်ကျင့်တရားအရ လက်မခံပေ။ ငွေရှာနေခြင်း ဖြစ်သော်လည်း ကိုယ်ဝန်ဖျက်ချခြင်းကိုတော့ မလုပ်နိုင်။ သူမ ကိုယ်ဝန်မဆောင်မီ ကတည်းက ယခင်လုပ်နေသည့် ကလေးထိန်း နာနီ အလုပ်ကို စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမ ဘဝ ရပ်တည်ရေးအတွက် ယခု ကိုယ်ဝန်ကလွဲပြီး ငွေရကိန်းလည်း မရှိ။ ကလေး မိဘများက သူမကို တစ်လ ၂၂၂၂ ဒေါ်လာ ထောက်ပံ့ငွေဖြင့် သူမ ရပ်တည်နေရသည်။
ကယ်လီက ကလေး မိဘများထံမှ ဒေါ်လာ ၁၅၀၀၀ ပေးမလားဟု ဈေး ကမ်းလှမ်းရန် စိတ်ကူးလိုက် သေးသည်။ သို့သော် ကလေးကို ဘယ်လိုမှ မဖျက်ချရက်ပေ။ အေဂျင်စီက သူမကို ကလေး ဖျက်ချရန် ဘယ်နေ့ အားသလဲ၊ ဆေးရုံတွင် ရက်ချိန်းယူလိုက်မည်ဟု အီးမေးလ် လှမ်းပို့သည်။ ကယ်လီ့ အဖြေက ရှင်းသည်။ ဘယ်တော့မှ ကလေးကို မဖျက်ချဘူးဟူ၍ ဖြစ်သည်။
အချိန်၏ အဆုံးအဖြတ်
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖြစ်သည်။ နောက်ဆုံး အာထရာဆောင်း ရိုက်ပြီး ခြောက်ရက်မြောက် နေ့တွင် ဖြစ်သည်။ ကယ်လီ စာတစ်စောင် လက်ခံ ရရှိလိုက်သည်။ ကလေး မိဘတွေက ရှေ့နေ ငှားလိုက်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။ “သင်သည် ဤကိုယ်ဝန်ကို ဆုံးခန်းတိုင် တာဝန်ယူမည်။ တန်ဖိုးရှိသော အချိန်များကို မဖြုန်းပါနှင့်” ဟု ကွန်နက်တိကတ် ပြည်နယ် ဝက်စ်ဟတ်ဖို့ဒ်က ရှေ့နေတစ်ဦး ဖြစ်သူ ဒေါက်ဂလပ်စ် ဖစ်ရှ်မင်းကလည်း သူ့ထံ စာရေးခဲ့သည်။
မတ်လ ၅ ရက်နေ့တွင် ကယ်လီ၏ ကိုယ်ဝန် ၂၄ ပတ် ရှိမည်။ ထိုကာလနောက်ပိုင်းတွင် သူမအနေဖြင့် တရားဝင် ကိုယ်ဝန် ဖျက်ချခွင့် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ရှေ့နေက သတိပေးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အချိန်မဖြုန်းရန် သူက သတိပေးလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ရှေ့နေ ဖစ်ရှ်မင်းက ဝမ်းဗိုက်အတွင်း လွယ်ထားရသည့် ကလေးမှာ ပုံမှန် မဟုတ်သည့်အပြင် အသက်ရှင်ရန် ခက်ခဲသောကြောင့် ဖျက်ချခွင့် ပြုရန် လျှောက်ထားချက်ကို လက်မှတ် ထိုးပေးလိုက်ဖို့ တိုက်တွန်းလိုက်သည်။ သို့သော် သူတို့ စတင် စာချုပ်စဉ်က အကယ်၍ ကလေးသည် ပုံမှန် အနေအထား မဟုတ်လျှင် ဖျက်ချခွင့် ပေးရမည်ဆိုသည့်အချက် မပါပေ။
ကယ်လီက သူမအနေဖြင့် ကိုယ်ဝန်ကို ဖျက်မချနိုင်ကြောင်း၊ ထို့ပြင် သူမကို ပေးရန် ကျန်သေးသည့် ဒေါ်လာ ၈၀၀၀ အပါအဝင် ဆေးကုသခ စရိတ်၊ မွေးစရိတ်များကိုလည်း သူတို့ စာချုပ်ထဲတွင်ပါသည့် အတိုင်း အတိအကျပေးရန် တောင်းဆိုလိုက်သည်။ ရှေ့နေက ကယ်လီ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်သည်။ “အခြေအနေက အရမ်းကို ရှုပ်ထွေးနေ တယ်။ အမှုကလည်း အရမ်းကို ရှုပ်ထွေးနေတယ်” ဟု သူက ပြောသည်။ အမှန်တော့ စာချုပ် စတင် ချုပ်ဆိုကတည်းက မပါသည့် အချက်များအတွက် လုပ်ဆောင်ရန် သူ့အနေဖြင့်လည်း အခက် တွေ့နေရသည်။
တစ်ဖက် ရှေ့နေထံမှ စာရပြီးသည့်နောက်တွင် ကယ်လီကလည်း ရှေ့နေ ငှားရန် ဆုံးဖြတ်လိုက်သည်။ သူမ ငှားလိုက်သည့် ရှေ့နေမှာ မိုက်ကယ် ဒီပရီမိုဖြစ်ပြီး ကွန်နက်တိကက်မြို့ ဟမ်ဒမ်တွင် နေထိုင်သူ ဖြစ်သည်။ မိုက်ကယ်ကလည်း စာချုပ်ထဲတွင် မည်သို့ ချုပ်ဆိုထားသည်ဖြစ်စေ ကိုယ်ဝန်ကို ဖျက်ချရန် မလိုဟု ပြောခဲ့သည်။ မိုက်ကယ်က တစ်ဖက် ရှေ့နေ ဖစ်ရှ်မင်းထံ အီးမေးလ်ဖြင့် စာပို့လိုက်သည်။ ကယ်လီကို မည်သည့် နည်းနှင့်မျှ ကိုယ်ဝန်ဖျက်ချခွင့် မပြုနိုင်ဟူ၍ ဖြစ်သည်။ ဖစ်ရှ်မင်းက “ခင်ဗျား အမှုသည်က ကိုယဝန် ဖျက်ချဖို့ ပိုက်ဆံများများ လိုချင်နေပုံ ရပါတယ်” ဟုလည်း မိုက်ကယ့်ထံ စာပြန်ရေးခဲ့သည်။
လျှို့ဝှက် လေကြောင်းခရီး
မိုက်ကယ်သည် တစ်ဖက် ရှေ့နေထံမှ ဖုန်းကို လက်ခံ ရရှိခဲ့သည်။ သူ့အမှုသည် မိဘများက စိတ်ပြောင်းသွားပြီ ဖြစ်ကြောင်း၊ သူတို့ကလေးကို မွေးပေးရန် လက်ခံလိုက်ကြောင်း၊ သို့သော် မွေးပြီးပြီးချင်း သူတို့ လက်ထဲသို့ ကလေးကို အပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သူတို့ မြို့သို့လာပြီး ကလေးမွေးပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကယ်လီကို သူ့ရှေ့နေက ယင်းတောင်းဆိုချက်မှာ ခြိမ်းခြောက်သည့် သဘော မဟုတ်ကြောင်း၊ ဥပဒေအရ သူတို့သည် မိဘများ ဖြစ်နေပြီး ဤကလေးမှာ ကယ်လီ မပိုင်ကြောင်း ကွန်နက်တီကတ် မွေးဖွားမှု လုံခြုံရေး အက်ဥပဒေအရလည်း ကလေးကို တစ်လခန့် ထိန်းသိမ်းထားပြီးမှ စွန့်ပစ်လိုက် လျှင်လည်း ဥပဒေအရ အပြစ်ပေးပိုင်ခွင့် မရှိတော့ကြောင်း ရှင်းပြသည်။
ကလေးသည် မွေးဖွားပြီးချင်း စောင့်ရှောက် ထိန်းသိမ်းနိုင်မှု မရှိလျှင် အသက်ရှင်ရန် မလွယ်ကြောင်း ကယ်လီ သိသည်။ ဥပဒေအရလည်း မွေးပြီးလျှင် ပေးလိုက်ရမည်။ သူတို့ကလေးကို ဘာဆက်လုပ် မည်မသိ။ အမှု ရင်ဆိုင်လျှင်လည်း ရှုံးမည်က သေချာနေသည်။ တစ်ခုတော့ လုပ်နိုင်တာရှိကြောင်း မိုက်ကယ်က ကယ်လီ့ကိုပြောသည်။ မွေးဖွားသည့် မိခင်ကိုသာ မိခင်အဖြစ် အသိအမှတ်ပြုသည့် ပြည်နယ် ရှိသည်။ ထိုပြည်နယ်တွင် ကလေး သွားမွေးလျှင်တော့ ကလေးမိခင်အဖြစ် အသိအမှတ်ပြုခြင်း ခံရလိမ့်မည် ဖြစ်သည်။ ထိုနေရာမှာ မိုင် ၇၀၀ ဝေးကွာသည့် နေရာတွင် ရှိသည်။ ကွန်နက်တီကပ် ဥပဒေအရ ကလေးအတွက် မျိုးဥကို ထုတ်ပေးသည့် မိခင်နှင့် ဖခင်များကသာ ကလေးကို တရားဝင် ပိုင်ဆိုင်ခွင့် ပေးထားသည်။ အခြား ပြည်နယ်များတွင် ထိုဥပဒေကို လက်မခံပေ။ ထို့ပြင် အငှားဗိုက်ဖြင့် မွေးပေးခြင်းကိုလည်း တရားဝင်သည်ဟု လက်မခံပေ။ ထိုပြည်နယ်များတွင် ကလေးကို ဝမ်းနှင့် လွယ်ထားပြီး မွေးထုတ်သူသာ မိခင်ဟု သတ်မှတ် လက်ခံထားသည်။
ဧပြီလ ၁၁ ရက်နေ့ ကိုယ်ဝန် ခုနစ်လ ရှိနေချိန်တွင် ကယ်လီသည် သမီးလေးကို မွေးဖွား စောင့်ရှောက် ခွင့် ရမည့် မစ်ချီဂန် ပြည်နယ်သို့ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ သူမက ကားယူသွားရန် စီစဉ်သော်လည်း ရှေ့နေက ခြေရာခံ လိုက်နိုင်သည်ဟု ပြောသဖြင့် ကားကို ထားသွားရသည်။ “ကျွန်မကို သူလေးက ဗိုက်ထဲကနေ ကန်ပြီး သတိပေးနေသလိုပဲ။ ဒါကြောင့် သူတို့နဲ့ တိုက်ခိုက် မနေတော့ဘဲ ရှောင်ထွက်သွားပြီး မွေးဖွားဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ကယ်လီက ဆိုသည်။ ကယ်လီသည် မစ်ချီဂန်ကို ရွေးချယ်လိုက်ရခြင်းမှာ ဥပဒေကြောင်းအရအပြင် ဆေးဝါးကုသရန် အတွက်လည်း ဖြစ်သည်။ မစ်ချီဂန်ရှိ စီအက်စ်မော့တ် ကလေး ဆေးရုံကြီးသည် နှလုံးရောဂါကုသမှု နှင့်ပတ်သက်ပြီး နာမည် ကျော်သည်။ ထိုမြိုသို့ ရောက်သောအခါ မစ်ချီဂန် ကလေး ဆေးရုံတွင် မွေးဖွားခွင့် ရရန် စီစဉ်ပြီး သူ့ဗိုက်ကိုလည်း ကလေး အထူးကု ဆရာဝန်ကြီး တစ်ဦးထံ အပ်လိုက်သည်။ တစ်ခုပဲ ကျန်တော့သည်။ ဤကလေးကို မွေးပြီးလျှင် ဆက်ပြီး စောင့်ရှောက်မှာလားကို ဆုံးဖြတ်ရန် ဖြစ်သည်။
သူမအနေဖြင့် ယခု အလုပ်မရှိ။ နေထိုင်စရာလည်း အတည်တကျ မရှိ။ စိတ်မကောင်းသောကြောင့် ကလေးကို မွေးရန် ဆုံးဖြတ်လိုက်သော်လည်း မည်သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်မှန်းလည်း မသိသေးပေ။ “ကလေးက ဘဝတစ်လျှောက်လုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ကျွန်မတို့အနေနဲ့ ကလေးရဲ့ မိခင် ဖခင်တွေ ဖြစ်ခဲ့ရတာကိုလည်း ရှက်မိပါတယ်။ ကိုယ်မွေးလိုက်တဲ့ ကလေးကို စွန့်ပစ်လိုက်သလိုလည်း ခံစားရပါတယ်။ မဆိုင်တဲ့ မိခင်တစ်ယောက်က တာဝန်ယူပြီး မွေးပေးတော့မယ်လို့လည်း မမျှော်လင့်မိပါဘူး။ ကောင်းကောင်း မွေးဖွား စောင့်ရှောက်နိုင်ပါစေရှင်” ဟု ကလေး၏မိခင် ဖြစ်သူက သူမထံ အီးမေးလ် ပို့ကာ ဆက်သွယ်ခဲ့သည်။ ကယ်လီက ကလေးကို သူမ မွေးစားမည် ဖြစ်ကြောင်း စာပြန်လိုက်သည်။ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်သဖြင့် ပေါ့ပါးသွားသည်။ ခုတော့ သမီးလေး နေစရာ နေရာ ရှိသွားပြီ ဖြစ်သည်။
မမျှော်လင့်သော စိန်ခေါ်မှု
မေလအထိ ကယ်လီသည် ကလေး မိဘများထံမှ ဘာစာမျှလည်း မရ။ မေလ သူမ မွေးဖွားရန် တစ်လခန့် အလိုတွင် ကလေးမိဘများသည် ကွန်နက်တိကတ် တရားရုံး၌ သူတို့သည် ကလေး၏ မိဘအရင်းများ ဖြစ်သဖြင့် ကလေး ရပိုင်ခွင့် လျှောက်ထားနေကြောင်း၊ သူတို့သည် ကလေးမွေးစာရင်း တွင် သူတို့ အမည်ကို ရေးသွင်းပေးစေလိုကြောင်း တောင်းဆိုသည်ဆိုသော သတင်းကို ကြားရပြန် သည်။ ဇွန်လ ၂၅ ရက်နေ့တွင် မွေးဖွားလာမည့် ကလေးအတွက် နှစ်ဖက် ရှေ့နေများ တိုက်ပွဲ ဆင်ကြပြန်သည်။ မွေးဖွားချိန် အရောက်တွင် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။ ခြောက်ပေါင်နှင့် ကိုးအောင်စ ရှိသည်။ သို့သော် မွေးဖွားပြီးပြီးချင်း အသက်မရှူပေ။ တစ်ကိုယ်လုံးပျော့ပြီး ပြာနှမ်းနေသည်။ နှလုံးခုန်နှုန်း ကလည်း ကြောက်စရာ ကောင်းလောက်အောင် နှေးကွေးနေသည်။ ကလေး၏ အဆုတ် သေးသေးလေး အတွင်းသို့ အောက်ဆီဂျင်ကို စက်ဖြင့် သွင်းပေးနေရသည်။ စက္ကန့် ၂၀ လောက်ကြာမှ နှလုံးခုန်နှုန်းက ပုံမှန် ဖြစ်လာသည်။ ကလေး အသားအရောင်ကလည်း ပြောင်းလာသည်။ စိုးရိမ်စရာ မရှိတော့သဖြင့် စက်များကို ဖယ်လိုက်မှ ကလေးလည်း ငိုလာနိုင်တော့ သည်။
ကယ်လီက ကလေးအတွက် မွေးစာရင်း သွားလုပ်သည်။ ဖခင်အမည် နေရာတွင်တော့ ကွက်လပ် ထားလိုက်သည်။ နောက် သုံးပတ်ခန့် အကြာတွင် ကလေး မိဘများက သူမနှင့် ထပ်မံ ဆက်သွယ် လာပြန်သည်။ သူတို့က ကလေးကို ကျန်းမာရေးအတွက် စောင့်ရှောက်ခွင့် ရစေလိုကြောင်း တောင်းဆိုကြသည်။ ကယ်လီက ကလေးကို သူ့မိဘများနှင့် တွေ့ခွင့် ပေးလိုက်သည်။ သူတို့က သနားစရာ ကလေးကို ကြည့်ပြီး လက်ကလေးကို ဆုပ်ကိုင်ထားကြသည်။ ကလေးသည် ရောဂါ အခြေအနေအရ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်၊ လက်တွေလည်း သဘာဝအတိုင်း ဆုပ်ကိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ကလေးကို မွေးဖွားလိုက်ခြင်းနှင့် ပတ်သက်ပြီး အကောင်းပြောသူတွေ ရှိသလို အပြစ် ပြောသူတွေနှင့် လည်း ကယ်လီ ရင်ဆိုင်ရသည်။ တချို့က မိဘတွေ မလိုချင်သည့် ကလေးကို ရအောင် မွေးခဲ့သဖြင့် ချီးကျူးကြသည်။ တချို့ကလည်း ဒုက္ခတွေ ခံစားရစေရန် မွေးဖွားခဲ့သည်ဟု အပြစ်တင်ကြသည်။
ကယ်လီက သူမ အမြင်တွေကို surrogateinsanity.blogspot တွင် ရေးသား ဖော်ပြခဲ့သည်။ သူမကို အခြား အငှား ကိုယ်ဝန်ဆောင်သူတွေက ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ ကယ်လီက
“ကျွန်မကို ဆိုးတယ် ပြောပြော၊ မှားတယ် ပြောပြော ကျွန်မ ဂရုမစိုက်ပါဘူး။ ကိုယ်ဝန်ဖျက်ချခိုင်းတာ ကိုတော့ ဘယ်နည်းနဲ့မှ လက်မခံနိုင်လို့ပါ” ဟု ပြန်လည် ချေပသည်။ မည်သို့ဆိုစေ အကောင်းဆုံး တစ်ခုခုကို လုပ်ဆောင်ခဲ့ခြင်းဟုသာ ကယ်လီကတော့ ယူဆထားသည်။
“လူတွေက ကျွန်မ ဘယ်လို ကိုယ်ဝန်ဆောင်ထားရသလဲ ဆိုတာ သိမှ မသိကြတာ။ ဗိုက်ထဲက ကလေး လှုပ်ရှားပြီး ကန်ကြောက်နေတာကိုလည်း ခံစားမိမှာ မဟုတ်ဘူး။ သူဟာ ရှင်သန်ချင်တဲ့စိတ် ရှိလို့ ဒီလောက် ရုန်းကန်နေတာပေါ့။ ဒါကြောင့် ကျွန်မကလည်း သူ့ရွေးချယ်ခွင့်အတိုင်း လိုက်လုပ် လိုက်တာ” “လူတွေ ဘာပြောပြောပါ၊ ကျွန်မကတော့ သူ့မိခင်တစ်ယောက် ဖြစ်လာပါပြီ” ဟု ကယ်လီက ဂုဏ်ယူစွာ ပြောလိုက်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Voice Journal
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top