Property Expo
×

ခံစားလြယ္သူ တစ္ေယာက္ ျဖစ္လာရျခင္းရဲ ႔ အဓိပၸာယ္ကေတာ့ သင္ဟာ စိတ္ခံစားခ်က္ေတြ အၿမဲတမ္း ရႈပ္ေထြးေနတတ္တယ္ဆိုတဲ့ သေဘာပါ။ မ်ားေသာအားျဖင့္ေတာ့ အဲဒီလို လူေတြဟာ တစ္ျခားလူေတြရဲ ႔ စြမ္းအင္အမ်ိဳးမ်ိဳးကို လ်င္ျမန္စြာ ရယူေလ့ရွိၾကပါတယ္။ ခံစားလြယ္မႈ ျမင့္မားသူတစ္ေယာက္ အခန္းတစ္ခန္းထဲ ၀င္လာတဲ့အခါမွာ သူတို႔ဟာ အဲဒီ ခံစားလြယ္တဲ့ စြမ္းအင္ကို ခ်က္ခ်င္းဆိုသလို ခံစားမိၾကပါတယ္။ ကၽြႏ္ုပ္တို႔ အားလံုးဟာ အရမ္းကို ခံစားလြယ္ၾကပါတယ္။ အဲဒီအတြက္လည္း ကၽြႏ္ုပ္တို႔ဟာ အျခားလူေတြရဲ ႔ မေကာင္းတဲ့ စြမ္းအင္ေတြကို တစ္ခါတစ္ေလမွာ ရယူလိုက္မိေလ့ရွိပါတယ္။ ဒါေၾကာင့္ အဲဒီလို စြမ္းအင္ေတြ ကူးစက္တတ္တဲ့ အမူအက်င့္ ကို ေျပာင္းလဲလိုက္ႏိုင္ဖို႔ လိုအပ္ပါတယ္။ အဆိပ္အေတာက္ျဖစ္ေစတဲ့ လူေတြရဲ ႔ အမူအက်င့္နဲ႔ စြမ္းအင္ေတြ ကူးစက္လာျခင္းကေန ေရွာင္ရွားႏိုင္မယ့္ နည္းလမ္း (၅) ခုရွိပါတယ္။ အဲဒါေတြကေတာ့ -

၁။ သင့္ရဲ ႔ မေျဖရွင္းရေသးတဲ့ ကိစၥရပ္ေတြတိုင္းကို အရင္ဆံုး ရင္ဆိုင္ထားပါ

လူတိုင္းမွာ လုပ္လက္စအလုပ္ေတြ ကိုယ္စီရွိၾကပါတယ္။ အေရးအႀကီးဆံုးကေတာ့ ကၽြႏ္ုပ္တို႔ ကိုယ္တိုင္ လုပ္ကိုင္ရမယ့္ အရာေတြအေပၚမွာ အာရံုစိုက္ထားဖို႔ပါ။ ၿပီးေတာ့ တစ္ျခားလူေတြ ဘာေတြ လုပ္ကိုင္ေနတယ္ဆိုတာကို အာရံုစိုက္ေနဖို႔ မလိုပါဘူး။ တစ္ခါတစ္ေလမွာ တစ္ေယာက္ေယာက္က သင့္ကို တိုက္ခိုက္ေစာ္ကား လိုက္သလို ခံစားရတဲ့ ေျပာဆိုဆက္ဆံမႈတစ္ခုနဲ႔ ႀကံဳလာတဲ့အခါမွာ သင္ေတြးရမွာက သူတို႔ ဘာေတြ ၿပီးေျမာက္ထားၿပီးၿပီလည္း ဆိုတာကိုပါ။ ဆိုလိုခ်င္တာက ကၽြႏ္ုပ္တို႔ တစ္ျခားသူေတြနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါမွာ ကိုယ့္ကို တိုက္ခိုက္ေနသလို ခံစားရတယ္ဆိုတာကလည္း ကၽြႏ္ုပ္တို႔ရဲ ႔ မၿပီးေျမာက္ရေသးတဲ့ ကိစၥရပ္ေတြကို အေျခခံၿပီး ျဖစ္ေပၚလာတာပါ။ စတင္ ေျဖရွင္းတဲ့အခါမွာေတာ့ အဲဒီကိစၥရပ္ေတြရဲ ႔ အနက္ရိႈင္းဆံုး က႑ကိုပါ။ လူအမ်ားစုဟာ တစ္စံုတစ္ခုကို ေျဖရွင္းတဲ့အခါမွာ အျပင္ဘက္အျခမ္းကေန စတင္ၿပီး အတြင္းဘက္ကို ၀င္ေရာက္တဲ့ ပံုစံနဲ႔ ကိုင္တြယ္ ေျဖရွင္းၾကပါတယ္။ အဲဒါေတြဟာ ျပႆနာေတြအျဖစ္နဲ႔ အဆံုးသတ္သြားေလ့ရွိပါတယ္။ ဒါေပမယ့္ အတြင္းဘက္ကေနစၿပီး ေျဖရွင္းၾကည့္မယ္ဆိုရင္ေတာ့ ျပတ္သားတဲ့ ရလဒ္ကို ျမင္ေတြ႔ႏိုင္ပါလိမ့္မယ္။

၂။ ကိုယ့္အေၾကာင္းကိုသိပါ

ကိုယ့္အေၾကာင္းကို ေဖာ္ထုတ္ ဖြင့္ဆိုေနျခင္းဟာ တစ္ျခားလူတစ္ေယာက္ရဲ ႔ မေကာင္းတဲ့ စြမ္းအင္ေတြ ရယူမိေနျခင္းကေန ေရွာင္ရွားဖို႔အတြက္ အလိုအပ္ဆံုး အရည္အခ်င္းပါပဲ။ သင့္ရဲ ႔ စိတ္ခံစားခ်က္ေတြ (သို႔) အေတြးအေခၚေတြကို ေဖာ္ထုတ္ ဖြင့္ဆိုမႈ မရွိတဲ့အခါမွာ သင္ဟာ သင့္ရဲ ႔ ကိုယ္ပိုင္စစ္မွန္မႈ ကို စတင္ ျငင္းပယ္မိလာမွာ ျဖစ္သလို သင့္ကိုယ္သင္လည္း ေကာင္းမြန္တယ္လို႔ ခံစားမိေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သင့္အေၾကာင္းေတြကို တစ္ကယ္တမ္း သင္ကိုယ္တိုင္ တစ္ႀကိမ္တစ္ခါေလာက္ ထုတ္ေဖာ္ ဖြင့္ဆိုလိုက္မိတာနဲ႔ သင္ဟာ ပိုမိုေကာင္းမြန္တဲ့ ပြင့္လင္းျမင္သာမႈ ကို ရရွိလာၿပီး သင့္ကိုယ္သင္ လည္း ပိုမိုေကာင္းမြန္တဲ့ အေနအထားနဲ႔ လက္ခံလာႏိုင္မွာပါ။ တစ္ခါတစ္ေလမွာ ကၽြႏ္ုပ္တို႔ ကိုယ့္ကိုကိုယ္ ဖြင့္ဆိုျခင္း မရွိတာဟာ ေၾကာက္ရြံေနမႈေၾကာင့္ပဲ ျဖစ္ပါတယ္။

၃။ သင္ဟာ တစ္ျခားလူတစ္ေယာက္ ကို မထိန္းခ်ဳပ္ႏိုင္တာကို လက္ခံထားပါ

တစ္ကယ္ေတာ့ တစ္ျခားလူေတြ ကိုယ့္ကို ဘယ္လို ထင္ျမင္ေနတယ္ ၊ ဘယ္လို ဆက္ဆံေနတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး သင့္မွာ ထိန္းခ်ဳပ္ ကိုင္တြယ္ႏိုင္စြမ္း လံုး၀ မရွိပါဘူး။ အဲဒီ အမွန္တရားကို လက္ခံထားျခင္းအားျဖင့္ ကၽြႏ္ုပ္တို႔ဟာ ကိုယ့္ကိုကိုယ္ တစ္ျခားလူေတြရဲ ႔ အမူအက်င့္ေတြ ထမ္းပိုးသယ္ေဆာင္ေနရျခင္းကေန အလိုလို လြတ္ေျမာက္သြားပါလိမ့္မယ္။

၄။ အဓိပၸာယ္ မရွိတာေတြကို အာရံုမထားပါနဲ႔

ကၽြႏ္ုပ္တို႔ ႏိုးထလာၾကတဲ့ မနက္ခင္းတိုင္းမွာ စြမ္းအင္အေျမာက္အမ်ားကို ကိုယ္စီ ပိုင္ဆိုင္ထားၿပီးသားပါ။ ရွင္သန္ျဖတ္သန္း ရတဲ့ တစ္ေန႔လံုးမွာေတာ့ အဲဒီ စြမ္းအင္ေတြကို ကၽြႏ္ုပ္တို႔ ပတ္၀န္းက်င္မွာ ရွိတဲ့သူေတြကို ေပးလိုက္ရသလို တစ္ခ်ိဳ႕ ကိစၥရပ္ေတြမွာလည္း ျပန္လည္ အသံုးခ်ေလ့ရွိၾကပါတယ္။ ကၽြႏ္ုပ္တို႔မွာ အသံုးခ်ဖို႔ စြမ္းအင္ မရွိေတာ့တဲ့အခါ ေမာပန္းႏြမ္းနယ္မႈ ကို ခံစားရၿပီး ေနာက္တစ္ေန႔ ျပန္လည္ ႏိုးထဖို႔အတြက္ အိပ္စက္ရျပန္ပါတယ္။ ဒီလို ေန႔စဥ္လည္ပတ္ေနတဲ့ သံသရာမွာ သင့္လိုပဲ တစ္ခ်ိဳ႕လူေတြဟာ သင့္ကို စြမ္းအင္ေတြ ေပးသြားသလို တစ္ခ်ိဳ႕လိုေတြက ကၽြႏ္ုပ္တို႔ စြမ္းအင္ေတြကို ရယူၿပီး အသံုးခ်သြားတာေတြရွိတယ္ဆိုတာ မေမ့ပါနဲ႔။ တစ္ခ်ိဳ႕လူေတြကေတာ့ သင့္ဆီက စြမ္းအင္ေတြကို ရယူ အသံုးခ်ၿပီး ရွင္သန္ဖို႔ ႀကိဳးစားရပါတယ္။ ဒါေၾကာင့္ တစ္ျခားလူေတြရဲ ႔ စြမ္းအင္ေတြ ကူးစက္လာျခင္းကို ေရွာင္ရွားေနေပမယ့္ သင့္ စြမ္းအင္ကို အမွန္တစ္ကယ္လိုအပ္ေနသူေတြကိုေတာ့ ခြဲျခား ဆင္ျခင္ၿပီး ေပးလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ခံစားလွယ်သူ တစ်ယောက် ဖြစ်လာရခြင်းရဲ့ အဓိပ္ပာယ်ကတော့ သင်ဟာ စိတ်ခံစားချက်တွေ အမြဲတမ်း ရှုပ်ထွေးနေတတ်တယ်ဆိုတဲ့ သဘောပါ။ များသောအားဖြင့်တော့ အဲဒီလို လူတွေဟာ တစ်ခြားလူတွေရဲ့ စွမ်းအင်အမျိုးမျိုးကို လျင်မြန်စွာ ရယူလေ့ရှိကြပါတယ်။ ခံစားလွယ်မှု မြင့်မားသူတစ်ယောက် အခန်းတစ်ခန်းထဲ ဝင်လာတဲ့အခါမှာ သူတို့ဟာ အဲဒီ ခံစားလွယ်တဲ့ စွမ်းအင်ကို ချက်ချင်းဆိုသလို ခံစားမိကြပါတယ်။ ကျွန်ုပ်တို့ အားလုံးဟာ အရမ်းကို ခံစားလွယ်ကြပါတယ်။ အဲဒီအတွက်လည်း ကျွန်ုပ်တို့ဟာ အခြားလူတွေရဲ့ မကောင်းတဲ့ စွမ်းအင်တွေကို တစ်ခါတစ်လေမှာ ရယူလိုက်မိလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီလို စွမ်းအင်တွေ ကူးစက်တတ်တဲ့ အမူအကျင့် ကို ပြောင်းလဲလိုက်နိုင်ဖို့ လိုအပ်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေရဲ့ အမူအကျင့်နဲ့ စွမ်းအင်တွေ ကူးစက်လာခြင်းကနေ ရှောင်ရှားနိုင်မယ့် နည်းလမ်း (၅) ခုရှိပါတယ်။ အဲဒါတွေကတော့ -

၁။ သင့်ရဲ့ မဖြေရှင်းရသေးတဲ့ ကိစ္စရပ်တွေတိုင်းကို အရင်ဆုံး ရင်ဆိုင်ထားပါ

လူတိုင်းမှာ လုပ်လက်စအလုပ်တွေ ကိုယ်စီရှိကြပါတယ်။ အရေးအကြီးဆုံးကတော့ ကျွန်ုပ်တို့ ကိုယ်တိုင် လုပ်ကိုင်ရမယ့် အရာတွေအပေါ်မှာ အာရုံစိုက်ထားဖို့ပါ။ ပြီးတော့ တစ်ခြားလူတွေ ဘာတွေ လုပ်ကိုင်နေတယ်ဆိုတာကို အာရုံစိုက်နေဖို့ မလိုပါဘူး။ တစ်ခါတစ်လေမှာ တစ်ယောက်ယောက်က သင့်ကို တိုက်ခိုက်စော်ကား လိုက်သလို ခံစားရတဲ့ ပြောဆိုဆက်ဆံမှုတစ်ခုနဲ့ ကြုံလာတဲ့အခါမှာ သင်တွေးရမှာက သူတို့ ဘာတွေ ပြီးမြောက်ထားပြီးပြီလည်း ဆိုတာကိုပါ။ ဆိုလိုချင်တာက ကျွန်ုပ်တို့ တစ်ခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကိုယ့်ကို တိုက်ခိုက်နေသလို ခံစားရတယ်ဆိုတာကလည်း ကျွန်ုပ်တို့ရဲ့ မပြီးမြောက်ရသေးတဲ့ ကိစ္စရပ်တွေကို အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ စတင် ဖြေရှင်းတဲ့အခါမှာတော့ အဲဒီကိစ္စရပ်တွေရဲ့ အနက်ရှိုင်းဆုံး ကဏ္ဍကိုပါ။ လူအများစုဟာ တစ်စုံတစ်ခုကို ဖြေရှင်းတဲ့အခါမှာ အပြင်ဘက်အခြမ်းကနေ စတင်ပြီး အတွင်းဘက်ကို ဝင်ရောက်တဲ့ ပုံစံနဲ့ ကိုင်တွယ် ဖြေရှင်းကြပါတယ်။ အဲဒါတွေဟာ ပြဿနာတွေအဖြစ်နဲ့ အဆုံးသတ်သွားလေ့ရှိပါတယ်။ ဒါပေမယ့် အတွင်းဘက်ကနေစပြီး ဖြေရှင်းကြည့်မယ်ဆိုရင်တော့ ပြတ်သားတဲ့ ရလဒ်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။

၂။ ကိုယ့်အကြောင်းကိုသိပါ

ကိုယ့်အကြောင်းကို ဖော်ထုတ် ဖွင့်ဆိုနေခြင်းဟာ တစ်ခြားလူတစ်ယောက်ရဲ့ မကောင်းတဲ့ စွမ်းအင်တွေ ရယူမိနေခြင်းကနေ ရှောင်ရှားဖို့အတွက် အလိုအပ်ဆုံး အရည်အချင်းပါပဲ။ သင့်ရဲ့ စိတ်ခံစားချက်တွေ (သို့) အတွေးအခေါ်တွေကို ဖော်ထုတ် ဖွင့်ဆိုမှု မရှိတဲ့အခါမှာ သင်ဟာ သင့်ရဲ့ ကိုယ်ပိုင်စစ်မှန်မှု ကို စတင် ငြင်းပယ်မိလာမှာ ဖြစ်သလို သင့်ကိုယ်သင်လည်း ကောင်းမွန်တယ်လို့ ခံစားမိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အကြောင်းတွေကို တစ်ကယ်တမ်း သင်ကိုယ်တိုင် တစ်ကြိမ်တစ်ခါလောက် ထုတ်ဖော် ဖွင့်ဆိုလိုက်မိတာနဲ့ သင်ဟာ ပိုမိုကောင်းမွန်တဲ့ ပွင့်လင်းမြင်သာမှု ကို ရရှိလာပြီး သင့်ကိုယ်သင် လည်း ပိုမိုကောင်းမွန်တဲ့ အနေအထားနဲ့ လက်ခံလာနိုင်မှာပါ။ တစ်ခါတစ်လေမှာ ကျွန်ုပ်တို့ ကိုယ့်ကိုကိုယ် ဖွင့်ဆိုခြင်း မရှိတာဟာ ကြောက်ရွံနေမှုကြောင့်ပဲ ဖြစ်ပါတယ်။

၃။ သင်ဟာ တစ်ခြားလူတစ်ယောက် ကို မထိန်းချုပ်နိုင်တာကို လက်ခံထားပါ

တစ်ကယ်တော့ တစ်ခြားလူတွေ ကိုယ့်ကို ဘယ်လို ထင်မြင်နေတယ် ၊ ဘယ်လို ဆက်ဆံနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်မှာ ထိန်းချုပ် ကိုင်တွယ်နိုင်စွမ်း လုံး၀ မရှိပါဘူး။ အဲဒီ အမှန်တရားကို လက်ခံထားခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ ကိုယ့်ကိုကိုယ် တစ်ခြားလူတွေရဲ့ အမူအကျင့်တွေ ထမ်းပိုးသယ်ဆောင်နေရခြင်းကနေ အလိုလို လွတ်မြောက်သွားပါလိမ့်မယ်။

၄။ အဓိပ္ပာယ် မရှိတာတွေကို အာရုံမထားပါနဲ့

ကျွန်ုပ်တို့ နိုးထလာကြတဲ့ မနက်ခင်းတိုင်းမှာ စွမ်းအင်အမြောက်အများကို ကိုယ်စီ ပိုင်ဆိုင်ထားပြီးသားပါ။ ရှင်သန်ဖြတ်သန်း ရတဲ့ တစ်နေ့လုံးမှာတော့ အဲဒီ စွမ်းအင်တွေကို ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို ပေးလိုက်ရသလို တစ်ချို့ ကိစ္စရပ်တွေမှာလည်း ပြန်လည် အသုံးချလေ့ရှိကြပါတယ်။ ကျွန်ုပ်တို့မှာ အသုံးချဖို့ စွမ်းအင် မရှိတော့တဲ့အခါ မောပန်းနွမ်းနယ်မှု ကို ခံစားရပြီး နောက်တစ်နေ့ ပြန်လည် နိုးထဖို့အတွက် အိပ်စက်ရပြန်ပါတယ်။ ဒီလို နေ့စဉ်လည်ပတ်နေတဲ့ သံသရာမှာ သင့်လိုပဲ တစ်ချို့လူတွေဟာ သင့်ကို စွမ်းအင်တွေ ပေးသွားသလို တစ်ချို့လိုတွေက ကျွန်ုပ်တို့ စွမ်းအင်တွေကို ရယူပြီး အသုံးချသွားတာတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ တစ်ချို့လူတွေကတော့ သင့်ဆီက စွမ်းအင်တွေကို ရယူ အသုံးချပြီး ရှင်သန်ဖို့ ကြိုးစားရပါတယ်။ ဒါကြောင့် တစ်ခြားလူတွေရဲ့ စွမ်းအင်တွေ ကူးစက်လာခြင်းကို ရှောင်ရှားနေပေမယ့် သင့် စွမ်းအင်ကို အမှန်တစ်ကယ်လိုအပ်နေသူတွေကိုတော့ ခွဲခြား ဆင်ခြင်ပြီး ပေးလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top