Property Expo
×

ခ်စ္သူႏွစ္ဦးရဲ႕ ဆက္ဆံေရးမွာ သ၀န္တိုျခင္းဆုိတာ ဆြဲေဆာင္မႈရွိတဲ့အရာ မဟုတ္ပါဘူး။ သ၀န္တိုတာဟာ သင္တုိ႕ႏွစ္ဦးရဲ႕ ဆက္ဆံေရးကို သတ္ပစ္ႏိုင္တဲ့ တစ္ခုတည္းေသာအရာပါပဲ။ ခု သင္တုိ႕ႏွစ္ဦးမွာ ဘယ္သူက လိုတာထက္ပို သ၀န္တုိေနပါသလဲ။ ဒါမွမဟုတ္ ႏွစ္ေယာက္စလံုးက တစ္ေယာက္တစ္မ်ိဳးစီ တစ္ေယာက္ကိုတစ္ေယာက္ သ၀န္တိုေနတတ္ပါသလား။ လူတစ္ေယာက္ဟာ ဘာ့ေၾကာင့္ အလြန္အက်ြံ သ၀န္တုိစိတ္ေတြ ျဖစ္ေပၚေနရသလဲ ဆုိတာ ေျပာျပရရင္ေတာ့

၁။ သူ႕စိတ္ထဲ မလံုမျခံဳ ခံစားေနရလို႕ပါ။
လူတစ္ေယာက္ သ၀န္တိုရျခင္းအေၾကာင္းအရင္းေတြထဲက တစ္ခ်က္ကေတာ့ သူ႕စိတ္ထဲ မလံုမျခံဳခံစားေနရလို႕ပါ။ ခုလက္ရွိအခ်စ္ေရးကို မျပည့္စံုဘူးလို႕ ခံစားေနရတာမ်ိဳးေတြ ျဖစ္တတ္သလို၊ ခုတြဲေနတဲ့လူထက္ ပိုသာတဲ့လူကို တြဲႏိုင္ရဲ႕သားနဲ႕ ဒီလူနဲ႕ဆက္တြဲေနမိတာမ်ိဳး၊ ခုထက္ပိုေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးကို ေမ်ွာ္လင့္ေနတာမ်ိဳးေတြ သူ႕စိတ္ထဲခံစားျဖစ္ေပၚ ေနတတ္ပါတယ္။ ဒီေတာ့ သင့္ခ်စ္သူကို ဒီထက့္ပိုေကာင္းေစခ်င္တာမ်ိဳး၊ ဒါမွ မဟုတ္လည္း ျပတ္ခ်င္ျပတ္ေတာ့ဆိုတဲ့ စိတ္နဲ႕ သူ႕ကို ၾကပ္မိတာေတြ ရွိလာပါလိမ့္မယ္။ ႏွစ္ဦးသားၾကားထဲ မလိုလားအပ္တဲ့ျပသနာေတြ ခဏခဏဆြဲသြင္းျပီး သူ႕ကို မ်က္စိေဒါက္ေထာက္ၾကည့္တတ္လာကာ သ၀န္တိုတယ္ဆုိတဲ့ ေခါင္းစဥ္ ေအာက္မွာ သင့္ရဲ႕မေက်လည္တဲ့ စိတ္ေတြနဲ႕ စတင္ပူေလာင္တတ္လာပါတယ္။

၂။ သူ႕ရဲ႕အတိတ္ဟာ သူ႕ကိုေျခာက္လွန္႕ေနဆဲမုိ႕လို႕ပါ။
တစ္ခါတစ္ေလမွာေတာ့ သ၀န္တုိတယ္ဆုိတာမ်ိဳးဟာ အတိတ္မွာ ျဖစ္ပ်က္ခဲ့တဲ့အရာေတြေၾကာင့္ လက္ရွိမွာ ျဖစ္ေပၚလာတာမ်ိဳးပါ။ သင့္အတိတ္မွာ ထားခဲ့တဲ့ ခ်စ္သူရည္းစားက သင့္ေနာက္ကြယ္မွာ ေနာက္တစ္ေယာက္နဲ႕ တိတ္တိတ္ေလးတြဲေနခဲ့တာမ်ိဳးေတြ သင္ၾကံဳေတြ႕ရမယ္၊ သင့္အေပၚ သစၥာေဖာက္သြားတာ ခံရမယ္ဆုိရင္ သင္ဟာ ခုလက္ရွိတစ္ေယာက္ကို အရင္တစ္ေယာက္လို ကိုယ့္အေပၚ သစၥာမေဖာက္ေအာင္ သ၀န္တိုတဲ့ဆိုတဲ့ စိတ္ခံစားခ်က္ေတြနဲ႕ ခ်ည္ေႏွာင္ထားပါလိမ့္မယ္။ ဒါဟာသင္တုိ႕ႏွစ္ဦးအတြက္ ဘယ္လိုမွမေကာင္းႏိုင္တဲ့ အေျခအေနတစ္ရပ္ပါ။

၃။ ကိုယ့္ခ်စ္သူကို ကိုယ္ပဲပိုင္တယ္လို႕ ထင္ေနလို႕ပါ။
ငါ့ခ်စ္သူကုိ ငါပိုင္တယ္ဆုိတဲ့ စိတ္မ်ိဳးနဲ႕ လူတစ္ေယာက္ကုိ သြားဆက္ဆံလုိ႕မရပါဘူး။ ကိုယ္ကလြဲလုိ႕ အျခား မိန္းမနဲ႕စကားေျပာခြင့္ မျပဳတာမ်ိဳး၊ သူ႕ရဲ႕ ကြန္ပ်ဴတာ password ေတြ၊ လူမႈကြန္ယက္ password ေတြ အကုန္ေတာင္းထားျပီး အျမဲ၀င္ၾကည့္ေနတာမ်ိဳး၊ သူ႕ဖုန္းကို ခဏခဏယူၾကည့္တာမ်ိဳးေတြ လုပ္လာမယ္ဆုိရင္ ဘယ္သူကမွ ဒါကို ေရရွည္သည္းခံႏိုင္မွာ မဟုတ္ပါဘူး။ အခ်စ္ေရးမွာ ယံုၾကည္မႈဆုိတာကလည္း အဓိကက်ပါတယ္။ ဒါကိုလ်စ္လ်ဴရႈလို႕မရပါဘူး။

၄။ ေျပာင္းလဲသြားတဲ့အရာေတြကို လက္မခံႏိုင္လို႕ပါ။
ေနာက္ထပ္ သ၀န္တိုရျခင္းအေၾကာင္းအရင္းတစ္ခုကေတာ့ ဘယ္အရာမွ မေျပာင္းလဲဘူးလုိ႕ တရားေသ မွတ္ထားယံုၾကည္ေနလို႕ပါ။ စိတ္ခံစားခ်က္ေတြကလည္း ဘယ္ေတာ့မွ ေျပာင္းလဲမွာ မဟုတ္ဘူးလုိ႕ ထင္ေနတာမ်ိဳးေပါ့။ ကုိယ့္ခ်စ္သူဆုိေပမယ့္ သူ႕မွာလည္း ရင့္က်က္သြားတဲ့အခ်ိန္ဆုိတာ ရွိပါတယ္။ သူတုိ႕ပတ္၀န္းက်င္၊ အလုပ္ခြင္၊ က်င္လည္ေနရတဲ့ အေျခအေနေပၚ မူတည္ျပီး သူမ စိတ္သေဘာထား၊ ခံယူခ်က္ေတြ ေျပာင္းလဲႏိုင္ပါတယ္။ ဒါကို နားလည္ေပးရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version 

ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးမှာ သဝန်တိုခြင်းဆိုတာ ဆွဲဆောင်မှုရှိတဲ့အရာ မဟုတ်ပါဘူး။ သဝန်တိုတာဟာ သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးကို သတ်ပစ်နိုင်တဲ့ တစ်ခုတည်းသောအရာပါပဲ။ ခု သင်တို့နှစ်ဦးမှာ ဘယ်သူက လိုတာထက်ပို သဝန်တိုနေပါသလဲ။ ဒါမှမဟုတ် နှစ်ယောက်စလုံးက တစ်ယောက်တစ်မျိုးစီ တစ်ယောက်ကိုတစ်ယောက် သဝန်တိုနေတတ်ပါသလား။ လူတစ်ယောက်ဟာ ဘာ့ကြောင့် အလွန်အကျွံ သဝန်တိုစိတ်တွေ ဖြစ်ပေါ်နေရသလဲ ဆိုတာ ပြောပြရရင်တော့

၁။ သူ့စိတ်ထဲ မလုံမခြုံ ခံစားနေရလို့ပါ။
လူတစ်ယောက် သဝန်တိုရခြင်းအကြောင်းအရင်းတွေထဲက တစ်ချက်ကတော့ သူ့စိတ်ထဲ မလုံမခြုံခံစားနေရလို့ပါ။ ခုလက်ရှိအချစ်ရေးကို မပြည့်စုံဘူးလို့ ခံစားနေရတာမျိုးတွေ ဖြစ်တတ်သလို၊ ခုတွဲနေတဲ့လူထက် ပိုသာတဲ့လူကို တွဲနိုင်ရဲ့သားနဲ့ ဒီလူနဲ့ဆက်တွဲနေမိတာမျိုး၊ ခုထက်ပိုပျော်စရာကောင်းတဲ့ အချစ်ရေးကို မျှော်လင့်နေတာမျိုးတွေ သူ့စိတ်ထဲခံစားဖြစ်ပေါ် နေတတ်ပါတယ်။ ဒီတော့ သင့်ချစ်သူကို ဒီထက့်ပိုကောင်းစေချင်တာမျိုး၊ ဒါမှ မဟုတ်လည်း ပြတ်ချင်ပြတ်တော့ဆိုတဲ့ စိတ်နဲ့ သူ့ကို ကြပ်မိတာတွေ ရှိလာပါလိမ့်မယ်။ နှစ်ဦးသားကြားထဲ မလိုလားအပ်တဲ့ပြသနာတွေ ခဏခဏဆွဲသွင်းပြီး သူ့ကို မျက်စိဒေါက်ထောက်ကြည့်တတ်လာကာ သဝန်တိုတယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သင့်ရဲ့မကျေလည်တဲ့ စိတ်တွေနဲ့ စတင်ပူလောင်တတ်လာပါတယ်။

၂။ သူ့ရဲ့အတိတ်ဟာ သူ့ကိုခြောက်လှန့်နေဆဲမို့လို့ပါ။
တစ်ခါတစ်လေမှာတော့ သဝန်တိုတယ်ဆိုတာမျိုးဟာ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့် လက်ရှိမှာ ဖြစ်ပေါ်လာတာမျိုးပါ။ သင့်အတိတ်မှာ ထားခဲ့တဲ့ ချစ်သူရည်းစားက သင့်နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ တိတ်တိတ်လေးတွဲနေခဲ့တာမျိုးတွေ သင်ကြုံတွေ့ရမယ်၊ သင့်အပေါ် သစ္စာဖောက်သွားတာ ခံရမယ်ဆိုရင် သင်ဟာ ခုလက်ရှိတစ်ယောက်ကို အရင်တစ်ယောက်လို ကိုယ့်အပေါ် သစ္စာမဖောက်အောင် သဝန်တိုတဲ့ဆိုတဲ့ စိတ်ခံစားချက်တွေနဲ့ ချည်နှောင်ထားပါလိမ့်မယ်။ ဒါဟာသင်တို့နှစ်ဦးအတွက် ဘယ်လိုမှမကောင်းနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။

၃။ ကိုယ့်ချစ်သူကို ကိုယ်ပဲပိုင်တယ်လို့ ထင်နေလို့ပါ။
ငါ့ချစ်သူကို ငါပိုင်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ လူတစ်ယောက်ကို သွားဆက်ဆံလို့မရပါဘူး။ ကိုယ်ကလွဲလို့ အခြား မိန်းမနဲ့စကားပြောခွင့် မပြုတာမျိုး၊ သူ့ရဲ့ ကွန်ပျူတာ password တွေ၊ လူမှုကွန်ယက် password တွေ အကုန်တောင်းထားပြီး အမြဲဝင်ကြည့်နေတာမျိုး၊ သူ့ဖုန်းကို ခဏခဏယူကြည့်တာမျိုးတွေ လုပ်လာမယ်ဆိုရင် ဘယ်သူကမှ ဒါကို ရေရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အချစ်ရေးမှာ ယုံကြည်မှုဆိုတာကလည်း အဓိကကျပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။

၄။ ပြောင်းလဲသွားတဲ့အရာတွေကို လက်မခံနိုင်လို့ပါ။
နောက်ထပ် သဝန်တိုရခြင်းအကြောင်းအရင်းတစ်ခုကတော့ ဘယ်အရာမှ မပြောင်းလဲဘူးလို့ တရားသေ မှတ်ထားယုံကြည်နေလို့ပါ။ စိတ်ခံစားချက်တွေကလည်း ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ထင်နေတာမျိုးပေါ့။ ကိုယ့်ချစ်သူဆိုပေမယ့် သူ့မှာလည်း ရင့်ကျက်သွားတဲ့အချိန်ဆိုတာ ရှိပါတယ်။ သူတို့ပတ်ဝန်းကျင်၊ အလုပ်ခွင်၊ ကျင်လည်နေရတဲ့ အခြေအနေပေါ် မူတည်ပြီး သူမ စိတ်သဘောထား၊ ခံယူချက်တွေ ပြောင်းလဲနိုင်ပါတယ်။ ဒါကို နားလည်ပေးရပါမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top