Property Expo
×









Credit:Duwun

Unicode Version
ဗြိတိန်နိုင်ငံက Plus Size မော်ဒယ်အဖြစ် နာမည်ကြီးတဲ့ အစ်ခရာလော်ရင့်စ်ဟာ နယူးယော့ခ်မြို့ ရထားတစ်စင်းပေါ်မှာ အဝတ်အစားတွေအကုန်ချွတ်ချလိုက်ပြီး တိုက်တွန်းမှု တစ်ခု ပြုလုပ်လိုက်ပါတယ်။


လူတွေအနေနဲ့ ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ခန္ဒာကိုယ် အချိုးအစားပေါ်မှာ စိတ်ပျက်နေတာမျိုး မလုပ်ပဲ အကောင်းမြင်စိတ် ထားရှိကြဖို့ သူမက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပုံပန်သဏ္ဍာန်ကို မလှဘူးဆိုတဲ့အတွေးဝင်နေပြီး အများကို မပြသရဲတာမျိုး လူတွေမဖြစ်ရအောင် သူမက အမြဲတိုက်တွန်းလေ့ရှိသူ ဖြစ်ပါတယ်။


သူကိုယ်တိုင်လည်း မော်ဒယ်တစ်ယောက်ဖြစ်နေပေမယ့် သွယ်လျနေအောင် ကြိုးစားတာမျိုးမလုပ်ပဲ အကိတ်ခန္ဓာကိုယ်ကိုသာ ထိန်းသိမ်းထားသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ဘီကီနီမော်ဒယ်တစ်ဦးဖြစ်ပေမယ့် ဆိုက်နံပတ် ၁၄ ကို ဝတ်ဆင်ရသူ အဖြစ်နာမည်ကြီးပါတယ်။ အခု နယူးယော့ခ်မြို့ မြေအောက်ရထားတစ်စင်းပေါ်မှာ အပေါ်အဝတ်အစားတွေ ချွတ်ပြီး သူမက အောက်ပါအတိုင်း ပြောခဲ့တာပါ။

" ကျွန်မတို့ဘဝအတွက် ပြောဆိုဆက်ဆံကြရာမှာ အရေးအကြီးဆုံး အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ အတွင်းစိတ်နဲ့ ပြန်နဲ့ ဆက်ဆံရတဲ့ relationship ပါပဲ။ အခု ကျွန်မရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကြီးကို ယူဆောင်ပြီးတော့ ရှင်တို့ဆီ ရောက်လာခဲ့ပြီ။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ခံစားချက်တွေကို အတင်းထိန်းချုပ်ရင်း နေထိုင်နေကြတယ်။ ဘယ်သူမှ လာပြီး ထိန်းချုပ်စရာမလိုပဲ လူတွေဟာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နေကြတယ်" လို့ အစ်ခရာက ရထားပေါ်မှာ အော်ပြီးပြောခဲ့တာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top