Property Expo
×

လူတစ္ေယာက္က ကိုယ့္ကိုအျမဲခ်စ္သြားဖုိ႕ဆိုတာ ျဖစ္ႏိုင္ပါ့မလားလုိ႕ သင္ေတြးမိေကာင္း ေတြးမိဖူးပါလိမ့္မယ္။ ကိုယ့္ခ်စ္သူ ကိုယ့္ကိုအျမဲခ်စ္ဖုိ႕အတြက္၊ အထူးသျဖင့္ ကိုယ့္ခ်စ္သူေကာင္မေလး ကိုယ့္ကိုအျမဲခ်စ္ဖုိ႕အတြက္ သင္ဟာ ဒီနည္းေလးေတြအတုိင္း လြယ္ကူရိုးရွင္းစြာ လုပ္ေဆာင္ေပးသြားဖုိ႕ပါပဲ။ ဒါက ေမွာ္အတတ္ပညာလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီနည္းေတြဟာ သင္တုိ႕အခ်စ္ေရးုကိုေတာ့ ပိုမိုခိုင္ျမဲေစမွာ ေသခ်ာပါတယ္။

၁။ ကိုယ့္ကိုကုိယ္ သံုးသပ္ျပင္ဆင္ပါ။

မွန္ထဲၾကည့္ျပီး ငါ ဘာေတြလိုအပ္ေနသလဲဆုိတဲ့ ေမးခြန္းကို အမွန္အတုိင္းေျဖပါ။ ငါ့အရည္အခ်င္းေတြ ပိုတိုးတက္ေအာင္ ငါဘာေတြလုပ္သင့္တယ္၊ ၾကိဳးစားသင့္တယ္ဆုိတာကို စဥ္းစားအေျဖထုတ္ပါ။ သင္ဟာ သင္လုပ္ေဆာင္ေနတဲ့ အလုပ္ေတြကို ေသခ်ာၾကိဳးစားလုပ္မယ္၊ အားတဲ့အခ်ိန္ေတြကို အက်ိဳးရွိရွိ အသံုးခ်တတ္သူဆုိရင္ သင့္ခ်စ္သူေကာင္မေလးကလည္း သင့္ကို အထင္ၾကီးေလးစားလာမွာပါ။ ဒါဟာ ကိုယ့္အတြက္ေရာ၊ ကိုယ့္ခ်စ္သူအတြက္ပါ ေကာင္းမြန္တဲ့ အက်ိဳးေက်းဇူးေတြ ခံစားရမယ့္ အခ်က္ပါပဲ။

၂။ သူေျပာတာေတြကို နားေထာင္ပါ။ သူမကို တန္ဖုိးထားပါ။

သူမက သင့္ကိုတစ္ခုခုေျပာတဲ့အခါ ဟိုဘက္နားက၀င္ ဒီဘက္နားကထြက္တာမ်ိဳး မလုပ္ပါနဲ႕။ သင့္ႏွလံုးသားနဲ႕ အာရံုစူးစိုက္ျပီး နားေထာင္လိုက္ပါ။  ဥပမာ သူမက အေရးၾကီးတာ တစ္ခုခု ေျပာေနတာကို သင္က ဖုန္းေလးပြတ္ရင္း နားေထာင္တာမ်ိဳး မလုပ္ပါနဲ႕။ ဒါဟာ သူမကို အေလးမထားရာ ေရာက္ပါတယ္။  သူမေျပာတာကို ေသခ်ာအဆံုးထိ နားေထာင္ျပီး သူမကို အၾကံေပးတာ၊ ေထာက္ခံတာ စသျဖင့္ လုပ္ေဆာင္သြားလိုက္ပါ။

၃။ သူမ ဘယ္လိုအခ်စ္ခံခ်င္သလဲဆုိတာကို သိေအာင္ၾကိဳးစားပါ။

ကုိယ့္ခ်စ္သူေကာင္မေလးက သူ႕ကို ခ်ဳပ္ခ်ယ္တာမ်ိဳး ၾကိဳက္ခ်င္မွၾကိဳက္ပါလိမ့္မယ္။ ဒါ့အျပင္ မလႈပ္တေျခာက္လုပ္ေနတာမ်ိဳး၊ ခ်စ္တယ္ဆုိတဲ့စကားကိုတစ္ပတ္တစ္ခါေတာင္ မေျပာတာမ်ိဳးကိုလည္း သူတုိ႕စိတ္ထဲ ဘ၀င္က်ခ်င္မွ က်တတ္ၾကတာပါ။ ဒီေတာ့ ကိုယ့္ခ်စ္သူေကာင္မေလးက ကိုယ့္ကို ဘယ္လိုမ်ိဳး ျဖစ္ေစခ်င္သလဲဆုိတာ ကိုယ့္ဘာသာကိုယ္သိေအာင္ၾကိဳးစားဖုိ႕ လိုပါတယ္။

၄။ သူမကို လက္ေဆာင္ေတြေပးပါ။

သူမကို တန္ဖုိးၾကီးလက္ေဆာင္ေတြ တစ္ခုျပီးတစ္ခု ၀ယ္ေပးစရာမလိုေပမယ့္ သူမႏွစ္ျခိဳက္တဲ့အရာေလးေတြ မွတ္ထားျပီး အမွတ္မထင္ ေတြ႕တာနဲ႕ လက္ေဆာင္၀ယ္ထားျပီး ျပန္ေပးတာမ်ိဳး လုပ္ေပးပါ။ သူမ ထင္မွတ္မထားတဲ့အခ်ိန္မွာ သူမအတြက္ လက္ေဆာင္ပစၥည္းေလးေတြ ၀ယ္ေပးတာမ်ိဳး လုပ္ပါ။

၅။သူမကုိ ရိုးသားပါ။

သူမကို အမွန္အတုိင္း အျမဲတမ္း ဖြင့္ဟတတ္သူျဖစ္ပါေစ။ ဘယ္ေတာ့မွ မညာပါနဲ႕။ တစ္ခါညာလိုက္တာနဲ႕ ေနာက္တစ္ခါသင့္ကိုယံုဖုိ႕ဆုိတာ မလြယ္ေတာ့ပါဘူး။ ဒါေပမယ့္ တစ္ခ်ိဳ႕သူမစိတ္ထိခိုက္သြားေစမယ့္ အမွန္တရားေတြ ေျပာခါနီးဆုိရင္ေတာ့ ဒဲ့ထိုးေျပာလိုက္တာမ်ိဳးထက္စာရင္ သူမကို အစပိုင္းေလး ေသခ်ာနား၀င္ေအာင္ ေျပာျပျပီးမွ သူမခံစားရမယ့္ အပိုင္းေတြကို ဖြင့္ဟပါ။ သင္ဟာ ဘယ္ေတာ့မွ လိမ္ညာတတ္တဲ့သူ မဟုတ္ဘူးဆုိတာကလည္း သူမအတြက္ေတာ့ ေလးစားစရာပါပဲ။

၆။ သူမကို ေလးေလးစားစား ဆက္ဆံပါ။

အခ်စ္ေရးဆိုတာက လူႏွစ္ဦးႏွစ္ေယာက္နဲ႕ သာယာေအာင္ တည္ေဆာက္ယူထားရတာပါ။ ဒီေတာ့ ကိုယ့္ခ်စ္သူနဲ႕ပတ္သက္တဲ့ အရာေတြ၊ သူမအလုပ္အကုိင္၊ သူမ ၀ါသနာပါတာေတြကို ေလးစားမႈရွိရပါမယ္။ ကုိယ့္အတြက္ပဲ ကိုယ္ေတြးျပီး တစ္ဖက္လူအတြက္ ဘာမွထည့္မေတြးေပးတာမ်ိဳး မျဖစ္ပါေစနဲ႕။ ဒါ့အျပင့္ သူမ အိပ္မက္၊ ျဖစ္ခ်င္တာေတြ အားလံုးကိုလည္း သင့္အေနနဲ႕ နားလည္မႈေပးႏိုင္ရပါမယ္။

၇။သင့္မိသားစုအေၾကာင္း ေျပာတဲ့အခါ သူမဟာ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါ၀င္ေနပါေစ။

သင့္မိသားစုနဲ႕ သူမကို မိတ္ဆက္ေပးတဲ့အခါ သူမအေၾကာင္း ခ်ီးမြမ္းခန္းဖြင္ေ့ပးတာမ်ိဳး၊ သင္သူမကို ဘယ္ေလာက္ခ်စ္တယ္ဆုိတာ အားလံုးကို ေပးသိတာမ်ိဳးေတြ လုပ္ေပးရင္ သင့္သူငယ္ခ်င္း၊ မိသားစု၀င္ေတြကလည္း သူမကို ခ်စ္ခင္ႏွစ္လိုလာၾကပါလိမ့္မယ္။ သင့္အစ္ကိုဟာ သူမရဲ႕အစ္ကို ျဖစ္လာမယ္၊ သင့္အေမဟာ သူမရဲ႕မိခင္တစ္ေယာက္လို သူမ ခံစားလာရမယ္ဆုိရင္ ဒါဟာ သူမအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ အားအင္တစ္ခုပါ။

၈။ သူမကို ခ်စ္တယ္ဆိုတာ နည္းလမ္းအသစ္ေလးေတြ သံုးျပီး ေျပာပါ။

ေန႕စဥ္နဲ႕အမ်ွ မဟုတ္ရင္ေတာင္ တစ္ပတ္ကို ႏွစ္ခါ သို႕မဟုတ္ သံုးခါေလာက္ သင္သူမကုိ ဘယ္ေလာက္ခ်စ္ေၾကာင္း ေျပာျပသင့္ပါတယ္။ အဲ့ဒီလိုေျပာတဲ့အခါေတြမွာ သင့္ဘက္က နည္းလမ္းအသစ္ေလးေတြ စဥ္းစားျပီး သူမ အမွတ္တရျဖစ္ေနေအာင္ ေျပာဖုိ႕ ၾကိဳးစားအားထုတ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

လူတစ်ယောက်က ကိုယ့်ကိုအမြဲချစ်သွားဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ သင်တွေးမိကောင်း တွေးမိဖူးပါလိမ့်မယ်။ ကိုယ့်ချစ်သူ ကိုယ့်ကိုအမြဲချစ်ဖို့အတွက်၊ အထူးသဖြင့် ကိုယ့်ချစ်သူကောင်မလေး ကိုယ့်ကိုအမြဲချစ်ဖို့အတွက် သင်ဟာ ဒီနည်းလေးတွေအတိုင်း လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်ပေးသွားဖို့ပါပဲ။ ဒါက မှော်အတတ်ပညာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းတွေဟာ သင်တို့အချစ်ရေးုကိုတော့ ပိုမိုခိုင်မြဲစေမှာ သေချာပါတယ်။

၁။ ကိုယ့်ကိုကိုယ် သုံးသပ်ပြင်ဆင်ပါ။

မှန်ထဲကြည့်ပြီး ငါ ဘာတွေလိုအပ်နေသလဲဆိုတဲ့ မေးခွန်းကို အမှန်အတိုင်းဖြေပါ။ ငါ့အရည်အချင်းတွေ ပိုတိုးတက်အောင် ငါဘာတွေလုပ်သင့်တယ်၊ ကြိုးစားသင့်တယ်ဆိုတာကို စဉ်းစားအဖြေထုတ်ပါ။ သင်ဟာ သင်လုပ်ဆောင်နေတဲ့ အလုပ်တွေကို သေချာကြိုးစားလုပ်မယ်၊ အားတဲ့အချိန်တွေကို အကျိုးရှိရှိ အသုံးချတတ်သူဆိုရင် သင့်ချစ်သူကောင်မလေးကလည်း သင့်ကို အထင်ကြီးလေးစားလာမှာပါ။ ဒါဟာ ကိုယ့်အတွက်ရော၊ ကိုယ့်ချစ်သူအတွက်ပါ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ခံစားရမယ့် အချက်ပါပဲ။

၂။ သူပြောတာတွေကို နားထောင်ပါ။ သူမကို တန်ဖိုးထားပါ။

သူမက သင့်ကိုတစ်ခုခုပြောတဲ့အခါ ဟိုဘက်နားကဝင် ဒီဘက်နားကထွက်တာမျိုး မလုပ်ပါနဲ့။ သင့်နှလုံးသားနဲ့ အာရုံစူးစိုက်ပြီး နားထောင်လိုက်ပါ။  ဥပမာ သူမက အရေးကြီးတာ တစ်ခုခု ပြောနေတာကို သင်က ဖုန်းလေးပွတ်ရင်း နားထောင်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ သူမကို အလေးမထားရာ ရောက်ပါတယ်။  သူမပြောတာကို သေချာအဆုံးထိ နားထောင်ပြီး သူမကို အကြံပေးတာ၊ ထောက်ခံတာ စသဖြင့် လုပ်ဆောင်သွားလိုက်ပါ။

၃။ သူမ ဘယ်လိုအချစ်ခံချင်သလဲဆိုတာကို သိအောင်ကြိုးစားပါ။

ကိုယ့်ချစ်သူကောင်မလေးက သူ့ကို ချုပ်ချယ်တာမျိုး ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ဒါ့အပြင် မလှုပ်တခြောက်လုပ်နေတာမျိုး၊ ချစ်တယ်ဆိုတဲ့စကားကိုတစ်ပတ်တစ်ခါတောင် မပြောတာမျိုးကိုလည်း သူတို့စိတ်ထဲ ဘဝင်ကျချင်မှ ကျတတ်ကြတာပါ။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ကို ဘယ်လိုမျိုး ဖြစ်စေချင်သလဲဆိုတာ ကိုယ့်ဘာသာကိုယ်သိအောင်ကြိုးစားဖို့ လိုပါတယ်။

၄။ သူမကို လက်ဆောင်တွေပေးပါ။

သူမကို တန်ဖိုးကြီးလက်ဆောင်တွေ တစ်ခုပြီးတစ်ခု ဝယ်ပေးစရာမလိုပေမယ့် သူမနှစ်ခြိုက်တဲ့အရာလေးတွေ မှတ်ထားပြီး အမှတ်မထင် တွေ့တာနဲ့ လက်ဆောင်ဝယ်ထားပြီး ပြန်ပေးတာမျိုး လုပ်ပေးပါ။ သူမ ထင်မှတ်မထားတဲ့အချိန်မှာ သူမအတွက် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးတာမျိုး လုပ်ပါ။

၅။သူမကို ရိုးသားပါ။

သူမကို အမှန်အတိုင်း အမြဲတမ်း ဖွင့်ဟတတ်သူဖြစ်ပါစေ။ ဘယ်တော့မှ မညာပါနဲ့။ တစ်ခါညာလိုက်တာနဲ့ နောက်တစ်ခါသင့်ကိုယုံဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒါပေမယ့် တစ်ချို့သူမစိတ်ထိခိုက်သွားစေမယ့် အမှန်တရားတွေ ပြောခါနီးဆိုရင်တော့ ဒဲ့ထိုးပြောလိုက်တာမျိုးထက်စာရင် သူမကို အစပိုင်းလေး သေချာနားဝင်အောင် ပြောပြပြီးမှ သူမခံစားရမယ့် အပိုင်းတွေကို ဖွင့်ဟပါ။ သင်ဟာ ဘယ်တော့မှ လိမ်ညာတတ်တဲ့သူ မဟုတ်ဘူးဆိုတာကလည်း သူမအတွက်တော့ လေးစားစရာပါပဲ။

၆။ သူမကို လေးလေးစားစား ဆက်ဆံပါ။

အချစ်ရေးဆိုတာက လူနှစ်ဦးနှစ်ယောက်နဲ့ သာယာအောင် တည်ဆောက်ယူထားရတာပါ။ ဒီတော့ ကိုယ့်ချစ်သူနဲ့ပတ်သက်တဲ့ အရာတွေ၊ သူမအလုပ်အကိုင်၊ သူမ ဝါသနာပါတာတွေကို လေးစားမှုရှိရပါမယ်။ ကိုယ့်အတွက်ပဲ ကိုယ်တွေးပြီး တစ်ဖက်လူအတွက် ဘာမှထည့်မတွေးပေးတာမျိုး မဖြစ်ပါစေနဲ့။ ဒါ့အပြင့် သူမ အိပ်မက်၊ ဖြစ်ချင်တာတွေ အားလုံးကိုလည်း သင့်အနေနဲ့ နားလည်မှုပေးနိုင်ရပါမယ်။

၇။သင့်မိသားစုအကြောင်း ပြောတဲ့အခါ သူမဟာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါစေ။

သင့်မိသားစုနဲ့ သူမကို မိတ်ဆက်ပေးတဲ့အခါ သူမအကြောင်း ချီးမွမ်းခန်းဖွင်ေ့ပးတာမျိုး၊ သင်သူမကို ဘယ်လောက်ချစ်တယ်ဆိုတာ အားလုံးကို ပေးသိတာမျိုးတွေ လုပ်ပေးရင် သင့်သူငယ်ချင်း၊ မိသားစုဝင်တွေကလည်း သူမကို ချစ်ခင်နှစ်လိုလာကြပါလိမ့်မယ်။ သင့်အစ်ကိုဟာ သူမရဲ့အစ်ကို ဖြစ်လာမယ်၊ သင့်အမေဟာ သူမရဲ့မိခင်တစ်ယောက်လို သူမ ခံစားလာရမယ်ဆိုရင် ဒါဟာ သူမအတွက် အဖိုးမဖြတ်နိုင်တဲ့ အားအင်တစ်ခုပါ။

၈။ သူမကို ချစ်တယ်ဆိုတာ နည်းလမ်းအသစ်လေးတွေ သုံးပြီး ပြောပါ။

နေ့စဉ်နဲ့အမျှ မဟုတ်ရင်တောင် တစ်ပတ်ကို နှစ်ခါ သို့မဟုတ် သုံးခါလောက် သင်သူမကို ဘယ်လောက်ချစ်ကြောင်း ပြောပြသင့်ပါတယ်။ အဲ့ဒီလိုပြောတဲ့အခါတွေမှာ သင့်ဘက်က နည်းလမ်းအသစ်လေးတွေ စဉ်းစားပြီး သူမ အမှတ်တရဖြစ်နေအောင် ပြောဖို့ ကြိုးစားအားထုတ်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top