Property Expo
×
Credit:Yoyarlay
#Unicode Version
ကျောင်းပြီး ခါစ လူငယ်သော်လည်းကောင်း၊ ကျောင်းတက်နေရင်း အလုပ်လုပ်နေတဲ့ လူငယ်သော်လည်ကောင်းအလုပ်တစ်ခုကို လျောက်ပြီဆိုရင်ငွေကြေး ပမာဏကို ခဏမေ့ထားပြီး အတွေ့အကြုံရနိုင် မရနိုင်ကို ကြည့်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။
(က) အတွေ့အကြုံဟာ ရွှေထက်ပိုပြီး တန်ဖိုးရှိ
အတွေ့အကြုံဟာ တကယ်ကိုပဲ ရွှေထက်ပိုပြီး တန်ဖိုးရှိပါတယ်။ ရွှေဆိုတာ ရန်သူမျိုး ငါးပါးကြောင့် ပျက်စီးချင် ပျက်စီးနိုင်လိမ့်မယ်။ အတွေ့အကြုံကတော့ ဘာနဲ့ ဖျက်ဖျက် မပျက်စီးပါဘူး။
(ခ) အတွေ့အကြံရှိပြီဆိုရင် အားလုံးက မိမိကို အလိုရှိကြတယ်
ကလေးငယ် တစ်ယောက်ကို သံပုရာသီး ကျွေးရင် ချဉ်မှန်းမသိတော့ သူ
အနေဖြင့် စားလိမ့်မယ်။ တစ်ခါစားပြီပြီ ဆိုရင် ချဉ်မှန်းသိတဲ့ အတွေ့အကြုံကြောင့် နောက်တစ်ခါ မစားတော့ဘူး လူတိုင်း အတွေ့အကြုံဟာ အရမ်းအရေးကြီးပါတယ်။
(ဂ) အတွေ့အကြုံကြောင့် အလုပ်ဟာ ကိုယ့်နောက်လိုက်လာလိမ့်မယ်
မယုံမရှိပါနဲ့ တကယ်ပါ။ အလုပ်မလုပ်တတ်ခင်က အလုပ်တွေကို ရှာခဲ့ပေမယ့် အလုပ်တွေ ကျွမ်းကျင်ပြီး တစ်ဖက်ကမ်းရောက်ရင် တတ်မြောက်သွားပြီ
ဆိုရင်တော့ အလုပ်တွေဟာ သင့်နောက်ကို လိုက်လာပါလိမ့်မယ်။ ဒါကြောင့်
အလုပ်တွေ လိုက်လာစေချင်ရင် www.linkedin.com ကိုသာ သုံးကြည့်လိုက်ပါ။
(ဃ) အတွေ့အကြုံကြောင့် ဘဝ မြင့်တက်လာသလို အတွေ့အကြုံကြောင့်ပဲ ဘဝင်မြင့်ကြတယ်
ဘာမှ အတွေ့အကြုံတွေ မရှိခင်က အောက်ကျို့ သင်ယူတတ်ပေမယ့် အတွေ့အကြုံများလို့ အရမ်းတတ်မြောက်သွားတဲ့ အခါမှာတော့ ဘဝင်မြင့်ကြတယ်။ ဒါကြောင့် မိမိကိုယ့်ကိုယ် ဘဝင်မမြင့်အောင် ကြိုးစားပါ။
(င) လူတိုင်း ငွေလိုအပ်တာကို မမေ့နဲ့
အတွေ့အကြံတော့ ရပါတယ်။ ငွေမရလို့ စားဝတ်နေရေး အဆင်မပြေမူတွေ ရှိပါလိမ့်မယ်။ ဒါဟာ အခိုက်အတန့်ပါ။ ရေရှည်အတွက်တော့ အတွေ့အကြုံရှိသူနဲ့ မရှိသူ ကွားသွားပါလိမ့်မယ်။ ငွေကို အကြောင်းပြပြီးအတွေ့အကြုံတွေ ရနိုင်မယ့် အရာကို မစွန့်လွှတ်ပါနဲ့။
ဖိုးသူတော်(www.phothutaw.com)
Credit:Yoyarlay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top