Kantharyar Centre
×

အိုဟိုင္းယိုးျပည္နယ္က အသက္ ၁၁ ႏွစ္အရြယ္ ကင္ဆာေရာဂါသည္ မိန္းကေလးတစ္ဦးဟာ ပုတ္ခတ္တိုက္ခိုက္မႈေတြ အဆက္မျပတ္ ခံလာရၿပီးေနာက္မွာ မိမိကိုယ္မိမိ အဆံုးစီရင္သြားခဲ့ပါတယ္။

ဘီသန္နီ တြမ္ဆန္ဟာ အသက္ ၃ ႏွစ္အရြယ္မွာ ဦးေႏွာက္ထဲအက်ိတ္တည္ၿပီး ဦးေႏွာက္ကင္ဆာေရာဂါကို ခံစားခဲ့ရပါတယ္။ ဦးေႏွာက္အက်ိတ္ကို ခြဲစိတ္ဖယ္ရွားဖုိ႔က မလြယ္ကူလွပါဘူး။ အသက္ရွင္ဖုိ႔ဆုိတာ ျဖစ္ေတာင့္ျဖစ္ခဲပါပဲ။ ကံေကာင္းလြန္းလွတဲ့ ဘီသန္နီေလးဟာ အက်ိတ္ကို ေအာင္ျမင္စြာ ခြဲထုတ္လိုက္ႏိုင္ခဲ့ပါတယ္။


ခြဲစိတ္မႈရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုအျဖစ္ အာ႐ံုေၾကာထိသြားၿပီး သူမရဲ႕အျပံဳးကေတာ့ မလွပႏိုင္ေတာ့ပါဘူး။ မ်က္စိတစ္ဖက္ေမွးသြားၿပီး ႏႈတ္ခမ္းတစ္ျခမ္းကလည္း အေပၚကို ေစာင္းသြားပါေတာ့တယ္။ ဒါကိုပဲ ေက်ာင္းက ေကာင္ေလးေတြက တစ္ႏွစ္ေက်ာ္လံုးလံုး ေလွာင္ေျပာင္တုိက္ခိုက္ေနတဲ့အေပၚ သူမခမ်ာ တစ္ခ်ိန္လံုး စိတ္ထိခိုက္ေနခဲ့ပါတယ္။

ေအာက္တိုဘာ ၁၉ ရက္က ေက်ာင္းမွာ ေကာင္ေလးတစ္သိုက္ရဲ႕ ေလွာင္ေျပာင္ပုတ္ခတ္မႈကို ခံခဲ့ရအၿပီးမွာေတာ့ အိမ္ျပန္ေရာက္ေရာက္ခ်င္း အိမ္မွာ႐ွိတဲ့ေသနတ္ကို ရွာေဖြကာ မိမိကိုယ္ကိုပစ္သတ္ကာ အဆံုးစီရင္လိုက္ပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အိုဟိုင်းယိုးပြည်နယ်က အသက် ၁၁ နှစ်အရွယ် ကင်ဆာရောဂါသည် မိန်းကလေးတစ်ဦးဟာ ပုတ်ခတ်တိုက်ခိုက်မှုတွေ အဆက်မပြတ် ခံလာရပြီးနောက်မှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။

ဘီသန်နီ တွမ်ဆန်ဟာ အသက် ၃ နှစ်အရွယ်မှာ ဦးနှောက်ထဲအကျိတ်တည်ပြီး ဦးနှောက်ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ ဦးနှောက်အကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့က မလွယ်ကူလှပါဘူး။ အသက်ရှင်ဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ။ ကံကောင်းလွန်းလှတဲ့ ဘီသန်နီလေးဟာ အကျိတ်ကို အောင်မြင်စွာ ခွဲထုတ်လိုက်နိုင်ခဲ့ပါတယ်။

ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် အာရုံကြောထိသွားပြီး သူမရဲ့အပြုံးကတော့ မလှပနိုင်တော့ပါဘူး။ မျက်စိတစ်ဖက်မှေးသွားပြီး နှုတ်ခမ်းတစ်ခြမ်းကလည်း အပေါ်ကို စောင်းသွားပါတော့တယ်။ ဒါကိုပဲ ကျောင်းက ကောင်လေးတွေက တစ်နှစ်ကျော်လုံးလုံး လှောင်ပြောင်တိုက်ခိုက်နေတဲ့အပေါ် သူမခမျာ တစ်ချိန်လုံး စိတ်ထိခိုက်နေခဲ့ပါတယ်။

အောက်တိုဘာ ၁၉ ရက်က ကျောင်းမှာ ကောင်လေးတစ်သိုက်ရဲ့ လှောင်ပြောင်ပုတ်ခတ်မှုကို ခံခဲ့ရအပြီးမှာတော့ အိမ်ပြန်ရောက်ရောက်ချင်း အိမ်မှာရှိတဲ့သေနတ်ကို ရှာဖွေကာ မိမိကိုယ်ကိုပစ်သတ်ကာ အဆုံးစီရင်လိုက်ပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top