Kantharyar Centre
×

အသက္ ၂၇နွစ္အရြယ္ Cassie De Pecol ဆိုသူ အမ်ိဳးသမီးဟာ ႏိုင္ငံေပါင္း ၁၉၆ႏိုင္ငံကို တစ္ႏွစ္အတြင္း လွည့္လည္သြားလာႏိုင္ခဲ့တဲ့အတြက္ အၿမန္ဆံုးခရီးေ၀းသြားႏိုင္သူ ပထမဆံုးအမ်ိဳးသမီးအၿဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ ၂၀၁၆ ႏွစ္ကုန္ပိုင္းမွာေတာ့ သူမဟာ သူမကိုယ္တိုင္ ခရီးသြားဖို႔ သတ္မွတ္ထားတဲ့ ႏိုင္ငံေပါင္း ၁၉၆ႏိုင္ငံကို လွည ့္လည္သြားလာႏိုင္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ပဲ Cassie တစ္ေယာက္ ခရီးအသြားႏုိင္ဆံုးလူသားအၿဖစ္ ဂင္းနစ္စံခ်ိန္ ၀င္ခဲ့ပါတယ္။

တစ္ခ်ိန္ထဲမွာပဲ အၿပည္ၿပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးအဖြဲ႔အစည္းနဲ႔ ခရီးသြားလာေရးလုပ္ငန္း (IIPT) ရဲ႔ ေထာက္ခံမႈကို ရရွိခဲ့ၿပီး ကမာၻႊၿငိမ္းခ်မ္းေရး သံတမန္အၿဖစ္ ခန္႔အပ္ၿခင္းခံခဲ့ရပါတယ္။ “၁၉၆ေသာ အေတြ႔အၾကဳံမ်ား”ဆိုတဲ့ သူမရဲ႔ ခရီးသြားမွတ္တမ္း ၀က္ဘ္ဆိုဒ္ဟာ လူအမ်ားရဲ႕အာရံုစူးစိုက္ၿခင္းကိုလည္း ခံခဲ့ရပါတယ္။သူမဟာ ၂၀၁၅ ဇူလိုင္ကတည္းက ကိုဆိုဗို၊ ကေမာၻဒီးယား နဲ႔ ဖိလစ္ပုိုင္ႏိုင္ငံအပါအ၀င္ ႏိုင္ငံေပါင္း ၁၈၁ႏိုင္ငံကို လွည့္လည္သြားလာခဲ့ၿပီးၿဖစ္ပါတယ္။

ေလေၾကာင္းခရီးစဥ္ ၂၄၅ခုအၿပင္ သူမရဲ႔ ခရီးစရိတ္အတြက္ ေဒၚလာေပါင္း ၁၉၈,၀၀၀ကို ခရီးသြားကုမၸဏီေတြကေန ရရွိ အသံုးၿပဳခဲ့ပါတယ္။ ဒါ့အၿပင္ သူမရဲ႔ Instagram မွ Follower ၈၀၀၀၀ထဲမွာဆိုရင္ အပန္းေၿဖဟိုတယ္ေတြၿဖစ္တဲ့ Six Senses ၊ Soneva ၊ Secret Bayစတဲ့ ေဟာ္တယ္ေတြကလည္း အခမဲ့ တည္းခိုခြင့္ အကူအညီေပးခဲ့ပါေသးတယ္။

ကမာၻ႔ခရီးသြားအၿမန္ဆံုး အမ်ိဳးသားႏွစ္ဦးၿဖစ္တဲ့ Graham Hughes (၄ႏွစ္အတြင္း ႏိုင္ငံေပါင္း၁၉၆ႏိုင္ငံကို သြားလာခဲ့သူ) နဲ႕Yili Liu (၂၀၁၀ခုနွစ္တြင္ ၃ႏွစ္ ၃လႏွင့္ ၆ရက္အတြင္း ႏိုင္ငံေပါင္း ၁၉၆ႏိုင္ငံကို သြားလာခဲ့သူ) တို႔ရဲ႔ စံခ်ိန္ေတြကို သူမက ခ်ိဳးဖ်က္ႏိုင္ခဲ့တာပဲၿဖစ္ပါတယ္။ သူမဟာ တစ္ေနရာမွ တစ္ေနရာ သြားေရာက္တဲ့အခါမွာ အခ်ိန္ ၂ရက္မွ ၅ရက္အထိ အသံုးၿပဳခဲ့ၿပီးေတာ့ ဗီဇာ၄ခုကိုင္ေဆာင္ကာ ခရီးသြားခဲ့ပါတယ္။ သူမက သူမရဲ႔ Instagram မွာ “ကၽြန္မ ဘ၀သက္တမ္းတေလွ်ာက္လံုးကို ခရီးသြားရင္းပဲ ကုန္ဆံုးသြားမယ္လို႔” ေၿပာခဲ့ပါေသးတယ္။

သူမကေတာ့ ေနာက္ထပ္ စိန္ေခၚမႈေတြကို လက္ခံလိုက္ၿပန္ပါၿပီ။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar


#Unicode Version
အသက် ၂၇နှစ်အရွယ် Cassie De Pecol ဆိုသူ အမျိုးသမီးဟာ နိုင်ငံပေါင်း ၁၉၆နိုင်ငံကို တစ်နှစ်အတွင်း လှည့်လည်သွားလာနိုင်ခဲ့တဲ့အတွက် အမြန်ဆုံးခရီးဝေးသွားနိုင်သူ ပထမဆုံးအမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာတော့ သူမဟာ သူမကိုယ်တိုင် ခရီးသွားဖို့ သတ်မှတ်ထားတဲ့ နိုင်ငံပေါင်း ၁၉၆နိုင်ငံကို လှည့်လည်သွားလာနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ Cassie တစ်ယောက် ခရီးအသွားနိုင်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန် ဝင်ခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့အစည်းနဲ့ ခရီးသွားလာရေးလုပ်ငန်း (IIPT) ရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး ကမ္ဘာွှငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ “၁၉၆သော အတွေ့အကြုံများ”ဆိုတဲ့ သူမရဲ့ ခရီးသွားမှတ်တမ်း ဝက်ဘ်ဆိုဒ်ဟာ လူအများရဲ့အာရုံစူးစိုက်ခြင်းကိုလည်း ခံခဲ့ရပါတယ်။သူမဟာ ၂၀၁၅ ဇူလိုင်ကတည်းက ကိုဆိုဗို၊ ကမ္ဘောဒီးယား နဲ့ ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈၁နိုင်ငံကို လှည့်လည်သွားလာခဲ့ပြီးဖြစ်ပါတယ်။

လေကြောင်းခရီးစဉ် ၂၄၅ခုအပြင် သူမရဲ့ ခရီးစရိတ်အတွက် ဒေါ်လာပေါင်း ၁၉၈,၀၀၀ကို ခရီးသွားကုမ္ပဏီတွေကနေ ရရှိ အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ Instagram မှ Follower ၈၀၀၀၀ထဲမှာဆိုရင် အပန်းဖြေဟိုတယ်တွေဖြစ်တဲ့ Six Senses ၊ Soneva ၊ Secret Bayစတဲ့ ဟော်တယ်တွေကလည်း အခမဲ့ တည်းခိုခွင့် အကူအညီပေးခဲ့ပါသေးတယ်။

ကမ္ဘာ့ခရီးသွားအမြန်ဆုံး အမျိုးသားနှစ်ဦးဖြစ်တဲ့ Graham Hughes (၄နှစ်အတွင်း နိုင်ငံပေါင်း၁၉၆နိုင်ငံကို သွားလာခဲ့သူ) နဲ့Yili Liu (၂၀၁၀ခုနှစ်တွင် ၃နှစ် ၃လနှင့် ၆ရက်အတွင်း နိုင်ငံပေါင်း ၁၉၆နိုင်ငံကို သွားလာခဲ့သူ) တို့ရဲ့ စံချိန်တွေကို သူမက ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ တစ်နေရာမှ တစ်နေရာ သွားရောက်တဲ့အခါမှာ အချိန် ၂ရက်မှ ၅ရက်အထိ အသုံးပြုခဲ့ပြီးတော့ ဗီဇာ၄ခုကိုင်ဆောင်ကာ ခရီးသွားခဲ့ပါတယ်။ သူမက သူမရဲ့ Instagram မှာ “ကျွန်မ ဘဝသက်တမ်းတလျှောက်လုံးကို ခရီးသွားရင်းပဲ ကုန်ဆုံးသွားမယ်လို့” ပြောခဲ့ပါသေးတယ်။

သူမကတော့ နောက်ထပ် စိန်ခေါ်မှုတွေကို လက်ခံလိုက်ပြန်ပါပြီ။ ။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top