Property Expo
×

ေျမာက္ကိုရီးယားသည္ လာမည့္ သံုးရက္အတြင္း တာလတ္ပစ္ ဒံုးက်ည္တစ္စင္း စမ္းသပ္ပစ္ခတ္မည့္ အလားအလာ ရွိေနေၾကာင္း အေမရိကန္ အစိုးရ အရာရွိမ်ားက ေျပာၾကားခဲ့သည္။

ႏိုဝင္ဘာ ၁ ရက္တြင္ အေမရိကန္ အစိုးရ ထိပ္တန္း အရာရွိ ႏွစ္ဦးက ေျမာက္ကိုရီးယား အေနျဖင့္ သံုးရက္အတြင္း ဒံုးက်ည္စမ္းသပ္မည္ဟု အခုိင္အမာ ယံုၾကည္ရေၾကာင္း Fox သတင္းဌာနသို႔ မွတ္ခ်က္ေပးခဲ့သည္။ အဆုိပါ စမ္းသပ္မႈသည္ ၂၄ နာရီမွ ၇၂ နာရီအတြင္း ျဖစ္ေျမာက္လာမည္ဟုလည္း ၎တို႔က ဆိုသည္။

ကြန္ျမဴနစ္ ႏုိင္ငံသည္ ကုလသမဂၢ၏ တားျမစ္မႈမ်ားကို ဆန္႔က်င္ကာ ဒံုးက်ည္ႏွင့္ ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈမ်ားကို ဆက္တိုက္ အေကာင္အထည္ ေဖာ္လ်က္ ရွိသည္။ ယခုႏွစ္အတြင္း ဒံုးက်ည္စမ္းသပ္မႈမ်ား အႀကိမ္ႀကိမ္ ျပဳလုပ္ခဲ့ရာ ေအာက္တိုဘာ ၂၀ တြင္ ေနာက္ဆံုးတစ္ႀကိမ္ စမ္းသပ္ထားၿပီး ျဖစ္သည္။

အဆိုပါ ဒံုးက်ည္သည္ တာလတ္ပစ္ Musudan အမ်ိဳးအစားဟု ယံုၾကည္ရၿပီး ပစ္စင္မွ လႊတ္တင္ၿပီး မၾကာမီတြင္ပင္ ပ်က္စီးသြားခဲ့သည္။ ေျမာက္ကိုရီးယားသည္ ကီလိုမီတာ ၃၀၀၀ မွ်ထိ ေရာက္ရွိႏုိင္မည္ဟု ယံုၾကည္ရသည့္ Musudanမ်ားကို ၁၀ ႀကိမ္ဝန္းက်င္မွ် စမ္းသပ္ခဲ့ၿပီး ျဖစ္ေသာ္လည္း ေအာင္ျမင္မႈ တစ္ႀကိမ္သာ ရရွိေသးေၾကာင္းလည္း သိရသည္။

အေမရိကန္ အေျခစိုက္ ေျမာက္ကိုရီးယား သုေတသန ပေရာဂ်က္ တစ္ခုက အေမရိကန္ ေရြးေကာက္ပြဲ နီးကပ္လာခ်ိန္တြင္ ရန္လိုလံႈ႕ေဆာ္ အင္အားျပသည့္ အေနျဖင့္ ေျမာက္ကိုရီးယားက လက္နက္စမ္းသပ္ဖြယ္ ရွိေနေၾကာင္း သံုးသပ္ထားသည္။

ေျမာက္ကိုရီးယားသည္ ႏ်ဴကလီးယား လက္နက္ စမ္းသပ္မႈမ်ားကိုလည္း လုပ္ေဆာင္လ်က္ရွိရာ စက္တင္ဘာ ၉ ရက္တြင္ ၎တို႔၏ အားအျပင္းဆံုးႏွင့္ ပဉၥမေျမာက္ ႏ်ဴကလီးယား ေဖာက္ခြဲမႈကို ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မြောက်ကိုရီးယားသည် လာမည့် သုံးရက်အတွင်း တာလတ်ပစ် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်ခတ်မည့် အလားအလာ ရှိနေကြောင်း အမေရိကန် အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁ ရက်တွင် အမေရိကန် အစိုးရ ထိပ်တန်း အရာရှိ နှစ်ဦးက မြောက်ကိုရီးယား အနေဖြင့် သုံးရက်အတွင်း ဒုံးကျည်စမ်းသပ်မည်ဟု အခိုင်အမာ ယုံကြည်ရကြောင်း Fox သတင်းဌာနသို့ မှတ်ချက်ပေးခဲ့သည်။ အဆိုပါ စမ်းသပ်မှုသည် ၂၄ နာရီမှ ၇၂ နာရီအတွင်း ဖြစ်မြောက်လာမည်ဟုလည်း ၎င်းတို့က ဆိုသည်။

ကွန်မြူနစ် နိုင်ငံသည် ကုလသမဂ္ဂ၏ တားမြစ်မှုများကို ဆန့်ကျင်ကာ ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများကို ဆက်တိုက် အကောင်အထည် ဖော်လျက် ရှိသည်။ ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၀ တွင် နောက်ဆုံးတစ်ကြိမ် စမ်းသပ်ထားပြီး ဖြစ်သည်။

အဆိုပါ ဒုံးကျည်သည် တာလတ်ပစ် Musudan အမျိုးအစားဟု ယုံကြည်ရပြီး ပစ်စင်မှ လွှတ်တင်ပြီး မကြာမီတွင်ပင် ပျက်စီးသွားခဲ့သည်။ မြောက်ကိုရီးယားသည် ကီလိုမီတာ ၃၀၀၀ မျှထိ ရောက်ရှိနိုင်မည်ဟု ယုံကြည်ရသည့် Musudanများကို ၁၀ ကြိမ်ဝန်းကျင်မျှ စမ်းသပ်ခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်မှု တစ်ကြိမ်သာ ရရှိသေးကြောင်းလည်း သိရသည်။

အမေရိကန် အခြေစိုက် မြောက်ကိုရီးယား သုတေသန ပရောဂျက် တစ်ခုက အမေရိကန် ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရန်လိုလှုံ့ဆော် အင်အားပြသည့် အနေဖြင့် မြောက်ကိုရီးယားက လက်နက်စမ်းသပ်ဖွယ် ရှိနေကြောင်း သုံးသပ်ထားသည်။

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက် စမ်းသပ်မှုများကိုလည်း လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာ ၉ ရက်တွင် ၎င်းတို့၏ အားအပြင်းဆုံးနှင့် ပဉ္စမမြောက် နျူကလီးယား ဖောက်ခွဲမှုကို ပြုလုပ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top