Kantharyar Centre
×

 အဂၤလန္အသင္းေခါင္း ေဆာင္ ရြန္းေနသည္ ဟုိတယ္ တြင္ ပရိသတ္မ်ားႏွင့္ ႐ုိက္ကူးခဲ့ ေသာ သင့္ေလ်ာ္မႈမရိွသည့္ ဓာတ္ပံုမ်ားေၾကာင့္ နည္းျပ ေဆာက္သ္ ဂိတ္ႏွင့္ ေဘာလံုးအဖဲြ႕ခ်ဳပ္နည္း စနစ္ဒါရုိက္တာ ဒန္အက္ရ္ွ၀ပ္သ္ တို႔ကုိ ဗုဒၶဟူူးေန႔၌ ျပန္လည္ ေတာင္းပန္ခဲ့သည္။


အဂၤလန္အသင္း ေခါင္း ေဆာင္ ရြန္းေန၏ မေလ်ာ္ကန္ ေသာ ဓာတ္ပံုမ်ားသည္ အဂၤလန္ ဟုိတယ္တြင္ ၎၏ပရိသတ္မ်ား ႏွင့္အတူ ဓာတ္ပံု႐ုိက္ကူးခဲ့ရာမွ ထြက္ေပၚလာခဲ့ျခင္းျဖစ္ၿပီး ယင္း ဓာတ္ပံုမ်ား လူမႈကြန္ရက္စာမ်က္ႏွာမ်ားထက္တြင္ ပ်ံ႕ႏွံ႔မႈရိွခဲ့သည္။ ရြန္းေနသည္ အရက္မူးၿပီး မဂၤလာပြဲက်င္းပေသာ ခန္းမအတြင္း ၀င္ေရာက္ခဲ့သည္ဟုဆိုသည္။  ႏုိင္ငံတကာပြဲစဥ္မ်ားအတြက္ တာ၀န္ရိွေနခ်ိန္၊ ကစားသမားမ်ား အားလပ္ခ်ိန္တြင္ မည္သို႔ျပဳမူသည္ကုိ ျပန္လည္စိစစ္မည္ဟု ယာယီနည္းျပ ေဆာက္သ္ဂိတ္က ေျပာသည္။

ရြန္းေနကုိယ္စားထုတ္ျပန္ ခ်က္တစ္ခုတြင္ ယေန႔ထြက္ရိွလာ ေသာ ပရိသတ္မ်ားႏွင့္ တဲြ႐ိုက္ ထားသည္ မသင့္ေလ်ာ္ေသာ ဓာတ္ပံုမ်ားအတြက္ စိတ္မ ေကာင္းျဖစ္မိပါေၾကာင္း ေတာင္း ပန္ထားသည္။

သုိ႔ေသာ္အဂၤလန္ကစားသ မားတိုင္းသည္ အခ်ိန္တုိင္း သင့္ ေလ်ာ္ေသာ အျပဳအမူျဖင့္ ေနထိုင္ရန္ တာ၀န္ရိွေၾကာင္းႏွင့္ မိမိတို႔ အေနျဖင့္ ႏုိင္ငံတကာပြဲစဥ္တာ ၀န္အတြက္ ကစားသမားမ်ား အားလပ္ခ်ိန္ ထားရိွေသာ မူ၀ါဒမ်ားကို ျပန္လည္စိစစ္မည္ဟု အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္မွ ေျပာေရးဆိုခြင့္ရိွသူတစ္ဦးက ေျပာၾကားသည္။

ရြန္းေနသည္ စေကာ့တလန္ အသင္းကို ၃-၁ ဂုိးျဖင့္ အႏုိင္ရခဲ့ေသာ ပြဲစဥ္တြင္ ပါ၀င္ခဲ့ေသာ္လည္း ဒူးဒဏ္ရာရရိွခဲ့ေသာေၾကာင့္ စပိန္အသင္းႏွင့္ ႏွစ္ဂုိးစီ သေရက်ခဲ့ေသာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲကို လြဲေခ်ာ္ခဲ့သည္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အင်္ဂလန်အသင်းခေါင်း ဆောင် ရွန်းနေသည် ဟိုတယ် တွင် ပရိသတ်များနှင့် ရိုက်ကူးခဲ့ သော သင့်လျော်မှုမရှိသည့် ဓာတ်ပုံများကြောင့် နည်းပြ ဆောက်သ် ဂိတ်နှင့် ဘောလုံးအဖွဲ့ချုပ်နည်း စနစ်ဒါရိုက်တာ ဒန်အက်ရ်ှဝပ်သ် တို့ကို ဗုဒ္ဓဟူူးနေ့၌ ပြန်လည် တောင်းပန်ခဲ့သည်။


အင်္ဂလန်အသင်း ခေါင်း ဆောင် ရွန်းနေ၏ မလျော်ကန် သော ဓာတ်ပုံများသည် အင်္ဂလန် ဟိုတယ်တွင် ၎င်း၏ပရိသတ်များ နှင့်အတူ ဓာတ်ပုံရိုက်ကူးခဲ့ရာမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်း ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာများထက်တွင် ပျံ့နှံ့မှုရှိခဲ့သည်။ ရွန်းနေသည် အရက်မူးပြီး မင်္ဂလာပွဲကျင်းပသော ခန်းမအတွင်း ဝင်ရောက်ခဲ့သည်ဟုဆိုသည်။  နိုင်ငံတကာပွဲစဉ်များအတွက် တာဝန်ရှိနေချိန်၊ ကစားသမားများ အားလပ်ချိန်တွင် မည်သို့ပြုမူသည်ကို ပြန်လည်စိစစ်မည်ဟု ယာယီနည်းပြ ဆောက်သ်ဂိတ်က ပြောသည်။

ရွန်းနေကိုယ်စားထုတ်ပြန် ချက်တစ်ခုတွင် ယနေ့ထွက်ရှိလာ သော ပရိသတ်များနှင့် တွဲရိုက် ထားသည် မသင့်လျော်သော ဓာတ်ပုံများအတွက် စိတ်မ ကောင်းဖြစ်မိပါကြောင်း တောင်း ပန်ထားသည်။

သို့သော်အင်္ဂလန်ကစားသ မားတိုင်းသည် အချိန်တိုင်း သင့် လျော်သော အပြုအမူဖြင့် နေထိုင်ရန် တာဝန်ရှိကြောင်းနှင့် မိမိတို့ အနေဖြင့် နိုင်ငံတကာပွဲစဉ်တာ ဝန်အတွက် ကစားသမားများ အားလပ်ချိန် ထားရှိသော မူဝါဒများကို ပြန်လည်စိစစ်မည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ရွန်းနေသည် စကော့တလန် အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ပါဝင်ခဲ့သော်လည်း ဒူးဒဏ်ရာရရှိခဲ့သောကြောင့် စပိန်အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သော ချစ်ကြည်ရေး ခြေစမ်းပွဲကို လွဲချော်ခဲ့သည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top