Kantharyar Centre
×

ဘယ္တုန္းကမွ တစ္ညလံုးအလုပ္လုပ္တာ ေကာင္းမြန္တဲ့အၾကံလို႕ မေျပာခဲ့ဖူးပါဘူး။ ဒါေပမယ့္လည္း အေရးႀကီးတဲ့ အေျခအေနတစ္ခု ေရာက္လာခဲ့လုိ႕ မလႊဲမေရွာင္သာ လုပ္ရေတာ့မယ္ဆုိရင္ေတာ့ သင့္ကို အေထာက္အကူျပဳမယ့္ ဒီအခ်က္ေလးေတြအတုိင္း ျပဳမူလုပ္ေဆာင္ေစခ်င္ပါတယ္။ ဒီလုိလုပ္ေနက် မဟုတ္တဲ့ သင့္အတြက္ အခ်ိန္ကုန္ ၊ လူပင္ပန္းရက်ိဳးနပ္ၿပီး အလုပ္လည္း ၿပီးေစမယ့္ ဒီနည္းလမ္းေလးေတြကို လ်စ္လ်ဴမရႈသင့္ပါဘူး။

(၁) သင့္ရဲ႕စိတ္ကို ျပင္ဆင္ပါ။

ပထမဦးဆံုးအေနနဲ႕ ျပဳလုပ္ရမွာက တစ္ညလံုးစာအတြက္ သင့္ကိုယ္သင္ အရင္ျပင္ဆင္ပါ။ ေနာက္ဆံုး အခ်ိန္နီးကပ္ေနၿပီျဖစ္တဲ့ အေရးအႀကီးဆံုး အလုပ္ေတြကို ဦးစားေပးၿပီး စာရင္းလုပ္လုိက္ပါ။ ဒါမွသာ ဘယ္ဟာကို အရင္လုပ္ၿပီး ဘယ္ဟာကို ေနာက္မွလုပ္ရမယ္ဆုိတာ အစီအစဥ္ တက်ျဖစ္ၿပီး အလုပ္တြင္ႏုိင္ပါ လိမ့္မယ္။

(၂) စားရမယ့္ အစားအသာက္ကို ျပင္ဆင္ပါ။

ဗိုက္ဆာလာတဲ့ အခ်ိန္မွာစားဖုိ႕ အသီးေတြကို ျပင္ဆင္ထားပါ။ အဆီမ်ားတဲ့ အစားအစာေတြနဲ႕ သၾကားဓါတ္မ်ားတဲ့ အစားအစာေတြက သင့္ကို အိပ္ခ်င္စိတ္ ျဖစ္ေစပါတယ္။ ပရိုတိန္းဓါတ္မ်ားတဲ့ ေပါင္မုန္႕ညိဳ ဆန္းဒ၀ွစ္ခ်္ေတြနဲ႕ ႏုိ႕ထြက္ပစၥည္းေတြျဖစ္တဲ့ ခ်ိစ့္ ေပါင္မုန္႕ ေတြလုိမ်ိဳး စားေပးပါ။ ေကာ္ဖီေသာက္မယ္ဆုိရင္ေတာ့ နာရီ၀က္ (မိနစ္-၃၀) ကို တစ္က်ိဳက္ေလာက္ ေသာက္ႏုိင္ပါတယ္။ 

(၃)  ပံုမွန္ ခဏနားခ်ိန္ ယူပါ။

ဒီအခ်က္ကေတာ့ အနည္းငယ္ ဥာဏ္မ်ားတဲ့ အခ်က္ပါ။ သင့္အေနနဲ႕ အနားမယူတတ္ရင္ ျပန္လည္အိပ္ေပ်ာ္သြားတဲ့ အေျခအေနကို ေရာက္သြားပါလိမ့္မယ္။ တစ္နာရီျပည့္တဲ့အခ်ိန္တုိင္းမွာ ဆယ္မိနစ္ မ်က္လံုးကို အနားယူေပးပါ။ ဥပမာ ကြန္ပ်ဴတာနဲ့ အလုပ္လုပ္ေနတယ္ဆုိပါစို႕။ မ်က္လံုးေတြကို အနားေပးတဲ့အခ်ိန္မွာ ေရခဲထုပ္ေလးကို မ်က္လံုးေပၚ အံုထားေပးတာမ်ိဳး လုပ္ေပးျခင္းျဖင့္ အနားလဲရၿပီး ျပန္လည္း အိပ္မေပ်ာ္သြားႏုိင္ပါဘူး။

(၄) အလင္းေရာင္ေကာင္းေကာင္းနဲ႕ ေတးဂီတေလးလည္း ဖြင့္ထားပါ။

အလုပ္ခန္းဟာ ေလေကာင္းေလသန္႕နဲ႕ ထုိက္သင့္တဲ့ အလင္းေရာင္ရဖုိ႕ကလည္း အေရးႀကီးပါတယ္။ အထူးသျဖင့္ တစ္ညလံုး အလုပ္လုပ္ေတာ့မယ္ဆုိတဲ့အခါ အလင္းေရာင္က အေရးႀကီးပါတယ္။ အလင္းေရာင္ ေကာင္းေကာင္းရေနမွ သင့္မ်က္လံုးေတြ လုိအပ္တာထက္ပိုၿပီး အားမစိုက္ရမွာပါ။ ၿပီး EDM ဒါမွမဟုတ္ trap သီခ်င္းေလးေတြလဲ ဖြင့္ထားဖုိ႕ မေမ့ပါနဲ႕ေနာ္။

(၅) နားခ်ိန္မွာ ေဆးလိပ္မေသာက္ပါနဲ႕။

သင့္အေနနဲ႕ တစ္နာရီနဲ႕ တစ္နာရီၾကား ခဏနားခ်ိန္မွာ ေဆးလိပ္ေသာက္တာ ပိုလန္းဆန္းေစတယ္လုိ႕ ထင္ေနႏုိင္ပါတယ္။ ေဆးလိပ္ရဲ႕ အက်ိဳးသက္ေရာက္မႈကေတာ့ သင့္ကို ခဏတာ လန္းဆန္းေစႏုိင္ၿပီး မိနစ္အနည္းငယ္ အၾကာမွာေတာ့ ေဆးလိပ္မွာ ပါ၀င္တဲ့ နီကိုတင္းေၾကာင့္ ယခင္ကထက္ပိုၿပီး ငိုက္မ်ဥ္းေစပါတယ္။

(၆) သင့္ရဲ႕ စိတ္ဓါတ္ကို အဖ်က္ဆီးမခံပါနဲ႕။

တစ္ေလာကလံုး တိတ္ဆိတ္ေနတဲ့ လူေျခတိတ္တဲ့ ညအခ်ိန္ဟာ သင့္စိတ္ကို ေထြျပား ေျခာက္ျခား ေစပါတယ္။ ဒါေၾကာင့္ သင္လုပ္ေနတဲ့ လုပ္ငန္းတာ၀န္ေတြ အေပၚမွာပဲ အာရံုအျပည့္အ၀ ထားၿပီးလုပ္ပါ။ ခဏတာအနားယူခ်ိန္မွာ ဆႏၵရွိတယ္ဆုိရင္ ေပါ့ပါးတဲ့ အေညာင္းအညာေျပ ေလ့က်င့္ခန္းေလးေတြလည္း လုပ္လို႕ရပါတယ္။ ဒါမွ သင့္စိတ္ဓါတ္က ထိုင္းမိႈင္းေဆြးျမည့္ မလာမွာပါ။

(၇) ေနထြက္လာတဲ့အခါ အိပ္ေပ်ာ္သြားတာမ်ိဳး ေရွာင္က်ဥ္ပါ။

အလုပ္ေတြအားလံုး ၿပီးသြားလုိ႕ မနက္ခင္း ေနေရာင္ေလး ထြက္စျပဳလာတဲ့အခါ သင့္စိတ္ထဲ ေပါ့ပါးသြားၿပီး “ဒါဟာ ငါအိပ္ရေတာ့မယ္အခ်ိန္ပဲ” လုိ႕ ေတြးေနမိမွာေပါ့။ ဒါမ်ိဳးမလုပ္ပါနဲ႕။ သင့္တင့္တဲ့ မနက္စာ အနည္းငယ္စားၿပီး အျပင္ဘက္ထြက္လုိ႕ အေညာင္းအညာေျဖၿပီး ေလညင္းခံပါ။ ျဖစ္ႏုိင္ရင္ေတာ့ ေန႕လည္ခင္း (သုိ႕မဟုတ္) ညဘက္ေရာက္ေတာ့မွ ခါတုိင္းေန႕ထက္ ခပ္ေစာေစာအိပ္ရာ၀င္လုိက္ပါ။

(၈) ေနာက္တစ္ခါ မလုပ္ေတာ့ဘူးလုိ႕ ဆံုးျဖတ္ပါ။

တစ္ညလံုး ေကာင္းေကာင္း လုပ္ႏုိင္ခဲ့လုိ႕ သင့္ကိုယ္သင္ ဂုဏ္ယူသင့္တာ မွန္ပါတယ္။ ဒါေပမယ့္ ေနာက္တစ္ႀကိမ္ အလုပ္ေတြကို ဒီလုိပံုထားၿပီး ဒါမ်ိဳးထပ္မလုပ္ဘူးလုိ႕ေတာ့ ကတိေပးပါ။ ေဘးထြက္ ဆုိးက်ိဳးအေနနဲ႕ သင့္ခႏၶာကိုယ္ကို ထိခိုက္ေစႏုိင္ၿပီး ရက္အနည္းငယ္နဲ႕ ျပန္လည္အားမျပည့္ ၊ မလန္းဆန္းႏုိင္တာကို ခံစားရႏုိင္တာေၾကာင့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ဘယ်တုန်းကမှ တစ်ညလုံးအလုပ်လုပ်တာ ကောင်းမွန်တဲ့အကြံလို့ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့်လည်း အရေးကြီးတဲ့ အခြေအနေတစ်ခု ရောက်လာခဲ့လို့ မလွှဲမရှောင်သာ လုပ်ရတော့မယ်ဆိုရင်တော့ သင့်ကို အထောက်အကူပြုမယ့် ဒီအချက်လေးတွေအတိုင်း ပြုမူလုပ်ဆောင်စေချင်ပါတယ်။ ဒီလိုလုပ်နေကျ မဟုတ်တဲ့ သင့်အတွက် အချိန်ကုန် ၊ လူပင်ပန်းရကျိုးနပ်ပြီး အလုပ်လည်း ပြီးစေမယ့် ဒီနည်းလမ်းလေးတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၁) သင့်ရဲ့စိတ်ကို ပြင်ဆင်ပါ။

ပထမဦးဆုံးအနေနဲ့ ပြုလုပ်ရမှာက တစ်ညလုံးစာအတွက် သင့်ကိုယ်သင် အရင်ပြင်ဆင်ပါ။ နောက်ဆုံး အချိန်နီးကပ်နေပြီဖြစ်တဲ့ အရေးအကြီးဆုံး အလုပ်တွေကို ဦးစားပေးပြီး စာရင်းလုပ်လိုက်ပါ။ ဒါမှသာ ဘယ်ဟာကို အရင်လုပ်ပြီး ဘယ်ဟာကို နောက်မှလုပ်ရမယ်ဆိုတာ အစီအစဉ် တကျဖြစ်ပြီး အလုပ်တွင်နိုင်ပါ လိမ့်မယ်။

(၂) စားရမယ့် အစားအသာက်ကို ပြင်ဆင်ပါ။

ဗိုက်ဆာလာတဲ့ အချိန်မှာစားဖို့ အသီးတွေကို ပြင်ဆင်ထားပါ။ အဆီများတဲ့ အစားအစာတွေနဲ့ သကြားဓါတ်များတဲ့ အစားအစာတွေက သင့်ကို အိပ်ချင်စိတ် ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်များတဲ့ ပေါင်မုန့်ညို ဆန်းဒဝှစ်ချ်တွေနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ့် ပေါင်မုန့် တွေလိုမျိုး စားပေးပါ။ ကော်ဖီသောက်မယ်ဆိုရင်တော့ နာရီဝက် (မိနစ်-၃၀) ကို တစ်ကျိုက်လောက် သောက်နိုင်ပါတယ်။

(၃)  ပုံမှန် ခဏနားချိန် ယူပါ။

ဒီအချက်ကတော့ အနည်းငယ် ဉာဏ်များတဲ့ အချက်ပါ။ သင့်အနေနဲ့ အနားမယူတတ်ရင် ပြန်လည်အိပ်ပျော်သွားတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ တစ်နာရီပြည့်တဲ့အချိန်တိုင်းမှာ ဆယ်မိနစ် မျက်လုံးကို အနားယူပေးပါ။ ဥပမာ ကွန်ပျူတာနဲ့ အလုပ်လုပ်နေတယ်ဆိုပါစို့။ မျက်လုံးတွေကို အနားပေးတဲ့အချိန်မှာ ရေခဲထုပ်လေးကို မျက်လုံးပေါ် အုံထားပေးတာမျိုး လုပ်ပေးခြင်းဖြင့် အနားလဲရပြီး ပြန်လည်း အိပ်မပျော်သွားနိုင်ပါဘူး။

(၄) အလင်းရောင်ကောင်းကောင်းနဲ့ တေးဂီတလေးလည်း ဖွင့်ထားပါ။

အလုပ်ခန်းဟာ လေကောင်းလေသန့်နဲ့ ထိုက်သင့်တဲ့ အလင်းရောင်ရဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ညလုံး အလုပ်လုပ်တော့မယ်ဆိုတဲ့အခါ အလင်းရောင်က အရေးကြီးပါတယ်။ အလင်းရောင် ကောင်းကောင်းရနေမှ သင့်မျက်လုံးတွေ လိုအပ်တာထက်ပိုပြီး အားမစိုက်ရမှာပါ။ ပြီး EDM ဒါမှမဟုတ် trap သီချင်းလေးတွေလဲ ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။

(၅) နားချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။

သင့်အနေနဲ့ တစ်နာရီနဲ့ တစ်နာရီကြား ခဏနားချိန်မှာ ဆေးလိပ်သောက်တာ ပိုလန်းဆန်းစေတယ်လို့ ထင်နေနိုင်ပါတယ်။ ဆေးလိပ်ရဲ့ အကျိုးသက်ရောက်မှုကတော့ သင့်ကို ခဏတာ လန်းဆန်းစေနိုင်ပြီး မိနစ်အနည်းငယ် အကြာမှာတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းကြောင့် ယခင်ကထက်ပိုပြီး ငိုက်မျဉ်းစေပါတယ်။

(၆) သင့်ရဲ့ စိတ်ဓါတ်ကို အဖျက်ဆီးမခံပါနဲ့။

တစ်လောကလုံး တိတ်ဆိတ်နေတဲ့ လူခြေတိတ်တဲ့ ညအချိန်ဟာ သင့်စိတ်ကို ထွေပြား ခြောက်ခြား စေပါတယ်။ ဒါကြောင့် သင်လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေ အပေါ်မှာပဲ အာရုံအပြည့်အ၀ ထားပြီးလုပ်ပါ။ ခဏတာအနားယူချိန်မှာ ဆန္ဒရှိတယ်ဆိုရင် ပေါ့ပါးတဲ့ အညောင်းအညာပြေ လေ့ကျင့်ခန်းလေးတွေလည်း လုပ်လို့ရပါတယ်။ ဒါမှ သင့်စိတ်ဓါတ်က ထိုင်းမှိုင်းဆွေးမြည့် မလာမှာပါ။

(၇) နေထွက်လာတဲ့အခါ အိပ်ပျော်သွားတာမျိုး ရှောင်ကျဉ်ပါ။

အလုပ်တွေအားလုံး ပြီးသွားလို့ မနက်ခင်း နေရောင်လေး ထွက်စပြုလာတဲ့အခါ သင့်စိတ်ထဲ ပေါ့ပါးသွားပြီး “ဒါဟာ ငါအိပ်ရတော့မယ်အချိန်ပဲ” လို့ တွေးနေမိမှာပေါ့။ ဒါမျိုးမလုပ်ပါနဲ့။ သင့်တင့်တဲ့ မနက်စာ အနည်းငယ်စားပြီး အပြင်ဘက်ထွက်လို့ အညောင်းအညာဖြေပြီး လေညင်းခံပါ။ ဖြစ်နိုင်ရင်တော့ နေ့လည်ခင်း (သို့မဟုတ်) ညဘက်ရောက်တော့မှ ခါတိုင်းနေ့ထက် ခပ်စောစောအိပ်ရာဝင်လိုက်ပါ။

(၈) နောက်တစ်ခါ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပါ။

တစ်ညလုံး ကောင်းကောင်း လုပ်နိုင်ခဲ့လို့ သင့်ကိုယ်သင် ဂုဏ်ယူသင့်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် အလုပ်တွေကို ဒီလိုပုံထားပြီး ဒါမျိုးထပ်မလုပ်ဘူးလို့တော့ ကတိပေးပါ။ ဘေးထွက် ဆိုးကျိုးအနေနဲ့ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ရက်အနည်းငယ်နဲ့ ပြန်လည်အားမပြည့် ၊ မလန်းဆန်းနိုင်တာကို ခံစားရနိုင်တာကြောင့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top