Kantharyar Centre
×

 မန္ယူအသင္းမန္ေနဂ်ာ ေမာ္ရင္ဟုိအား အဂၤလိပ္ေဘာလံုး အဖြဲ႕ခ်ဳပ္က တစ္ပြဲပယ္ျပစ္ဒဏ္ႏွင့္ ဒဏ္ေငြေပါင္ ၅၀,၀၀၀ ကုိ ဗုဒၶဟူးေန႔တြင္ ဒဏ္႐ုိက္ခဲ့သည္။


ေမာ္ရင္ဟုိသည္ သီးျခား က်ဴးလြန္ခဲ့ေသာ ျပစ္မႈႏွစ္မႈအ တြက္ ယခုကဲ့သုိ႔ အက္ဖ္ေအက ဒဏ္႐ုိက္ခဲ့ျခင္းျဖစ္သည္။ ေမာ္ရင္ဟိုသည္ ၿပီးခဲ့ေသာစေနေန႔ က ကစားခဲ့သည့္ ဘန္ေလႏွင့္ ပြဲတြင္႐ုိင္းပ်ေသာ အျပဳအမူမ်ားေၾကာင့္ တစ္ပဲြပယ္ျပစ္ဒဏ္ႏွင့္ လီဗာပူး ႏွင့္ ပြဲမတုိင္မီ ဒုိင္လူႀကီးကို ေ၀ဖန္ခဲ့မႈေၾကာင့္ ဒဏ္ေငြေပါင္ ၅၀,၀၀၀အသီးသီးဒဏ္႐ုိက္ခံရျခင္းျဖစ္ သည္။

ထို႔အျပင္ ပြဲၾကည့္စင္သုိ႔ ပုိ႔ေဆာင္ခံရျခင္းေၾကာင့္ ဒဏ္ေငြေပါင္ ၈,၀၀၀ ထပ္ေဆာင္းရ မည္ျဖစ္၍ စုစုေပါင္း ဒဏ္ေငြေပါင္ ၅၈,၀၀၀ ေပးေဆာင္ရမည္ ျဖစ္သည္။

ေမာ္ရင္ဟုိသည္ ေအာက္တို ဘာ ၁၄ ရက္တြင္ ကစားမည့္ လီဗာပူးႏွင့္ပြဲတြင္ ကုိင္တြယ္မည့္ ဒုိင္ လူႀကီးအေပၚ မွတ္ခ်က္ေပးခဲ့မႈကုိ မသင့္ေလ်ာ္ေသာ လုပ္ရပ္ျဖစ္ေၾကာင္း ၀န္ခံခဲ့ေသာ္လည္း ေဘာလံုးအဖြဲ႕ခ်ဳပ္စည္းမ်ဥ္းအီး-၃၁ အရ ေဘာလံုးအားကစားအား ဂုဏ္သိကၡာ က်ဆင္းေစသည့္ အခ်က္ကုိ ျငင္းဆိုခဲ့သည္။ ထို႔အျပင္ ဘန္ေလႏွင့္ပြဲတြင္ မန္ယူအတြက္ ပင္နယ္တီေပးခဲ့ျခင္းမရိွ ေသာ ဒုိင္လူႀကီးကို တိုက္ခုိက္ သည့္ စကားမ်ားေျပာၾကားခဲ့ဟု ၀န္ခံခဲ့သည္။ အဆုိပါျဖစ္ရပ္သည္ ပထမပုိင္းၿပီးေနာက္ ကစားသ မားမ်ား နားေနခန္းသုိ႔ ၀င္ေရာက္ ရာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။

ေမာ္ရင္ဟုိသည္ မန္ယူအသင္း၏ ေနာက္ဆံုးေလးပဲြဆက္ ႏုိင္ပဲြေပ်ာက္ဆံုးေနျခင္းေၾကာင့္  ဖိအားမ်ားရိွေနၿပီး အာဆင္နယ္၊ လီဗာပူးႏွင့္ မန္စီးတီးတုိ႔ထက္ ရွစ္ မွတ္ေလ်ာ့နည္းကာ အမွတ္ေပး ဇယားနံပါတ္ (၈) ေနရာတြင္ ရပ္ တည္ေနသည္။    

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မန်ယူအသင်းမန်နေဂျာ မော်ရင်ဟိုအား အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေပေါင် ၅၀,၀၀၀ ကို ဗုဒ္ဓဟူးနေ့တွင် ဒဏ်ရိုက်ခဲ့သည်။


မော်ရင်ဟိုသည် သီးခြား ကျူးလွန်ခဲ့သော ပြစ်မှုနှစ်မှုအ တွက် ယခုကဲ့သို့ အက်ဖ်အေက ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။ မော်ရင်ဟိုသည် ပြီးခဲ့သောစနေနေ့ က ကစားခဲ့သည့် ဘန်လေနှင့် ပွဲတွင်ရိုင်းပျသော အပြုအမူများကြောင့် တစ်ပွဲပယ်ပြစ်ဒဏ်နှင့် လီဗာပူး နှင့် ပွဲမတိုင်မီ ဒိုင်လူကြီးကို ဝေဖန်ခဲ့မှုကြောင့် ဒဏ်ငွေပေါင် ၅၀,၀၀၀အသီးသီးဒဏ်ရိုက်ခံရခြင်းဖြစ် သည်။

ထို့အပြင် ပွဲကြည့်စင်သို့ ပို့ဆောင်ခံရခြင်းကြောင့် ဒဏ်ငွေပေါင် ၈,၀၀၀ ထပ်ဆောင်းရ မည်ဖြစ်၍ စုစုပေါင်း ဒဏ်ငွေပေါင် ၅၈,၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

မော်ရင်ဟိုသည် အောက်တို ဘာ ၁၄ ရက်တွင် ကစားမည့် လီဗာပူးနှင့်ပွဲတွင် ကိုင်တွယ်မည့် ဒိုင် လူကြီးအပေါ် မှတ်ချက်ပေးခဲ့မှုကို မသင့်လျော်သော လုပ်ရပ်ဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း ဘောလုံးအဖွဲ့ချုပ်စည်းမျဉ်းအီး-၃၁ အရ ဘောလုံးအားကစားအား ဂုဏ်သိက္ခာ ကျဆင်းစေသည့် အချက်ကို ငြင်းဆိုခဲ့သည်။ ထို့အပြင် ဘန်လေနှင့်ပွဲတွင် မန်ယူအတွက် ပင်နယ်တီပေးခဲ့ခြင်းမရှိ သော ဒိုင်လူကြီးကို တိုက်ခိုက် သည့် စကားများပြောကြားခဲ့ဟု ဝန်ခံခဲ့သည်။ အဆိုပါဖြစ်ရပ်သည် ပထမပိုင်းပြီးနောက် ကစားသ မားများ နားနေခန်းသို့ ဝင်ရောက် ရာလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

မော်ရင်ဟိုသည် မန်ယူအသင်း၏ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခြင်းကြောင့်  ဖိအားများရှိနေပြီး အာဆင်နယ်၊ လီဗာပူးနှင့် မန်စီးတီးတို့ထက် ရှစ် မှတ်လျော့နည်းကာ အမှတ်ပေး ဇယားနံပါတ် (၈) နေရာတွင် ရပ် တည်နေသည်။    



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top