Kantharyar Centre
×

တရုတ္ႏုိင္ငံ၊ ရွန္ဇမ္းျပည္နယ္က လူငယ္အမ်ိဳးသားတစ္ဦးက ႏုိင္ငံတြင္းမွာ  နာမည္အေက်ာ္ၾကားဆံုး ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ အလီဘာဘာ စီအီးအုိ ဂ်က္မားနဲ႔ ရုပ္ခ်င္းဆင္တူဖုိ႔အတြက္ ယြမ္ေငြတစ္သန္း အကုန္က်ခံ ကာ ခြဲစိတ္ျပဳျပင္မႈျပဳလုပ္မယ္လုိ႔ သိရပါတယ္။

သာမန္အတုိင္းဆုိရင္ေတာ့ ခြဲစိပ္မႈျပဳလုပ္တဲ့ လူေတြေတာ္ေတာ္ မ်ားမ်ားက သူတုိ႔စံထားတဲ့ေခ်ာေမာၿပီး နာမည္ႀကီးတဲ့ အႏုပညာရွင္ ေတြ၊ ေအာင္ျမင္ထူးခၽြန္ၿပီး လွပတဲ့ကမာၻေက်ာ္ေတြလုိမ်ိဳး ရုပ္ရည္ေျပျပစ္လွပတဲ့ သူေတြအတုိင္းသာ ေခ်ာေမာေအာင္ ျပင္ဆင္တတ္ၾကတာျဖစ္ပါတယ္။

ဒါေပမဲ့ ေတာင္ကိုးရီးယားထိ သြားေရာက္ၿပီး ပလက္စတစ္ဆာဂ်ရီ လုပ္ခဲ့တဲ့ ဒီအမ်ိဳးသားကေတာ့ ဒီလုိ စိတ္ကူးမ်ိဳးမရွိပါဘူး။ လူပံုစံက ပုျပတ္ျပတ္န႔ဲရုပ္ရည္ၾကည့္ ေကာင္းတဲ့သူမဟုတ္တဲ့ ဂ်က္မားနဲ႔ ရုပ္ခ်င္းဆင္ေအာင္ ျပဳျပင္လုိက္ျခင္းက သူ႔အတြက္ စံျပထားတဲ့ ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တာ အျပင္ တစ္ေန႔မွာ ဂ်က္မားနဲ႔ ဆံုေတြ႔ႏုိင္ဖုိ႔ကုိလည္း ေမွ်ာ္လင့္ထားတယ္လုိ႔ ဆုိပါတယ္။ သူ႔အေနနဲ႔ ဟန္ဇိုးျပည္နယ္မွာ ဂ်က္မား ကုိယ္တုိင္ြင့္လွစ္ထားတဲ့ ဟူပန္ပုဂၢလိက တကၠသုိလ္ကုိ တက္ ေရာက္ၿပီးေတာ့ ဂ်က္မားရဲ႕ စီးပြားေရးလုပ္ငန္းေအာင္ျမင္မႈ ပုိ႔ခ်ခ်က္ ေတြကုိ နားေထာင္ခ်င္တယ္လု႔ိလည္း ဆႏၵရွိေနတယ္လုိ႔ ေျပာျပ ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

Unicode Version

တရုတ်နိုင်ငံ၊ ရှန်ဇမ်းပြည်နယ်က လူငယ်အမျိုးသားတစ်ဦးက နိုင်ငံတွင်းမှာ  နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အလီဘာဘာ စီအီးအို ဂျက်မားနဲ့ ရုပ်ချင်းဆင်တူဖို့အတွက် ယွမ်ငွေတစ်သန်း အကုန်ကျခံ ကာ ခွဲစိတ်ပြုပြင်မှုပြုလုပ်မယ်လို့ သိရပါတယ်။

သာမန်အတိုင်းဆိုရင်တော့ ခွဲစိပ်မှုပြုလုပ်တဲ့ လူတွေတော်တော် များများက သူတို့စံထားတဲ့ချောမောပြီး နာမည်ကြီးတဲ့ အနုပညာရှင် တွေ၊ အောင်မြင်ထူးချွန်ပြီး လှပတဲ့ကမ္ဘာကျော်တွေလိုမျိုး ရုပ်ရည်ပြေပြစ်လှပတဲ့ သူတွေအတိုင်းသာ ချောမောအောင် ပြင်ဆင်တတ်ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ တောင်ကိုးရီးယားထိ သွားရောက်ပြီး ပလက်စတစ်ဆာဂျရီ လုပ်ခဲ့တဲ့ ဒီအမျိုးသားကတော့ ဒီလို စိတ်ကူးမျိုးမရှိပါဘူး။ လူပုံစံက ပုပြတ်ပြတ်နဲ့ရုပ်ရည်ကြည့် ကောင်းတဲ့သူမဟုတ်တဲ့ ဂျက်မားနဲ့ ရုပ်ချင်းဆင်အောင် ပြုပြင်လိုက်ခြင်းက သူ့အတွက် စံပြထားတဲ့ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တာ အပြင် တစ်နေ့မှာ ဂျက်မားနဲ့ ဆုံတွေ့နိုင်ဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဟန်ဇိုးပြည်နယ်မှာ ဂျက်မား ကိုယ်တိုင်ွင့်လှစ်ထားတဲ့ ဟူပန်ပုဂ္ဂလိက တက္ကသိုလ်ကို တက် ရောက်ပြီးတော့ ဂျက်မားရဲ့ စီးပွားရေးလုပ်ငန်းအောင်မြင်မှု ပို့ချချက် တွေကို နားထောင်ချင်တယ်လု့ိလည်း ဆန္ဒရှိနေတယ်လို့ ပြောပြ ပါတယ်။


Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top