Kantharyar Centre
×

အမ်ိဳးသားပဲ ျဖစ္ျဖစ္၊ အမ်ိဳးသမီးပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ အနာဂတ္လက္တြဲေဖာ္ဟာ ႏွစ္လိုဖြယ္ေကာင္းသူ၊ အက်င့္စ႐ိုက္ ႐ႈပ္႐ႈပ္ေထြးေထြးမရွိသူကိုပဲ လိုခ်င္ၾကမွာျဖစ္ပါတယ္။ အားလံုးက သေဘာက်ၿပီး ႏွစ္လိုဖြယ္ေကာင္းတဲ့ အမ်ိဳးသမီးေတြရဲ႕ အက်င့္စ႐ိုက္ (၆) ခုရွိပါတယ္။

၁။ စိတ္ခံစားမႈကို ထိန္းခ်ဳပ္ႏုိင္

ႏွစ္လိုဖြယ္ေကာင္းတဲ့ အမ်ိဳးသမီးေတြကိုၾကည့္လုိက္ရင္ အခ်စ္ေရးကံဆိုးတာ၊ မိသားစုေရး ကံဆိုးတာမ်ိဳး မရွိဘူးလို႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ အမွန္ေတာ့ သူတို႔ဟာ ဒီခံစားခ်က္ အေတာ္မ်ားမ်ားကို အျပင္ထြက္မလာေအာင္ ထိန္းခ်ဳပ္ထားႏုိင္တာပါ။ ဝမ္းနည္းေနတာမွာထက္စာရင္ ဘာလုပ္သင့္တယ္ဆိုတာ အရင္ေတြးၾကပါလိမ့္မယ္။

၂။ အတင္းမေျပာ

သူတို႔ဟာ အတင္းေျပာတာကို စိတ္မဝင္စားၾကပါဘူး။ အျခားသူေတြရဲ႕ အေၾကာင္းထက္ ကိုယ့္အေၾကာင္းကိုယ္ ပိုၿပီး စိတ္ဝင္စားၾကသူေတြပါ။

၃။ အမ်ားအား႐ံုစိုက္ျခင္းကို မႀကိဳက္

အခ်ိဳ႕မိန္းကေလးေတြက အမ်ားအာ႐ံုစိုက္တာ လုိခ်င္လို႔ ေၾကာင္ေတာင္ေတာင္ကိစၥေတြလုပ္ေနခ်ိန္မွာ သူတို႔ကေတာ့ ဒါမ်ိဳး မလုပ္တတ္ၾကပါဘူး။ သူတို႔အတြက္ တကယ္လိုအပ္တဲ့ အရာေတြကို ရရွိဖို႔ပဲ လုပ္ေဆာင္ေျပာဆုိတတ္ၾကပါတယ္။ အမ်ားစိတ္ဝင္စားဖို႔ သူတုိ႔အာ႐ံုထဲမွာ မရွိပါဘူး။

၄။ ကိုယ့္ကိုကိုယ္ စေတးသူမ်ား မဟုတ္

အခ်ိဳ႕ကေတာ့ Relationship တစ္ခုအတြက္ ကိုယ့္ကိုကုိယ္ စေတးလိုက္ၾကပါတယ္။ ဆုိလုိတာက Relationship ကို အပ်က္မခံခ်င္လို႔ ကိုယ့္ရဲ႕ဘဝ၊ ေပ်ာ္႐ႊင္မႈေတြကို လက္လႊတ္ၿပီး စေတးလိုက္ၾကတာပါ။ ႏွစ္လိုဖြက္ရွိတဲ့ မိန္းကေလးေတြကေတာ့ အခ်စ္အတြက္ ပန္းတိုင္ကို အပ်က္မခံၾကပါဘူး။

၅။ ဝါသနာေတြရွိ

သူတို႔ထံမွာ အလုပ္နဲ႔ ခ်စ္သူေတြအတြက္ခ်ည္းပဲ အခ်ိန္ေတြရွိတာမဟုတ္ပါဘူး။ ဝါသနာေတြအတြက္လည္း အခ်ိန္ေပးေလ့ရွိပါတယ္။ အဲဒီအတြက္သူတို႔ သာမန္ထက္ေပ်ာ္႐ႊင္ၾကတာကို ေတြ႔ရမွာပါ။

၆။ ဆက္ဆံေရး ေကာင္းသူမ်ားျဖစ္

လူမႈဆက္ဆံေရးမွာလည္း သူတို႔ေကာင္းမြန္ေလ့ရွိပါတယ္။ စကားေျပာတဲ့အခါ သင့္ေတာ္တဲ့ စကားလံုးေတြ၊ အေျခအေနေတြကို ေ႐ြးခ်ယ္ေလ့ရွိၾကၿပီး ခံစားခ်က္ကို ဦးစားမေပးၾကပါဘူး။ ပုဂိၢဳလ္ေရး ခံစားခ်က္ေတြကို မေပၚလြင္ေအာင္  ေနထိုင္တတ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အနာဂတ်လက်တွဲဖော်ဟာ နှစ်လိုဖွယ်ကောင်းသူ၊ အကျင့်စရိုက် ရှုပ်ရှုပ်ထွေးထွေးမရှိသူကိုပဲ လိုချင်ကြမှာဖြစ်ပါတယ်။ အားလုံးက သဘောကျပြီး နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးတွေရဲ့ အကျင့်စရိုက် (၆) ခုရှိပါတယ်။

၁။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်

နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးတွေကိုကြည့်လိုက်ရင် အချစ်ရေးကံဆိုးတာ၊ မိသားစုရေး ကံဆိုးတာမျိုး မရှိဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ အမှန်တော့ သူတို့ဟာ ဒီခံစားချက် အတော်များများကို အပြင်ထွက်မလာအောင် ထိန်းချုပ်ထားနိုင်တာပါ။ ဝမ်းနည်းနေတာမှာထက်စာရင် ဘာလုပ်သင့်တယ်ဆိုတာ အရင်တွေးကြပါလိမ့်မယ်။

၂။ အတင်းမပြော

သူတို့ဟာ အတင်းပြောတာကို စိတ်မဝင်စားကြပါဘူး။ အခြားသူတွေရဲ့ အကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုပြီး စိတ်ဝင်စားကြသူတွေပါ။

၃။ အများအားရုံစိုက်ခြင်းကို မကြိုက်

အချို့မိန်းကလေးတွေက အများအာရုံစိုက်တာ လိုချင်လို့ ကြောင်တောင်တောင်ကိစ္စတွေလုပ်နေချိန်မှာ သူတို့ကတော့ ဒါမျိုး မလုပ်တတ်ကြပါဘူး။ သူတို့အတွက် တကယ်လိုအပ်တဲ့ အရာတွေကို ရရှိဖို့ပဲ လုပ်ဆောင်ပြောဆိုတတ်ကြပါတယ်။ အများစိတ်ဝင်စားဖို့ သူတို့အာရုံထဲမှာ မရှိပါဘူး။

၄။ ကိုယ့်ကိုကိုယ် စတေးသူများ မဟုတ်

အချို့ကတော့ Relationship တစ်ခုအတွက် ကိုယ့်ကိုကိုယ် စတေးလိုက်ကြပါတယ်။ ဆိုလိုတာက Relationship ကို အပျက်မခံချင်လို့ ကိုယ့်ရဲ့ဘဝ၊ ပျော်ရွှင်မှုတွေကို လက်လွှတ်ပြီး စတေးလိုက်ကြတာပါ။ နှစ်လိုဖွက်ရှိတဲ့ မိန်းကလေးတွေကတော့ အချစ်အတွက် ပန်းတိုင်ကို အပျက်မခံကြပါဘူး။

၅။ ဝါသနာတွေရှိ

သူတို့ထံမှာ အလုပ်နဲ့ ချစ်သူတွေအတွက်ချည်းပဲ အချိန်တွေရှိတာမဟုတ်ပါဘူး။ ဝါသနာတွေအတွက်လည်း အချိန်ပေးလေ့ရှိပါတယ်။ အဲဒီအတွက်သူတို့ သာမန်ထက်ပျော်ရွှင်ကြတာကို တွေ့ရမှာပါ။

၆။ ဆက်ဆံရေး ကောင်းသူများဖြစ်

လူမှုဆက်ဆံရေးမှာလည်း သူတို့ကောင်းမွန်လေ့ရှိပါတယ်။ စကားပြောတဲ့အခါ သင့်တော်တဲ့ စကားလုံးတွေ၊ အခြေအနေတွေကို ရွေးချယ်လေ့ရှိကြပြီး ခံစားချက်ကို ဦးစားမပေးကြပါဘူး။ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို မပေါ်လွင်အောင်  နေထိုင်တတ်ကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top