Property Expo
×

လူတိုင္းကသတ္မွတ္ၾကပါတယ္။အလွပဆုံးမိန္းကေလးဆိုတာ
က်န္းမာတဲ့အသားအေရ၊ ေကာင္းမြန္တဲ့ဆံပင္၊ လွပတဲ့မ်က္ႏွာနဲ႕ ခႏၶာကိုယ္အခ်ိဳးအစား။ ဒါေတြဟာ မိန္းကေလးတစ္ေယာက္ကို အလွကဆုံးလို႔ေကာ သတ္မွတ္ေပးနိုင္သလား။ မယ္ေ႐ြးပြဲေတြက်င္းပတဲ့အခါ ဒါေတြကိုပဲၾကည့္ၿပီး ဆုံးျဖတ္ၾကတာလား။

LizzieVelasquezလိုေခၚတဲ့အမ်ိဳးသမီးဟာရွားပါးေရာဂါတစ္မ်ိဳးကိုခံစားေနရတာျဖစ္ပါတယ္။ ေရာဂါလကၡဏာ
ကေတာ့ အင္မတန္ရွားပါးလွၿပီး သူမရဲ႕ခႏၶာကိုယ္ဟာ အစားစားရင္ စားသေလာက္ အဆီေတြကို မစုေဆာင္းနိုင္ပါဘူး။ Marfan Sydrome လို႔ေခၚပါတယ္။

သူမရဲ႕ေရာဂါေၾကာင့္ သူမရဲ႕အျပင္ပန္းသြင္ျပင္ဟာ အင္မတန္ၾကည့္ရဆိုးခဲ့ၿပီး ငယ္စဥ္ကတည္းက ခြဲျခားဆက္ဆံခံရတာ၊ အနိုင္က်င့္ခံရတာေတြ ႀကဳံခဲ့ရၿပီး စိတ္ဒဏ္ရာအမ်ားအျပား ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ေဘးမွာရွိေနေပးခဲ့တာကေတာ့ သူမရဲ႕မိဘႏွစ္ပါးပါ။ သူမရဲ႕မိဘေတြဟာ သူတို႔ရဲ႕သမီးေလးအေပၚ အခ်စ္မပ်က္ခဲ့ၾကပါဘူး။ ဒါ့အျပင္ ဘဝႀကီးကို လက္ရွိကိုယ္ျဖစ္တည္ေနတဲ့အတိုင္း လက္ခံနိုင္ဖို႔ သင္ေပးခဲ့ပါတယ္။

ဒါေၾကာင့္Lizzieဟာ ေနာက္ပိုင္းမွာလူၾကားထဲကိုရဲရဲဝံ့ဝံ့ထြက္လာခဲ့ၿပီးတီဗီအစီအစဥ္ေတြ၊ ေဟာေျပာပြဲေတြမွာ
ပါဝင္ခဲ့ပါတယ္။သူမႀကဳံခဲ့ရတာကိုမွ်ေဝေပးၿပီးသူမရဲ႕စိတ္ဓာတ္ခြန္အားေတြကို ျပက္ရယ္ျပဳသူေတြဆီ
 ျပန္လည္ျဖန႔္ေဝေပးခဲ့ပါတယ္။ ဒါေၾကာင့္မို႔ လက္ရွိအဆိုးဆုံးအေျခအေနကို ရင္ဆိုင္ေက်ာ္လႊားၿပီး ႐ုပ္အဆိုးဆုံးကေန အလွပဆုံးအမ်ိဳးသမီးျဖစ္ခဲ့တာကေတာ့ Lizzie Velasquez ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
လူတိုင်းကသတ်မှတ်ကြပါတယ်။အလှပဆုံးမိန်းကလေးဆိုတာ

ကျန်းမာတဲ့အသားအရေ၊ ကောင်းမွန်တဲ့ဆံပင်၊ လှပတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစား။ ဒါတွေဟာ မိန်းကလေးတစ်ယောက်ကို အလှကဆုံးလို့ကော သတ်မှတ်ပေးနိုင်သလား။ မယ်ရွေးပွဲတွေကျင်းပတဲ့အခါ ဒါတွေကိုပဲကြည့်ပြီး ဆုံးဖြတ်ကြတာလား။

LizzieVelasquezလိုခေါ်တဲ့အမျိုးသမီးဟာရှားပါးရောဂါတစ်မျိုးကိုခံစားနေရတာဖြစ်ပါတယ်။ ရောဂါလက္ခဏာ

ကတော့ အင်မတန်ရှားပါးလှပြီး သူမရဲ့ခန္ဓာကိုယ်ဟာ အစားစားရင် စားသလောက် အဆီတွေကို မစုဆောင်းနိုင်ပါဘူး။ Marfan Sydrome လို့ခေါ်ပါတယ်။

သူမရဲ့ရောဂါကြောင့် သူမရဲ့အပြင်ပန်းသွင်ပြင်ဟာ အင်မတန်ကြည့်ရဆိုးခဲ့ပြီး ငယ်စဉ်ကတည်းက ခွဲခြားဆက်ဆံခံရတာ၊ အနိုင်ကျင့်ခံရတာတွေ ကြုံခဲ့ရပြီး စိတ်ဒဏ်ရာအများအပြား ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘေးမှာရှိနေပေးခဲ့တာကတော့ သူမရဲ့မိဘနှစ်ပါးပါ။ သူမရဲ့မိဘတွေဟာ သူတို့ရဲ့သမီးလေးအပေါ် အချစ်မပျက်ခဲ့ကြပါဘူး။ ဒါ့အပြင် ဘဝကြီးကို လက်ရှိကိုယ်ဖြစ်တည်နေတဲ့အတိုင်း လက်ခံနိုင်ဖို့ သင်ပေးခဲ့ပါတယ်။

ဒါကြောင့်Lizzieဟာ နောက်ပိုင်းမှာလူကြားထဲကိုရဲရဲဝံ့ဝံ့ထွက်လာခဲ့ပြီးတီဗီအစီအစဉ်တွေ၊ ဟောပြောပွဲတွေမှာ

ပါဝင်ခဲ့ပါတယ်။သူမကြုံခဲ့ရတာကိုမျှဝေပေးပြီးသူမရဲ့စိတ်ဓာတ်ခွန်အားတွေကို ပြက်ရယ်ပြုသူတွေဆီ

 ပြန်လည်ဖြန့်ဝေပေးခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိအဆိုးဆုံးအခြေအနေကို ရင်ဆိုင်ကျော်လွှားပြီး ရုပ်အဆိုးဆုံးကနေ အလှပဆုံးအမျိုးသမီးဖြစ်ခဲ့တာကတော့ Lizzie Velasquez ပါပဲ။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top