Property Expo
×







Credit: 7 day daily

#Unicode Version

နိုဝင်ဘာ ၆ ရက် က ဆွမ်ဆီးနှင့် ပရီးမီးယားလိဂ် ပွဲတွင် ငါးကြိမ်မြောက် အဝါ ကတ်ထိခဲ့ခြင်းအတွက် မန်ယူ တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပရိသတ်များအား တောင်းပန် ခဲ့သည်။

၎င်းသည် အဝါကတ်ငါး ကတ်ကြောင့် ရှေ့လာမည့် အာ ဆင်နယ်နှင့် ပွဲကို လွဲချော်မည်ဖြစ် သည်။

ဆွမ်ဆီးကို ၃-၁ ဂိုးနှင့် နိုင် သောပွဲတွင် မိုဗစ် (၃၅) နှစ်က နှစ်ဂိုးသွင်းယူပြီး အသင်းကို နံပါတ် (၆) နေရာ ကူညီပို့ဆောင် ခဲ့သည်။

သို့သော် ပွဲချိန် ၇၆ မိနစ်တွင် အိမ်ရှင်ကွင်းလယ်လူ လိုဖီဖာ ကို ဖျက်ထုတ်မှုတွင် အဝါကတ် ပြသခံခဲ့ရပြီး အလိုအလျောက် တစ်ပွဲပယ်ပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။

‘‘လာမယ့်ပွဲအတွက် ပွဲပယ် ခံရလို့ ကျွန်တော်ဝမ်းနည်းပါ တယ်။ အဲဒီပွဲဟာ ကျွန်တော် တကယ်ပဲ ပါဝင်ကစားချင်တဲ့ပွဲ ဖြစ်လို့ အဝါကတ်မထိခဲ့ရင် ကောင်းမှာပဲလို့ ထင်မိပါတယ်’’ ဟု မိုဗစ်က မန်ယူဝက်ဘ်ဆိုက် တွင် ပြောကြားသည်။

ပရီးမီးယားလိဂ်ပွဲစဉ်များ နိုဝင်ဘာ ၁၉ ရက်တွင် ပြန်လည် စတင်ချိန်၌ နံပါတ်တ် (၄) နေရာ မှ အာဆင်နယ်က အိုးထရက်ဖို့ဒ် ကွင်း၌ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top