Property Expo
×

မုိးစပါးေပၚခ်ိန္တြင္ စပါးေစ်းက်ဆင္းမႈမရွိေစရန္ တ႐ုတ္ႏုိင္ငံအပါအ၀င္ ျပည္ပသို႔ ကာလတုိအတြင္း စပါးတင္ပို႔ ေရာင္းခ်ခြင့္ျပဳေပးရန္ စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာနက စီစဥ္ေနေၾကာင္း ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာစိုးထြန္း က ေျပာၾကားသည္။

မိုးစပါးေပၚခ်ိန္တြင္ တ႐ုတ္ ႏုိင္ငံသည္ တရားမ၀င္ကုန္သြယ္မႈ တားဆီးေရးေခါင္းစဥ္ျဖင့္ ျမန္မာ ႏုိင္ငံမွ ေရာင္းခ်သည့္ ဆန္မ်ားကို ဆက္တုိက္ဖမ္းဆီး၍ ဆန္တင္ပို႔ ေရာင္းခ်မႈက်ဆင္းခဲ့သည္။ ဆန္ စက္ပိုင္ရွင္မ်ားသည္လည္း ၿပီးခဲ့ သည့္ ေႏြစပါး၊ မိုးစပါးမ်ား ၀ယ္ ယူစုေဆာင္းထားမႈမ်ားကို ျပန္ လည္ေရာင္းခ်ႏုိင္မႈမရွိျခင္းေၾကာင့္ ယခုႏွစ္မုိးစပါးေပၚခ်ိန္တြင္ စပါး မ်ား၀ယ္ယူစုေဆာင္းရန္ ေငြေၾကး အခက္အခဲရွိေၾကာင္း ဆန္ကုန္ သည္အခ်ိဳ႕က ေျပာသည္။

လက္ရွိမုိးစပါးေပၚခ်ိန္တြင္ ကုန္သည္၊ စက္ပုိင္မ်ားက စပါး မ်ား၀ယ္ယူႏုိင္ေျခေလ်ာ့နည္းျခင္း ေၾကာင့္ စပါးေစ်းက်ဆင္းမည္ကို အစိုးရႏွင့္ ျမန္မာႏုိင္ငံ ဆန္စပါး အသင္းခ်ဳပ္တို႔က စိုးရိမ္ေနၿပီး စပါးကို တ႐ုတ္ႏုိင္ငံအပါအ၀င္ ျပည္ပသို႔ အခ်ိန္၊ ပမာဏအကန္႔ အသတ္တို႔ျဖင့္ ကာလတို တင္ပို႔ ေရာင္းခ်ခြင့္ျပဳရန္ စီစဥ္ရျခင္းဟု ေဒါက္တာစိုးထြန္းက ေျပာသည္။

‘‘အၿမဲတမ္း ခြင့္ျပဳဖို႔မဟုတ္ ပါဘူး။ စပါးေပၚခ်ိန္ အခုကာလ အတြင္းမွာပဲ ခြင့္ျပဳဖို႔ စီစဥ္ေနပါ တယ္’’ဟု ေဒါက္တာစိုးထြန္းက ေျပာသည္။

တ႐ုတ္အစိုးရသည္ ျမန္မာ ႏုိင္ငံမွ တင္ပို႔ေရာင္းခ်သည့္ ဆန္ ကို ဖမ္းဆီးမႈမ်ားရွိေသာ္လည္း စပါးတင္ပို႔ပါက ဖမ္းဆီးမႈမရွိ ေၾကာင္း မူဆယ္ၿမိဳ႕မွ ဆန္ကုန္ သည္အခ်ိဳ႕က ေျပာၾကားသည္။

စပါးတင္ပို႔မႈကို ေရရွည္ခြင့္ ျပဳမည္ဆုိပါက ျပည္တြင္းမွ ဆန္ စက္လုပ္ငန္းမ်ား ရပ္တန္႔ၿပီး ဆန္ စက္လုပ္ငန္း၌ ပါ၀င္လုပ္ေဆာင္ ေနသည့္ အလုပ္သမားမ်ားလည္း အလုပ္လက္မဲ့ျဖစ္ႏုိင္သည့္ အ ေျခအေနမ်ိဳးျဖစ္ေၾကာင္း မူဆယ္ ၿမိဳ႕မွ ကုန္သည္ ဦးမင္းသိန္းက ေျပာသည္။

ထို႔အျပင္ စပါးကုန္ၾကမ္း တင္ပို႔မႈေၾကာင့္ ဆန္ကဲြ၊ ဖဲြႏုစ ေသာ တိရစၧာန္ အစားအစာမ်ား အတြက္ အခက္အခဲျဖစ္ႏုိင္ ေၾကာင္း အထက္ပါပုဂၢိဳလ္က ဆုိ သည္။

မိုးစပါးအသစ္ေပၚခ်ိန္တြင္ ေစ်းက်ဆင္းမႈမ်ား ေလ်ာ့နည္း ေစရန္ အစိုးရက အေျခခံေစ်းႏႈန္း ျဖင့္ စပါး၀ယ္ယူရန္ စီစဥ္ေန သည္။ ေတာင္သူလယ္သမားအ က်ိဳးစီးပြားကာကြယ္ေရးႏွင့္ ျမႇင့္ တင္ေရးဥပေဒအရ ဖဲြ႕စည္းထား ေသာ ေကာ္မတီမ်ားမွ စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာနႏွင့္ သက္ဆုိင္ရာ ျပည္ နယ္၊ တိုင္းေဒသႀကီး အစိုးရတို႔ ပူးေပါင္း၍ စပါး၀ယ္ယူေပးေရး စီစဥ္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မိုးစပါးပေါ်ချိန်တွင် စပါးဈေးကျဆင်းမှုမရှိစေရန် တရုတ်နိုင်ငံအပါအဝင် ပြည်ပသို့ ကာလတိုအတွင်း စပါးတင်ပို့ ရောင်းချခွင့်ပြုပေးရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က ပြောကြားသည်။

မိုးစပါးပေါ်ချိန်တွင် တရုတ် နိုင်ငံသည် တရားမဝင်ကုန်သွယ်မှု တားဆီးရေးခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံမှ ရောင်းချသည့် ဆန်များကို ဆက်တိုက်ဖမ်းဆီး၍ ဆန်တင်ပို့ ရောင်းချမှုကျဆင်းခဲ့သည်။ ဆန် စက်ပိုင်ရှင်များသည်လည်း ပြီးခဲ့ သည့် နွေစပါး၊ မိုးစပါးများ ဝယ် ယူစုဆောင်းထားမှုများကို ပြန် လည်ရောင်းချနိုင်မှုမရှိခြင်းကြောင့် ယခုနှစ်မိုးစပါးပေါ်ချိန်တွင် စပါး များဝယ်ယူစုဆောင်းရန် ငွေကြေး အခက်အခဲရှိကြောင်း ဆန်ကုန် သည်အချို့က ပြောသည်။

လက်ရှိမိုးစပါးပေါ်ချိန်တွင် ကုန်သည်၊ စက်ပိုင်များက စပါး များဝယ်ယူနိုင်ခြေလျော့နည်းခြင်း ကြောင့် စပါးဈေးကျဆင်းမည်ကို အစိုးရနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့က စိုးရိမ်နေပြီး စပါးကို တရုတ်နိုင်ငံအပါအဝင် ပြည်ပသို့ အချိန်၊ ပမာဏအကန့် အသတ်တို့ဖြင့် ကာလတို တင်ပို့ ရောင်းချခွင့်ပြုရန် စီစဉ်ရခြင်းဟု ဒေါက်တာစိုးထွန်းက ပြောသည်။

‘‘အမြဲတမ်း ခွင့်ပြုဖို့မဟုတ် ပါဘူး။ စပါးပေါ်ချိန် အခုကာလ အတွင်းမှာပဲ ခွင့်ပြုဖို့ စီစဉ်နေပါ တယ်’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

တရုတ်အစိုးရသည် မြန်မာ နိုင်ငံမှ တင်ပို့ရောင်းချသည့် ဆန် ကို ဖမ်းဆီးမှုများရှိသော်လည်း စပါးတင်ပို့ပါက ဖမ်းဆီးမှုမရှိ ကြောင်း မူဆယ်မြို့မှ ဆန်ကုန် သည်အချို့က ပြောကြားသည်။

စပါးတင်ပို့မှုကို ရေရှည်ခွင့် ပြုမည်ဆိုပါက ပြည်တွင်းမှ ဆန် စက်လုပ်ငန်းများ ရပ်တန့်ပြီး ဆန် စက်လုပ်ငန်း၌ ပါဝင်လုပ်ဆောင် နေသည့် အလုပ်သမားများလည်း အလုပ်လက်မဲ့ဖြစ်နိုင်သည့် အ ခြေအနေမျိုးဖြစ်ကြောင်း မူဆယ် မြို့မှ ကုန်သည် ဦးမင်းသိန်းက ပြောသည်။

ထို့အပြင် စပါးကုန်ကြမ်း တင်ပို့မှုကြောင့် ဆန်ကွဲ၊ ဖွဲနုစ သော တိရစ္ဆာန် အစားအစာများ အတွက် အခက်အခဲဖြစ်နိုင် ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆို သည်။

မိုးစပါးအသစ်ပေါ်ချိန်တွင် ဈေးကျဆင်းမှုများ လျော့နည်း စေရန် အစိုးရက အခြေခံဈေးနှုန်း ဖြင့် စပါးဝယ်ယူရန် စီစဉ်နေ သည်။ တောင်သူလယ်သမားအ ကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့် တင်ရေးဥပဒေအရ ဖွဲ့စည်းထား သော ကော်မတီများမှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနနှင့် သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်း၍ စပါးဝယ်ယူပေးရေး စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top