Kantharyar Centre
×

အင္ဒိုနီးရွားက Jessica Kumala Wongso ဆိုသူဟာ ဂ်ာကာတာျမိဳ႕ ေကာ္ဖီဆုိင္တစ္ခုမွာ သူမမိတ္ေဆြကို  ေကာ္ဖီေအးထဲ အဆိပ္ခတ္ ေသဆုံးေစမႈနဲ႔ အျပစ္ရိွေၾကာင္း ေတြ႔ရိွခဲ့ပါတယ္။ အဲဒီေကာ္ဖီလူသတ္မႈဟာ Wongso နဲ႔ သူမမိတ္ေဆြ Wayan Mirna Salihin တုိ႔ ေကာလိပ္အတူတက္ခဲ့တဲ့ အင္ဒိုနီးရွားနဲ႔ ၾသစေၾတးလ်ႏုိင္ငံက အမႈေတြအျပီး တစ္ဆက္တည္းျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီအမ်ဳိးသမီးႏွစ္ဦး ေကာ္ဖီေသာက္ဖုိ႔ ေတြ႔ဆုံၾကတာဆုိေပမယ့္ Salihin မေရာက္မီ Wongso အရင္ေရာက္ႏွင့္ျပီး သူမအတြက္နဲ႔ Salihin အတြက္ပါ ေကာ္ဖီတစ္ခြက္စီ မွာထားခဲ့တာပါ။ ျပီးေတာ့ ေကာ္ဖီခြက္ေတြကို CCTV ကင္မရာကေန မျမင္ႏိုင္ေအာင္ ေစ်းဝယ္အိတ္ေတြ ကြယ္ထားျပီးမွ ေကာ္ဖီခြက္ထဲ အဆိပ္ထည့္ဖုိ႕စတင္စီမံလုပ္ေဆာင္ခဲ့ေၾကာင္း ေနာက္ပိုင္းသိခဲ့ရပါတယ္။ သူမရဲ႕ သူငယ္ခ်င္းျဖစ္သူ Salihin ဟာေကာ္ဖီေသာက္ၾကည့္ျပီးခ်ိန္မွာေတာ့ အျပင္းအထန္ တုန္ရီလာခဲ့တဲ့အတြက္ ေဆးရံုတင္လိုက္ရျပီး ေဆးရံုမွာပဲ ေသဆံုးသြားခဲ့ပါတယ္။

တရားရုံးမွာ အမႈရင္ဆုိင္ေနစဥ္အတြင္း အစိုးရေရွ႕ေန႕ေတြ ျငင္းခံုေျပာဆုိခ်က္အရ Wongso ဟာ သူငယ္ခ်င္းျဖစ္သူ Salihin က သူမနဲ႕ သူမရဲ႕ခ်စ္သူ ကိုလမ္းခြဲဖုိ႔ တုိက္တြန္းခဲ့တဲ့အတြက္ ခုလို ကလဲ့စားေခ်သတ္ခဲ့တာျဖစ္တယ္လို႕ သိရပါတယ္။ Salihin က မၾကာေသးမီကပဲ အိမ္  ေထာင္ျပဳခဲ့ျပီး Wongso ကေတာ့ တစ္ကိုယ္တည္းသမား တစ္ဦးျဖစ္ေနဆဲပါပဲ။ အဲဒါကပဲ သူမေဒါသကို ထပ္မံတုိးပြားေစေၾကာင္း အစိုးရေရွ႕ေနေတြက ထပ္ေျပာပါတယ္။

မိတ္ေဆြအေပါင္းအသင္းေတြကို အခ်စ္ေရးအၾကံျပဳခ်က္ေပးတာ ဒုကၡေရာက္ေစတဲ့ အရာျဖစ္ပါတယ္။ သူတို႔တြဲေနတဲ့သူနဲ႔ပတ္သက္ျပီး မိမိခံစားခ်က္ဘယ္လုိရိွလဲဆုိတာ သင္ေျပာျပခ်င္ေနပါလိမ့္မယ္။ ကိုယ္က လမ္းခြဲဖုိ႕အၾကံေပးလိုက္ေပမယ့္ သူတို႔က ဆက္တြဲျမဲ တြဲေနမယ္ဆိုရင္ ကိုယ္နဲ႕သူငယ္ခ်င္းက ရန္သူျဖစ္သြားတတ္ပါတယ္။ တကယ္လုိ႔သာ အစုိးရေရွ႕ေနေတြ ေျပာတာ အမွန္ျဖစ္ခဲ့ရင္ ဒီေကာ္ဖီလူသတ္မႈကေန သူငယ္ခ်င္းတစ္ေယာက္ကို ဒီလုိအၾကံမ်ိဳးေပးတဲ့အခါ ၾကဳံရႏုိင္တဲ့ စိုးရိမ္စရာအေျခအေနတစ္ခုဆုိတာ သင္ခန္းစာေတာင္ယူႏိုင္ပါတယ္။ ဒီအျဖစ္အပ်က္က ေဒသခံေတြကို Salihin လုပ္ၾကံခံခဲ့ရာ ေကာ္ဖီဆုိင္ကို သြားေရာက္ေလ့လာျပီး ဗီယယ္နမ္ေကာ္ဖီေအး ေသာက္ၾကည့္ဖုိ႔ ဆြဲေဆာင္ခဲ့ပါတယ္။ Wongso ကေတာ့ ႏွစ္ ၂၀ ၾကာ ေထာင္ဒဏ္က်ခံသြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။  


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version
အင်ဒိုနီးရှားက Jessica Kumala Wongso ဆိုသူဟာ ဂျာကာတာမြို့ ကော်ဖီဆိုင်တစ်ခုမှာ သူမမိတ်ဆွေကို  ကော်ဖီအေးထဲ အဆိပ်ခတ် သေဆုံးစေမှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီကော်ဖီလူသတ်မှုဟာ Wongso နဲ့ သူမမိတ်ဆွေ Wayan Mirna Salihin တို့ ကောလိပ်အတူတက်ခဲ့တဲ့ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံက အမှုတွေအပြီး တစ်ဆက်တည်းဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအမျိုးသမီးနှစ်ဦး ကော်ဖီသောက်ဖို့ တွေ့ဆုံကြတာဆိုပေမယ့် Salihin မရောက်မီ Wongso အရင်ရောက်နှင့်ပြီး သူမအတွက်နဲ့ Salihin အတွက်ပါ ကော်ဖီတစ်ခွက်စီ မှာထားခဲ့တာပါ။ ပြီးတော့ ကော်ဖီခွက်တွေကို CCTV ကင်မရာကနေ မမြင်နိုင်အောင် ဈေးဝယ်အိတ်တွေ ကွယ်ထားပြီးမှ ကော်ဖီခွက်ထဲ အဆိပ်ထည့်ဖို့စတင်စီမံလုပ်ဆောင်ခဲ့ကြောင်း နောက်ပိုင်းသိခဲ့ရပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူ Salihin ဟာကော်ဖီသောက်ကြည့်ပြီးချိန်မှာတော့ အပြင်းအထန် တုန်ရီလာခဲ့တဲ့အတွက် ဆေးရုံတင်လိုက်ရပြီး ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်နေစဉ်အတွင်း အစိုးရရှေ့နေ့တွေ ငြင်းခုံပြောဆိုချက်အရ Wongso ဟာ သူငယ်ချင်းဖြစ်သူ Salihin က သူမနဲ့ သူမရဲ့ချစ်သူ ကိုလမ်းခွဲဖို့ တိုက်တွန်းခဲ့တဲ့အတွက် ခုလို ကလဲ့စားချေသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Salihin က မကြာသေးမီကပဲ အိမ်ထောင်ပြုခဲ့ပြီး Wongso ကတော့ တစ်ကိုယ်တည်းသမား တစ်ဦးဖြစ်နေဆဲပါပဲ။ အဲဒါကပဲ သူမဒေါသကို ထပ်မံတိုးပွားစေကြောင်း အစိုးရရှေ့နေတွေက ထပ်ပြောပါတယ်။

မိတ်ဆွေအပေါင်းအသင်းတွေကို အချစ်ရေးအကြံပြုချက်ပေးတာ ဒုက္ခရောက်စေတဲ့ အရာဖြစ်ပါတယ်။ သူတို့တွဲနေတဲ့သူနဲ့ပတ်သက်ပြီး မိမိခံစားချက်ဘယ်လိုရှိလဲဆိုတာ သင်ပြောပြချင်နေပါလိမ့်မယ်။ ကိုယ်က လမ်းခွဲဖို့အကြံပေးလိုက်ပေမယ့် သူတို့က ဆက်တွဲမြဲ တွဲနေမယ်ဆိုရင် ကိုယ်နဲ့သူငယ်ချင်းက ရန်သူဖြစ်သွားတတ်ပါတယ်။ တကယ်လို့သာ အစိုးရရှေ့နေတွေ ပြောတာ အမှန်ဖြစ်ခဲ့ရင် ဒီကော်ဖီလူသတ်မှုကနေ သူငယ်ချင်းတစ်ယောက်ကို ဒီလိုအကြံမျိုးပေးတဲ့အခါ ကြုံရနိုင်တဲ့ စိုးရိမ်စရာအခြေအနေတစ်ခုဆိုတာ သင်ခန်းစာတောင်ယူနိုင်ပါတယ်။ ဒီအဖြစ်အပျက်က ဒေသခံတွေကို Salihin လုပ်ကြံခံခဲ့ရာ ကော်ဖီဆိုင်ကို သွားရောက်လေ့လာပြီး ဗီယယ်နမ်ကော်ဖီအေး သောက်ကြည့်ဖို့ ဆွဲဆောင်ခဲ့ပါတယ်။ Wongso ကတော့ နှစ် ၂၀ ကြာ ထောင်ဒဏ်ကျခံသွားမှာ ဖြစ်ကြောင်းသိရပါတယ်။  



ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top