Property Expo
×

အေမရိကန္အစိုးရက ျမန္မာႏိုင္ငံအေပၚ စီးပြားေရးပိတ္ ဆို႔မႈမ်ား ႐ုပ္သိမ္းၿပီျဖစ္ေသာ္ လည္း ျမန္မာ့ေက်ာက္မ်က္ ရတနာျပပြဲသို႔ အေမရိကန္ကုန္သည္မ်ား တက္ေရာက္ရန္ စာရင္းေပးသြင္းထားျခင္းမရွိေသးေၾကာင္း ျပပြဲက်င္းပေရး ဗဟိုေကာ္မတီမွ သတင္းရရွိသည္။

ေနျပည္ေတာ္တြင္ က်င္းပ မည့္ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲသို႔ အေမရိကႏွင့္ ဥေရာပ ႏိုင္ငံမ်ားအပါအဝင္ ၂၁ ႏိုင္ငံမွ ေက်ာက္မ်က္ရတနာ ကုန္သည္ မ်ားအား ဖိတ္ၾကားထားေသာ္ လည္း အေမရိကန္ ကုန္သည္မ်ား တက္ေရာက္ရန္ စာရင္းေပးျခင္းမရွိေၾကာင္း ျပပြဲက်င္းပေရး ဗဟိုေကာ္မတီဒုဥကၠ႒ ဦးသန္းေဇာ္ဦးက ေျပာၾကားသည္။

 ႏွစ္စဥ္ႏွစ္တိုင္း အေရအ တြက္ အေျမာက္အျမား လာ ေရာက္သည့္ တ႐ုတ္ကုန္သည္ မ်ားက စာရင္းေပးသြင္းမႈ အမ်ား ဆံုးျဖစ္ၿပီး ဥေရာပႏိုင္ငံအခ်ဳိ႕မွ ကုန္သည္ အနည္းငယ္သာ ျပပြဲသို႔ တက္ေရာက္ရန္ စာရင္းေပးသြင္းထားသည္ဟု ဆိုသည္။

ယခုႏွစ္ ေက်ာက္မ်က္ျပပြဲကို ေရွ႕ပြဲမ်ားႏွင့္ပံုစံတူ အေျပာင္း အလဲမရွိ က်င္းပမည္ျဖစ္ၿပီး ယူ႐ို ေငြအစား ေဒၚလာအသံုးျပဳေရာင္း ခ်ရန္ အစီအစဥ္မရွိေၾကာင္း ဦးသန္းေဇာ္ဦးက ဆိုသည္။

 သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ ႀကီးဌာန၏ ႀကီးၾကပ္မႈျဖင့္ ျမန္မာ့ ေက်ာက္မ်က္ရတနာျပပြဲ ဗဟို ေကာ္မတီသည္ ၂၀၁၆ ႏွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲ ကို ေနျပည္ေတာ္ မဏိရတနာ ေက်ာက္စိမ္းခန္းမတြင္ ႏိုဝင္ဘာ ၂၀ ရက္မွ ၂၉ ရက္အထိ က်င္းပ မည္ျဖစ္သည္။

ႏွစ္လယ္ ျမန္မာ့ေက်ာက္ မ်က္ရတနာျပပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း ၆,၀၀၀ ႏွင့္ ေက်ာက္ မ်က္ရတနာမ်ား ျပသေရာင္းခ် မည္ျဖစ္ၿပီး အ႐ိုင္းတံုးႏွင့္ အေခ်ာ ထည္မ်ား ပါဝင္မည္ျဖစ္သည္။ ေက်ာက္စိမ္းေက်ာက္မ်က္မ်ားကို ေစ်းၿပိဳင္စနစ္၊ တင္ဒါစနစ္မ်ား ျဖင့္ ေရာင္းခ်မည္ျဖစ္ၿပီး ႏိုင္ငံျခား ေငြ (ယူ႐ို)ျဖင့္လည္း ေရာင္းခ်မည္ျဖစ္သည္။  စီးပြားေရးပိတ္ဆုိ႔မႈမ်ား ႐ုပ္သိမ္းၿပီးေနာက္ ေနျပည္ေတာ္တြင္ က်င္းပမည့္ ေက်ာက္မ်က္ျပပြဲသို႔ အေမရိကန္ႏွင့္ အေနာက္ ဥေရာပႏိုင္ငံမ်ားမွ ေက်ာက္မ်က္ ရတနာကုန္သည္မ်ား လာေရာက္ မည္ဆိုပါက ၎တို႔ ႀကိဳက္ႏွစ္ သက္သည့္ ပတၱျမားႏွင့္ ေက်ာက္ မ်က္ရတနာမ်ား အေရာင္းအဝယ္ ပိုမိုေကာင္းမြန္ႏိုင္ၿပီး ေက်ာက္ စိမ္းမွာ အေျခအေနေစာင့္ၾကည့္ ရဦးမည္ျဖစ္ေၾကာင္း ျပည္တြင္း ေက်ာက္မ်က္ရတနာလုပ္ငန္းရွင္ အခ်ဳိ႕က သံုးသပ္သည္။

ေနျပည္ေတာ္ ေက်ာက္မ်က္ ျပပြဲသို႔ ျပည္တြင္း ရတနာကုန္ သည္မ်ားအျပင္ ႏိုင္ငံတကာ ကုန္ သည္မ်ား လာေရာက္ ဝယ္ယူ ခြင့္ရမည္ျဖစ္ေသာ္လည္း ယခင္က်င္းပသည့္ ေက်ာက္မ်က္ျပပြဲမ်ား၌ ေငြေပးေခ်ရန္ ပ်က္ကြက္ သျဖင့္ အမည္ပ်က္စာရင္း တင္သြင္းခံထားရသည့္ ျပည္ပရတနာကုန္သည္မ်ားကိုမူ တက္ေရာက္ ခြင့္ျပဳမည္ မဟုတ္ေၾကာင္း ျပပြဲဗဟိုေကာ္မတီက ထုတ္ျပန္ေၾကညာထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုများ ရုပ်သိမ်းပြီဖြစ်သော် လည်း မြန်မာ့ကျောက်မျက် ရတနာပြပွဲသို့ အမေရိကန်ကုန်သည်များ တက်ရောက်ရန် စာရင်းပေးသွင်းထားခြင်းမရှိသေးကြောင်း ပြပွဲကျင်းပရေး ဗဟိုကော်မတီမှ သတင်းရရှိသည်။

နေပြည်တော်တွင် ကျင်းပ မည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ အမေရိကနှင့် ဥရောပ နိုင်ငံများအပါအဝင် ၂၁ နိုင်ငံမှ ကျောက်မျက်ရတနာ ကုန်သည် များအား ဖိတ်ကြားထားသော် လည်း အမေရိကန် ကုန်သည်များ တက်ရောက်ရန် စာရင်းပေးခြင်းမရှိကြောင်း ပြပွဲကျင်းပရေး ဗဟိုကော်မတီဒုဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောကြားသည်။

 နှစ်စဉ်နှစ်တိုင်း အရေအ တွက် အမြောက်အမြား လာ ရောက်သည့် တရုတ်ကုန်သည် များက စာရင်းပေးသွင်းမှု အများ ဆုံးဖြစ်ပြီး ဥရောပနိုင်ငံအချို့မှ ကုန်သည် အနည်းငယ်သာ ပြပွဲသို့ တက်ရောက်ရန် စာရင်းပေးသွင်းထားသည်ဟု ဆိုသည်။

ယခုနှစ် ကျောက်မျက်ပြပွဲကို ရှေ့ပွဲများနှင့်ပုံစံတူ အပြောင်း အလဲမရှိ ကျင်းပမည်ဖြစ်ပြီး ယူရို ငွေအစား ဒေါ်လာအသုံးပြုရောင်း ချရန် အစီအစဉ်မရှိကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

 သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန် ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီသည် ၂၀၁၆ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပ မည်ဖြစ်သည်။

နှစ်လယ် မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၆,၀၀၀ နှင့် ကျောက် မျက်ရတနာများ ပြသရောင်းချ မည်ဖြစ်ပြီး အရိုင်းတုံးနှင့် အချော ထည်များ ပါဝင်မည်ဖြစ်သည်။ ကျောက်စိမ်းကျောက်မျက်များကို ဈေးပြိုင်စနစ်၊ တင်ဒါစနစ်များ ဖြင့် ရောင်းချမည်ဖြစ်ပြီး နိုင်ငံခြား ငွေ (ယူရို)ဖြင့်လည်း ရောင်းချမည်ဖြစ်သည်။  စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီးနောက် နေပြည်တော်တွင် ကျင်းပမည့် ကျောက်မျက်ပြပွဲသို့ အမေရိကန်နှင့် အနောက် ဥရောပနိုင်ငံများမှ ကျောက်မျက် ရတနာကုန်သည်များ လာရောက် မည်ဆိုပါက ၎င်းတို့ ကြိုက်နှစ် သက်သည့် ပတ္တမြားနှင့် ကျောက် မျက်ရတနာများ အရောင်းအဝယ် ပိုမိုကောင်းမွန်နိုင်ပြီး ကျောက် စိမ်းမှာ အခြေအနေစောင့်ကြည့် ရဦးမည်ဖြစ်ကြောင်း ပြည်တွင်း ကျောက်မျက်ရတနာလုပ်ငန်းရှင် အချို့က သုံးသပ်သည်။

နေပြည်တော် ကျောက်မျက် ပြပွဲသို့ ပြည်တွင်း ရတနာကုန် သည်များအပြင် နိုင်ငံတကာ ကုန် သည်များ လာရောက် ဝယ်ယူ ခွင့်ရမည်ဖြစ်သော်လည်း ယခင်ကျင်းပသည့် ကျောက်မျက်ပြပွဲများ၌ ငွေပေးချေရန် ပျက်ကွက် သဖြင့် အမည်ပျက်စာရင်း တင်သွင်းခံထားရသည့် ပြည်ပရတနာကုန်သည်များကိုမူ တက်ရောက် ခွင့်ပြုမည် မဟုတ်ကြောင်း ပြပွဲဗဟိုကော်မတီက ထုတ်ပြန်ကြေညာထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top