Kantharyar Centre
×

သမၼတေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကင္ပါတီမွ ေဒၚနယ္ထရန္႕ အႏုိင္ရ႐ွိၿပီးေနာက္ အေမရိကန္ႏုိင္ငံ လမ္းမေတြေပၚမွာ ေထာင္နဲ႕ခ်ီတဲ့ ျပည္သူေတြ ဆႏၵျပခဲ့ၾကပါတယ္။
ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ံုးမႈအတြင္း ထရန္႕ ေျပာၾကားခဲ့တဲ့ ေ႐ႊ႕ေျပာင္းေနထုိင္သူမ်ား၊ မြတ္စလင္မ္းမ်ားနဲ႕ အျခားအုပ္စုေတြနဲ႕ ပတ္သက္ၿပီး မူဝါဒေတြအေပၚ ဆႏၵျပသူေတြက ေဝဖန္ခဲ့ၾကပါတယ္။


ဗုဒၶဟူးေန႕ (ႏုိဝ္ငဘာ ၉ ရက္) ညပုိင္းက နယူးေယာ့ခ္ၿမဳိ႕မွာ ေထာင္နဲ႕ခ်ီတဲ့ ဆႏၵျပသူေတြ စု႐ုံးၿပီး ထရန္႕ အႏုိင္ရ႐ွိခဲ့ျခင္းကုိ ကန္႕ကြက္ဆႏၵျပခဲ့ၾကပါတယ္။ ဆႏၵျပသူေတြက 'ငါ့ရဲ႕သမၼတ မဟုတ္ဘူး' လုိ႕ စုေပါင္းေအာ္ဟစ္ ဆႏၵျပခဲ့ၾကပါတယ္။


အလားတူ ခ်ီကာဂုိၿမဳိ႕႐ွိ ထရန္႕ပုိင္ဆုိင္တဲ့ Trump International Hotel and Tower အျပင္ဘက္မွာလည္း လူ ၁,၀၀၀ ဝန္းက်င္ စု႐ုံးၿပီး 'ထရန္႕ အလိုမ႐ွိ၊ ေကသုံးလုံး အလုိမ႐ွိ၊ လူမ်ဳိးေရးခြဲျခားတဲ့ အေမရိကန္ အလိုမ႐ွိ' လုိ႕ ေၾကြးေၾကာ္ဆႏၵျပခဲ့ပါတယ္။ ခ်ီကာဂိုရဲတပ္ဖြဲ႕က ဆႏၵျပေနရာအနီးကုိ ပိတ္ဆုိ႕ထားခဲ့ေၾကာင္း သိရပါတယ္။ဆႏၵျပသူေတြက မဲဆြယ္စည္း႐ုံးမႈအတြင္း ထရန္႕ရဲ႕ ေျပာၾကားထားတဲ့ မကၠစီကုိနယ္စပ္မွာ တံတုိင္းတည္ေဆာက္သြားမယ့္ အစီအစဥ္၊ ေ႐ႊ႕ေျပာင္းေနထုိင္သူမ်ားအေရးနဲ႕ လူမ်ဳိးေရးခြဲျခားမႈဆန္တဲ့ မူဝါဒေတြကုိ ကန္႕ကြက္ခဲ့ၾကပါတယ္။


အလားတူ ကယ္လီဖုိးနီးယား၊ ဆီယက္တဲလ္၊ ဖီးနစ္၊ ေလာ့စ္အိန္ဂ်ိလစ္၊ ရစ္ခ်္မြန္၊ အယ္လ္ဆာရီတုိနဲ႕ အုတ္ကလန္တုိ႕မွာလည္း ေက်ာင္းသားမ်ားအပါအဝင္ ဆႏၵျပသူေတြက သမၼတေ႐ြးေကာက္ပြဲမွာ ထရန္႕ အႏုိင္ရခဲ့ျခင္းအေပၚ ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့် အနိုင်ရရှိပြီးနောက် အမေရိကန်နိုင်ငံ လမ်းမတွေပေါ်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ထရန့် ပြောကြားခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများ၊ မွတ်စလင်မ်းများနဲ့ အခြားအုပ်စုတွေနဲ့ ပတ်သက်ပြီး မူဝါဒတွေအပေါ် ဆန္ဒပြသူတွေက ဝေဖန်ခဲ့ကြပါတယ်။


ဗုဒ္ဓဟူးနေ့ (နိုဝ်ငဘာ ၉ ရက်) ညပိုင်းက နယူးယော့ခ်မြို့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ စုရုံးပြီး ထရန့် အနိုင်ရရှိခဲ့ခြင်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက 'ငါ့ရဲ့သမ္မတ မဟုတ်ဘူး' လို့ စုပေါင်းအော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။


အလားတူ ချီကာဂိုမြို့ရှိ ထရန့်ပိုင်ဆိုင်တဲ့ Trump International Hotel and Tower အပြင်ဘက်မှာလည်း လူ ၁,၀၀၀ ဝန်းကျင် စုရုံးပြီး 'ထရန့် အလိုမရှိ၊ ကေသုံးလုံး အလိုမရှိ၊ လူမျိုးရေးခွဲခြားတဲ့ အမေရိကန် အလိုမရှိ' လို့ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ ချီကာဂိုရဲတပ်ဖွဲ့က ဆန္ဒပြနေရာအနီးကို ပိတ်ဆို့ထားခဲ့ကြောင်း သိရပါတယ်။ဆန္ဒပြသူတွေက မဲဆွယ်စည်းရုံးမှုအတွင်း ထရန့်ရဲ့ ပြောကြားထားတဲ့ မက္ကစီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်သွားမယ့် အစီအစဉ်၊ ရွှေ့ပြောင်းနေထိုင်သူများအရေးနဲ့ လူမျိုးရေးခွဲခြားမှုဆန်တဲ့ မူဝါဒတွေကို ကန့်ကွက်ခဲ့ကြပါတယ်။


အလားတူ ကယ်လီဖိုးနီးယား၊ ဆီယက်တဲလ်၊ ဖီးနစ်၊ လော့စ်အိန်ဂျိလစ်၊ ရစ်ချ်မွန်၊ အယ်လ်ဆာရီတိုနဲ့ အုတ်ကလန်တို့မှာလည်း ကျောင်းသားများအပါအဝင် ဆန္ဒပြသူတွေက သမ္မတရွေးကောက်ပွဲမှာ ထရန့် အနိုင်ရခဲ့ခြင်းအပေါ် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top