Property Expo
×

ေတာင္ကိုရီးယားႏုိင္ငံမွာ သမၼတပတ္ဂြန္ေဟး ႏုတ္ထြက္ရန္ ျပည္သူေပါင္း သိန္းနဲ႕ခ်ီၿပီး ေလးႀကိမ္ေျမာက္ ထပ္မံ ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။ ယေန႕ (ႏုိဝင္ဘာ ၁၉ ရက္) ညေနပုိင္းမွစတင္ၿပီး ဖယာင္းတုိင္မ်ားထြန္းညွိၿပီး ဆႏၵျပမႈမွာ လူေပါင္း ၅၀၀,၀၀၀ အထိ ပါဝင္ခဲ့တယ္လို႕ စီစဥ္သူေတြက ေျပာၾကားၿပီး ရဲတပ္ဖြဲ႕ကေတာ့ ဆႏၵျပသူ ၁၅၅,၀၀၀ ပါဝင္ခဲ့တယ္လုိ႕ ဆုိပါတယ္။
ဆႏၵျပျပည္သူေတြက ဖေယာင္းတုိင္းမ်ားကုိင္ေဆာင္ထားၿပီး 'ပတ္ဂြန္ေဟး ႏုတ္ထြက္ေပး' လုိ႕ သံၿပဳိင္ ေအာ္ဟစ္ခဲ့ၾကပါတယ္။ သမၼတပတ္ဂြန္ေဟး ႏုတ္ထြက္ရန္ ဆႏၵျပမႈေတြဟာ ေတာင္ကုိရီးယားမွာ ၁၉၈၀ ျပည့္လြန္ႏွစ္မ်ားေနာက္ပုိင္း အႀကီးမားဆုံးျဖစ္ေၾကာင္းလည္း သိရပါတယ္။

ေတာင္ကုိရီးယားသမၼတ ပတ္ဂြန္ေဟးက သူငယ္ခ်င္းျဖစ္သူ ခ်ဳိဆြန္ေဆးလ္အမည္႐ွိ အမ်ဳိးသမီးကုိ ႏုိင္ငံေရးရာကိစၥရပ္ေတြမွာ ပါဝင္စြက္ဖက္ခဲ့ရာမွ အ႐ႈပ္အေထြး ျဖစ္ေပၚခဲ့ပါတယ္။

စုံစမ္းစစ္ေဆးသူေတြက အဆုိပါ အမ်ဳိးသမီးနဲ႕ သမၼတပတ္ဂြန္ေဟးရဲ႕ အေထာက္အကူျပဳ အဖြဲ႕ဝင္ႏွစ္ဦးကုိ ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ သမၼတပတ္ဂြန္ေဟးရဲ႕ သူငယ္ခ်င္းဟာ သမၼတနဲ႕သူငယ္ခ်င္းျဖစ္မႈကုိ အသုံးခ်ၿပီး စီးပြာေရးလုပ္ငန္းႀကီးေတြကုိ သူမ ဦးေဆာင္တဲ့ ေဖာင္ေဒး႐ွင္းေတြအတြက္ ရန္ပုံေငြမ်ားထည့္ဝင္ရန္ ဖိအားေပးခဲ့ေၾကာင္း သတင္းထြက္ခဲ့ပါတယ္။

သမၼတပတ္ဂြန္ေဟးနဲ႕ ပတ္သက္တဲ့ လက္႐ွိ ႏိုင္ငံေရးအ႐ႈပ္အေထြးကုိ စစ္ေဆးရန္ အထူးစံုစမ္းေရးမွဴးခန္႕အပ္ရန္လည္း ေတာင္ကုိရီးယားလႊတ္ေတာ္က သေဘာတူခြင္ျပဳထားရာ ပတ္ဂြန္ေဟးအတြက္ ႏုိင္ငံေရးဖိအားမ်ား ပုိမုိျမင့္တက္လာခဲ့ပါတယ္။ လာမယ့္ သီတင္းပတ္အတြင္း သမၼတပတ္ဂြန္ေဟးကုိ ေမးျမန္းမႈမ်ား ျပဳလုပ္သြားမယ္လုိ႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရန် ပြည်သူပေါင်း သိန်းနဲ့ချီပြီး လေးကြိမ်မြောက် ထပ်မံ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) ညနေပိုင်းမှစတင်ပြီး ဖယာင်းတိုင်များထွန်းညှိပြီး ဆန္ဒပြမှုမှာ လူပေါင်း ၅၀၀,၀၀၀ အထိ ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေက ပြောကြားပြီး ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူ ၁၅၅,၀၀၀ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပြည်သူတွေက ဖယောင်းတိုင်းများကိုင်ဆောင်ထားပြီး 'ပတ်ဂွန်ဟေး နုတ်ထွက်ပေး' လို့ သံပြိုင် အော်ဟစ်ခဲ့ကြပါတယ်။ သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရန် ဆန္ဒပြမှုတွေဟာ တောင်ကိုရီးယားမှာ ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း အကြီးမားဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သူငယ်ချင်းဖြစ်သူ ချိုဆွန်ဆေးလ်အမည်ရှိ အမျိုးသမီးကို နိုင်ငံရေးရာကိစ္စရပ်တွေမှာ ပါဝင်စွက်ဖက်ခဲ့ရာမှ အရှုပ်အထွေး ဖြစ်ပေါ်ခဲ့ပါတယ်။


စုံစမ်းစစ်ဆေးသူတွေက အဆိုပါ အမျိုးသမီးနဲ့ သမ္မတပတ်ဂွန်ဟေးရဲ့ အထောက်အကူပြု အဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သမ္မတပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဟာ သမ္မတနဲ့သူငယ်ချင်းဖြစ်မှုကို အသုံးချပြီး စီးပွာရေးလုပ်ငန်းကြီးတွေကို သူမ ဦးဆောင်တဲ့ ဖောင်ဒေးရှင်းတွေအတွက် ရန်ပုံငွေများထည့်ဝင်ရန် ဖိအားပေးခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။

သမ္မတပတ်ဂွန်ဟေးနဲ့ ပတ်သက်တဲ့ လက်ရှိ နိုင်ငံရေးအရှုပ်အထွေးကို စစ်ဆေးရန် အထူးစုံစမ်းရေးမှူးခန့်အပ်ရန်လည်း တောင်ကိုရီးယားလွှတ်တော်က သဘောတူခွင်ပြုထားရာ ပတ်ဂွန်ဟေးအတွက် နိုင်ငံရေးဖိအားများ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ လာမယ့် သီတင်းပတ်အတွင်း သမ္မတပတ်ဂွန်ဟေးကို မေးမြန်းမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top