iGREEN Promotion Singapore
×

 ၁၉၉၅ ေမာ္ဒယ္ေအာက္ ခရီးသည္တင္ ဘတ္စ္ကားမ်ား အပ္ႏွံပါက အိမ္စီးကားစလစ္လဲ ေပးသည့္အစီအစဥ္ကို ႏိုဝင္ဘာ ၁၇ ရက္က စတင္လုပ္ေဆာင္ေပး ခဲ့ေၾကာင္း သတင္းရရွိသည္။

‘‘ႏွစ္ ၂၀ ေက်ာ္ သက္တမ္းရွိ တဲ့ ဘတ္စ္ကားေတြကို လူစီးကား စနစ္လဲေပးတဲ့အစီအစဥ္ကို ဒီေန႔ ကစၿပီး အေကာင္အထည္ေဖာ္ တာပါ။ ပထမဆံုးလဲမယ့္သူကို ဆရာတို႔ကုိယ္တိုင္ စလစ္လဲေပး တဲ့အစီအစဥ္ေလးပါ’’ဟု ရန္ကုန္ တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာ ပိုင္အဖြဲ႕မွ အတြင္းေရးမွဴး ေဒါက္ တာ ေမာင္ေအာင္ကေျပာသည္။


 သက္တမ္းၾကာရွည္ေသာ ယာဥ္အိုယာဥ္ေဟာင္းမ်ားကို အိမ္ စီးကားစလစ္ႏွင့္ လဲလွယ္ေပးရာ တြင္ ပထမဆံုးအႀကိမ္အျဖစ္ ေတာင္ပိုင္းခ႐ိုင္ရွိ ဘတ္စ္ကား သံုးစီးအတြက္ စလစ္ထုတ္ေပးခဲ့သည္ဟုဆိုသည္။

အဆုိပါစနစ္ကို အေကာင္ အထည္ေဖာ္ရန္ ကနဦးအေနျဖင့္ သက္တမ္းႏွစ္ ၂၀ ေက်ာ္ရွိေသာ ယာဥ္အိုယာဥ္ေဟာင္း ခရီးသည္ တင္ယာဥ္မ်ားကို ရန္ကုန္ျပင္ပသို႔ ေရာင္းခ်ခြင့္ျပဳခဲ့ၿပီး ဒုတိယအေန ျဖင့္ အိမ္စီးကားစလစ္ လဲလွယ္ ေပးျခင္းျဖစ္သည္။

‘‘ခရီးသည္တင္ယာဥ္ကေန လူစီးကားစလစ္ကို လိုခ်င္တယ္ ဆိုရင္ေတာ့ သူတို႔မွာရွိတဲ့ စီအင္န္ ဂ်ီကို ျပန္အပ္ရမယ္။ ဘာေၾကာင့္ ဒီလိုလုပ္ရလဲဆိုရင္ မၾကာခင္မွာ ကားသစ္ေတြနဲ႔ ေျပးဆြဲမယ့္ အ မ်ားပိုင္စနစ္ကို စမွာဆိုေတာ့ ေလာင္စာကို စီအင္န္ဂ်ီသံုးမွျဖစ္ မယ့္အတြက္ ျပန္အပ္ခိုင္းတာပါ။ စီအင္န္ဂ်ီက တျခားထက္ ေစ်း လည္း သက္သာတယ္။ ပတ္ဝန္း က်င္ကို ထိခိုက္မႈလည္း သက္သာ တယ္’’ဟု ေဒါက္တာေမာင္ ေအာင္ကေျပာသည္။

လက္ရွိတြင္ ခရီးသည္တင္ ယာဥ္မွ ယာဥ္အိုယာဥ္ေဟာင္း ေျပာင္းရန္ စီးတီးဘတ္စ္အစီးေရ ၁၄၀၀ ေက်ာ္၊ မီနီဘတ္စ္အစီးေရ ၄၀၀ ေက်ာ္ႏွင့္ ဘီအမ္အစီးေရ ၄၀၀ ေက်ာ္ ကညနသို႔ စာရင္းေပး ထားေၾကာင္း သိရသည္။

အဆိုပါစနစ္ ေဆာင္ရြက္ရာ တြင္ ဒိုင္နာယာဥ္မ်ားအား ေဆာင္ ရြက္ခြင့္မျပဳေသးဘဲ ေနာက္ပိုင္းမွ သာ ခြင့္ျပဳမည္ျဖစ္သည္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္းေျပး ဆြဲေနေသာ ခရီးသည္တင္ယာဥ္အစီးေရ ခုနစ္ေထာင္ေက်ာ္ရွိၿပီး ၁၉၉၅ ေမာ္ဒယ္ေအာက္ယာဥ္မ်ားမွာ ၁,၄၀၀ စီးခန္႔ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင် ဘတ်စ်ကားများ အပ်နှံပါက အိမ်စီးကားစလစ်လဲ ပေးသည့်အစီအစဉ်ကို နိုဝင်ဘာ ၁၇ ရက်က စတင်လုပ်ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

‘‘နှစ် ၂၀ ကျော် သက်တမ်းရှိ တဲ့ ဘတ်စ်ကားတွေကို လူစီးကား စနစ်လဲပေးတဲ့အစီအစဉ်ကို ဒီနေ့ ကစပြီး အကောင်အထည်ဖော် တာပါ။ ပထမဆုံးလဲမယ့်သူကို ဆရာတို့ကိုယ်တိုင် စလစ်လဲပေး တဲ့အစီအစဉ်လေးပါ’’ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့မှ အတွင်းရေးမှူး ဒေါက် တာ မောင်အောင်ကပြောသည်။


 သက်တမ်းကြာရှည်သော ယာဉ်အိုယာဉ်ဟောင်းများကို အိမ် စီးကားစလစ်နှင့် လဲလှယ်ပေးရာ တွင် ပထမဆုံးအကြိမ်အဖြစ် တောင်ပိုင်းခရိုင်ရှိ ဘတ်စ်ကား သုံးစီးအတွက် စလစ်ထုတ်ပေးခဲ့သည်ဟုဆိုသည်။

အဆိုပါစနစ်ကို အကောင် အထည်ဖော်ရန် ကနဦးအနေဖြင့် သက်တမ်းနှစ် ၂၀ ကျော်ရှိသော ယာဉ်အိုယာဉ်ဟောင်း ခရီးသည် တင်ယာဉ်များကို ရန်ကုန်ပြင်ပသို့ ရောင်းချခွင့်ပြုခဲ့ပြီး ဒုတိယအနေ ဖြင့် အိမ်စီးကားစလစ် လဲလှယ် ပေးခြင်းဖြစ်သည်။

‘‘ခရီးသည်တင်ယာဉ်ကနေ လူစီးကားစလစ်ကို လိုချင်တယ် ဆိုရင်တော့ သူတို့မှာရှိတဲ့ စီအင်န် ဂျီကို ပြန်အပ်ရမယ်။ ဘာကြောင့် ဒီလိုလုပ်ရလဲဆိုရင် မကြာခင်မှာ ကားသစ်တွေနဲ့ ပြေးဆွဲမယ့် အ များပိုင်စနစ်ကို စမှာဆိုတော့ လောင်စာကို စီအင်န်ဂျီသုံးမှဖြစ် မယ့်အတွက် ပြန်အပ်ခိုင်းတာပါ။ စီအင်န်ဂျီက တခြားထက် ဈေး လည်း သက်သာတယ်။ ပတ်ဝန်း ကျင်ကို ထိခိုက်မှုလည်း သက်သာ တယ်’’ဟု ဒေါက်တာမောင် အောင်ကပြောသည်။

လက်ရှိတွင် ခရီးသည်တင် ယာဉ်မှ ယာဉ်အိုယာဉ်ဟောင်း ပြောင်းရန် စီးတီးဘတ်စ်အစီးရေ ၁၄၀၀ ကျော်၊ မီနီဘတ်စ်အစီးရေ ၄၀၀ ကျော်နှင့် ဘီအမ်အစီးရေ ၄၀၀ ကျော် ကညနသို့ စာရင်းပေး ထားကြောင်း သိရသည်။

အဆိုပါစနစ် ဆောင်ရွက်ရာ တွင် ဒိုင်နာယာဉ်များအား ဆောင် ရွက်ခွင့်မပြုသေးဘဲ နောက်ပိုင်းမှ သာ ခွင့်ပြုမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တွင်းပြေး ဆွဲနေသော ခရီးသည်တင်ယာဉ်အစီးရေ ခုနစ်ထောင်ကျော်ရှိပြီး ၁၉၉၅ မော်ဒယ်အောက်ယာဉ်များမှာ ၁,၄၀၀ စီးခန့်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top