Property Expo
×

လူမႈကြန္ရက္မ်ား၊ မိုဘိုင္းအယ္ပလီေကးရွင္းမ်ားမွတဆင့္ အလုပ္အကိုင္ ရွာေဖြရာတြင္ အမ်ားစု ေလွ်ာက္ထား သူမ်ားသည္ အမ်ိဳးသမီးမ်ားျဖစ္ၿပီး ၅၅ ရာခိုင္ႏႈန္း ရွိေၾကာင္း အြန္လိုင္းအလုပ္ရွာေဖြေရးဝက္ဘ္ဆိုက္ျဖစ္သည့္ work.com. mm၏ ေကာက္ယူထားသည့္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

အမ်ိဳးသမီးမ်ား အြန္လိုင္းမွတဆင့္ အလုပ္အကိုင္ ရွာေဖြမႈမ်ားလာျခင္းႏွင့္ ပတ္သက္ၿပီး  Work.com.mm ၏ Head of MarCom& PR ျဖစ္သူ Mr.Raphael Lachkarက “အမ်ိဳးသမီးေတြက အြန္လိုင္းကို အမ်ိဳးသား ေတြထက္ ပိုသုံးၾကတယ္။ အမ်ိဳးသားေတြ အြန္လိုင္းသုံးတဲ့ အခ်ိန္ထက္ ၁၄ ရာခိုင္ႏႈန္းေလာက္ကို ပိုၿပီး သုံးတယ္။ ဒါေၾကာင့္ အြန္လိုင္းကိုသုံးၿပီး ဆိုရွယ္မီဒီယာေတြကေနတဆင့္ အလုပ္ပိုေလွ်ာက္လာတာပါ”ဟု ေျပာသည္။

အြန္လိုင္းမွတစ္ဆင့္ အလုပ္အကိုင္ ေလွ်ာက္ထားၾကရာတြင္ ၇၀ရာခိုင္ႏႈန္းမွာ လက္ကိုင္မိုဘိုင္းဖုန္းမ်ားကို အသုံးျပဳၾကၿပီး က်န္ ၂၇ ရာခိုင္ႏႈန္းမွာ အိမ္သုံးကြန္ပ်ဴတာမွတစ္ဆင့္ ေလွ်ာက္ထားၿပီး၊ ၃ရာခိုင္ႏႈန္းမွာ တက္ဘလက္(Tablet)ကို အသုံးျပဳ၍ အြန္လိုင္းမွ အလုပ္ေလွ်ာက္ထားျခင္းျဖစ္ေၾကာင္း Work.com.mm၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထား သည္။

လက္ရွိတြင္ work.com.mm အြန္လိုင္းအလုပ္ရွာေဖြေရးဝက္ဘ္ဆိုက္သို႔ အလုပ္တိုက္ရိုက္ေလွ်ာက္ထားသူ အေရအတြက္ စုစုေပါင္း၏ ၂၀ရာခိုင္ႏႈန္းမွာ လူမႈကြန္ယက္မီဒီယာ အယ္ပလီေကးရွင္းမ်ားမွတစ္ဆင့္ အလုပ္ေလွ်ာက္ထားသူမ်ား ျဖစ္သည္။

အြန္လိုင္းအလုပ္အကိုင္ရွာေဖြေရးဝက္ဘ္ဆိုက္ျဖစ္သည့္ work.com.mm သည္ ျမန္မာ၊ ကေမၺာဒီးယား၊ ဘဂၤလားေဒ့ရွ္ႏွင့္ သီရိလကၤာနိုင္ငံ အပါအဝင္ အာရွႏွင့္ အာဖရိကရွိ နိုင္ငံေပါင္း (၁၄)နိုင္ငံ၌ အြန္လိုင္း အလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း အျဖစ္ လုပ္ကိုင္လွ်က္ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: irrawaddy

#Unicode Version

လူမှုကွန်ရက်များ၊ မိုဘိုင်းအယ်ပလီကေးရှင်းများမှတဆင့် အလုပ်အကိုင် ရှာဖွေရာတွင် အများစု လျှောက်ထား သူများသည် အမျိုးသမီးများဖြစ်ပြီး ၅၅ ရာခိုင်နှုန်း ရှိကြောင်း အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com. mm၏ ကောက်ယူထားသည့် အချက်အလက်များတွင် ဖော်ပြထားသည်။

အမျိုးသမီးများ အွန်လိုင်းမှတဆင့် အလုပ်အကိုင် ရှာဖွေမှုများလာခြင်းနှင့် ပတ်သက်ပြီး  Work.com.mm ၏ Head of MarCom& PR ဖြစ်သူ Mr.Raphael Lachkarက “အမျိုးသမီးတွေက အွန်လိုင်းကို အမျိုးသား တွေထက် ပိုသုံးကြတယ်။ အမျိုးသားတွေ အွန်လိုင်းသုံးတဲ့ အချိန်ထက် ၁၄ ရာခိုင်နှုန်းလောက်ကို ပိုပြီး သုံးတယ်။ ဒါကြောင့် အွန်လိုင်းကိုသုံးပြီး ဆိုရှယ်မီဒီယာတွေကနေတဆင့် အလုပ်ပိုလျှောက်လာတာပါ”ဟု ပြောသည်။

အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် လျှောက်ထားကြရာတွင် ၇၀ရာခိုင်နှုန်းမှာ လက်ကိုင်မိုဘိုင်းဖုန်းများကို အသုံးပြုကြပြီး ကျန် ၂၇ ရာခိုင်နှုန်းမှာ အိမ်သုံးကွန်ပျူတာမှတစ်ဆင့် လျှောက်ထားပြီး၊ ၃ရာခိုင်နှုန်းမှာ တက်ဘလက်(Tablet)ကို အသုံးပြု၍ အွန်လိုင်းမှ အလုပ်လျှောက်ထားခြင်းဖြစ်ကြောင်း Work.com.mm၏ အချက်အလက်များတွင် ဖော်ပြထား သည်။

လက်ရှိတွင် work.com.mm အွန်လိုင်းအလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်သို့ အလုပ်တိုက်ရိုက်လျှောက်ထားသူ အရေအတွက် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းမှာ လူမှုကွန်ယက်မီဒီယာ အယ်ပလီကေးရှင်းများမှတစ်ဆင့် အလုပ်လျှောက်ထားသူများ ဖြစ်သည်။

အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် work.com.mm သည် မြန်မာ၊ ကမ္ဗောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အာရှနှင့် အာဖရိကရှိ နိုင်ငံပေါင်း (၁၄)နိုင်ငံ၌ အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း အဖြစ် လုပ်ကိုင်လျှက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: irrawaddy
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top