Kantharyar Centre
×

American Journal of Public Health အစီရင္ခံစာတြင္ ကယ္လီဖိုးနီးယားတကၠသိုလ္ရွိ သုေတသီမ်ားရဲ႕႕႕ေလ့လာေတြ႕ရွိခ်က္အရ ေန႔စဥ္ ဆုိဒါပါတဲ့အခ်ိဳရည္ 240 ml (ေရတစ္ဖန္ခြက္စာ) ကို ပံုမွန္ေသာက္သံုးသြားပါက 3 ႏွစ္အၾကာမွာ လက္ရွိအသက္ထက္ 2 ႏွစ္ ပိုအိုစာသြားၿပီး 600 ml ကို ေန႔စဥ္ေသာက္သံုးပါက 3 ႏွစ္အၾကာမွာ လက္ရွိအသက္ထက္5 ႏွစ္ ပိုအုိစာသြားမည္ျဖစ္ေၾကာင္း ေရး သားေဖာ္ျပထားပါတယ္။ ဒီရလဒ္ေတြက အသက္ 20 မွ 65 ႏွစ္ ၾကားက်န္းမာေရး ေကာင္းသူ 5,300 ဦးကို 3 ႏွစ္ၾကာ သုေတသနျပဳလုပ္ၿပီးမွ ရရွိလာခဲ့တာျဖစ္ပါတယ္။

          ဆိုဒါပါတဲ့ အခ်ိဳရည္ေတြကို လြန္ကဲစြာေသာက္သံုးသူေတြမွာ ဆဲလ္ေတြကို ကာကြယ္ျပဳျပင္ေပးတဲ့ Telomeres (DNA ၏ အစြန္းတစ္ဖက္) ေတြ တိုလာၿပီး အုိမင္းရင့္ေရာ္တဲ့ လကၡဏာေတြျဖစ္တဲ့ အေရးအေၾကာင္း ေပၚလာျခင္းနဲ႔ ဆဲလ္မ်ားေကာင္းစြာ အလုပ္မလုပ္ေတာ့တဲ့အတြက္ အေရျပားမြဲေျခာက္ လာျခင္းတို႔ကိုေတြ႕ရွိရပါတယ္။ အခ်ိဳရည္မွာပါတဲ့ သၾကားကိုယ္တိုင္ကလည္း ဦးေႏွာက္၊ ႏွလံုးနဲ႔ ကိုယ္ခံစြမ္းအားစနစ္ေတြကို ထိခိုက္ေစတဲ့အျပင္ ၀က္ျခံထြက္ျခင္း၊ ေပြးေပါက္ျခင္းတို႔ကိုလည္းျဖစ္ေစႏုိင္ ပါတယ္။ ဒါေၾကာင့္ ကၽြမ္းက်င္ပညာရွင္မ်ားအေနနဲ႔အိုမင္းျခင္းမွကာကြယ္ဖို႔ လက္ဆတ္တဲ့ အသီးအႏွံမ်ားမ်ား စားသံုးရန္၊ ေလ့က်င့္ခန္းျပဳလုပ္ရန္၊ ေနေရာင္ကာခရင္မ္ေန႔စဥ္ လိမ္းရန္အႀကံျပဳထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

 American Journal of Public Health အစီရင်ခံစာတွင် ကယ်လီဖိုးနီးယားတက္ကသိုလ်ရှိ သုတေသီများရဲ့လေ့လာတွေ့ရှိချက်အရ နေ့စဉ် ဆိုဒါပါတဲ့အချိုရည် 240 ml (ရေတစ်ဖန်ခွက်စာ) ကို ပုံမှန်သောက်သုံးသွားပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက် 2 နှစ် ပိုအိုစာသွားပြီး 600 ml ကို နေ့စဉ်သောက်သုံးပါက 3 နှစ်အကြာမှာ လက်ရှိအသက်ထက်5 နှစ် ပိုအိုစာသွားမည်ဖြစ်ကြောင်း ရေး သားဖော်ပြထားပါတယ်။ ဒီရလဒ်တွေက အသက် 20 မှ 65 နှစ် ကြားကျန်းမာရေး ကောင်းသူ 5,300 ဦးကို 3 နှစ်ကြာ သုတေသနပြုလုပ်ပြီးမှ ရရှိလာခဲ့တာဖြစ်ပါတယ်။

          ဆိုဒါပါတဲ့ အချိုရည်တွေကို လွန်ကဲစွာသောက်သုံးသူတွေမှာ ဆဲလ်တွေကို ကာကွယ်ပြုပြင်ပေးတဲ့ Telomeres (DNA ၏ အစွန်းတစ်ဖက်) တွေ တိုလာပြီး အိုမင်းရင့်ရော်တဲ့ လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်း ပေါ်လာခြင်းနဲ့ ဆဲလ်များကောင်းစွာ အလုပ်မလုပ်တော့တဲ့အတွက် အရေပြားမွဲခြောက် လာခြင်းတို့ကိုတွေ့ရှိရပါတယ်။ အချိုရည်မှာပါတဲ့ သကြားကိုယ်တိုင်ကလည်း ဦးနှောက်၊ နှလုံးနဲ့ ကိုယ်ခံစွမ်းအားစနစ်တွေကို ထိခိုက်စေတဲ့အပြင် ဝက်ခြံထွက်ခြင်း၊ ပွေးပေါက်ခြင်းတို့ကိုလည်းဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ကျွမ်းကျင်ပညာရှင်များအနေနဲ့အိုမင်းခြင်းမှကာကွယ်ဖို့ လက်ဆတ်တဲ့ အသီးအနှံများများ စားသုံးရန်၊ လေ့ကျင့်ခန်းပြုလုပ်ရန်၊ နေရောင်ကာခရင်မ်နေ့စဉ် လိမ်းရန်အကြံပြုထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top