Property Expo
×

စိတ္တိုင္းက် ေသာက္စားလိုက္ၿပီးလို႔ ေနာက္တစ္ေန႔ေရာက္တဲ့အခါ ညကလုပ္ခဲ့မိတဲ့ ကိစၥတစ္ခုခုေၾကာင့္ ေနာင္တရတတ္ၾကပါတယ္။

အမူးလြန္ၿပီး ပိုက္ဆံေတြ အကုန္သံုးလိုက္မိတာ၊ ရန္ျဖစ္လိုက္မိတာ၊ အိမ္ျပန္မအိပ္မိတာ စသျဖင့္ ဆိုး႐ြားၿပီး မလုပ္သင့္တဲ့အရာေတြကို မူးေနတဲ့အခ်ိန္လုပ္မိတတ္ၾကပါတယ္။အဆိုးဆံုးကေတာ့ မူးၿပီးေတာ့ ရည္းစားေဟာင္းဆီ မပို႔သင့္တဲ့ မက္ေဆ့ေတြသြားပို႔မိတာပါပဲ။ ဒီလိုမျဖစ္ေအာင္ တားဆီးလို႔ရတဲ့ အခ်က္ (၅) ခ်က္ရွိပါတယ္။

၁။ ႀကိဳစဥ္းစားထားပါ


သင္မက္ေဆ့ခ်္ပို႔ႏုိင္ေခ်ရွိတဲ့ လူစာရင္းကို ႀကိဳစဥ္းစားထားပါ။ ဒီလူေတြကို မူးလာရင္လံုးဝမက္ေဆ့ခ်္မပို႔ဘူးလို႔ ေတြးမွတ္ထားပါ။ စာနဲ႔ခ်ေရးထားရင္ပိုေကာင္းပါတယ္။

၂။ ဖုန္းထားခဲ့

ဒါကေတာ့ အေကာင္းဆံုးနည္းလမ္းပါ။ ေပ်ာက္မွာလည္း ပူစရာ မလိုေတာ့ပါဘူး။ အေရးႀကီး လုပ္စရာမရွိဘူးဆိုရင္ ဖုန္းထားခဲ့တာ ပိုေကာင္းပါတယ္။

၃။ သူငယ္ခ်င္းေတြကို ေျပာျပထား


သူငယ္ခ်င္းအရင္းေတြကို ဒါမ်ိဳးေျပာရမွာ မရွက္ပါနဲ႔။ မူးလာရင္ကုိယ္ျဖစ္တတ္တဲ့ျပႆနာကို ႀကိဳေျပာထားပါ။ ဒါဆို ကုိယ္မူးလာတာနဲ႔ မက္ေဆ့ခ်္ပို႔ဖို႔ ႀကိဳးစားတဲ့အခါ သူတို႔တားဆီးသတိေပးႏုိင္မွာ ျဖစ္ပါတယ္။

၄။ စကားေတြေျပာ

အခုေသာက္ေနတဲ့ သူငယ္ခ်င္းေတြနဲ႔ပဲ စကားေျပာဖို႔ ႀကိဳးစားပါ။ သူ႔အေၾကာင္းမပါပါေစနဲ႔။ အျခားအေၾကာင္းအရာေတြ ေျပာလို႔ရပါတယ္။ တကယ့္အျပင္က စကားဝုိင္းပဲ အာ႐ံုစိုက္ေနရင္ သူ႔ကိုမက္ေဆ့ခ်္ပို႔ဖို႔ ေတြးမိမွာ မဟုတ္ပါဘူး။

၅။ ကလပ္သြား

ဒါလည္း နည္းလမ္းေကာင္းတစ္ခုပါ။ မူးလာလို႔ ကလပ္သြားလိုက္ရင္ သူ႔ကိုသင္မက္ေဆ့ခ်္ပို႔ဖို႔ အခ်ိန္ရမွာမဟုတ္ေတာ့ပါဘူး။ ကပြဲၾကမ္းျပင္ထက္မွာ သင္မက္ေဆ့ခ်္မပို႔ႏုိင္ေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

စိတ်တိုင်းကျ သောက်စားလိုက်ပြီးလို့ နောက်တစ်နေ့ရောက်တဲ့အခါ ညကလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုခုကြောင့် နောင်တရတတ်ကြပါတယ်။

အမူးလွန်ပြီး ပိုက်ဆံတွေ အကုန်သုံးလိုက်မိတာ၊ ရန်ဖြစ်လိုက်မိတာ၊ အိမ်ပြန်မအိပ်မိတာ စသဖြင့် ဆိုးရွားပြီး မလုပ်သင့်တဲ့အရာတွေကို မူးနေတဲ့အချိန်လုပ်မိတတ်ကြပါတယ်။အဆိုးဆုံးကတော့ မူးပြီးတော့ ရည်းစားဟောင်းဆီ မပို့သင့်တဲ့ မက်ဆေ့တွေသွားပို့မိတာပါပဲ။ ဒီလိုမဖြစ်အောင် တားဆီးလို့ရတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ကြိုစဉ်းစားထားပါ


သင်မက်ဆေ့ချ်ပို့နိုင်ချေရှိတဲ့ လူစာရင်းကို ကြိုစဉ်းစားထားပါ။ ဒီလူတွေကို မူးလာရင်လုံးဝမက်ဆေ့ချ်မပို့ဘူးလို့ တွေးမှတ်ထားပါ။ စာနဲ့ချရေးထားရင်ပိုကောင်းပါတယ်။

၂။ ဖုန်းထားခဲ့

ဒါကတော့ အကောင်းဆုံးနည်းလမ်းပါ။ ပျောက်မှာလည်း ပူစရာ မလိုတော့ပါဘူး။ အရေးကြီး လုပ်စရာမရှိဘူးဆိုရင် ဖုန်းထားခဲ့တာ ပိုကောင်းပါတယ်။

၃။ သူငယ်ချင်းတွေကို ပြောပြထား


သူငယ်ချင်းအရင်းတွေကို ဒါမျိုးပြောရမှာ မရှက်ပါနဲ့။ မူးလာရင်ကိုယ်ဖြစ်တတ်တဲ့ပြဿနာကို ကြိုပြောထားပါ။ ဒါဆို ကိုယ်မူးလာတာနဲ့ မက်ဆေ့ချ်ပို့ဖို့ ကြိုးစားတဲ့အခါ သူတို့တားဆီးသတိပေးနိုင်မှာ ဖြစ်ပါတယ်။

၄။ စကားတွေပြော

အခုသောက်နေတဲ့ သူငယ်ချင်းတွေနဲ့ပဲ စကားပြောဖို့ ကြိုးစားပါ။ သူ့အကြောင်းမပါပါစေနဲ့။ အခြားအကြောင်းအရာတွေ ပြောလို့ရပါတယ်။ တကယ့်အပြင်က စကားဝိုင်းပဲ အာရုံစိုက်နေရင် သူ့ကိုမက်ဆေ့ချ်ပို့ဖို့ တွေးမိမှာ မဟုတ်ပါဘူး။

၅။ ကလပ်သွား

ဒါလည်း နည်းလမ်းကောင်းတစ်ခုပါ။ မူးလာလို့ ကလပ်သွားလိုက်ရင် သူ့ကိုသင်မက်ဆေ့ချ်ပို့ဖို့ အချိန်ရမှာမဟုတ်တော့ပါဘူး။ ကပွဲကြမ်းပြင်ထက်မှာ သင်မက်ဆေ့ချ်မပို့နိုင်တော့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top